အင်အယ်ဒီ အတွက် ဖွဲ့စည်းပုံပြင်ဘို့ကြိုးစားနေတာမဟုတ် ဒေါ်အောင်ဆန်းစုကြည်ပြော
ဂျွန်လ ၇ ရက်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကျိုးအတွက်မဟုတ် ဘဲ ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးစေလိုတဲ့အတွက် ပြင် ဆင်ချင်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဒို့ရိုးရာ စားသောက်ဆိုင် မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတိယ အကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြောခဲ့တာပါ။
"ပြည်သူလူထုအနေနဲ့ လွတ်လွတ်လပ်လပ် ပိုပြီးတော့ ကြိုက်ရာရွေးချယ်နိုင်အောင်လို့ ကျမတို့ က ပြုပြင်ပြောင်းလဲချင်တာ၊ တကယ့်ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးစေချင်လို့၊ ပြည်သူလူထုရဲ့ သြဇာ လွှမ်းမိုးသွားလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ မှာ နိုင်မယ်လို့များ ဒီလိုမြင်ကြသလား၊ တကယ်တော့ ဘယ်သူပဲနိုင်နိုင် အဓိကက ပြည်သူ လူထု သြဇာလွှမ်းမိုးဖို့ပဲ၊ ပြည်သူလူထု သြဇာလွှမ်းမိုးဖို့ လုပ်နေတဲ့ကိစ္စကို အဖွဲ့ချုပ်နိုင်ဖို့ လုပ်နေတယ်ဆိုလို့ရှိရင် အဖွဲ့ချုပ်ကို ဘာဖြစ်လို့နိုင်မယ်လို့ တွက်တာလဲဆိုတာ အဲဒါကျမမေးချင်တယ်"
ဒါ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးအတွက်လည်း တိုင်းရင်းသားအားလုံးနဲ့ လက်တွဲပြီး နားလည်မှု တည်ဆောက်နိုင်ဖို့ အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ဒီနေ့ ဇွန်လ ၇ ရက်နေ့ကနေ မနက်ဖြန်အထိ ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။
သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
0 comments:
Post a Comment