nicolelwin

Thursday, June 5, 2014

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အားလုံးပါဖို့ ကယန်းပြည်သစ်ပါတီတိုက်တွန်း
ဂျွန်လ ၅ ရက်နေ့၊ ၂၀၁၄


ကယန်းအမျိုးသားတွေဟာ နှစ် ၅၀ ကြာအောင်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပေမဲ့ အခုချိန်ထိ စစ်အာဏာရှင်စနစ်ဟာ တည်ရှိနေသေးကြောင်း ဒီနေ့ကျင်းပတဲ့ ကယန်းအမျိုးသား တော်လှန်ရေး နှစ် ၅၀ ပြည့်ရွှေရတုအခမ်းအနားမှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်က ပြောကြားခဲ့ပါတယ်။
ဒီနေ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က ဆီးပူးဒေသမှာရှိတဲ့ ကယန်းပြည်သစ် တပ်မတော်ဌာနချုပ်မှာ ကယန်းအမျိုးသားတော်လှန်ရေး နှစ် ၅၀ ပြည့်အခမ်းအနားကျင်းပရာမှာ အခုချိန်ထိ စစ်အာဏာရှင်စနစ်ရှိနေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကြောင့်ဖြစ်ကြောင်းနဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အားလုံးပါဝင်ဆောင်ရွက်ကြဖို့ ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"စစ်အာဏာရှင်စနစ်ဟာ ဒီကနေ့အထိ တည်ရှိနေဆဲဖြစ်ပါတယ်၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိနေသရွေ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဦးမှာဖြစ်ပါတယ်၊ ဒါကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်အခြေခံဥပဒေကို အကုန်အစင်ပြင်ဆင်ရေး တနည်းအားဖြင့် အသစ်ရေးဆွဲရေးတွင် ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ ညီလာခံ ကျင်းပနိုင်ရန် မြန်မာနိုင်ငံတစ်ဝှမ်းလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက တစည်းတလုံး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားကြဖို့ တိုက်တွန်းပါတယ်"
ကယန်းပြည်သစ် တပ်မတော်ကို လွန်ခဲ့တဲ့ ၁၉၆၄ ခုနှစ် ဇူလိုင်လ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ရလလဖ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ညီညွတ်သော အမျိုးသားပါတီစတဲ့ မဟာမိတ်အဖွဲ့၂၀ကျော် က ကိုယ်စားလှယ်တွေ အပါအ၀င်ဒေသခံ တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.