nicolelwin

  • ဘဘဦးတင်ဦးအတွက်ဆုတောင်းပေးကြ

    ဘဘဦးတင်ဦးအတွက်ဆုတောင်းပေးကြ

  • တစ္ဆေခြောက်မယ့် နေပြည်တော်

    လာမယ့် နိုဝင်ဘာလရောက်ရင် နေပြည်တော်မှာ အစိုးရရုံးစိုက်တာ (၁၀) နှစ် ရှိသွားပါပြီ။ ဒါပေမဲ့ စည်းစည်းကားကား မရှိတဲ့အတွက် ညဘက်ရောက်သွားရင် တစ္ဆေခြောက်မလား အောက်မေ့ရတယ်လို့ မကြာသေးခင်က ရောက်သွားခဲ့တဲ့

  • ကျောက်ပန်းတောင်း ဇွန် ၁ဝ

    ကျောက်ပန်းတောင်း ဇွန် ၁ဝ မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့နယ် အနောက်မြို့ ပတ်လမ်းထိပ် မြို့နယ်ပြည်သူဆေးရုံ အနီးတွင် ဇွန် ၉ ရက် နံနက် ၁ဝ နာရီခွဲက ယာဉ်မောင်း အောင်ဌေး လင်း

  • မိုးကုတ် ရေပူကျောင်း ဆရာတော် ကို ဖမ်းဆီး

    သာသနာ့မြေမှာ မြေတူးလို့ ဆိုပြီး ဖမ်းဆီး မိုးကုတ်မြို့ ရေပူ ရပ်ကွက် က ရေပူကျောင်း ဆရာတော် ကို ရှေးဟောင်း သာသနာ့မြေ မှာ မြေတူးလို့ ဆိုပြီး သက်ဆိုင်ရာ က လူဝတ်လဲပြီး ဖမ်းဆီး လိုက်ပါတယ်။ မိုးကုတ် မြို့ က သက်တော်

  • လွယ်လင်ဒေသခံများ မြေယာအလွဲသုံးစားမှု ပြုခံနေရ

    ဂျွန်လ ၁၀ ရက် ၂၀၁၅ သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ၊ ခေါက်နွဲ့ကျေးရွာအုပ်စု ၊ ချိုခမ်းရွာမှ ပိုင်ရှင်ရှိ မြေယာ များ အား လွိုင်လင်မြို့နယ်မြေစာ ရင်းဦးစီးဌာနက တရားမဝင် ပုံစံ(၇) ထုတ်ပေးကာ

Saturday, May 31, 2014

လွတ်တော်မှာလည်းအတိုက်အခံဖြစ်နေဆဲ ဒေါ်စုပြော
မေလ ၃၀၊ ၂၀၁၄

လွှတ်တော်ထဲမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ နှုတ်ဆိတ်မနေဘဲ ပြည်သူတွေအတွက် အကျိုးရှိမယ့်ကိစ္စပေါ်မူတည်ပြီး ဆန့်ကျင်မှု၊ ထောက်ခံ မှုတွေလုပ်နေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းကြည်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
 ဒီနေ့ နေပြည်တော်က ပြည်သူ့လွှတ်တော် အစည်း အဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာပါ။


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက NLD ပါတီ လိုချင်တဲ့ ပုံစံအတိုင်း ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လွှတ်တော် မှာ တင်သွင်းမယ်ဆိုရင် မိမိတို့အနေနဲ့  ထောက်ခံသွား မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။

“တချို့ကပြောတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အတိုက်အခံ နိုင်ငံရေးပါတီအလုပ် မလုပ်ဘူးပေါ့၊ ပြောချင်တာက လွှတ်တော်ထဲမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို တချိန်လုံးဆန့်ကျင်နေတယ်၊ အကြောင်းအရာကိုကြည့်ပါ၊ အကြောင်းအရာက ထောက်ခံသင့်တယ်ဆိုရင် အလွတ်ထောက်ခံမှာပေါ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကျမတို့လိုချင်တဲ့ ပုံစံအတိုင်း ၄၃၆ ပြုပြင်ရေးကို လွှတ်တော်မှာ အဆိုတင်သွင်းရင် ကျမတို့ထောက်ခံမှာပေါ့”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းမှုဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ပြည်တွင်းငြိမ်းချမ်းရေးရဖို့  ကြိုးပမ်းနေတာတွေနဲ့   ထိပ်တိုက်တွေ့စရာမရှိကြောင်းလည်း ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေအပေါ်မှာ မူတည်နေကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်လို့ပြောရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပေါ် မူတည်နေကြောင်းနဲ့  တပ်မတော်သား ကိုယ်စားလှယ်တွေ မထောက်ခံရင် ဖွဲ့စည်းပုံကို ပြင်လို့မရတဲ့အတွက် တပ်မတော်ဟာ လွှတ်တော်ရဲ့အထက်မှာ ရှိနေသလို ဖြစ်နေကြောင်း အဲဒါကိုက ဒီမိုကရေစီ နည်းလမ်းမကျတာဖြစ်ကြောင်း လည်း ပြောခဲ့ပါတယ်။



Share:
၄၃၆ ပြင်ဆင်ရေး ကဗျာ၊ ကာတွန်း ဆရာများလက်မှတ်ရေးထိုး
မေလ ၃၀၊ ၂၀၁၄


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပြည်တွင်းက ကဗျာဆရာတွေနဲ့ ကာတွန်းဆရာတွေ ဒီကနေ့ စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ကဗျာဆရာတွေက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက The Last Leaf ပြခန်းမှာ လက်မှတ်ထိုးကြပြီး ကာတွန်းဆရာတွေကတော့ ၃၅ လမ်း အလယ်ဘလောက်က Capacity Development Centre မှာ စုပေါင်း လက်မှတ်ထိုးကြတာပါ။
လက်မှတ်လာထိုးဖြစ်တဲ့အကြောင်း ကာတွန်းဆရာ ရွှေမင်းသားက “လက်မှတ်ထိုးတယ်ဆိုတာက
မကြိုက်လို့ ပြင်ပေးပါ သို့မဟုတ် ပြောင်းပေးပါဆိုတဲ့ သဘောပေါ့နော်။ ကျနော့်မျှော်လင့်ချက်က သူတို့အပေါ်မှာ မူတည်တယ်။ တကယ်လို့ ကပ်သပ်ပြီးတော့ ခွင့်မပြုဘူးဆိုရင်တော့ အားလုံးအတိုင်းအတာအရ ဘာမှ မတတ်နိုင်ဘူး ပေါ့နော်။ သူတို့က မကပ်သပ်ဘူး ပြင်ပေးမယ်ဆိုရင် ဖြစ်နိုင်တာပဲ။ လူရေးတဲ့ စာလုံးဟာ လူပြင်လို့ရတာပဲ။ အဲဒီသဘောပါပဲ။ အားလုံးရဲ့ဆန္ဒဟာ လိုအပ်လို့ ပြင်ခိုင်းတယ်၊ သူတို့ပြင်ပေးရင် အားလုံးရဲ့ဆန္ဒကို လိုက်လျောတာပေါ့။ ပြင်မပေးဘူးဆိုရင် မလိုက်လျော ဘူးပေါ့။ သူတို့အပေါ်မှာ မူတည်တယ်လို့ သဘောထားပါတယ်” လို့ ပြောပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကာတွန်းဆရာ ဆရာအော်ပီကျယ်က “ကျနော်တို့ လက်မှတ် ဘယ်လိုထိုးထိုး မပြင်ဘူး ကျနော်သိတယ်။ ပြင်တာ မပြင်တာ သူကိစ္စ၊ သမ္မတကလည်း မပြင်ဘူးဆိုတာ သူတယောက်တည်း သဘောထားပေးတာလေ၊ တပြည်လုံးစာ သူပြောခွင့်မရှိဘူး။ ကျနော်တို့ကလည်း ကိုယ့်တယောက်စာ ကိုယ်ပြောမယ် ဒါပါပဲ” လို့ ပြောပါတယ်။
ကဗျာဆရာ ဆရာစောဝေကတော့ မနှစ်က တောင်တွင်းကြီးနဲ့ အောင်လံမြို့တွေမှာ မြို့ထဲကို လှည့်လည်ပြီး ပုဒ်မ ၄၃၆ နဲ့ပတ်သက်တဲ့ ကဗျာတပုဒ်ရွတ်ခဲ့ဖူးကြောင်းနဲ့ အဲဒီကဗျာရဲ့ ဆိုလိုရင်းကို သူက အခုလို ပြောပြပါတယ်။
“အခြေခံဥပဒေဆိုတာ ပြည်သူတိုင်း အသားအရောင်၊ ဘာသာ၊ လူမျိုးမခွဲခြားပဲ တိုင်းပြည်မှာရှိတဲ့ ပြည်သူတိုင်းနဲ့ ဆိုင်တဲ့ ဥပဒေတရပ်။ အဲဒီ ဥပဒေတရပ်ကို ပြည်သူအားလုံး သိဖို့လိုတယ်။ ပြည်သူအားလုံး လက်ခံနိုင်တဲ့ ဥပဒေဖြစ်ဖို့လိုတယ်။ ပြည်သူအားလုံး လက်ခံနိုင်တဲ့ ဥပဒေဖြစ်ဖို့ဆိုရင် ဒီဥပဒေကြီးဟာ ဘယ်တော့မှ အတည်အခြေကြာကြီး ဖြစ်မနေရဘူး။ အခြေအကြာကြီး ဖြစ်နေတဲ့ ဥပဒေဆိုတာလည်း ဘယ်နိုင်ငံမှ မရှိဘူး။ ပြည်သူလူထုရဲ့ ယနေ့ စားဝတ်နေရေး တိုင်းပြည်ရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ဟာကို အချိန်မရွေးပြောင်းလွယ် ပြင်လွယ် ဖြစ်ရမယ်ဆိုတဲ့ ဟာမျိုးကို အဲဒီဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေကို အသိပေးတဲ့ဟာမျိုး၊ အဲဒီမှာ အဲဒီလို လုပ်မယ်ဆိုတာ ဒီအခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ဟာဖြင့် အရေးကြီးပါဆိုတာ အဲဒီကဗျာထဲမှာ ထည့်ရွတ်တာဗျ။”
အလားတူ မန္တလေးမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်- အထက်မြန်မာပြည်က အဖွဲ့ဝင် ၁၀၀ လောက် စုပေါင်းပြီး ပဒုမ္မာခန်းမမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံလက်မှတ်ထိုးခဲ့ကြပါတယ်။
မန္တလေးမြို့က ကဗျာဆရာတွေနဲ့ ကာတွန်းဆရာတွေကတော့ လှုံ့ဆ်ာရေး အသွင်ဖြစ်အောင်အတွက် ပြီးခဲ့တဲ့ ရက်ပတ်ကပဲ မန္တလေးတိုင်း အန်အယ်လ်ဒီရုံးမှာ စာပေါင်းလက်မှတ်ထိုး ဆန္ဒပြုခဲ့ကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီနည်းမကျတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဟောပြောပွဲတွေ၊ လက်မှတ်ထိုး လူထုဆန္ဒခံယူပွဲတွေကို နိုင်ငံအနှံ့မှာ ရက်ပေါင်း ၅၀ ကျော်ကြာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
By ပိုင်စိုး DVB
Share:
လွတ်တော်အထက် တပ်မတော်ရှိနေသကဲ့သို့ဖြစ်နေသဖြင့် ၄၃၆ ကိုပြင်ဆင်လိုခြင်းဖြစ်
မေ ၃၀၊ ၂၀၁၄


တပ်မတော်သည် လွှတ်တော်အထက်တွင် ရှိနေသကဲ့သို့ဖြစ်နေသည့်အတွက်ကြောင့် ပုဒ်မ၄၃၆ အားပြင်ဆင်လိုခြင်းဖြစ်သည်ဟုအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တပ်မတော်ကိုယ်စားလှယ်တွေက သဘောမတူရင် မပြင်နိုင်ဘူး ၊ တပ်မတော်ကိုယ်စားလှယ်တွေ သဘောတူတာမတူတာက တပ်ချုပ်အပေါ်မှာ မူတည်နေတယ် အဲ့ဒီဘက်အပိုင်းမှာ တပ်မတော်က လွှတ်တော်အထက်မှာ
ရှိသလိုဖြစ်နေတယ်ဟု ၄င်းက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ခေတ္တခဏနားချိန် သတင်းသမားများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးပြည်သူဆန္ဒလက်မှတ်ရေးထိုးရေး လူပ်ရှားမူဟောပြောပွဲများတွင် တပ်မတော်အပေါ် ပြောကြားချက်များနင့် ပတ်သတ်၍လည်း ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်သော အခွင့်အရေးကို တပ်မတော်မှ ယူထားသည့်အတွက် ဖိအားပေးရခြင်း ဖြစ်ကြောင်း အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒါကတော့ ဖိအားပေးရမှာပဲ ဖိအားပေးတယ်ဆိုတာ အနိုင်ကျင့်တာ မဟုတ်ဘူး ဖိအား မပေးလို့ လဲ မရဘူး တပ်မတော်က ဒီတာဝန်ယူထားတာကိုး တကယ်တော့ ဒါအခွင့်အရေးပါ တပ်မတော်က ဒါကို ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကိုယူထားတာကိုး အဲဒီတော့ အခွင့်အရေးယူထားတဲ့ အဖွဲ့ အစည်းကိုပဲ တိုက်တွန်းရမှာပေါ့ဟု ၄င်းကထပ်မံဆိုသည်။
တပ်မတော်၏ ဆုံးဖြတ်ချက်သာ ချမှတ်မည်ဆိုပါက တစ်ရက်ထဲနှင့် ပြောင်းလို့ရမည်ဖြစ်ပြီး တပ်မတော်ကဆုံးဖြတ်ချက်သာအဓိကကျသည်ဟု ၄င်းကထပ်မံပြောကြားခဲ့သည်။
 စိုင်းလမင်း

Share:

Friday, May 30, 2014

၄၃၆ လက်မှတ်ထိုးစာရင်းများ ရဲစခန်းမှ တောင်းယူ
မေလ ၃၀၊ ၂၀၁၄ 
ရန်ကုန်၊ မဇ္ဈိမ။ ။ရန်ကုန်မြို့၊ သာကေတမြို့နယ်နှင့်စမ်းချောင်းမြို့နယ်တို့တွင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်များက လူစားရင်းတောင်းခံခြင်း ဓာတ်ပုံများ ရိုက်ခြင်းများ ပြုလုပ်သည် အဆိုပါ မြို့နယ် ဥက္ကဋ္ဌများကမဇ္ဈိမကို ပြောသည်။
သာကေတ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ မြို့နယ် ဥက္ကဋ္ဌ ဦးကျော်ထွေးကမနေ့ကတော့သူတို့စာရင်းတွေ တောင်းတယ်။ မနေ့က အထိတော့ လက်မှတ်ထိုးတဲ့နေရာတွေပါလာတယ်။ ခြောက်နောက်ရပ်ကွက် နယ်ထိန်း ခင်မောင်ဦးက မနက် နာရီမှာတစ်ကြိမ်၊ နေ့လည် နာရီမှာတစ်ကြိမ် နောက် နာရီမှာတစ်ကြိမ် စုစုပေါင်း သုံးကြိမ်တောင် လာတောင်းတာပါဟု ပြောသည်။

ယင်းကဲ့သို့ လာရောက်တောင်းခံစဉ် သက်ဆိုင်ရာ မြို့နယ်ရုံးကို စာတင်ကာ လူစာရင်းအား တောင်းခံပါဟု နောက်ရပ်ကွက် ၄၃၆ပုဒ်မပြင်ဆင်ရေး တာဝန်ခံက ပြန်လည်ပြောကြားခဲ့သည်ဟု ဦးကျော်ထွေးက ပြန်လည်ပြောပြသည်။
အလားတူပင် မေလ ၂၈ ရက်ကစမ်းချောင်းမြို့နယ်ရှိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးရန် ဖွင့်လှစ်ထားသည့် နေရာ၂ဝအနက် ၅နေရာတွင် နယ်ထိန်းများက လူစာရင်းတောင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦးက မဇ္ဈိမသို့ပြောသည်။
ကျွန်တော်တို့ ပုဒ်မပြင်ဆင်ရေး လက်မှတ်ထိုးတစ်နေရာဆို စာအုပ်ကိုလှန်ပြီး ဓာတ်ပုံရိုက်သွားတယ်။ ကျွန်တော်တို့အနေနဲ့ ရဲရဲဝံ့ဝံ့ ဆန္ဒပြုလို့မရအောင် လုပ်နေတာလို့မြင်တယ်။ သတင်းယူတယ်ဆိုလည်း မြို့နယ်ရုံးတွေမှာ နေ့စဉ် ရရှိတဲ့ လက်မှတ်စာရင်းတွေတင်တယ်။ စမ်းချောင်း ဖေ့စ်ဘွတ်မှာလည်း စာရင်းတွေ တင်ထားတယ်။ ဒီဖြစ်ရပ်အပေါ် အထက်ကခိုင်းလို့ လုပ်တာလို့မြင်တယ်ဟု ဦးဘိုဘိုဦးက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင်ဆန္ဒပြုလက်မှတ်ရေးထိုးသူ သာကေတမြို့နယ်က ကိုကျော်ဇင်ဦးကလည်းလက်မှတ်ထိုးတဲ့ နေရာမှာ လူစာရင်းဘယ်လောက်ရပြီးလဲ၊ ဘယ်နှစ်ခုရပြီးလဲ ဆိုတာတွေကဆန္ဒပြု နေတဲ့သူတွေကို လာနှောက်ယှက်နေတယ်လို့ မြင်တယ်" ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးသို့မဇ္ဈိမက သွားရောက်မေးမြန်းခဲ့ရာတွင် ရဲစခန်းတာဝန်ခံကကျွန်တော်တို့ ရပ်ကွက်မှာ ဖြစ်သမျှကိုတော့ တာဝန်တခုအနေနဲ့ သိရမယ်။ မီးပျက်တာကအစ ဘယ်အချိန်ကပျက်တာဘယ်အချိန်လာတယ် ဆိုတာကို ကျွန်တော်တို့သိရမှာ တာဝန်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြေဆိုခွင့်မရှိပါဘူးဟု ပြောသည်။ အဆိုပါတာဝန်ခံက သူပြောစကားများကို တာဝန်မခံဟုလည်း ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကာ မတ်လ ၂၇ ရက်တွင်တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ခဲ့သည်။
Written by ခင်မြတ်မြတ်ဝေ
Mizzima - News in Burmese
Share:

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.