nicolelwin

Monday, June 9, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဘို့ မင်းကိုနိုင်ပြော
ဂျွန်လ ၈ ရက်

ပြည်သူတွေဟာ ကျွန်တွေ မဟုတ်၊  သခင်ဖြစ်တယ်ဆိုတာကို သက်သေပြဖို့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ထားဝယ်မြို့မှာ ကျင်းပတဲ့  လူထုဟောပြောပွဲတစ်ရပ်မှာ ပြောကြားလိုက်ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာပါ။
ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနဲ့ ရေဖြူမြို့နယ်တွေက ဒေသခံတွေ တက်ရောက်ကြတဲ့  အဲ့ဒီဟောပြောပွဲမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥပဒေပညာရှင် ဦးဌေးဦး ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟိုပင်နဲ့ ဦးအေးနိုင်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။
သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြချက်ကို နာဆင်နိုင်ပါပြီင်္။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.