nicolelwin

Thursday, June 26, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံကျင်းပမည်
ဂျွန်လ ၂၆ ရက်နေ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို လာမယ့် ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
အဲဒီညီလာခံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်မှာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းအသီးသီးက ဗဟိုလူငယ်ညီလာခံကိုယ်စားလှယ် ၂၀၀ လောက် တက်ရောက်မယ်လို့
လူငယ်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပါတယ်။
တနိုင်ငံလုံးက မြို့နယ် ၂၉၀ ကျော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ (အန်အယ်လ်ဒီ) ရုံးပေါင်း ၂၈၀ ကျော်ဖွင့်ထားပြီး အဲဒီမြို့တွေ အားလုံးက လူငယ်ညီလာခံ ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ်လို့ သူက ဆက်ပြောပါတယ်။
ညီလာခံကနေ ဗဟိုလူငယ်ဦးဆောင်အဖွဲ့နဲ့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တွေကို ရွေးချယ်မှာဖြစ်ပြီး အန်အယ်လ်ဒီ လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပြီး အဖွင့်အမှာစကား ပြောမှာလည်း ဖြစ်ပါတယ်။
အန်အယ်လ်ဒီ အနေနဲ့ လူငယ်ညီလာခံ ပြုလုပ်နိုင်ဖို့ ၂၀၁၃ ခုနှစ် ဇွန်လကတည်းက စတင်ဆောင်ရွက်နေတာပါ။
By
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.