nicolelwin

Saturday, June 21, 2014

ဖမ်းဆီးခံ သံဃာငါးပါးအတွက် သရုပ်ဆောင်သုံးဦးအပါအဝင် လူပုဂ္ဂိုလ်ဆယ်ဦးက အာမခံ သိန်း၁၀၀၀ပေးခဲ့ 
ဂျွန်လ ၂၁ ရက် 

 ရန်ကုန်၊ မဇ္ဈိမ။ ။ သာသနာတော် ညှိနွမ်းစေသည့် ပုဒ်မများဖြင့် စွဲဆိုကာ လူဝတ်လဲပြီး ဖမ်ဆီးခံရသည့် လန်ဒန်ဆရာတော် အပါအဝင်သံဃာငါးပါးလွှတ်မြောက်ရေးကို သရုပ်ဆောင်များဖြစ်သည့် ခင်သန်းနွယ်၊ လှလှမိုး၊ မိုးမင်းအပါအဝင် လူပုဂ္ဂိုလ်၁၀ဦးက ဇွန်လ ၂၀ရက်က တာမွေမြို့နယ် တရားရုံးတွင် အာမခံငွေ ကျပ် သိန်း၁၀၀၀ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။


သံဃာများဘက်က အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးအေးကိုကလည်း “သံဃာတော်တွေကို လူပုဂ္ဂိုလ်တွေ အနေနဲ့ တရားစွဲထားတာဖြစ်လို့ ဆရာတော်တွေက အာမခံပေးလို့မရပါဘူး၊ လူပုဂ္ဂိုလ်တွေကပဲ အာမခံ လိုက်လို့ရတယ်။ သံဃာတော် တစ်ပါးကို ပုဒ်မနှစ်ခုစီနဲ့ တရားစွဲဆိုထားတာဖြစ်လို့ သံဃာတပါးကို ကျပ်သိန်းနှစ်ရာစီ အာမခံလိုက်ပေးရတယ်၊ လူပုဂ္ဂိုလ်၁၀ဦးက ပိုင်ဆိုင်မှုတွေပြပြီး တစ်ဦးကို သိန်းတရာဖြင့် အာမခံလိုက်ပေးခဲ့တာပါ၊ သံဃာငါးပါးဆိုတော့ သိန်းတထောင်အာမခံထားခဲ့ရတယ်” ဟု
ပြောသည်။

ဆရာတော်ငါးပါးကို သာသနာတော် ညှိုးနွမ်းစေသည့် ပုဒ်မများဖြစ်သည့် သံဃာဝိနိစ္ဆယ ပုဒ်မ ၁၄၊ ပုဒ်မ ၂၉၅တို့ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပုဒ်မ တစ်ခုကို သိန်း၁၀၀ဖြင့် တစ်ပါး သိန်း၂၀၀ အာမခံ ပေးရခြင်း ဖြစ်သည်။

လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘယ်သူ့က အမိန့်ချခိုင်းသလဲ၊ မဟနက တာဝန်ရှိတယ်ဆိုရင်လည်း တာဝန်ယူပြီး ဖြေရှင်းပေါ့၊ သာသနာကိုညှိုးနွမ်းအောင်မလုပ်ခဲ့ဘူး၊ ဘုန်းကြီးကို အထင်သေးအောင် ပြောတဲ့သူ အခြေအမြစ်မရှိဘဲပြောတဲ့သူသာ သာသနာကို ညှိုးနွမ်းအောင်လုပ်တာဖြစ်တယ် ”ဟု တရားရုံးချိန်းအပြီး မီဒီယာများကို မိန့်ကြားသည်။

အာမခံ ရရှိခဲ့၍ ဇွန်လ ၂၀ရက် ညနေပိုင်းတွင် တာမွေမြို့နယ် သုံးထပ်ကျောင်း၌ သိက္ခာတော် ပြန်ထပ်ကာ သင်္ကန်းစီးခဲ့ပြီး ထိုကျောင်း၌ပင် သီတင်းသုံးမည်ဖြစ်သည်။ ဆရာတော်ငါးပါးမှာ သင်္ကန်းဝတ်ဖြင့် ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်ပြီး ဇွန်လ ၂၇ရက်တွင် တာမွေ တရားရုံးတွင် ပြန်လည် တရားရင်ဆိုင်ရမည် ဖြစ်သည်။

သံဃာငါးပါးကို ဇွန်လ ၂၀ရက် နံနက် အင်းစိန်အကျဉ်းထောင်မှ လူဝတ်ဖြင့် ရုံးထုတ်လာပြီး တာမွေတရားရုံး တွင် နံနက် ၁၀နာရီမှ ညနေ၄နာရီအထိ စစ်ဆေးခဲ့သည်။

တရားရုံးသို့ ရွှေညဝါဆရာတော်၊ ဦးဝီရသူ၊ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခတို့နှင့် တာမွေမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်များလည်း ကြွလာပြီး သက်သေအဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်၊ ဆေးရုံများထဲတွင် ဗုဒ္ဓတရားတော်များ ဟောပြောခြင်း၊ တရားပြခြင်းတို့ ဆောင်ရွက်ရန် သမ္မတ၊ ၀န်ကြီးများနှင့် သဘောတူညီမှုရထားပြီးဖြစ်၍ မြန်မာပြည်သို့ ခေတ္တပြန်လာခြင်းဖြစ်သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဟု လန်ဒန်
ဆရာတော် ဦးဥတ္တရက မိန့်သည်။

မဟာသန္တိသုခကျောင်းတိုက် ပိုဆိုင်မှုအပေါ် လန်ဒန်ဆရာတော်ဦးဥတ္တရက “ဘုန်းကြီးက နိုင်ငံခြားသားလည်းဖြစ်လို့ တို့ပိုင်တာလည်းမဟုတ်ဘူး၊ ပီနန်ဆရာတော်ကြီးရဲ့သဘောပါပဲ" ဟုမိန့်ကြားသည်။

လန်ဒန် ဆရာတော် ဦးဥက္ကရ အပါအဝင် သံဃာငါးပါး တာမွေတရားရုံးတွင် တရားရင်ဆိုင်နေချိန်တွင် ဆရာတော်များ ပြန်လည် လွတ်မြောက်ရေးအတွက် လူ ၃၀၀ခန့်က တရားရုံးအပြင်မှ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သေးသည်။

အေးမြင့်စန်း
Mizzima - News in Burmese
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.