nicolelwin

Friday, June 20, 2014

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ သြစတြေလျနိုင်ငံမဲဘုန်းနှင့် Brisbane မြို့များတွင်ကျင်းပ
ဂျွန်လ ၂၀ ရက်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ကို သြစတြေလျနိုင်ငံ မဲဘုန်းမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သြစတြေလျ မှ ကြိမ်ခွဲပြီးကျင်းပ ခဲ့ကြပါတယ်။

နေ့ခင်းပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သြစတြေလျ မှ အဖွဲ့ဝင်များဖြစ်ကြသော ကိုလှဦး ဒေါ်ချောပို ကိုစောနေ၀င်း ကိုမင်းမင်း ကိုမြင့်ဆွေတို့နှင်အတူ  မြန်မာမိသားစုများစုပေါင်းပြီး ဗုဒ္ဒမာမက
ဓမဝိဟာရ မြန်မာဗုဒ္ဒဘာသာ ဘုန်းတော်ကြီးကျောင်းမှာ သံဃာတော်များအား ဆွမ်း ဝတ္တုများ ကပ်လှု ခဲ့ကြပြီး တရားနာ ဆုတောင်း မေတ္တပို့ခဲ့ကြပါတယ်။
ညနေပိုင်းအစီအစဉ်မှာတော့ 5 Osboune ave, Springvale မှာ ညနေ ၆ နာရီမှ ၁၀ နာရီအထိကျင်းပခဲ့ကြပါတယ်။
အခန်းအနာမှုးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် သြစတြေလျ စည်းရုံရေးတာဝန်ခံကိုသက်ဦးမှ ဆောင်ရွက်ခံပြီး အဖွင့်အမှာစကားကို အမျိုးသားဒီမိုကရေစီအဖွဲချုပ် သြစတြေလျ ဒုဥက္ကဌ ဦးလှဦးမှ ပြောကြားခဲ့ပါတယ်
အခန်းအနာကျင်းပရခြင်းရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲချုပ် သြစတြေလျ ပြန်ကြားရေးတာဝန်ခံကိုကြည်လွင်မှ ရှင်းပြပြောဆိုခဲ့ပါတယ်။
အခန်းအနားဖြစ်မြောက်ရေအတွက် အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြသော မြန်မာမိသားစုများအား အမျိုးသားဒီမိုကရေစီအဖွဲချုပ် သြစတြေလျ အတွင်းရေးမှုး ကိုကျော်စိုးမိုးမှ ပြောကြားခဲ့ပြီး Hpaapy Birthday တေးသီချင်းကို ကိုသန်းဦးမိသားစုမှ သီဆိုဖျော်ဖြေပေခဲ့ကြပါတယ်
အခန်းအနားတက်ရောက်လာသူစုစုပေါင်း ၉၀ နီးပါရှိပြီး မြန်မာအရေးကို ထောက်ခံသူ နိုင်ငံခြားသားများလည်းအခန်းအနာကိုတက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အခန်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲချုပ် သြစတြေလျ အဖွဲ့ဝင်များအနေဖြင့် မဲဘုန်းမြို့တခုထဲတွင်မဟုတ်ဘဲ Brisbane မြို့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သြစတြေလျ အဖွဲ့ဝင်များနှင့် မြန်မာမိသားစုများ စုပေါင်းပြီး မြန်မာဘုန်းတော်ကြီးပင့်ဖိတ်ပြီး ဆွမ်း၊ ၀တ္တငွေများကပ်လှုခဲ့ကြပြီး မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းပွဲများကျင်းပပြုလုပ်ခဲ့ကြပါတယ်၊
ဓါတ်ပုံများကြည်ရန်
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.