nicolelwin

Friday, June 27, 2014

ပန်းပျိုးသူများ အခမဲ့ စာသင်ဝိုင်း
ဂျွန်လ ၂၇ ရက်နေ့

 လမ်းဆုံမီးပွိုင့်တွေမှာ ပန်းရောင်းနေကြတဲ့ ကလေးငယ်များအတွက် ရည်ရွယ်ပြီး ပန်းပျိုးသူများ အခမဲ့ စာသင်ဝိုင်းကို မန္တလေးမြို့ ၆၆လမ်း ၂၆x၂၇လမ်းကြား ရွှေပြည်မိုးကဖေးရှေ့မှာ ဇွန်လ ၂၅ရက်နေ့က စတင်ဖွင့်လှစ် လိုက်ပါတယ်။
မိသားစု စားဝတ်နေရးအရ ကျောင်းဆင်းချိန်အပြီး ပန်းရောင်းနေရတဲ့ ကလေးငယ်တွေ စာကျက်ချိန် ကောင်းမွန်စွာ ရရှိစေဖို့ ညနေ (၆)နာရီက စတင်ပြီး ကလေးတွေရဲ့ ပန်းတွေကို
လုပ်အားပေးလူငယ်များက ကလေးများကိုယ်စား လိုက်လံ့ ရောင်းချပေးပါတယ်။
အခုလက်ရှိ ကလေး (၇၅)ယောက်ကို ဆရာ၊ဆရာမ ၂၀က အခမဲ့ သင်ကြားပေးနေပြီး လုပ်အားပေး လူငယ် ၃၀လောက်က ပန်းများ ကူညီရောင်းချပေးနေတာကို ဇွန်လ ၂၅ရက်နေ့ မန္တလေးမြို့ ညနေပိုင်းမှာ တွေ့မြင်ကြရပါတယ်။
သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.