nicolelwin

Thursday, June 19, 2014

ငြိမ်းစုစည် ဥပဒေအတည်ပြု
ဂျွန်လ ၁၈ ရက်

ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ရေးဆွဲတင်သွင်းခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ဒီနေ့ အတည်ပြုလိုက်တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း  ဥပဒေမှာ ပြစ်မှုပြစ်ဒဏ်ပိုင်းတွေ၊ ဆန္ဒပြ ခွင့်တွေ လျော့ပေါ့အတည်ပြုထားကြောင်း
ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက ပြောပါတယ်။
"စုစည်းခွင့်တွေမှာ လွတ်လွတ်လပ်လပ်စုစည်းခွင့် အခွင့်အရေးတွေ ပါလာတယ်၊ နောက် ဒေသအာဏာ ပိုင်တွေဆီ တောင်းခံမယ်ဆိုရင် ဒေသအာဏာပိုင်တွေကလည်း ခွင့်ပြုရမယ် စသဖြင့် ဒီလိုအချက်တွေပေါ့လေ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်ခွင့် အခွင့်အရေးတွေပါလာတယ်၊ ပြစ်ဒဏ်အပိုငးမှာဆိုရင်တော့ ထူးခြား တာကတော့ ဟိုတုန်းက ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်မယ်ဆိုရင် တင်းကြပ်ထားတဲ့ ပြစ်ဒဏ်တွေပေါ့လေ အဲဒါဟာတွေက အခုချိန်မှာတော့ တော်တော်လေးကိုလျော့ပေါ့ပေးထားတာ တွေ့ရတယ်"
အဲ့ဒီဥပဒေကြမ်းမှာ ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးကို ခွင့်ပြုချက်တောင်းစရာ မလိုဘဲ အကြောင်းကြားစာသာ ပေးပို့ရမယ်လို့ ပြင်ဆင်ထားပါတယ်။
ဒါ့အပြင် ဆန္ဒပြဖို့ အကြောင်းကြားစာပေးပို့တဲ့အခါ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်လုံခြုံ ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မထိခိုက်ရင် ဆန္ဒပြဖို့ကို ခွင့်ပြုပေးရမယ်လို့ ပါရှိပါတယ်။
ဥပဒေမှာပါတဲ့  ပုဒ်မ ၁၈ ပြစ်မှု ပြစ်ဒဏ်အခန်းမှာ ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ် သုံးသောင်း သတ်မှတ်ထားတာကို ထောင်ဒဏ် ၆ လအထိ လျှော့ချသတ်မှတ်ထားပြီး ငွေဒဏ်ကို ပယ်ဖျက်ထား ပါတယ်။
လက်ရှိမှာ အရင်ပြစ်မှုပြစ်ဒဏ်နဲ့ ပြဌာန်းထားတဲ့ ဥပဒေက တည်ဆဲဖြစ်ပြီး အဲဒီဥပဒေမှာပါတဲ့ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားအရေး လှုပ်ရှားကြသူ ရာဂဏန်းနီးပါးအထိ ရှိတယ်လို့ သိရပါတယ်။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.