nicolelwin
Sunday, May 26, 2013
ဆောင်းပါး
ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ)
ရိုဟင်ဂျာတို့သဘောထားတင်းမာသည့်အဖွဲ့များမှ အထောက်အပံ့တောင်းခံခဲ့ဟု ဆို
ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး အင်ဒိုနီးရှားတွင် တိုက်ခိုက်ရေး အကူအညီ လာယူ
အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၁) (၂) (၃)
၁၉၈၂ ဥပဒေအရသာ နိုင်ငံသားဖြစ်ခွင့်ပေးမယ့်အကြောင်း မြန်မာအစိုးရ တုံ့ပြန် ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိပါဘူး၊
အင်းစိန်သံဃာ့ညီလာခံကို လေ့လာသုံးသပ်ခြင် (အပိုင်း ၁)
တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား
တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ
ဗုဒ္ဓဘာသာ သည် အစွန်းရောက်ဝါဒ မဟုတ်
ကိုးကွယ်ခြင်း – ကာကွယ်ခြင်း နှင့်- ချုပ်ချယ်ခြင်း
မြန်မာနိုင်ငံမှာ ရူဟင်ဂျာမရှိကြောင်း ဦးရွှေမန်းပြော
မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂ ခုနှစ်)ကို ပြင်ဆင်ရေးဆွဲရန် စီစဉ်ခြင်း မရှိကြောင်း အစိုးရက ထုတ်ပြန်
ဒေါ်စု“အာဏာရူး”ရူးနေလား
 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
 မြန်မာ့နိုင်ငံရေးအသွင်ကူပြောင်းမှု ၂၀၁၅ မတိုင်မှီအလားလာ
မလေးရှာရောက်မြန်မာများလုပ်ငန်းရှင်များကူမည်
ကလေး၂ ဦးထက်မပိုရကန့်သတ်ချက်ဝန်ကြီးခင်ရီထောက်ခံ
ဗမာပြည်မှာ နောက်လိုက်အများဆုံး ဖြစ်လာနိုင်တဲ့ အုပ်စု (သို့) Hate Group
တိုင်းရင်းသားဖြစ်ရေးမှသည်မွတ်ဆလင်ပြည်နယ်ထူထောင်ရေးနှင့်
စိန်ခေါ်မှုများ
 ဘော်စတွန်အကြမ်းဖက်မှုအလွန်
ဒေါ်စုသမတအိမ်တော်ရောက်ရေးဖြစ်နိုင်ပါသည် သို့သော်
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ သမ္မတ ဖြစ်နိုင်မလား
တရားဥပဒေစိုးမိုးရေးမှသည် အေးချမ်းတည်ငြိမ်သောပြည်သူ့ဝများဆီသို့
ကလေးလုပ်သားများကို အနိုင်အထက်ပြုမှုအဆိုးရွားဆုံး နိုင်ငံများ၌ မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းမှ ရပ်တည်နေဆဲ
ဖုတ်ကောင်အစာတောင်းလေရောသလား
ဒါဖတ်ပြီးမှအကြမ်းဖက်ဘို့စဉ်းစားပါ
  မွေးနေ့ သြဂုတ်လ ၄ ရက်၊ ၁၉၆၁ ခုနှစ်
ဇာတိ ဟိုနိုလူလူ၊ ဟာဝိုင်ရီ
မွေးအမည် ဘားရက် ဟူစိန် အိုဘားမား
လူမျိုး အာဖရိကန် - အမေရိကန်
ပါတီ ဒီမိုကရက်
ဇနီး မစ်ချယ်လီ အိုဘားမား (၁၉၉၂ လက်ထပ်)
သားသမီး မာလီယာ အန် (သမီး၊ ၁၉၉၈ မွေး) နာတာရှာ (ဆာစ်ဟာ) (သမီး၊ ၂ဝဝ၁)
နေရပ် ချီကာကို၊ အီလီနွိုက်ပြည်နယ်
ပညာရေး ဟားဗတ်ဥပဒေကျောင်း၊ ကိုလံဘီယာတက္ကသိုလ်၊ အောစီဒင်တယ်ကောလိပ်
ကိုးကွယ်သည့် ဘာသာ ပရိုတက်စတင့် ခရစ်ယာန်
____________________
ငယ်စဉ်ဘဝ
ဟာဝိုင်ရီရှိ အမေရိကန်တက္ကသိုလ် University of Hawaii at Manoa အတွင်းရှိ နိုင်ငံခြားသား ကျောင်းသားတစ်ဦးဖြစ်သည့် ကင်ညာနိုင်ငံသား လူမည်းလူမျိုး ဖခင် ဘားရက် ဟူစိန် အိုဘားမားနှင့် ဒေသခံ Kansas နယ်မှ အမေရိကန် လူဖြူလူမျိုး မိခင် Ann Dunham တို့ လက်ထပ်ခဲ့ကြပြီး အမေရိကန်သမ္မတ ဖြစ်လာမည့် ဘားရက် အိုဘားမားကို မွေးဖွားခဲ့သည်။
အိုဘားမား ၂ နှစ်အရွယ်တွင် မိဘများ ကွာရှင်းခဲ့ကြသည်။ ဖခင်မှာ ကင်ညာနိုင်ငံသို့ ပြန်သွားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဖခင်ဖြစ်သူ ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားကာ သေဆုံးသည်အထိ ဖခင်ဖြစ်သူနှင့် အိုဘားမားမှာ တစ်ကြိမ်သာ တွေ့ဆုံခဲ့ရသည်။
မိခင်မှာ အင်ဒိုနီးရှားလူမျိုး လိုလို ဆိုးတိုရိုနှင့် လက်ထပ်ခဲ့ကာ ၆ နှစ်အရွယ် သားငယ် အိုဘားမားနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသို့ ၁၉၆၇ ခုနှစ် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာတွင် ၁၀ နှစ်အရွယ်အထိ ကျောင်းနေခဲ့ရသည်။
၁၉၇၁ ခုနှစ်တွင် မိခင်ဘက်မှ အဘိုးအဘွားများရှိရာ ဟာဝိုင်ရီသို့ သွားရောက်နေထိုင်ခဲ့ပြီး၊ ဟာဝိုင်ရီရှိ ပုဂ္ဂလိကကျောင်း တစ်ခုဖြစ်သည့် Punahou ကျောင်းတွင် ၅ တန်းမှ ၁၉၇၉ ခုနှစ် ကျောင်းပြီးသည်အထိ တက်ရောက်ခဲ့သည်။
မိခင်မှာ ဟာဝိုင်ရီသို့ ပြန်လာကာ အချိန်အတန်ကြာ အိုဘားမားနှင့်အတူ နေထိုင်ခဲ့ပြီး၊ သူ၏ ဒေါက်တာဘွဲ့အတွက် သုတေသနပြုလုပ်ရန် အင်ဒိုနီးရှားသို့ ပြန်လည် ၀င်ရောက် နေထိုင်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင် သားအိမ်ကင်ဆာရောဂါဖြင့် မိခင်ကွယ်လွန်သည်။
အိုဘားမားသည် အထက်တန်းကျောင်း တက်ရောက်စဉ် ဆေးခြောက်၊ ကိုကင်းနှင့် အရက်များ သုံးစွဲခဲ့ကြောင်း ၂၀၀၈ ခုနှစ် လူထုဟောပြောပွဲတွင် ၀န်ခံခဲ့ပြီး စာရိတ္တရေးရာပျက်စီးမှု ဖြစ်ခဲ့ဖူးကြောင်း ၀န်ခံခဲ့သည်။
အထက်တန်းကျောင်းအပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ Occidental College တွင် သွားရောက် ပညာသင်ကြားခဲ့သည်။
ထို့နောက် နယူးယောက်မြို့ရှိ Columbia University သို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေး ပညာရပ် အထူးပြုလေ့လာကာ နိုင်ငံရေးသိပ္ပံဖြင့် B.A ဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။
၁၉၈၃ နှစ်ဦးပိုင်းမှ စတင်ပြီး Business International Cooperation တွင် တနှစ်ကြာ ၀င်ရောက်လုပ်ကိုင်ခဲ့ကာ New York Interest Research Group တွင် ပါဝင်လုပ်ကိုင်ခဲ့သည်။
ထို့နောက် ချီကာကိုသို့ ပြောင်းရွှေ့ကာ ဒေသခံ ကက်သလစ်ခရစ်ယာန် အသင်းတော်များ အခြေပြု လူထုစည်းရုံးရေး လုပ်ငန်းများ လုပ်ကိုင်သည့် Developing Communities Project - DCP တွင် ဒါရိုက်တာအဖြစ် ၃ နှစ်ကြာ ၀င်ရောက်လုပ်ကိုင်သည်။ အိုဘားမား ဦးဆောင်သည့် ကာလအတွင်း ၀န်ထမ်းများ တိုးပွားလာကာ ၀င်ငွေမှာလည်း အောင်မြင် တိုးတက်လာခဲ့သည်။
၁၉၈၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဥရောပသို့ သုံးပတ်ကြာသွားရောက် လည်ပတ်ခဲ့ပြီး ဖခင်နှင့် ဆွေမျိုးများရှိရာ ကင်ညာသို့ သွားရောက်ခဲ့သည်။ ဖခင်အပါအ၀င် ဆွေမျိုးများအား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။
၁၉၈၈ ခုနှစ် နှစ်ကုန်ပိုင်း ဟားဗတ် ဥပဒေကျောင်းသို့ ၀င်ရောက် ပညာသင်ကြားခဲ့သည်။ တနှစ်အကြာ သူ၏ အရည်အချင်းကြောင့် ဟားဗတ် ဥပဒေသုံးသပ်ရေး ဂျာနယ်တွင် အယ်ဒီတာအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။
၁၉၉၀ ခုနှစ်တွင် ဒုတိယနှစ်ကျောင်းသားကာလတွင် ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။ ပထမဆုံး လူမည်း ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌအဖြစ်လည်းကောင်း၊ အယ်ဒီတာချုပ်အနေဖြင့်လည်းကောင်း၊ ဥပဒေသုံးသပ်ရေးအဖွဲ့ဝင် အယ်ဒီတာ ၆ ဦးကို ဦးစီးလမ်းညွှန်သူအဖြစ်လည်းကောင်း ရွေးချယ်ခံရသည်။
ပထမဆုံး လူမည်း ဥပဒေသုံးသပ်ရေးအဖွဲ့ ဥက္ကဌ အဖြစ် ရွေးချယ်ခံရမှုအား ကျယ်ပြန့်စွာ ဆွေးနွေးတင်ပြခဲ့ကြပြီး အချိန်အတော်ကြာအထိ ဆွေးနွေးစရာကိစ္စ ဖြစ်ခဲ့သည်။
စာအုပ်ရေးသားခြင်း
ရွေးချယ်ခံရပြီးနောက် လူ့အသားအရောင်ကွဲပြားမှုများ ဆက်စပ်မှုအကြောင်း စာအုပ်ရေးသားရန် ကန်ထရိုက်ရခဲ့ပြီး၊ University of Chicago Law School က ထိုစာအုပ်ရေးသားရန် ၀န်ထမ်းတဦးနှင့် ရုံးခန်းတခုအား ပြင်ဆင်ပေးခဲ့သည်။ ၎င်းစာအုပ်အား တနှစ်အတွင်း အပြီးသတ်ရန် ပြင်ဆင်ခဲ့သော်လည်း အချိန်ကြာမြင့်ခဲ့ကာ နောက်ပိုင်းတွင် ကိုယ်ပိုင် ဘ၀ဖြတ်သန်းမှုများကို ရေးသားသည့် စာအုပ်အသွင်သို့ ပြောင်းလဲသွားသည်။
“Dream From My Father: A Story of Race and Inheritance” စာအုပ်အား ၁၉၉၅ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ၎င်းစာအုပ်သည် အိုဘားမား နိုင်ငံရေးနယ်ပယ်ထဲသို့ မ၀င်ရောက်မီ ဟားဗတ် ဥပဒေသုံးသပ်ရေးဂျာနယ် ဥက္ကဌအဖြစ် ဆောင်ရွက်နေစဉ် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပြီး၊ သူ၏ ဘ၀ဖြတ်သန်းခဲ့မှုများကို ရေးသားခဲ့ခြင်းဖြစ်သည်။
အိုဘားမားနှင့် နိုင်ငံရေး
၁၉၉၂ ခုနှစ်မှ စတင်ကာ University of Chicago Law School တွင် ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေဘာသာရပ်အား ၁၂ နှစ်ကြာ သင်ကြားခဲ့သည်။
၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်အထိ အီလီနွိုက်ပြည်နယ် လွှတ်တော်အမတ်အဖြစ် ဆက်တိုက်အရွေးခံခဲ့ရသည်။
၂၀၀၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ်အဖြစ် အရွေးခံရန် အီလီနွိုက်ပြည်နယ် လွှတ်တော်အမတ် ရာထူးမှ နှုတ်ထွက်ခဲ့သည်။
ပထမဆုံး အာဖလီကန်-အာမေလီကန် လွှတ်တော် အမတ်
၂၀၀၄ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် အီလီနွိုက်ပြည်နယ်အတွင်းမှ ၇၀ ရာခိုင်နှုန်း ထောက်ခံမဲဖြင့် အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။
အမေရိကန်သမိုင်းတွင် ပဉ္စမမြောက် အာဖရိကန်-အမေရိကန် အထက်လွှတ်တော်အမတ်ဖြစ်ပြီး၊ ဇန္န၀ါရီလ ၄ ရက်၊ ၂၀၀၄ ခုနှစ်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။
ပထမဆုံး အာဖလီကန်-အာမေလီကန် သမ္မတ
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အေဗဟမ်လင်ကွန်း၏ ၁၈၅၈ ခုနှစ်အတွင်းက ကျော်ကြားခဲ့သော မိန့်ခွန်းများ ပြောကြားခဲ့သည့် အီလီနွိုက်ပြည်နယ် Springfield တွင် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၂၀၀၈ ခုနှစ် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒီမိုကရက်ပါတီအတွင်း ပြိုင်ဘက်ဖြစ်သူ ဟီလာရီကလင်တန်နှင့် အချိန်အတော်ကြာ ယှဉ်ပြိုင်ခဲ့ကြရသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။
ခြစားမှုတိုက်ဖျက်ရေး (သန့်ရှင်းသောအစိုးရ)
ဝတ်မှုန် (၀န်ထမ်းဟောင်းတစ်ဦး)
ဇူလိုင် ၂၅၊ ၂၀၁၃
သမ္မတအကြံပေး ဒေါက်တာဦးမြင့်၏  Corruption Paper  စာတမ်းတွင် ခေါင်မိုးမှစတင်တိုက်ဖျက်၊  Fry a big fish ဟု ရေးထားပါသည်။ ၂နှစ်ကြာခဲ့ပါပြီ။ ယခု၂၀၁၃ တွင် တော်တော်လေး အောင်မြင်လာတာ တွေ့ရပါသည်။ အခွန်ကောက်စနစ်မှာ ခြစားမှု၈၀% ပြည်ပအ၀င်အထွက်ဂိတ်များနဲ့ကုမ္ပဏီကြီး ၅၀၀ ခန့်ကို  ပရိုဖက်ရှင်နယ် Audit  များနှင့်ရအောင် အခွန်ကောက်ရန်၊ အခွန်ရှောင်ပါက ကြီးမားသော ဒဏ် ငွေဆောင်စေရန် ဖြစ်သည်။ အခွန်ကောက်မှုကို စနစ်တကျဆောင်ရွက်ခြင်း အရှိန်ရလာပါသည်။ လူကောင်းများကို ခန့်ပြီး၊ လေ့ကျင့် ထား နိုင်ဖို့ နှစ်နဲ့ချီပြီးလုပ်ရပါသည်။ မလွယ်ပါ။
 အခွန်ပြီးရင် ဒုတိယအနေနဲ့ အခွန်ငွေသုံးစွဲမဲ့ဌာနကြီးတွေမှာ ခြစားမှုနည်းအောင်လုပ်ရပါမယ်။ အခွန်သုံးဌာနများက ၀န်ကြီးဌာနအားလုံးပါ။ သို့သော် ခြစားမှုစနစ်ကို တိုက်ဖြက်ဖို့ဆိုရင် လူများများ (၀န်ထမ်းများများ) ရှိတဲ့ ၀န်ကြီးဌာနတွေကို ဦးစားပေးရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာန (စစ်သည် ၄သိန်း)၊ ပညာရေးဝန်ကြီးဌာန (ဆရာ/မ) ၃သိန်း၂သောင်း၊ ကျန်းမာရေး ဆရာ/မ – ၅သောင်း (ပဂ္ဂလိကဆေးရုံ၊ သ/မ ဆေးခန်းများပေါင်းလျှင် တစ်သိန်းခွဲခန့် ရှိနိုင်မည်)။ ထိုလူများအတွက် အခြေခံစားဝတ်နေရေးအတွက် ဘတ်ဂျတ်မြှင့်တင်ပေးရပါမည်။
 ငွေပေးနည်း (လစာတိုးပေးနည်း) မထိရောက်ပါ။
 အစိုးရ၀န်ထမ်းများကို အခြေခံစားဝတ်နေရေး အဆင်ပြေအောင်လုပ်ပေးခြင်းသည်၊ ခြစားမှုတိုက်ဖြတ်ခြင်းဖြစ်သည်။ အစိုရအရာရှိကြီး အများစုသည် ခြအကြီးစားကြီးများဖြစ်သည်။ ထိုခြအကြီးစားကြီးများ၊ ရပ်တန်းက မရပ်ပဲ ဆက်လက်ကျူးလွန်နေသူများကို တာဝန်မှ ဖယ်ရှားရုံမက၊ အရေးယူပြီး၊ သူတို့ပိုင်ဆိုင်မှုများကို သိမ်းဆည်းနေပါသည်။ ဥပမာ..ဆက်သွယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဝန်ကြီးဌာန….။
 မြန်မာပြည်ရောက်သွားပြီး အခြေခံလူတန်းစားတွေကို လေ့လာရုံမက၊ စာလည်းရေးနိုင်သော အင်္ဂလန်မှ ဒေါ်ခင်မမမျိုး  မြန်မာပြည်၊ ကလေးသူငယ်များ၊ ကျောင်းမတတ်နိုင်၊ လဘက်ရည်ဆိုင်း တလ ကျပ်၂သောင်းဖြင့် အလုပ်လုပ်ရင်း ပညာသင်သော၊ ပြင်ပကျောင်းကို ရန်ကုန်တွင်လေ့လာပြီး၊ ရွံနွံထဲသွားရင်း လဲကျ၊ တကိုယ်လုံးနာ၊ ရင်နင့်ဘွယ်ရကိုမြင်ရပြီး၊ ရင်နာစွာ ရေးထားသော ဆောင်းပါးကို ဖတ်ရသည်။ လေးစားပါသည်။  ကျေးဇူးတင်ပါသည်။
 ● ခရိုနီ၊ မိုနိုပိုလီအစိုးရ
ကျန်ုပ်လည်းရင်နာပါသည်။  မျက်ရည်လည်းကျပါသည်။ ဘာကြောင့် ဒါလောက်တောင် စိတ်ပျော့ရသလဲ ..မိမိကိုယ် မကျေနပ်ပါ။ တောင်ကိုးရီးယားက Homeless Boy  youtube ဗွီဒီယိုကြည့်တော့လည်း မျက်ရည်ကျပါသည်။ မင်္ဂလာဒုံလေဆိပ် လဘက်ရည်ဆိုင်တွင် ၁၆နှစ်အရွယ် စားပွဲထိုးကို အင်တာဗျူးသောအခါ လစာ၂သောင်းနှင့်၊ နေစရိတ်၊စားစရိတ်ငြိမ်း၊ အဆင်ပြေသည်ဟု ပြောသည်။ ဒီဆိုင်မှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲ..ဟုမေးသောအခါ ၁၀နှစ်ရှိပြီ ..ဟူသော အဖြေစကားကြောင့် မျက်လုံးပြူးမိသည်။ သြော်ဒီကလေး ၆နှစ်သားကတည်းက စားပွဲထိုးလုပ်နေပါလား။ လဘက်ရည်ဆိုင်မှာ ကျောင်းစာသင်ပေးသောကြောင့် စာရေး၊စာဖတ် တတ်သည်ဟု ဆိုသည်။ ရန်ကုန်မြို့ပေါ်မှာပင် ဤမျှဖြစ်နေလျှင် တောင်သူလယ်သမား သားသမီးများအဖို့ မလွယ်လှပါ။ စင်ကာပူ Herris Pye ဆိုသော သင်္ဘောဘွိုင်လာလုပ်ငန်း အင်္ဂလိပ်ကုမ္မဏီတွင် မြန်မာအလုပ်သမား ၁၀၀ခန့်နှင့် အတူလိုပ်ကိုင်ဖူးသည်။ ၇၅ရာနှုန်းသည် လယ်သမား၊ သားသမီးများဖြစ်သည်။ မိဘက ပွဲစားခပေးပြီး နိုင်ငံခြားလွှတ်လိုက်သောကြောင့် စင်ကာပူရောက်လာကြသည်။ ပွဲစားခ မပေးနိုင်သော လယ်သူရင်းငှား သားသမီးများမှ မလေးရှား၊ ထိုင်း ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည်။ တောင်သူလယ်သမားများအဖို့ ၀င်ငွေနည်းသည့်အပြင် လယ်မြေသိမ်းမှုများကြောင့် လူငယ်များ လယ်မလုပ်လိုတော့ဟု ဆိုသည်။ လူကြီးများသာ လယ်လုပ်နေကြသည်။ တောင်သူလယ်သမား သားသမီးများ ပညာမသင်နိုင်ပဲ လေလွင့်နေသည်မှာ ၀မ်းနည်းစရာဖြစ်သည်။ မိမိနိုင်ငံသား သားသမီးငယ်များ ဖြစ်ပျက်နေပုံမှာ ၀မ်းနည်းစရာဖြစ်သည်။
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုက ရုန့်ကြမ်းတဲ့ Homeless နံနံစော်စော်တွေ ရိက္ခာရဖို့ လုပြီးတန်းစီနေတာတွေ့ စဉ်က  မျက်ရည်မကျခဲ့ပါ။ သူတို့က အခမဲ့ပညာသင်ခွင့်၊ အခမဲ့စားသောက်ခွင့်တွေ ရပြီး ၀၀ဖြိုးဖြိုးတွေပါ။ ထိုသို့သော လူများအတွက် မျက်ရည်ကျစရာမရှိ၊ အာဖရိကမရောက်ဖူးပေသော်လည်း ဆရာမြတ်ဖေ၀င်း၏ အာဖရိကမစ်ရှင်ခရီး ကွန်ဂို (ယခင် ဇိုင်ယာ စစ်အာဏာရှင်စနစ်) အကြောင်း သူ့၏စာအုပ်တွင် ဖတ်ဖူးသည်။ တိုင်းပြည်သည် သယံဇာတအလွန်ကြွယ်ဝပြီး၊ ယခင်ပြင်သစ်ကိုလိုနီဘ၀က အာဖရိကတွင် တောင်အာဖရိကပြီး ဒုတိယအချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ ယခုအခါ သယံဇာတကြိမ်စာပြောရမည်လား…။ စစ်အာဏာရှင် မိုဘူတု အနှစ်၂၀ ကျော်အုပ်ချုပ်ပြီးနောက် စားစရာပင်မရှိသောကြောင့် သစ်ဥ၊သစ်ဖုများ တူးပြီးစားရသည့် အခြေအနေရောက်ခဲ့သည်။ စစ်အာဏာရှင်နိုင်ငံသားများ ဘ၀ဖြစ်သည်။အာဖရိကစစ်အာဏာရှင်ခမြာ တိုင်းရင်းသားတပ်များက ၀ိုင်ဝန်းတိုက်ခိုက်သောကြောင့် စစ်ရှုံး၊ အသက်ပျောက်ရသည်။ ကွန်ဂိုနိုင်ငံတွင် စစ်အာဏာရှင်ကို တော်လှန်ခဲ့သည်။ အသစ်တက်လာသော စစ်ဗိုလ်က ၁၀နှစ်အကြာ၊ သူ့၏သားက အာဏာရလာပြန်သည်။ စစ်အာဏာ ကြိမ်စာမလွတ်နိုင်ပါ။ တိုင်းပြည်၏ ၈၅%သည် ခရစ်ယာန်များဖြစ်သော်လည်း ခရိုနီအာဏာရှင်များကြီးစိုးသော ဇိုင်ယာနိုင်ငံဖြစ်သည်။ ယခု  မြန်မာပြည်သည် အာဖရိက ကွန်ဂိုနိုင်ငံနီးပါး စစ်အာဏာရှင်အောက်မှာ မွဲတေသွားခဲ့သည်။  မြန်မာနိုင်ငံလည်း ကွန်ဂိုနိုင်ငံအခြေအနေ ရောက်လုနီးနီးက အခုပြန်လည်ရုန်းထွက်နိုင်ပါသည်။ ဗုဒ္ဓဘာသာများဖြစ်ပြီး ခရိုနီအာဏာရှင်များ ကြီးစိုးသော မြန်မာနိုင်ငံအဖြစ်မခံလိုပါ။
စစ်အာဏာရှင်စနစ်မှာ ခရိုနီစနစ်သို့၊ ရောက်သွားသည်။ ခရိုနီစနစ်မှလွတ်ရန်မှာ သန့်ရှင်းအစိုးရဖြစ်ဖို့ ခေါင်းဆောင်များ သန့်ရှင်းရပါမည်။ ခေါင်းဆောင်ပိုင်း မိသားစုများအတွက် သင့်တင့်သော လစာ၊စရိတ်၊ဆေးကုသမှုများ ပံ့ပိုးရန်အတွက်၊ ကျန်ုပ်တာဝန်မဟုတ်ပါ။ အစိုးရတွင် တိကျသော ဥပဒေ၊ အာမခံများ ရှိရပါမည်။ ၀န်ကြီးလစာ ၆သိန်း (US$ 600) ဟု ၀န်ကြီးဦးစိုးသိန်းက ပြောပါသည်။ သိန်း၆၀ခန့် ထောက်ပံ့ကြေး ပေးရသင့်ပါသည်။
 ● ၀န်ထမ်းများ သန့်ရှင်းအစိုးရ
သမ္မတဦးသိန်းစိန်က သန့်ရှင်းအစိုးရဖြစ်အောင် ခြစားမှုတွေတိုက်ဖျက်နေပါသည်။  စစ်အာဏာရှင်များကြောင့် ခြစားစနစ်ကြီး အကောင် ထည် ပေါ် လာပြီး၊ ကမ္ဘာ့ ခြအစားဆုံးအဖြစ် ဆင်းရဲမွဲတေသွားရခြင်းဖြစ်ပါသည်။
 ● ကျနော်ရဲ့ ခံယူချက်ကတော့ ခြစားမှုတိုက်ဖျက်ဖို့
၁။ အခွန်အပြည့်ဝရရေး  (4% မှ 15% အထိ tax to GDP ကို ၂နှစ်အတွင်းလုပ်ရပါမည်။)
လေဆိပ်နဲ့သင်္ဘောဆိပ်တွေမှာတော့ အောင်မြင်ခဲ့ပါပြီ။ နောက်တဆင့် ကုမဏီအကြီးစားများကို Auditor ကောင်းကောင်းနဲ့ အခွန်ကောက်ဖို့ လုပ်ရပါမယ်။ လူ ၅၀၀၀ အထက်ခန့်ထားတဲ့ ကုမဏီပေါင်း ၅၀၀လောက်ပဲ ရှိပါသည်။  အဲဒီကုမဏီတွေကို အခွန်ကောက်ပြီးတာ Jurun 80:20 rules အရ အခွန်အားလုံးရဲ့ ၈၀% ကို ရမယ်ဖြစ်ပါသည်။
 ၂။ နောက်တဆင့်က သိပ်ခက်ပါသည်။  အခွန်ငွေကို ခွဲဝေသုံးစွဲဖို့ဖြစ်ပါသည်။  ကာကွယ်ရေးက ၃၀% အထက် သုံးနေပါသည်။ သုံးနေဆဲပါ။ ရုရှား၊ယူကရိန်းကို စစ်ပညာတော်သင်တွေ အများကြီးလွှတ်ပြီး၊ သူတို့ဆီက လက်နက်ကြီး၊ငယ်အားလုံး ၀ယ်နေရပါသည်။  အခု သမ္မတဦးသိန်းစိန် ပြင်သစ်ကိုရောက်တော့ ပြင်သစ်အစိုးရက လက်နက်၊ မီးရက်ဂ်ျလေယဉ်အပြင် အနုမြူဓါတ်ပေါင်းဖိုပါ အကြွေးရောင်းဖို့ လုပ်ပါမည်။ ကာ/ချုပ်ကတော့ ၀ယ်ချင်မှာပါ။ သမ္မတဦးသိန်းစိန်က ၀ယ်လိုမည်မဟုတ်ပါ။ ဒုတိယ ငွေအသုံးများဆုံးဝန်ကြီးဌာန ပညာရေးဖြစ်ပါသည်။  လွှတ်တော်အမျိုးသားစီမံကိန်း အစီရင်ခံစာမှ ၀န်ထမ်းအရေတွက်ကို ကြည့်လျှင်
 စစ်သည်တော် ၄ သိန်း (မိသားစု ၁၂ သိန်း)
ကျောင်းဆရာ/မပေါင်း
မူလတန်း – ၁၈၄၄၆၅ (တသိန်း ရှစ်သာင်း)
အလယ်တန်း – ၆၈၁၀၈
အထက်တန်း – ၂၇၃၁၁
စက်မှုအထက်တန်း – ၁၀၁၃
စိုက်ပျိုးသိပံ္ပ – ၂၄၀
GIT – ၂၃၈၈
သူနာပြုအတတ်သင် – ၂၂၇
တက္ကသိုလ်များ – ၂၆၂၄၂  (၁၅၉ ခု)
ကျန်းမာရေး
ဆရာဝန်ပေါင်း (အစိုးရ) – ၁၁၉၇၃
သွားဆရာဝန် – ၈၈၀
ကျန်းမာရေးမှုး – ၁၉၅၂
ကျန်းမာရေးဆရာမ၊ သွားဘက်သူနာပြု၊ ၄၀၀၀ ခန့်
သူနာပြုဆရာမပေါင်း – ၁၈၀၅၀
အထက်ပါ အရောအတွက်ဟာ နိုင်ငံဝန်ထမ်းချည်းဖြစ်ပါတယ်။ ပုဂ္ဂလိကနဲ့သမ၀ါယမ ၀န်ထမ်းတွေပေါင်းရင် ၂ ဆ အရေတွက်များပါသည်။
 သူတို့အတွက် လစာ ဘယ်လောက်ပေးတယ်ထင်ပါသလဲ။ ဆရာဝန်မှ ကျပ်တစ်သိန်းတောင် လစာမရပါ။
 ထို ကျောင်းနှင့်ဆေး ဆရာ/ဆရာမ များမှာ လူများပေးကမ်းတဲ့ငွေကို ရပါသည်။  သွယ်ဝိုက်တဲ့နည်း၊ သမာဇီဝ လပ်စားမှုလို့ ခေါ်ရမည်။
 ပညာရေးနဲ့ကျန်းမာရေးကို ဘတ်ဂျတ်တိုးမြင့်မည်ဆိုပါက အကောင်းဆုံးနည်းမှာ လစာရင်း မတိုးရင်နေပါ။ ထောက်ပုံကြေး (အိမ်၊၀တ်စုံ စရိတ်ဆိုပြီး တစ်လ ၅သောင်းကနေ တစ်သိန်းအထိ) ရာထူးအလိုက် လုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။
 မြန်မာပြည်ဟာ ပညာရေး၊ ကျန်းမာရေး သုံးငွေ ရာနှုန်း ကမ္ဘာ့အနိုမ့်ဆုံးမှာ ပါဝင်ပါသည်။
အခြားဝန်ကြီးဌာနများ အသုံးစရိတ်ကို ဘယ်လိုရှာမည်နည်း? သူတို့တွင် ကိုယ်ပိုင်ဝင်ငွေ၊ အခွန်ကောက်ငွေများရှိပါသည်။ ဥပမာ စက်မှုဝန်ကြီးဌာနတွင် စက်ရုံများကို စစ်ဆေးရေး၊ မှတ်ပုံတင်ရေးအတွက် ၀န်ထမ်းများသည် လပ်စားနေကြသည်ဖြစ်သည်။ သိပ်များများစားစား မဟုတ်ပါ။ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ အားလုံးတွင် ၀န်ထမ်းများသည် တရားမ၀င် အခွန်များကောက်ပြီး ဂိတ်ကြေးကောက်သည့်နည်း ရှိပါသည်။ အဆိုးဆုံးမှ ပြည်သူ့ရဲ ဆိုသည်မှာ အလွန်ဆိုးပါသည်။ ပြည်သူ့ရဲများ စားဝတ်နေရေး လုံလောက်ရန်လည်း အရေးကြီးလှပါသည်။
 ● အသုံးစရိတ်၊ ဘတ်ဂျတ်လေ့လာခြင်း
သုံချပ်တွက်နည်း၊ သင်္ချာနည်းကို သုံးကြည့်လျှင် ၀န်ထမ်းအများဆုံးရှိသော စစ်တပ်၊ ကျောင်းဆရာ/မ၊ ဆေးဆရာ/မ၊ ရဲဝန်ထမ်း စုစုပေါင်းလူဦးရေမှာ ၈သိန်းခန့်ရှိမည်။ ထိုသူများ၏ မိသားစု စားဝတ်နေရေးအတွက် တစ်ယောက်လျှင် ကျပ်၃သိန်း (ကန်ဒေါ်လာ ၅၀၀ခန့်) အသုံးပြုပါက လောက်ငှသည်ဟု ယူဆပါသည်။ တစ်နှစ်လျှပ် ကန်ဒေါ်လာ ခြောက်ထောင် နိုင်ငံတော်မှအကုန်ကျခံရပါမည်။ ခြစားမှုကာကွယ်ရေးအတွက် ပွင့်လင်းစွာ အကုန်ကျခံပေးရပါမယ်။ သို့မဟုတ်ပါက ခြစားမှုအတွက် ၀န်ထမ်းများကို အရေးယူရခက်နေဦးမည်ဖြစ်သည်။ ထို အရေးကြီးသောဝန်ထမ်းများကို လစာတိုးမပေးပဲ၊ အခွင့်ရေး Benefits များ ဖန်တီးပေးခြင်းဖြင့် ၀န်ထမ်း၈သိန်းအတွက် တစ်နှစ်လျှင့် 800000 x US$500 = US$ 4.8 billion ကုန်ကျမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ GDP သည် US$ 60 billion ဆိုပါက အိမ်နီးချင်းနိုင်ငံများကဲ့သို့  tax 15% ကောက်နိုင်လျှင် ၀န်ထမ်း ၈သိန်းအတွက် လစာ၊စရိတ် US$ 4.8 billion ကို သုံးနိုင်ပါသည်။ စစ်သား ၄သိန်းကို နှုတ်လိုက်ပါက ပညာရေး၊ကျန်းမာရေး ၀န်ထမ်း  ၄သိန်းစရိတ်မှာ US$ 2.4 billion မျှသာ ကျသင့်မည်ဖြစ်သည်။
 ● ၀န်ထမ်းတစ်ဦးလစာ
သို့သော် လက်ရှိအခြေအနေမှာ ကာကွယ်ရေး၊ ပညာရေး၊ ကျန်မာရေး ၀န်ထမ်း ၈သိန်းအတွက် US$ 4.8 billion per year (Theory Value) သုံးရန်မှာ ခက်ခဲ့နေပါသည်။ ဌေးဝင်းနိုင် (ဤကမ္ဘာကိုတရုပ်တို့ကြီးစိုးသောအခါဝယ်) စာအုပ်ဘာသာပြန်သူ ရေးသားချက်အရ၊ မြန်မာနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် US$ 1.1 billion per year ဟုဆိုသည်။ စစ်သားများ လစာနှင့်စရိတ်မဟုတ်နိုင်ပါ။ စစ်သားမိသားစုများ အလွန်ဆင်းရဲသည်ဟု သိရပါသည်။ ပုသိမ်မှ မူလတန်းကျောင်းဆရာမတစ်ဦး သူမယောင်္ကျား စစ်မှုထမ်းရာ မြန်မာနယ်စပ်မြို့သို့ ကျောင်းပိတ်သောအခါ ၂လ လိုက်သွားခဲ့သည်။ သူမပြောကြားချက်အရာ စစ်သားမိသားစု အိမ်ထောင်ရှင်မများသည် သူမထံသို့ တပ်ရိက္ခာထုတ်မပေးခင် ဆီတစ်ဇွန်း၊ ဆန်၂ဗူး၊ စသဖြင့် လာရောက်ချေးငှားသုံးစွဲကြသည်ဟု ဆိုသည်။ သို့ဆိုလျှင် စစ်အသုံးစရိတ် US$5 billion per year မှာ ဘယ်နေရာမှာသုံးကြသနည်း။ Good Question ဖြစ်သည်။ ကချင်ပြည်နယ်စစ်ပွဲတွင် မော်တာကျည်ဆံ တစ်လုံးသည် ဒေါ်လာ ၅၀၀ခန့် တန်သည်ဟု ဆိုသည်။ ကျည်တစ်တောင့်သည် တစ်ဒေါ်လာကျော် တန်သည်ဟု ဆိုသည်။ ဗုံးများ၊ ကျည်ဆံများ ဒလဟောသုံးခဲ့ကြသည်။ ၂၀၁၃ စာရင်းဇယားများအရ မြန်မာပြည်တွင် အခွန်ကောက်ငွေ tax income US$ 5 billion ရခဲ့သည်။ စစ်အသုံးစရိတ် US$ 1.1 blllion (22% of tax income) နှင့် ပညာရေးအသုံးစရိတ် US$ 0.25 billion (5% of tax income) သုံးသည်ဟု ဆိုသည်။
 ● နိဂုံး (သန့်ရှင်းအစိုရ)
မည်သို့ပင်ဖြစ်စေ ယခုအခါ အခွန်ခြစားမှုများကို တိုက်ဖျက်နိုင်လာသောကြောင့် 2013 တွင် tax income ၂ဆ US$ 10 billion ရလာမည်ဖြစ်သည်။ ပညာရေးစရိတ်ကို ပိုမိုသုံးမည်ဖြစ်သည်။ စစ်အသုံးစရိတ်ကို လျှော့ချရန် စစ်သားများအတွက် ဦးပိုင် စက်ရုံ၊ အလုပ်ရုံ ၀န်ထမ်းများအဖြစ် ပြောင်းလဲမည်ဟု မျှော်လင့်သည်။ ထိုလုပ်ဆောင်ချက်များသည် သမ္မတဦးသိန်းစိန်အစိုးရ လုပ်နေသော ပြုပြင်ပြောင်းလဲမှုမှာ ခြစားမှုတိုက်ဖြတ်ရေး (သန့်ရှင်းအစိုးရဖြစ်ရေး) ဖြစ်ပါသည်။  မိုးမခစာမျက်နှာမှ သန်းဝင်းလှိုင် ဆောင်းပါးအရ၊ လွှတ်တော် ကာ/လုံ ၁၁ဦးတွင် ၉ဦးမှာ စစ်ဗိုလ်ချုပ်များ (သို့မဟုတ်) စစ်ဗိုလ်ချုပ်ဟောင်းများ ဖြစ်နေသည်။ အရေးကြီးသော တိုင်းရင်းသားငြိမ်းချမ်းရေးကော်မရှင် ၁၁ဦးတွင် ၉ဦးမှာ စစ်ဗိုလ်အမျိုးနွယ်များပင်ဖြစ်နေသည်။ အာဏာကို စစ်ဗိုလ်အမျိုးနွယ်များသာ ချုပ်ကိုင်ထားသော်လည်း တိုင်းပြည်အကျိုးသည်ပိုးသော အမေရိကန်စစ်ဗိုလ်ချုပ် ဂျော့ဝါရှင်တန်၊ အိုက်ဆင်ဟောင်ဝါ တို့ကဲ့သို့ မြင့်မြတ်သော စိတ်ရှိသူများဖြစ်စေလိုပါသည်။ သမ္မတဦးသိန်းစိန် အင်္ဂလန်တွင် ၁၇-ဇူလိုင်-၂၀၁၃ ပြောစကားအတိုင်း နောက်ကြောင်းပြန်သွားလိုသူများကို အမှန်တကယ်ဖယ်ရှားရမည်ဖြစ်သည်။
 ခေါင်မိုးမှစတင်တိုက်ဖျက်၊  Fry a big fish ဆိုသည့်အတိုင်း၊ ရေတိုအတွက် ထပ်ပိုင်းအရာရှိကြီးများ အရေးကြီးပါသည်။ ယခုဖတ်နေသူသည် ထိပ်ပိုင်းအရာရှိကြီး၏ ဇနီး၊သားသမီးများဖြစ်ပါက ဘခင်ဖြစ်သူကို လောဘမကြီးရန် ပြောရပါမည်။ ရေရှည်အတွက် ပညာရေးနှင့်ကျန်မာရေးမှာ ခြစားမှုများကို ကွင်းဆင်းလေ့လာလျှင် ရင်နာရုံမက နှလုံးသားပါ နာကျင်သွားပြီး၊ ကျွန်တော် နှလုံးရောဂါရသွားမှာတောင် စိုးပါသည်။  အမိုးအရင်ဖြိုသောနည်းကို ဦးသိန်းစိန်အစိုးရ လုပ်နေပါသည်။  ဦးရွှေမန်း နှင့် သူ့မိသားစု၊  စီးပွားရေးလောကမှ တဖြေးဖြေး ထွက်ခွာသွားခြင်းကို  ကျေးဇူးတင်၊ ကြိုဆိုရမည် ဖြစ်ပါသည်။
- See more at: http://moemaka.com/archives/36798#sthash.d9hh7ZZz.ttClQkQx.dpuf
ရိုဟင်ဂျာတို့သဘောထားတင်းမာသည့်အဖွဲ့များမှ အထောက်အပံ့တောင်းခံခဲ့ဟု ဆို
Thursday, July 11, 2013
ဂျကာတာ ဇူလိုင် ၁၁
ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ ( RSO ) မှ ခေါင်းဆောင်နှစ်ဦးသည် အင်ဒိုနီး ရှား နိုင်ငံသို့ မကြာသေးခင်က လာရောက်၍ အကြမ်းဖက်မှုဆိုင်ရာ အထောက်အပံ့များ ရရှိရေးအတွက် သဘောထား တင်းမာသည့် အဖွဲ့အစည်း များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု
ဂျကာတာပို့စ် သတင်းစာက ရေးသားဖော်ပြထားသည်။
RSO မှ ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဘာသာရေး ခေါင်းဆောင် Abu Arif နှင့် စစ်သွေး ကြွခေါင်းဆောင် Abu Shafiyah တို့သည် တိုက်ခိုက်ရေးသမား ၊ လက်နက် ၊ ငွေကြေးနှင့် ဗုံးလုပ်နည်းညွန်ကြားပေးမည့်သူများကို လာရောက်အကူအညီးတောင်းခံခဲ့ခြင်း ဖြစ်သည်
ဟု ဆိုထားသည်။
ထို့အပြင် ရိုဟင်ဂျာများကို နှိပ်ကွပ်မှု ပြုနေသေူများအား ပြန်လှန် တိုက်ခိုက်ရန်အတွက် ရိုဟင်ဂျာ ၃၀၀ ခန့် ကို ရခိုင်ပြည်နယ်အတွင်း၌ ပင်(Ar Rahmah ဆိုက်တွင်မူ လျှို့ဝှက်နေရာဟု ဆိုထားသည်) စစ်သင်တန်း ပို့ချလျက်ရှိကြောင်း ဖော်ပြထားသည်။
၎င်းတို့၏ ခရီးစဉ်အကြောင်းကို အစွန်းရောက် တို့၏ Ar Rahmah Medai Network ၀က်ဘ်ဆိုက် တွင် ဖော်ပြထားခြင်း ဖြစ်သည်။ထို့အတူ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအား စစ်သင်တန်းပေးနေသည်ဆိုသော ဓာတ်ပုံ ၂၈ ပုံ ကိုလည်း အဆိုပါဝက်ဘ်ဆိုက်ဒ်တွင်
လွှင့်တင်ခဲ့ပြီး ယင်းသည် ကမ္ဘာအနှံမှ မွတ်ဆလင်များအား ဘာသာရေးစစ်ပွဲစတင်ဆင်နွဲရန် တွန်းအားပေးနိုင်လိမ့်မည်ဟုလည်း ယင်းဝက်ဘ်ဆိုက်ဒ် တွင် ဆိုထားသေးသည်။
KYL
Popular Myanmar News Journal
ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး အင်ဒိုနီးရှားတွင် တိုက်ခိုက်ရေး အကူအညီ လာယူ
ဧရာဝတီ| July 12, 2013 | Hits:13
ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးသည် အဖွဲ့ဝင်သစ် စုဆောင်း ရရှိရေး၊ လက်နက်နှင့် ငွေကြေးအကူအညီများ ရရှိရေးအတွက် မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း ဂျကာတာ ပို့စ် (Jakarta Post) သတင်းတရပ်တွင် ဖော်ပြထားသည်။
ရိုဟင်ဂျာ ခေါင်းဆောင်နှစ်ဦးမှာ Abu Arif နှင့် Abu Shafiyah တို့ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရိုဟင်ဂျာ သွေးစည်း ညီညွှတ်ရေးအဖွဲ့ (Rohingya Solidarity Organization – RSO) နှင့် ဆက်စပ်နေကြောင်း၊ တိုက်ခိုက်ရေးသမားများ၊ သေနတ်များ၊ ငွေကြေး နှင့် ဗုံးလုပ်နည်း သင်ပြသူများ ရရှိရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ရိုဟင်ဂျာ မွတ်စလင် ၃၀၀ ခန့်ကို တိုက်ခိုက်ရေး သင်တန်းများ ပေးထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များက ဖိနှိပ်နေခြင်းကို လက်တုန့်ပြန်မည် ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အစ္စလမ် ဘာသာရေး အစွန်းရောက် မီဒီယာတခုဖြစ်သော Ar Rahmah Media Network ၀က်ဘ်ဆိုက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာများအပေါ် ခွဲခြား ဖိနှိပ်မှုများက ဒေသတွင်းနိုင်ငံများအထိ ရိုက်ခတ်သွားခြင်း ဖြစ်ကြောင်း၊ ရိုဟင်ဂျာများကို အသိအမှတ်ပြု ကရုဏာထားရန် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ မြို့တချို့တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် မေလအတွင်းက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့သည်။
ဂျမား အစ္စလာမီးယား (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahmanက လွှင့်တင်ထားသည်ဆိုသည့် အဆိုပါ Ar Rahmah ၀က်ဘ်ဆိုက်တွင် ရခိုင်ပြည်နယ်၌ ရိုဟင်ဂျာများအား လျှို့ဝှက်သင်တန်းပေးမှု မှတ်တမ်း ဓာတ်ပုံ ၂၈ ပုံ တင်ခဲ့ကြောင်း၊ ယင်းဓာတ်ပုံများက ရခိုင်တွင် ဆင်နွှဲမည့် “ဂျီဟတ်” အောင်နိုင်ရေးကို အားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတကာ အကြပ်အတည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့ (ICG) အကြီးတန်း အကြံပေး Sidney Jones က စင်ကာပူ အခြေစိုက် The Straits Times သတင်းစာသို့ “JI အဖွဲ့နဲ့ RSO အဖွဲ့အကြား အဆက်အသွယ်ကို လေ့လာကြည့်ရင် အာဖဂန် ပြဿနာကို ပြန်ရောက်သွားတယ်” ဟု မှတ်ချက်ပေးထားသည်။
အင်ဒိုနီးရှား နိုင်ငံသား Muhammad Jibril သည် ကရာချိမြို့ အခြေစိုက် JI အဖွဲ့ဝင်တဦးဖြစ်ပြီး အယ်လ်ကေးဒါး၊ တာလီဘန် အကြမ်းဖက်သမားများနှင့် ဆက်သွယ်မှု ရှိသဖြင့် ၂၀၁၁ ခုနှစ်တွင် အမေရိကန်က အမည်ပျက်စာရင်း သွင်းခဲ့သည်။
RSO အဖွဲ့ကို ၁၉၈၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များကို သင်တန်းပေးခြင်းများ ရှိခဲ့ကြောင်း၊ ယခုအခါ အကြမ်းဖက်အဖွဲ့များ ပြန်လည် ဆက်စပ်လာကြောင်း၊ ရခိုင်ပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရိုဟင်ဂျာ မွတ်စလင် ၈ သိန်းတို့ အကူအညီရရှိရေး လှုပ်ရှားနေကြောင်း သိရသည်။
အကြမ်းဖက်ဝါဒ လေ့လာရေးပညာရှင် Rohan Gunaratna က The Straits Times သို့ ပြောကြားရာတွင် ရိုဟင်ဂျာ အစွန်းရောက်အုပ်စု ပြန်လည် အသက်ဝင်လာသော်လည်း မြန်မာပြည်တွင်းတွင် ထောက်ခံမှု မရနိုင်ကြောင်း ပြောသည်။ “သို့သော်လည်း အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ အရေးကြီးတာက နိုင်ငံတကာ လူ့အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ရှင်းလင်းပေးဖို့ပဲ” ဟု ၎င်းက ပြောထားသည်။
အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၁)
အက်ဒ်ဝပ် အက်စ်ပင်နယ်လ်| July 13, 2013 | Hits:150
အင်ဒိုနီးရှား သမ္မတ ဆူကာနို (လက်ဝဲဘက်) နှင့် ဗိုလ်ချုပ်ကြီး ဆူဟာတို တို့ကို ၁၉ ၆၇ ခုနှစ် ဖေဖော်ဝါရီလတွင် တွေ့ရစဉ် (ဓာတ်ပုံ – NPR)
လွန်ခဲ့သော ဆယ်နှစ်ခန့်ကဆိုလျှင် အင်ဒိုနီးရှားနိုင်ငံအား အောင်မြင်သော ဒီမိုကရေစီနိုင်ငံ တနိုင်ငံအဖြစ် မြင်ရမည့် အရိပ်အရောင်မျိုးကို မတွေ့ရချေ။ စီးပွားရေး ဆုတ်ယုတ်မှုနှင့်အတူ မွေးဖွားလာသည့် ခေတ်သစ်သမိုင်းတွင် တွေ့ရခဲသော ဒီမိုကရေစီနိုင်ငံသစ် ဖြစ်သည့်အပြင် ထိုမွေးကင်းစ ဒီမိုကရေစီအား ဖျက်ဆီးမည့် အလွန်အင်အားကြီးမားသော အုပ်စုကြီး သုံးစု၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ပထမ အုပ်စုမှာ သမ္မတ ဆူဟာတို (၁၉၆၇-၁၉၉၈) အုပ်စိုးမှု၏ အမွေကို ဆက်ခံထားသည်ဟု အများက လက်ခံထားပြီး နိုင်ငံ၏ နိုင်ငံရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည့် စစ်တပ်ပင်ဖြစ်သည်။ ဒုတိယ အုပ်စုမှာ နိုင်ငံတွင်းရှိ ဒေသအသီးသီးမှ အင်အားကောင်းသော လူမျိုးရေး၊ ဘာသာရေးနှင့် ခွဲထွက်ရေး အကြမ်းဖက် လှုပ်ရှားမှုများ ဖြစ်သည်။ ထိုကာလများတွင် နိုင်ငံရေး ခေါင်းဆောင်များက နိုင်ငံတနိုင်ငံ ဖြစ်တည်မှု၏ အခရာဖြစ်သည့် နိုင်ငံတည်တံ့ရေးအား အကြီးအကျယ် ခြိမ်းခြောက်နေသော ပဋိပက္ခအဖြစ် ရှုမြင်ခဲ့ကြသည်။ နောက်ဆုံးအုပ်စုမှာ ဆယ်စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ်ခံ့ရမှုများမှ လွတ်မြောက်လာပြီး ပိုမို အားကောင်းလာသည့် အစ္စလမ်မစ် နိုင်ငံရေးလှုပ်ရှားမှုများပင် ဖြစ်သည်။ အချို့သော အုပ်စုများကဆိုလျှင် အင်ဒိုနီးရှားနိုင်ငံအား အစ္စလမ်နိုင်ငံအဖြစ် ပြောင်းလဲရေး သို့မဟုတ် အနိမ့်ဆုံးအားဖြင့် အခြေခံဥပဒေကို ရှာရီယာ အစ္စလမ်ဘာသာရေး စည်းမျဉ်းစည်းကမ်းနှင့် အညီ ပြောင်းလဲရေးကိုပင် တောင်းဆိုခဲ့ကြသည်။
သို့သော် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီး ဆယ်စုနှစ်အကြာ ယခုအချိန်တွင် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ထိုခြိမ်းခြောက်မှု အားလုံးကို ထိထိရောက်ရောက် ထိန်းချုပ်ဖြေရှင်းနိုင်ခဲ့သည်။ စစ်တပ်အနေဖြင့်လည်း နိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍတွင် မပါဝင်တော့ဘဲ ဆုတ်ခွာသွားပြီ ဖြစ်သည်။ ဒေသဆိုင်ရာ ပဋိပက္ခများကိုလည်း တည်ငြိမ်အောင် ဖြေရှင်းနိုင်ပြီးဖြစ်သည်။ နိုင်ငံ၏ အပြင်းထန်ဆုံး ခွဲထွက်ရေးလုပ်ရှားမှုဖြစ်သည့် ဆူမားတြားဒေသ အာချေး လှုပ်ရှားမှုကိုလည်း ငြိမ်းချမ်းရေး သဘောတူညီမှု ယူထားနိုင်ပြီဖြစ်သည်။ အုပ်ငယ်အချို့မှလွဲလျှင် အစ္စလမ်မစ် အင်အားစုများ အားလုံးအား နိုင်ငံရေး ပင်မရေစီးအတွင်း ပါဝင်လှုပ်ရှားစေရန် စွမ်းဆောင်နိုင်ခဲ့ပြီး ရှာရီယာစည်းမျဉ်း အခြေခံသည့် နိုင်ငံမျိုးတည်ဆောက်ရေး ရည်မှန်းချက်မျိုးအား တောင်ဆိုခြင်းကို လျှော့ချစေခဲ့သည်။ ထိုခြိမ်းခြောက်မှုများအား ဖြေလျှော့နိုင်မှုနှင့်အတူ အင်ဒိုနီးရှားနိုင်ငံသည် ပြည်သူ့လွတ်လပ်ခွင့် ပိုမိုကျယ်ပြန့်လာခြင်း၊ ပိုမိုဖွံဖြိုးပြီး စုံလင်သည့် မီဒီဈေးကွက် နှင့် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရသည့် ပါတီစုံရွေးကောက်ပွဲများကိုပါ ကျွဲကူးရေပါ တွေ့လာရသည်။ ယခုဆယ်စုနှစ်တွင်း ကမ္ဘာတလွှားတွင် ကြုံတွေ့နေရသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ် နောက်ကြောင်းပြန်လှည့်ခြင်းဟု မဆိုသာသော်လည်း တန့်နေသည့် အခြေအနေမျိုးတွင် ဤအောင်မြင်မှုသည် အခြားသောနိုင်ငံများအတွက် အကောင်းဆုံး သင်ခန်းစာပင်ဖြစ်သည်။
အင်ဒိုနီးရှား၏ အောင်မြင်မှုတွင်လည်း အခြားမျက်နှာစာတခု ရှိနေသေးသည်။ အင်ဒိုနီးရှားအနေဖြင့် ၎င်း၏ပြဿနာများအား ဖြေရှင်းရာတွင် အထိအခိုက်ကင်းကင်း ဘေးထွက်ဆိုးကျိုး မရှိဘဲ ဖြေရှင်းနိုင်ခဲ့ခြင်း မဟုတ်ချေ။ အမှန်တကယ်အားဖြင့် အသွင်ကူးပြောင်းမှု ဖြစ်စဉ်အား နှောက်ယှက်ဟန့်တားသူများကို ဘေးဖယ်ထုတ်လိုက်ခြင်းထက် နိုင်ငံရေးစနစ်အတွင်းသို့ သွတ်သွင်းလိုက်ခြင်းသာ ဖြစ်သဖြင့် ဒီမိုကရေစီပန်းတိုင်နှင့် ဒီမိုကရေစီ အရည်အသွေးကို အပေးအယူ အလျှော့အတင်း ပြုလုပ်ခဲ့ရသည်။ ဤအပေးအယူသည် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်း ခြင်းဖြစ်စဉ်၏ အားနည်းချက် သက်သက်သာမက ထိုအသွင်ကူးပြောင်းမှု ဖြစ်စဉ်အောင်မြင်မှု၏ အဓိကသော့ချက် တခုလည်းဖြစ်သည်။
ဤအပေးအယူ မည်သို့မည်ပုံ ဖြစ်ထွန်းလာသည်၊ မည်သည့် အကြောင်းကြောင့် ဖြစ်ပေါ်လာသည် ဆိုသည့်အမေးမှာ ဆူဟာတို အာဏာရှင်စနစ်၏ သဘောသဘာဝ၊ အာဏာလွှဲ ပြောင်းပေးသည့် နည်းလမ်း နှင့် ၎င်း၏ လွှမ်းမိုးမှုတို့ တိုက်ရိုက် ပတ်သက်နေသည်။ ဆူဟာတိုသည် တိုင်းပြည်ကို ချုပ်ကိုင်ရာတွင် အင်အားကို နည်းလမ်းတခု အနေဖြင့် နေရာတိုင်း အပြည့်အဝ အသုံးပြုခဲ့ခြင်း မဟုတ်ဘဲ အစိတ်အပိုင်း တခုအဖြစ်သာ အသုံးပြုခဲ့သည်။ နိုင်ငံရေးအာဏာနှင့် အုပ်စိုးမှုအား တိုက်ရိုက် မခြိမ်းခြောက်ဘဲ ချမှတ်ထားသည့် စည်းမျဉ်းများအား လိုက်နာနေသရွေ့ မည်သည့်နိုင်ငံရေးနှင့် လူမှုရေး အင်အားစုကိုမဆို လှုပ်ရှားခွင့်ပြုခဲ့သည်။ ထိုအပြုအမူကို မိမိနှင့် ပတ်သက်သူကို ဦးစားပေး အခွင့်အရေးပေးသည့် အုပ်ချုပ်ရေးပုံစံက ထပ်မံ ထောက်ကန်ထားပြန်သည်။ ထို မျက်နှာသာပေး ဦးစားပေးမှုသည် အစုအဖွဲ့တဖွဲ့ အသိုင်းအဝန်းတခုကို ကိုယ်စားပြု စီမံခန့်ခွဲနေသည့် နိုင်ငံရေးသမားများ၊ ခေါင်းဆာင်များ (ဥပမာအားဖြင့်- ဘာသာရေး ခေါင်းဆာင်များ) ကို အကျိုးအမြတ် ရရှိစေသည်။ ထိုမျက်နှာသာပေး စနစ်၏ ရလဒ်အနေဖြင့် ဖားတပိုင်းငါးတပိုင်း အတိုက်အခံများ နိုင်ငံရေးနှင့် လူမှုရေး နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခြင်းပင်ဖြစ်သည်။ အရေးကြီးသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆာင်များမှာ အဏာရှင်၏ ထိန်းချုပ်မှုနှင့် ခွင့်ပြုမှု အခြေအနေတွင်သာ လှုပ်ရှားကြပြီး ထိုစနစ်ကို ပိုမိုအားကောင်းစေသည့် အပေးအယူလုပ်ခြင်း နှင့် အလျှော့အတင်းလုပ်ခြင်း နိုင်ငံရေးယဉ်ကျေးမှုတွင် ယဉ်ပါးအသားကျလာကြသည်။
ဤနောက်ခံ အခြေအနေသည် အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု များစွာဖြစ်စေခဲ့သည်။ ၁၉၉၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် အဓိက ပါဝင်ခဲ့သူ အများစုမှာ ဆူဟာတို အုပ်စိုးမှုတွင် တိုက်ရိုက်ပတ်သက်သူများ သို့မဟုတ် ဆူဟုတို၏ နိုင်ငံရေးပါဝါအား တပိုင်းတစအားဖြင့် ဆန့်ကျင်ခဲ့သည့်အတွက် ဘေးဖယ်ထားခံရသည့် အတိုက်အခံ ခေါင်းဆောင်များ ဖြစ်ကြသည်။ အကျိုးဆက်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းမှု ပုံသဏ္ဍာန်မှာ ဂီးလာမို အို ဒေါ်နယ် (Guillermo O’ Donnell) ၏ အမြင်အရ ဘရာဇီးနိုင်ငံကဲ့သို့ပင် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သည် အပြင်ပန်း ကြည့်ပါက လူတယောက်ချင်းစီ၊ လူတိုင်းလူတိုင်းပါဝင်ထားသည့် ဖြစ်စဉ်အဖြစ် မြင်ရစရာရှိသည်။ သို့သော် အာဏာရှင်အုပ်စိုးမှုကို ဆက်လက်ထိ န်းသိမ်းထားလိုသူ အုပ်စုဟောင်းများနှင့် ဒီမိုကရက်တစ် အင်အားစု အသစ်များမှာ ပြက်ပြက်ထင်ထင်မရှိဘဲ ဝေဝါးနေသည်။ အစိုးရအနေဖြင့် အဓိက အတိုက်အခံ နိုင်ငံရေး အင်အားစုများအား နိုင်ငံရေး အဝန်းအဝိုင်းမှ ဖယ်ထုတ်ခြင်းထက် သိမ်းသွင်းထိန်းချုပ်ရေးကိုသာ ဦးတည်သည့် နည်းဗျူဟာကို တွေ့ရသည်။ ဆွေမျိုးမိတ်ဆွေကိုသာ မျက်နှာသာပေးခြင်းနှင့် အကျင့်ပျက်ခြစားမှုတို့မှာ အတိုက်အခံ နိုင်ငံရေး အင်အားစုများကို နိုင်ငံရေးပင်မ ရေစီးအတွင်းသို့ သွတ်သွင်းရာတွင် ပိုမိုလွယ်ကူစေသည့် ချောဆီများပင် ဖြစ်သည်။
ဆူဟာတိုအလွန် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ လေးဦးလုံးသည် သြဇာတိက္ကမ ကြီးမားသော ဆူဟာတို၏ “အစီအစဉ်သစ် အုပ်စိုးမှု” တွင် တနည်းနည်းနှင့် ပါဝင်ပတ်သက်ခဲ့သူများ ဖြစ်သည်။ သမ္မတ ဟာဘီဘီ (၁၉၉၈-၉၉) သည် ဆူဟာတို လက်ထက်တွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ နောက်ဆုံးသက်တမ်းတွင် ဒု သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ သမ္မတ အဒူရာမန် ဝါဟစ် (၁၉၉၉-၂၀၀၁) သည် ဆူဟာတို လက်ထက်တွင် အတိုက်အခံ အစ္စလမ် နိုင်ငံရေးအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဆူဟာတို၏ နိုင်ငံရေးအကွဲအပြဲတွင် နိုင်ငံရေးကို ကျွမ်းကျင်စွာ ပါဝင်ကစား နိုင်သူအဖြစ် ကျော်ကြားသူဖြစ်သည်။ သမ္မတ မီကာဝါတီ ဆူကာနိုပူထရီ ( ၂၀၀၁-၂၀၀၄) သည်လည်း ဆူဟာတို၏ အစီအစဉ်အသစ် နိုင်ငံရေးကာလ နောက်ပိုင်းတွင် သြဇာကြီးသော အတိုက်အခံအဖြစ် ထင်ရှားသည်။ သို့သော်လည်း အာဏာရှင်၏ အတွေးအခေါ်လမ်းကြောင်း အတွင်းရှိ နိုင်ငံရေး အမြင်မျိုးသာရှိသည့် အာဏာရှင်က လက်ခံထားသည့် အတိုက်အခံ ပါတီကြီး သုံးပါတီထဲမှ ပါတီတခု၏ ခေါင်းဆာင်တဦးသာ ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးသမားအဖြစ် သတ်မှတ်ထားသည့် လက်ရှိသမ္မတ ဆူဆီလို ဘန်ဘန်း ယူဒိုရိုနိုမှာလည်း ဆူဟာတို အုပ်စိုးမှု နောက်ပိုင်းကာလများတွင် အင်ဒိုနီးရှား တပ်မတော်၌ အရာရှိတဦးဖြစ်သည်။
ပို၍အရေးကြီးသည်မှာ ထိုသမ္မတ တဦးချင်းစီ၏ အစိုးရအဖွဲ့များကို လွှတ်တော်အတွင်းတွင် ကြီးစိုးထားသော အင်အားကြီး ပါတီများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီ၊ ဆူဟာတို အုပ်စိုးမှုတွင် အဓိကမဏ္ဍိုင်ကြီး နှစ်ခုဖြစ်သည့် စစ်တပ် နှင့် အုပ်ချုပ်ရေး ယန္တယားအတွင်းမှ အရာရှိဟောင်းများနှင့်ပါ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားကြသည်။ ထိုအစိုးရ ရာထူးများသည် ဝန်ကြီးများနှင့် ၎င်းတို့၏ ပါတီများအတွက် ၎င်းတို့စိတ်ကြိုက် ခြယ်လှယ်ရာနေရာ၊ အခွင့်အရေးများ ဖန်တီးပေးရာ နေရာများ ဖြစ်ကြသည်။ ပြည်ထောင်စုအဆင့် လွှတ်တော်နှင့် ဒေသဆိုင်ရာ လွှတ်တော်များမှာ နိုင်ငံတော် ဘတ်ဂျက် နှင့် စီးပွားရေး လော်ဘီသမားများထံမှ ရရှိသော လာဘ်လာဘများ ဝေစုခွဲရာနေရာ အပြိုင်အဆိုင်ရယူရာ နေရာများ ဖြစ်လာကြသည်။
ထိုဖြစ်ရပ်များကြောင့်ပင်လျှင် အင်ဒိုနီးရှား ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များ အကြားတွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများအား အာဏာရှင်စနစ်နှင့် အကျင့်ပျက်ခြစားမှုများက မည်သည့် အတိုင်းအတာအထိ လွှမ်းမိုးချုပ်ကိုင်ထားခြင်းနှင့် ပတ်သက်၍ အဓိက ထောက်ပြစရာ ဖြစ်လာပြီး ၎င်းအသွင်ကူးပြောင်းမှု ဖြစ်စဉ်အား နိုင်ငံရေးလုပ်ကြံမှု ဒီမိုကရေစီ၊ အမွေခံဒီမိုကရေစီ၊ မျက်နှာသာပေး ဒီမိုကရေစီ စသဖြင့် အမျိုးမျိုး ဖွင့်ဆိုကြသည်။ မည်သည့် အခေါ်ဝေါ်အား ညွှန်းသည်ဖြစ်စေ၊ အခေါ်အဝေါ်အားလုံးမှာ အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အရည်အသွေးအား ကျဆင်းစေသည့် အင်အားကြီးမားသော အထက်လွှာအီလစ်များအား နိုင်ငံရေးစနစ်အတွင်း ပါဝင်လှုပ်ရှားစေနိုင်သည့် အခင်းအကျင်းကိုသာ အဓိက မီးမှောင်း ထိုးပြထားခြင်းဖြစ်သည်။ သို့သော် လေ့လာသုံးသပ်သူများ မေ့လျော့နေသော အချက်မှာ ထိုထိန်းချုပ် သွတ်သွင်းနိုင်သည့် အရည်အချင်းသည်ပင်လျှင် အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တည်ငြိမ်ပြီး အောင်မြင်စေသော အချက်တစ်ချက်လည်း ဖြစ်သည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိက အတားအဆီးများဖြစ်သည့် စစ်တပ်၊ ဒေသဆိုင်ရာ လူမျိုးနွယ်စု ခေါင်းဆောင် အီလစ်များနှင့် အစ္စလမ် စစ်သွေးကြွများအား အားပျော့ဖြေလျှော့နိုင်ခဲ့ခြင်းမှာ အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်၏ အောင်မြင်မှုများနှင့် ပေးဆပ်မှုများ၏ သက်သေပင် ဖြစ်သည်။
စစ်တပ်ကို စည်းရုံးသိမ်းသွင်းခြင်း
ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်၏ အဓိက အောင်မြင်မှုမှာ စစ်တပ်အား နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ ဖယ်ထုတ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဆူဟာတိုအလွန် အင်ဒိုနီးရှားနိုင်ငံရေးတွင် စစ်တပ်သည် အရေးကြီးသော အဓိကအခန်းကဏ္ဍမှ ရှိနေလိမ့်မည်ဟူသော ယူဆချက်မှာ ၁၉၉၀ ခုနှစ်များ တဝိုက်ရှိ ပညာရှင်များအားလုံးက လက်ခံထားသော အယူအဆတခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆူဟာတို အုပ်စိုးမှုကာလတွင် စစ်တပ်သည် နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ ဆယ်စုနှစ်များစွာ ပါဝင်ခဲ့မှုကြောင့်ပင် ဖြစ်သည်။ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေစဉ် အစိုးရအဖွဲ့အတွင်း၊ အုပ်ချုပ်ရေး ယန္တယားအတွင်း နှင့် လွှတ်တော်အတွင်း အရေးပါသော ရာထူးများ ရယူခဲ့ကြသည်။ ထိုတာဝန်နှစ်ခု တပြိုင်နက် ထမ်းဆောင်သည့် ဒျူဖန်စီ (dwifungsi) ခေါ် လုပ်နည်းလုပ်ဟန်ကို ဆူဟာတို အာဏာရယူချိန်မှစ၍ ကျင့်သုံးခဲ့ပြီး စစ်တပ်အား နိုင်ငံတော် ကာကွယ်ရေးအပြင် လူမှုနိုင်ငံရေးကဏ္ဍတွင်လည်း နေရာပေးခဲ့သည်။ စစ်တိုင်းအလိုက် အုပ်ချုပ်သည့် စနစ်သည် စစ်တပ်အား ၎င်း၏ တပ်သားများကို နိုင်ငံအနှံ့ ဖြန့်ကျက်ထားနိုင်စေပြီး အရပ်ဘက် အုပ်ချုပ်ရေးယန္တယားအား နောက်ကွယ်မှ ထိန်းချုပ်စေနိုင်သည့်အပြင် လိုအပ်သည့်အခါ အမြင့်ဆုံးမှ အောက်ခြေအဆင့်အထိ အစိုးရ၏ နိစ္စဒူဝကိစ္စများကို ဝင်ရောက်စွက်ဖက်ခွင့် ဖန်တီးထားသည်။ ထိုမျှသာမက စစ်တပ်သည် အာဏာရှင်က ၎င်းအား ဝေဖန်သူ ဆန့်ကျင်သူများကို ဖိနှိပ်ချုပ်ခြယ်ရာ အဓိက အင်အားတရပ်လည်းဖြစ်သည်။
၁၉၉၈ ခုနှစ် ဆူဟာတို အုပ်စိုးမှု အဆုံးသတ်ပြီးနှောက် ၎င်းအခြေအနေမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည်။ စစ်တပ်တွင်းရှိ အကြီးတန်းအရာရှိ တော်တော်များများမှာ နိုင်ငံရေး ယုံကြည်မှု အကြပ်အတည်းနှင့် ရင်ဆိုင်လာရသည်။ နိုင်ငံရေးစနစ် အပြောင်းအလဲနှင့်အတူ ပေါ်ပေါက်လာသည့် လမ်းပေါ်ထွက်ဆန္ဒပြမှုများတွင် စစ်တပ် ဆန့်ကျင်ရေး သဘောထားများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ စစ်တပ်အရာရှိများကလည်း စစ်တပ် အင်စတီကျူးရှင်း အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ၎င်းတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရသည်။ ထိုအခြေအနေကို တုံ့ပြန်သောအားဖြင့် စစ်တပ်မှ ပါရာဒိုင်းအသစ်တခုကို ကြေညာခဲ့ပြီး ထိုပါရာဒိုင်းအရ စစ်တပ်နေဖြင့် နိုင်ငံရေးဖြစ်စဉ်များတွင် တိုက်ရိုက်မပါဝင်တော့ဘဲ ဆုတ်ခွာခဲ့သည်။ ရဲတပ်ဖွဲ့အား စစ်တပ်မှ သီးခြားခွဲထုတ်ပြီး ပြည်တွင်းလုံခြုံရေးကို တာဝန်ယူစေခဲ့သည်။ တပ်တွင်းတွင် တာဝန်ထမ်းဆောင်နေသော အရာရှိများကို အရပ်ဘက် အုပ်ချုပ်ရေးယန္တယား၌ ထပ်မံ တာဝန်ထမ်းဆောင်စေခြင်းကို ရပ်စဲခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပြည်ထောင်စုအဆင့် နှင့် ဒေသဆိုင်ရာ လွှတ်တော်များတွင် စစ်တပ်မှ အရာရှိကိုယ်စားလှယ်များ ထားရှိခြင်းကို ဖျက်သိမ်းခဲ့သည်။
သို့သော် ဤဖြစ်စဉ်၏ အရေးကြီးသော အစိတ်အပိုင်းတခုမှာ အရပ်သား အစိုးရအနေဖြင့် စစ်တပ်၏ ငြိုငြင်မှုကို မလိုလားသောကြောင့် တပ်၏ အဓိက လုပ်ပိုင်ခွင့်များအား ဝင်ရောက် စွက်ဖက်ခြင်းများကို မပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ အမှန်တကယ်အားဖြင့် စစ်တပ်မှာ နိုင်ငံရေးအာဏာအား စွန့်လွှတ်သွားခြင်း မဟုတ်ဘဲ လျှော့ချလိုက်ခြင်းသာ ဖြစ်သည်။  စစ်တပ်အနေဖြင့် ၎င်းဆန္ဒရှိသလောက်သာ ပြုပြင်ပြောင်းလဲခွင့် လက်ခံထားမှုကို ကြည့်ခြင်းအားဖြင့် ထင်ထင်ရှားရှား မြင်နိုင်သည်။ ထို့ကြောင့်လည်း စစ်တပ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အဓိက နှစ်နေရာတွင် တိုးတက်မှု အနည်းငယ်ကိုသာ တွေ့ရသည်။ ပထမ ကဏ္ဍမှာ အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အရည်အသွေးအပေါ် ဆိုးကျိုး အကြီးအကျယ် သက်ရောက်စေပြီး အခြားကဏ္ဍမှာ အနာဂတ် ဒီမိုကရေစီ ဆက်လက် ရှင်သန်ခိုင်မာရေးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကို ဖြစ်စေသည်။
ပထမကဏ္ဍမှာ စစ်တပ်က အတိုင်းအတာ ကြီးကြီးမားမား အကာအကွယ် ရနေသေးသည့် အပြစ်ဒဏ် ကင်းလွှတ်ခွင့် ရနေခြင်းဖြစ်သည်။ အင်ဒိုနီးရှား အနေဖြင့် ဆူဟာတို လက်ထက်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများကို ထုတ်ဖော်နိုင်ခြင်း မရှိယုံသာမက ကျူးလွန်မှုများကိုပင် စုံစမ်းနိုင်ခြင်း မရှိခဲ့ချေ။ ဆူဟာတို အလွန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အမြင့်ဆုံးကာလများတွင် အင်ဒိုနီးရှားလွှတ်တော်မှ ယခင်က ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုံစမ်းရန် သီးခြားခုံရုံးများ ဖွဲ့စည်းခွင့်နှင့် အနာဂတ် ကျူးလွန်မှုများအား ကာကွယ်ရန် လူ့အခွင့်အရေး ခုံရုံးများ ဖွဲ့စည်းနိုင်ရန် ဥပဒေတရပ်ကို ပြဌာန်းနိုင်ခဲ့သည်။ သီးခြားခုံရုံးတချို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ယခင် လူ့အခွင်အရေး ချိုးဖောက်မှုများတွင် ပါဝင်ကျူးလွန်ခဲ့သော အရာရှိများကို ခုံရုံးတင် စစ်ဆေးခဲ့သည်။ အထူးသဖြင့် ၁၉၈၄ ခုနှစ် ဂျကာတာရှိ တန်ဂျန် ပရစ် (Tanjung Priok) ဒေသတွင် ဆန္ဒပြသူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှင့် ၁၉၉၉ ခုနှစ် အရှေ့တီမော လွတ်လပ်ရေး ဆန္ဒခံယူပွဲ မတိုင်မီတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည့် အရာရှိများကို စစ်ဆေးနိုင်ခဲ့သည်။ ကနဦးတွင် အပြစ်ရှိကြောင်းကို တွေ့ရှိရသော်လည်း နောက်ပိုင်းတွင် အယူခံဝင်ကာ အားလုံး အပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိခဲ့သည်။ အချို့သော အမှုများတွင် စစ်ယူနီဖောင်းဝတ် စစ်သားအမြောက်အများ ခုံရုံးတွင် လာရောက် နားထောင်စေခြင်းဖြင့် တရားသူကြီးများအား အင်အားပြ ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အခြားသော အမှုများကို အင်ဒိုနီးရှား ပါလီမန်၏ လူထုကိုယ်စားလှယ် ကောင်စီ (People’s Representative Council) မှ ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။
ခြုံငုံသုံးသပ်ရလျှင် အရပ်သား အတိုက်အခံ အင်အားစုများအား ကိုင်တွယ်ရာတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ အကြီးအကျယ် လျော့ပါးသွားသည်ကို တွေ့ရသည်။ သို့သော်လည်း စစ်သည်များက အရပ်သားများအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြုမူမှုများကို ဆက်လက်၍ လုပ်ဆောင်လျက်ရှိရာ ထိုကျူးလွန်သူ စစ်သည်များအပေါ် ကြီးကြီးမားမား အပြစ်ဒဏ်ပေးခြင်းမျိုး မတွေ့ရချေ။ သို့ဖြစ်ရာ ၂၀၀၃ ခုနှစ် နှင့် ၂၀၀၄ ခုနှစ် အာချေးပြည်နယ်ရှိ ခွဲထွက်ရေး လက်နက်ကိုင်များအား နှိမ်နှင်းတိုက်ခိုက်ခွင့်နှင့် အရေးပေါ်အာဏာ ကျင့်သုံးပိုင်ခွင့်ကို စစ်တပ်အညး အပ်နှင်းလိုက်ရာတွင် ထိုဒေသ၌ အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ် ကျူးလွန်ခဲ့သည်ကို တွေ့ရသည်။ ကျူးလွန်မှုများကို စုံးစမ်းစစ်ဆေးပြီး ကျူးလွန်သူ စစ်သည်များအား အရေးယူခဲ့ပြီးဖြစ်သည်ဟု စစ်တပ်က ပြောဆိုခဲ့သည်။ သို့သော်လည်း ထိုအမှုဖြစ်စဉ်များနှင့် ထိထိရောက် စောင့်ကြည့်လေ့လာမှုများ မပြုလုပ်နိုင်ခဲ့သည့်အပြင် အလွန် လျှော့ပေါ့သော အပြစ်ဒဏ်ကိုသာ ချမှတ်ခဲ့သည်ဟု ထင်ရပါသည်။
ပါပူဝါဒေသ (ယခင်က အီရီယန် ဂျေယ) တွင် ကျူးလွန်ခဲ့သော ချိုးဖောက်မှုများကို တခုမျှ အရေးယူနိုင်ခြင်း မရှိခဲ့ချေ။ တချို့ ကျူးလွန်မှုများတွင် အပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း အလွန်လျော့ပေါ့သော အပြစ်ဒဏ်များသာဖြစ်သည်။ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ် အရှေ့ ဂျာဗားတွင် ဖြစ်ပွားခဲ့သော မြေယာအငြင်းပွားမှုတွင် မရိန်းတပ်သားများက ကျေးရွာရှိ ဆန္ဒပြသူ လူအုပ်တွင်းသို့ ပစ်ခတ်ရာ ဆန္ဒပြသူ လူလေးဦး သေဆုံးခဲ့သည်။ ဤဖြစ်ရပ်တွင် မရိန်းတပ်သား ၁၄ ဦးအား ခုံရုံးတင်ရန် ကြိုးစားခဲ့ရာ အမြင့်ဆုံး အပြစ်ဒဏ်မှာ ထောင်ဒဏ် သုံးနှစ်နှင့် စစ်တပ်မှ ထုတ်ခြင်းသာဖြစ်သည်။ ထိုနည်းတူစွာပင် အပြစ်ဒဏ် ကင်းလွတ်ခွင့်မှာ အခြားသော အင်စတီကျူးရှင်းသို့ ပျံ့နှံ့လျက်ရှိသည်။ မကြာသေးမီကပင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းက အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် မတရား ပြုမှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိနေသည်ဟု ကောက်ချက်ချခဲ့သည်။
ဒုတိယမြောက် အကောင်အထည်ဖော်ရန် မအောင်မြင်ခဲ့သော ကဏ္ဍမှာ စစ်တပ်အား အပြီးသတ် အာဏာအပ်နှင်းထားသည်ကို ဖယ်ရှားနိုင်စေမည့် စစ်တပ်၏ အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေးပင် ဖြစ်သည်။ ဥပမာ အမြောက်အများမှ တခုမှာ ကာကွယ်ရေးဆိုင်ရာ အုပ်ချုပ်ရေးယန္တရားအား အရပ်သားအသွင်သို့ အောင်အောင်မြင်မြင် မကူးပြောင်းနိုင်ခဲ့ခြင်းမှာ တခုဖြစ်သည်။ လေ့လာသုံးသပ်သူတဦးက “ကာကွယ်ရေး ဝန်ကြီးဌာနအတွင်း စစ်တပ်ယူနီဖောင်း မဝတ်ဆင်သူမှာ ဝန်ကြီးကိုယ်တိုင်နှင့် ၎င်း၏ ယာဉ်မောင်း၊ နှစ်ဦးသာရှိသည်” ဟုပင် မှတ်ချက်ပြုသည်။ ၂၀၀၃ ခုနှစ်တွင် စစ်တပ်၏ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ မှ ၂၀၀၉ ခုနှစ်တွင် ၃.၅ ဘီလီယံသို့ သုံးဆခန့် တိုးချမှတ်ခဲ့သော်လည်း စီးပွားလုပ်ငန်းအတွင်း စစ်တပ်၏ ပါဝင်မှုအား လျှော့ချနိုင်ခဲ့ခြင်း မရှိချေ။ ထိုသို့ စီးပွားရေး လုပ်ငန်းအတွင်း ပါဝင်လုပ်ကိုင်နေခြင်းသည် စစ်တပ်ကို နိုင်ငံရေး ပါဝင်လာစေသည့် အဓိကတွန်းအားနှင့် မက်လုံးဖြစ်သည်။ အထူးသဖြင့် ဒေသအဆင့်တွင် ပိုမိုထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ အစိုးရအဆက်ဆက် အောင်မြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့သော အရေးအကြီးဆုံး ကဏ္ဍတခုမှာ စစ်တိုင်းဒေသများကို မဖျက်သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်မှ အရာရှိများ၏ ပြောပြချက်များအရ စစ်တိုင်းများသည် ပြည်တွင်းလုံခြုံရေးအတွက် တင်ကြို သတိပေးစနစ်အား ထိန်းသိမ်းထားနိုင်သည့် အဓိကစနစ်ဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ထိုစစ်တိုင်းစနစ်သည် အရပ်ဘက် နိုင်ငံရေးလုပ်ရှားမှုများအား စောင့်ကြည့်လေ့လာနိုင်သည့် အကောင်းဆုံး အခြေခံအဆောက်အအုံ ဖြစ်သည့်အပြင် တချိန်ချိန်တွင် အရပ်ဘက် နိုင်ငံရေးဖြစ်စဉ်အား ဝင်ရောက်စွက်ဖက်ရန် စစ်တပ်အနေဖြင့် ဆုံးဖြတ်ပါက အကောင်းဆုံး အခြေခံအဆောက်အအုံလည်း ဖြစ်သည်။
ရလဒ်အနေဖြင့် စစ်တပ်မှာ နိစ္စဒူဝ အဆင့်မြင့်နိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍမှ တိုက်ရိုက် မပါဝင်တော့သော်လည်း အနာဂတ်တွင် ဝင်ရောက် စွက်ဖက်လိုပါက စွက်ဖက်ပိုင်ခွင့် အင်စတီကျူးရှင်းစွမ်းရည်နှင့် စိတ်ဓာတ်အား ဆက်လက် ထိန်းသိမ်းထားနိုင်သည်ကို တွေ့ရသည်။ ၂၀၀၆ ခုနှစ် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီစနစ် အတိုင်းအတာတခုအထိ ခိုင်မာနေပြီး စစ်တပ်အား နိုင်ငံရေးမှ ဘေးဖယ်ထုတ်ထားနိုင်သော နိုင်ငံမျိုးတွင်ပင်လျှင် တိုင်းပြည်အကြပ်အတည်း ကာလများတွင် စစ်တပ်မှ အရာရှိများက ၎င်းတို့၏ အခန်းကဏ္ဍအား ပြန်လည် ဖော်ထုတ်လာတတ်သည်ကို ထင်ထင်ရှားရှား တွေ့မြင်ရသည်။ ဆူဟာတို အလွန် အင်ဒိုနီးရှားနိုင်ငံတွင်လည်း အလားတူ သင်ခန်းစာမျိုးကို တွေ့ရသည်။ သမ္မတ အဗ္ဗဒူရာမန် ဝါဟစ် လက်ထက်တွင် စစ်တပ်ပြုပြင်ပြောင်းလဲရေးမှာ စစ်တိုင်းဒေသ စနစ်အား တဆင့်ခြင်း ဖျက်သိမ်းမည့် အစီအစဉ်အား ထုတ်ဖော်ကြေညာရန်အထိ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သမ္မတ ဝါဟစ်၏ ညံ့ဖျင်းသော အုပ်ချုပ်စီမံခန့်င်္ခွဲမှုက ပြည်ထောင်စုလွှတ်တော် အတွင်းရှိ နိုင်ငံရေးပါတီ အများစုအား ဘေးဖယ်ထားကာ နိုင်ငံရေးအကြပ်အတည်းကို ပေါ်ပေါက်စေခဲ့သည်။ ထိုအကြပ်အတည်းအာ ဖြေရှင်းရန် သမ္မတက စစ်တပ်ကို ကျောထောက်နောက်ခံ ပြုကာ ပါလီမန်အား ဆန့်ကျင်ရန် ကြိုးပမ်းရာတွင် အပေးအယူ အနေဖြင့် သူ၏ စစ်တပ်ပြုပြင်ပြောင်းလဲရေး စီမံကိန်းအား ချောင်ထိုးထားခဲ့သည်။
သမ္မတ ဝါဟစ် ရာထူးမှ ဖယ်ရှားခံရပြီးချိန်မှစ၍ ထိုစီမံကိန်းကို မည်သူကမျှ ထိထိရောက်ရောက် ပြန်လည် အသက်သွင်းနိုင်ခြင်း မရှိခဲ့ချေ။ လွှတ်တော်အတွင်းရှိ ပါတီကြီးများသာမက အာဏာရလာသည့် မည်သည့်အစိုးရမှ ထိုစစ်တိုင်းများ ဖျက်သိမ်းရေး စီမံချက်အား ပြန်လည်စတင်နိုင်ခြင်း မရှိခဲ့ချေ။ ယခုနှစ်ကာလများ အတွင်းတွင်လည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တည်ငြိမ်သော ဒီမိုကရေစီ အုပ်ချုပ်မှု အကောင်အထည်ဖော်နိုင်သည့်အလျောက် စစ်တပ် ဝင်ရောက်စွက်ဖက်စေမည့် အခွင့်အလမ်းမှာလည်း အလွန်နည်းပါးခဲ့သည်။ သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေးစီ အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်တွင် စစ်တပ်၏ အခန်းကဏ္ဍအား အထူးပြုလေ့လာသူ မာကပ်စ် မိုက်ဇ်နာ (Marcus Mietzner) က “အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အနာဂတ်ကာလ၌ နိုင်ငံရေးတွင် စစ်တပ် ဝင်ရောက်စွက်ဖက်ခြင်းကို ကာကွယ်တားဆီးနိုင်သည့် ခိုင်မာသော အင်စတီကျူးရှင်း ယန္တရား မရှိသေး” ဟု ထောက်ပြသည်။
အင်ဒိုနီးရှားနိုင်ငံအနေဖြင့် စစ်တပ်အား နိုင်ငံရေးမှ နိစ္စဒူဝ အပြီးတိုင် ဖယ်ရှားနိုင်သည့်တိုင် အနာဂတ်ကာလတွင် စီးပွားရေး အကြပ်အတည်းကြောင့် ဖြစ်စေ၊ ရွေးကောက်ပွဲစနစ် အားနည်းချိနဲ့မှုကြောင့် ဖြစ်စေ အခြားသော အကြောင်းအရင်းများကြောင့် ဖြစ်စေ စစ်တပ်၏ ဝင်ရောက်စွက်ဖက်မှု အလားအလာကို တွေ့မြင်နေရဆဲ ဖြစ်သည်။ အင်ဒိုနီးရှားစစ်တပ်အား ၎င်း၏ အဓိက ရည်မှန်းချက်တွင်သာ နေစေခြင်းဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အား လက်ခံရန် စည်းရုံးခြင်းသည် ရေတိုတွင် အသုံးတည့်သောဗျူဟာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရေရှည်အတွက် အသုံးတည့်မတည့်မှာ သံသယ ဖြစ်စရာပင်ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
(၂၀၁၀ ဧပြီလထုတ် Journal of Democracy ပါ အက်ဒ်ဝပ် အက်စ်ပင်နယ်လ် (Edward Aspinall) ၏ The Irony of Success ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ အက်ဒ်ဝပ် အက်စ်ပင်နယ်လ်သည် Australian National University ရှိ နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု လေ့လာရေးဌာန၏ အကြီးတန်း အဖွဲ့ဝင်ဖြစ်သည်။ Islam and Nation: Separatist Rebellion in Ache (2009) စာအုပ်ကိုလည်း ရေးသားခဲ့သည်။)
အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၂)
နိုင်ငံပြိုကွဲမည့်အရေးအား တားဆီးခြင်း
အင်ဒိုနီးရှား နိုင်ငံသားများအဖို့ ၎င်းတို့၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အတွင်း အကြီးအကျယ် ထိတ်လန့် တုန်လှုပ်စေသည့် ဖြစ်ရပ်မှာ ထိုအသွင်ကူးပြောင်းမှု ဖြစ်စဉ်နှင့်အတူ ပါလာသည့် ဒေသအလိုက် ဖြစ်ပွားနေသော ပဋိပက္ခ လှိုင်းလုံးများပင် ဖြစ်သည်။ ၁၉၉၈ ဆူဟာတို အစိုးရ ပြုတ်ကျပြီး (အချို့ဖြစ်ရပ်များသည် ဆူဟာတို လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်) နောက်တွင် ဒေသအလိုက် ပြင်းထန်သော ပဋိပက္ခများ အမြောက်အများ ပေါ်ပေါက်ခဲ့သည်။ သေဆုံးသူဦးရေ စုစုပေါင်း ၁၉၀၀၀ ခန့်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုနှင့် ယူဂိုဆလားဗီးယား နိုင်ငံများကဲ့သို့ နိုင်ငံပြိုကွဲစေမည့် အန္တရာယ်နှင့် နီးနီးကပ်ကပ် ကြုံတွေ့ခဲ့ရသည်။
အကြမ်းဖက်မှု အများစုမှာ အဓိကအားဖြင့် ဒေသအဆင့်အတွင် ဖြစ်ပွားလေ့ရှိသည်။ အချို့သောဒေသများ ဥပမာအားဖြင့် ကာလီမန်တန် ဒေသတွင် ဒေသခံများ လူမျိုးစု အုပ်စုများက အင်ဒိုနီးရှား၏ အခြားဒေသများမှ လာရောက် အခြေချ နေထိုင်သူများကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ အခြားသော ဒေသများ ဖြစ်သည့် အန်ဘွန်၊ မြောက် မာလုကူ နှင့် ဆူလာဝေစီ အလယ်ပိုင်းရှိ ပိုဆို ဒေသများတွင်လည်း ဘာသာရေး အဖွဲ့အစည်းအများ အချင်းချင်းကြားနှင့် လူမျိုးစုများအကြား စစ်ပွဲငယ်များ ဖြစ်ပွားခဲ့ကြသည်။ နှစ်ပေါင်းများစွာ နှိပ်ကွပ်ခြင်း ခံထားခဲ့ရသည့် အရှေ့တီမော၊ ပါပူဝါနှင့် အာချေးဒေသများတွင် ခွဲထွက်လှုပ်ရှားမှုများ ပိုမိုပြင်းထန်လာပြီး အရှေ့တီမော၊ ခွဲထွက် လက်နက်ကိုင်များ အလွန် အားကောင်းသည့် အာချေး နှင့် အတန်ငယ် ငြိမ်းချမ်းသော်လည်း ခွဲထွက်ရေး ဆန္ဒပြင်းထန်သော ပါပူဝါဒေသများတွင် ကုလသမဂ္ဂက ကြီးမူးသည့် ပြည်သူဆန္ဒခံယူပွဲများ ကျင်းပရသည့် အဆင့်တိုင်အောင် ပြင်းထန်ခဲ့သည်။ အချို့သော အင်ဒိုနီးရှား နိုင်ငံသားများအတွက် စိုးရိမ်စရာ အကောင်းဆုံး ဖြစ်ခဲ့သည်မှာ သမိုင်းကြောင်းအရ ခွဲထွက်ရေး လှုပ်ရှားမှုမရှိခဲ့သော ဆူမားတြားဒေသရှိ ရေနံကြွယ်ဝသော ပြည်နယ်ဖြစ်သည့် Riau ဒေသတွင် ခွဲထွက်ရေးလက္ခဏာများ တွေ့လာရခြင်းပင် ဖြစ်သည်။
ထိုပဋိပက္ခတိုင်းတွင် ဒေသခံလူထုသည် ၎င်းတို့၏ နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့ရသော နာကြည်းမှုများ ဖြစ်သည့် ဗဟိုအစိုးရ ချုပ်ကိုင်မှု ကြီးမားခြင်း နှင့် ဒေသခံများ၏ အကျိုးစီးပွားအား လျစ်လျူရှုထားခြင်း သို့မဟုတ် ချိုးဖောက်ခံရခြင်းများကို ထုတ်ဖော်ကြသည်။ ထိုပဋိပက္ခအများစုတွင် ဒေသခံအစိုးရအပေါ် ထိန်းချုပ်နိုင်ရေး အတွက် ဒေသခံ အခွင့်ထူးခံ လူတန်းစား အချင်းချင်း ပြိုင်ဆိုင်မှုများနှင့် ထိုဒေသခံအစိုးရ၏ လုပ်ပိုင်ခွင့်အရ ရရှိလာမည့် အကျိုးအမြတ်များအပေါ် ပြိုင်ဆိုင်မှုများ အမြောက်အများ ပါဝင်သည်။ အကြမ်းဖက်မှု အများစုမှာ ဒေသအလိုက် ဖြစ်ပွားကြသော်လည်း လူအများ၏ နာကြည်းမှုနှင့် အထက်လွှာများ အချင်းချင်း ပြိုင်ဆိုင်မှုမှာ ဒေသကို ကျော်လွန်နေသည်။ နိုင်ငံတစ်ဝန်းရှိ ဒေသတိုင်းတွင် ဒေသခံအထက်လွှာ လူတန်းစားများအကြား အာဏာရရှိရန် ပြိုင်ဆိုင်မှုမှာ အလွန်ကြီးမားပြီး တခါတရံ ထိုပြိုင်ဆိုင်မှုနှင့် အတူ လူမျိုးစွဲစိတ်ဓာတ်များ ပြန်လည် ထွန်းကားလာသည်ကို တွေ့ရသည်။
ဆယ်စုနှစ် တခုခန့်ကြာသောအခါ အင်ဒိုနီးရှားနိုင်ငံသည် ထိုအခြေအနေများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ ထိုပဋိပက္ခ မီးလျှံများကြောင့် နိုင်ငံ တစစီ ပြိုကွဲသွားသည့် အခြေအနေမျိုးအထိ မရောက်ရှိဘဲ ဆူဟာတို အလွန် အစောပိုင်းကာလ အကြမ်းဖက်မှု ပဋိပက္ခများမှာ ငြိမ်းချမ်းရေး သဘောတူညီမှုများကြောင့် လျော့ပါးသွားသည်၊ ငြိမ်းအေးသွားသည်။ အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးရပြီး အစောပိုင်းကာလများတွင် ဖြစ်ပွားခဲ့သော ဂျာဗားဒေသနှင့် အခြားသော အပြင်ဘက်ရှိ ကျွန်းများအကြား ဖြစ်ပွားသော ဒေသအချင်းချင်းကြား ပဋိပက္ခမှာ ပြည်ထောင်စုအဆင့် နိုင်ငံရေးတွင် အဓိကလက္ခဏာအဖြစ် ပါဝင်ခြင်း မရှိတော့ချေ။ ခွဲထွက်ရေး လှုပ်ရှားမှုများ အားလုံးအား ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဤအခြေအနေမျိုးသို့ ရောက်ရှိစေသည့် အကြောင်းအရင်းခံ အမြောက်အများရှိသည်။ သို့သော် အကြောင်းအရင်း အားလုံးကို မတင်ပြတော့ဘဲ ထိုအထဲမှ အရေးအကြီးဆုံး သုံးချက်အား ထုတ်နုတ် တင်ပြလိုပါသည်။
ပထမအချက်မှာ နိုင်ငံ၏ ရွေးကောက်ပွဲစနစ် ရွေးချယ်မှုမှာ အလွန်အရေးကြီးသည်ဟု ဆိုချင်သည်။ ၁၉၉၉ ခုနှစ်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် အချိုးကျ ရွေးကောက်ပွဲ ပုံစံအမျိုးမျိုးကို ပြောင်းလဲကျင့်သုံးခဲ့သည်။ ထိုစနစ်အရ လွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားလှယ်တဦးထက် ပိုသော မဲဆန္ဒနယ်များမှ ရွေးချယ်တင်မြှောက်လေ့ရှိသည်။ အချို့သော ပြုပြင်ပြောင်းလဲရေး သမားများက အရွေးကောက်ခံ ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ မဲဆန္ဒရှင်များအပေါ် တာဝန်ယူမှု ပိုမိုမြင့်မားလာစေရန် မဲဆန္ဒနယ်တခုမှ ကိုယ်စားလှယ် တဦးတည်းရွေးချယ်သော စနစ်ကို ကျင့်သုံးရန် အကြံပြုကြသော်လည်း ထို မဲအသာရသူကိုသာ အနိုင်ပေးရသည့်စနစ်သည် အင်ဒိုနီးရှားနိုင်ငံ၏ လူမျိုးစု ဗဟုဖြစ်မှု နှင့် ဘာသာရေး ဗဟုဖြစ်မှုကို ထိခိုက် ပျက်စီးစေနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆန်လေ့ရှိသည်။ သို့သော် အရေးကြီးသော အရံအတားတခုအား ထိုစနစ်အတွင်း ထည့်သွင်း ဖွဲ့စည်းထားနိုင်ခဲ့သည်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်လိုပါက ပါတီများအနေဖြင့် နိုင်ငံတဝန်းလုံးရှိ ပြည်နယ်နှင့် ခရိုင်များ (ပြည်နယ်များအောက်တွင် အုပ်ချုပ်နယ်မြေမှာ ခရိုင်အဆင့်ကိုသာ ဖွဲ့စည်းထားသည်) တွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်ကို ပြသစေခြင်းဖြင့် နယ်မြေဒေသ အခြေခံပါတီများအား ထိထိရောက်ရောက် ဖယ်ရှားနိုင်ခဲ့သည်။
ထိုသို့နယ်မြေဒေသ အခြေခံပါတီများကို ထိထိရောက်ရောက် တားမြစ်နိုင်ခဲ့သဖြင့် အင်ဒိုနီးရှား၏ ပြည်ထောင်စုအဆင့် အင်စတီကျူးရှင်းများ အနေဖြင့် နယ်မြေဒေသ နှင့် လူမျိုးစုကို အခြေခံကာ အချင်းချင်း အာဏာလု ပြိုင်ဆိုင်မည့်အရေးကို ထိထိရောက်ရောက် ကာကွယ်နိုင်သည့်အပြင် နယ်မြေဒေသ အခြေစိုက် အင်စတီကျူးရှင်းများကိုလည်း လူမျိုးစု ဆန့်ကျင်ရေး လှုပ်ရှားမှုများအား ကာကွယ်တားဆီးနိုင်ခဲ့သည်။ တချိန်တည်းမှာပင် အချိုးကျ အနိုင်ရ ရွေးကောက်ပွဲ စနစ်ကလည်း အကွဲကွဲအပြားပြား ဖြစ်နေသော ပါတီစနစ်ကို အားပေးသဖြင့် မည်သည့်ပါတီကမှ လွှမ်းမိုးချုပ် နိုင်ခွင့်မရခဲ့ချေ။ ၁၉၉၉ ခုနှစ်တွင် ပါတီကြီး ငါးပါတီသည် မဲအရေအတွက် စုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကိုသာ အနိုင်ရခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အကြီးဆုံးပါတီကြီး ၇  ပါတီက ၈၀ ရာခိုင်နှုန်း နှင့် ၂၀၀၉ ခုနှစ်တွင် အကြီးဆုံး ပါတီ ၉ ပါတီက စုစုပေါင်း ၈၀ ရာခိုင်နှုန်း ကျော်ကျော်သာ အသီးသီး အနိုင်ရခဲ့သည်။ ဤအခြေအနေအား ဆူဟာတို၏ အမွေကို ဆက်ခံထားသည့် အထက်အောက် ဆက်ဆံရေး နိုင်ငံရေးစနစ်နှင့် ပေါင်းစပ်လိုက်သောအခါ ထို မတူကွဲပြားမှုသည် ပါတီအချင်းချင်းကြား မဟာမိတ်ဖွဲ့ခြင်း၊ အလျှော့အတင်း ပြုလုပ်ခြင်းနှင့် အပေးအယူ ပြုလုပ်ခြင်း သဘာဝကို အားကောင်းလာစေရန် ဖန်တီးပေးထားပြီး ၎င်းအခြေအနေသည် ကောင်းမွန်သော အုပ်ချုပ်မှုကို အားမပေးသော်လည်း  နိုင်ငံရေးဗဟုဖြစ်မှုကို အားပေးကာ ဒေသအလိုက် တင်းမာမှုများကိုမူ လျှော့ချနိုင်ခဲ့သည်။
ဒုတိယနှင့် အရေးအကြီးဆုံးသော အချက်မှာ ၁၉၉၉ ခုနှစ်တွင် သမ္မတ ဟာဘီဘီ အကောင်အထည် ဖော်ခဲ့သည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများတွင် ဗဟိုချုပ်ကိုင်မှုကို ကျယ်ကျယ်ပြန့်ပြန့် လျှော့ချခဲ့သော မူဝါဒပင် ဖြစ်သည်။ ကမ္ဘာ၏ ဖြစ်စဉ်များတွင် အဆန်းအကျယ်ဆုံး ဖြစ်သည့် စကြဝဠာ ပေါက်ကွဲမှု ဖြစ်စဉ်ကဲ့သို့ပင် ထို ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း မူဝါဒ ပေါက်ကွဲခြင်း ဖြစ်စဉ်ကြီးတွင် နိုင်ငံရေးလုပ်ပိုင်ခွင့်ပါဝါ တော်တော်များများကို ခရိုင်အဆင့်အထိ ခွဲဝေပေးနိုင်ခဲ့ပြီး ပြည်နယ်များ၏ ဘတ်ဂျတ် ထိန်းချုပ်ခွင့်ကိုပါ အတိုင်းအတာတခုအထိ ပေးထားသည်ကို တွေ့ရသည်။ ထိုအာဏာခွဲဝေမှုကြောင့် နယ်ပယ်ဒေသရှိ နိုင်ငံရေး ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ အနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအား ဗဟိုအစိုးရအဆင့်အထိ ယှဉ်ပြိုင်မလိုတော့ဘဲ ဒေသအဆင့်၌လည်း အဆင်ပြေလာသည့် အလျောက် ဗဟိုအစိုးရနှင့် နယ်ပယ်ဒေသများ အကြား တင်းမာမှုကို လျှော့ချပေးနိုင်ခဲ့သည်။ ထိုမျှသာမက အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွင် အကြီးဆုံး အောင်မြင်မှုတခုဟု စာဖွဲ့နိုင်သည့် ဒေသအဆင့် ဒီမိုကရေစီကို အားကောင်းစေခဲ့သည်။ နိုင်ငံတဝန်းလုံးရှိ ဒေသန္တရအဆင့် နိုင်ငံရေး အဖွဲ့အစည်းများတွင် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပ ယှဉ်ပြိုင်နိုင်ခဲ့ကြကာ ဒေသန္တရ အစိုးရများအနေဖြင့် ဒေသဆိုင်ရာ သယံဇာတ အရင်းအမြစ်များအား မည်သို့မည်ပုံ အသုံးချမည်ဆိုသည်နှင့် ပတ်သက်ကာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အမြောက်အများ ရရှိလာကြသည်။
သို့သော် ဤဖြစ်စဉ်မှာလည်း လုံးဝ စင်းလုံးချော ဖြစ်စဉ်တခုတော့ မဟုတ်ချေ။ အထူးသဖြင့် အသွင်ကူးပြောင်းမှု အစောပိုင်း ကာလများတွင် အချို့သော ဒေသများ၌ နိုင်ငံရေး ပါဝါအတွက် ယှဉ်ပြိုင်ရာတွင် အကြမ်းဖက်မှု အမြောက်အများကို ဖြစ်ပေါ်စေခဲ့သည်။ ဒေသအဆင့် အခွင့်ထူးခံ လူတန်းစားများသည် ၎င်းတို့၏ အာဏာရလိုရေးအတွက် လူမျိုးစုများကို စည်းရုံးလှုံ့ဆော်ခြင်းဖြင့် တင်းမာမှုများ အကြမ်းဖက်မှုများကို ဖြစ်ပေါ် စေခဲ့သည်။ နိုင်ငံရေးနှင့် သယံဇာတ အရင်းအမြစ် ပြိုင်ဆိုင်မှုအား ဒေသန္တရ အဆင့်သို့ ရွှေ့ ပြောင်းလိုက်ခြင်းဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း မူဝါဒသည် ထိုပြိုင်ဆိုင်မှုကို နေရာအနှံ့ ကွဲပြားသွားစေနိုင်ခဲ့သဖြင့် နိုင်ငံပြိုကွဲမည့် အဓိကအန္တရာယ်ကိုပါ လျှော့ချနိုင်ခဲ့သည်။ ထိုမျှသာမက ပြည်ထောင်အဆင့်တွင် တွေ့ရသော အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်အား ဒေသန္တရအဆင့်တွင် တွေ့လာရပါသည်။ ပါတီအချင်းချင်း မဟာမိတ်ပြုဖွဲ့ရေး၊ ပူးပေါင်းရေးမှာ နိုင်ငံရေးသမားများ၏ နိစ္စဓူဝအလုပ်ဖြစ်လာပြီး အမျိုးသားအဆင့် မဟုတ်သည့် ရွေးကောက်ပွဲများတွင်ပင် ဒေသခံ နိုင်ငံရေးသမားများသည် ရွေးကောက်ပွဲတွင် အနိုင်ရလိုပါက အခြားနယ်များနှင့်ပါ မဟာမိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ကို နားလည်လာကြသည်။
ထိုနည်းတူစွာပင် မူဝါဒနှင့်ပတ်သက်၍ အခက်အခဲ အများအပြား ရှိနေသေးသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ဒေသန္တရ နိုင်ငံရေးလေ့လာသူများ အထပ်ထပ်အခါခါ ဆိုထားသကဲ့သို့ပင် ထိုဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည် ဒေသန္တရ အဆင့်တွင် ကိုယ်ကျိုးရှာမှုကိုပါ အားကောင်းစေခဲ့ပါသည်။ ဒေသဆိုင်ရာ ပါလီမန်များမှာ နိုင်ငံရေးသမားများအတွက် အပေးယူလုပ်ရာ၊ အဂတိလိုက်စားရာနေရာဖြစ်လာကြပြီး လွှတ်တော်ကိုယ်စားလှယ်များမှာ အစိုးရဝန်ထမ်းများ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ နိုင်ငံ၏ ဘတ်ဂျတ်ငွေကြေးများအား နိုင်ငံတော် စီမံကိန်းများအဖြစ်အသွင်ပြောင်းကာ မိမိတို့နှင့် အလွမ်းသင့်သူ စီးပွားရေးသမားများအား လုပ်ပိုင်ခွင့်များကို ချမှတ်ပေးခဲ့ကြသည်။ အချို့သော ဝေးလံ ခေါင်ပါးသောဒေသများတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းမူဝါဒသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင် နှင့် ထိုင်း နိုင်ငံများတွင် တွေ့ရသော ဒေသခံမျိုးနွယ်စုများက ၎င်းတို့ အုပ်ချုပ်ရာဒေသများကို အပိုင်စားရသော နယ်ပယ်များကဲ့သို့ သတ်မှတ်ကာ ဆက်ကြေး ကောက်ခံအုပ်ချုပ်ကြသည်ကို တွေ့ရသည်။ မဲဝယ်ခြင်းနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်သော ဝန်ထမ်းများအား လာဘ်ထိုးခြင်းစသည့် အသပြာနိုင်ငံရေးသည် ဒေသန္တရအဆင့် ရွေးကောက်ပွဲဖြစ်စဉ်၏ သန့်ရှင်းစင်ကြယ်မှုကို အကြီးအကျယ် ထိခိုက်စေသည့် အပြုအမူများပင် ဖြစ်သည်။
ဤအပြုအမူများကို အင်ဒိုနီးရှားနိုင်ငံတွင် ပန်းမံမျိုးစုံပွင့်ဖူးခြင်းဟု လူသိများသော မဲဆန္ဒနယ်အသစ်များ အများအပြား ထပ်မံဖော်ထုတ်ခြင်း ဖြစ်စဉ်က ပိုမိုအားကောင်းစေရန် ဖန်တီးနေပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းဖြစ်စဉ် စတင် စဉ်ကာလ၌ အင်ဒိုနီးရှားနိုင်ငံတွင် ခရိုင်စုစုပေါင်း ၃၄၁ ခုသာ ရှိသည်။ ၂၀၀၉ ခုနှစ် နှောင်းပိုင်းတွင် ခရိုင်ပေါင်း ၅၀၀ အထိ များပြားလာခဲ့သည်။ ထိုသို့နယ်မြေဒေသ တခုအတွင်းမှ နယ်မြေဒေသ အသစ်တခု ထပ်မံ တိုးချဲ့ရေးဆွဲခြင်းနှင့် ပတ်သက်၍ တရားဝင် ကြေညာထားသည့် အကြောင်းပြချက်မှာ တနေရတည်းတွင် စုဝေးနေထိုင်နေကြသော လူမျိုးစုငယ်များအား ကိုယ်ပိုင် စီမံအုပ်ချုပ်ပိုင်ခွင့် ပေးရန်နှင့် အခြားအုပ်စုများနှင့် တင်းမာမှုများ လျှော့ရန် ဖြစ်သည်ဟု ဆိုသည်။ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ ထိုဒေသအား လွှမ်းမိုးထားသည့် အုပ်ချုပ်ရေးဝန်ထမ်းများ၊ နိုင်ငံရေးခေါင်းဆောင်များ နှင့် အုပ်စုကွန်ယက်များအတွက် အရင်းအမြစ်ဝေစု ခွဲခြမ်းပေးခြင်းသာ ဖြစ်သည်။ နယ်မြေအသစ် ပေါ်လာခြင်းသည် ကိုယ်စားလှယ်နေရာအသစ်၊ ခရိုင်နယ်မြေ ဘတ်ဂျတ်အသစ်၊ မိသားစုဝင် သို့မဟုတ် ဆွေမျိုးမိတ်ဆွေများကို ခန့်ထားနိုင်သည့် ရာထူးအသစ် နှင့် အုပ်ချုပ်ရေး အဖွဲ့အသစ်အတွက် အဆောက်အအုံအသစ် တည်ဆောက်ပေးရမည့် ကန်ထရိုက်အသစ်များ ပေါ်လာခြင်းသာဖြစ်သည်။ တခါတရံတွင် ထိုနယ်မြေအသစ်များ ထပ်မံ ရေးဆွဲရေးမှာ ဒေသတစ်ခုတွင် အရှုံးနှင့် ရင်ဆိုင်လိုက်ရသည့် ကိုယ်စားလှယ်လောင်းက အခြားနေရာသစ်တွင် ယှဉ်ပြိုင်ရန် လော်ဘီလုပ်ခြင်းကြောင့် ပေါ်ထွက်လာရသည်လည်း ရှိသည်။
အတိုချုံးရလျှင် ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းသည် ဒီမိုကရေစီအားနှောင့်နှေးပျက်စီးစေမည့်သူများကို စည်းရုံးခြင်း၊ တင်းမာများလျော့ချခြင်းနှင့် ပင်မနိုင်ငံရေးရေစီးအတွင်းသို့ သွပ်သွင်းရန်အတွက် နိုင်ငံတော်၏ စွမ်းရည်ကို ချဲ့ကားလိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။ အပြင်ပန်းအားဖြင့် ဒေသအလိုက် သြဇာကြီးမားသော နိုင်ငံရေးသမားများသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြိုင်ဆိုင်မှု ပုံသဏ္ဍာန်အရ ဒေသန္တရအဆင့်တွင် အနိုင်ရရန် မျှော်လင့်ချက် ရှိနေသည်။ အကယ်၍ ရွေးကောက်ပွဲတွင် ရှုံးနိမ့်စေကာမူ လွှတ်တော်အတွင်း မဟာမိတ် နိုင်ငံရေးပါတီများမှတဆင့် ဆောက်လုပ်ရေး ကန်ထရိုက်များ၊ မြေယာများ၊ အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်ခြင်း စသည့် အခွင့်အရေးများ ဆက်လက်ရရှိနိုင်သည်။ အကယ်၍ ဤအခြေအနေသည် စိတ်ကျေနပ်ဖွယ် အဖြေမဟုတ်ခဲ့ပါက နယ်မြေအသစ် ဖန်တီးရေးဆွဲ ဖော်ထုတ်ကာ ကိုယ်ပိုင်နယ်မြေ ထူထောင်ခွင့် ရှိနေသည်ဖြစ်သည်။ ထိုသို့နယ်မြေ အသစ်များရေးဆွဲရာတွင် နိုင်ငံရေး ခေါင်းဆောင်များသည် အများအားဖြင့် လူမျိုးစုမျဉ်းအား အခြေခံကာ ရေးဆွဲခြင်း ဖြစ်သောကြောင့် လူအုပ်စု အချင်းချင်းကြား ရန်စောင်မှုသည် သယံဇာတ ခွဲဝေရေး ကွန်ရက်အဖြစ်သို့ ပြောင်းလဲသွားသည်။
တတိယအချက်မှာ အသွင်ကူးပြောင်းကာလ တလျှောက်လုံး အကြမ်းဖက်မှုများ ပဋိပက္ခများနှင့် လုံးထွေးနေသော ဒေသများတွင် ငြိမ်းချမ်းရေး သဘောတူညီမှုသည် အခွင့်အရေးနှင့် မျက်နှာသာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမှုကြောင့် ခိုင်မာလာသည်။ ထိုကဲ့သို့သော အမွေစားအမွေခံ ငြိမ်းချမ်းရေးမျိုးကို အာချေးဒေသတွင် ထင်ထင်ရှားရှား တွေ့နိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ ဆူဟာတို အလွန်ခေတ်၏ အပြင်းအထန်ဆုံးသော ခွဲထွက်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်ရာ ဤဒေသတွင် ၂၀၀၅ ခုနှစ်မှစ၍ ဟယ်လ်ဆင်ကီမြို့တွင် ရေးထိုးသော ငြိမ်းချမ်းရေး သဘောတူညီမှုအရ အာချေး လွတ်မြောက်ရေး လှုပ်ရှားမှု ခွဲထွက်ရေး စစ်ပွဲမှာ အံ့ဖွယ်ပြီးဆုံးသွားခဲ့သည်။ ထိုသဘောညီမှုအား လက်မှတ်ရေးထိုးရသည့် အဓိက အကြောင်းအရင်းမှာ အင်ဒိုနီးရှား အစိုးရအနေဖြင့် ခွဲထွက်ရေး လက်နက်ကိုင်များကို ၎င်းတို့ဒေသရှိ ဒေသန္တရအဆင့် ရွေးကောက်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ ငြိမ်းချမ်းရေး သဘောတူညီမှုပါ အဓိက အချက်မှာ အာချေးပြည်နယ်တွင် ဒေသန္တရအဆင့် ပါတီများအား တည်ထောင် ယှဉ်ပြိုင်ခွင့်ပြုခြင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကျင့်သုံးနေသော နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေကို ကျော်လွန်၍ အထူးအခွင့်အရေး အနေဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယခင် သူပုန်ခေါင်းဆောင်များနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များမှာ ခရိုင် ၂၃ ခရိုင်နှင့် ပြည်နယ် ၁၀ ခုတို့တွင် ပြည်နယ် အုပ်ချုပ်ရေးမှူများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ ဖြစ်လာကြသည်။ ၎င်းတို့၏ ပါတီမှာလည်း ဒေသန္တရအဆင့် လွှတ်တော်များတွင် အင်အားကြီးပါတီများ ဖြစ်လာကြပြီး ခရိုင် ၂၃ ခုအနက် ၁၆ ခရိုင်တွင် အင်အားအကြီးဆုံးပါတီ ဖြစ်လာသည်။
ယခင်က အစိုးရ၏ အကျင့်ပျက် ချစားမှုများနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် မသိကျိုးကျွန် ပြုမှုများကြောင့် လက်နက်ကိုင် တော်လှန်ခဲ့ကြသည့် သူပုန်ခေါင်းဆောင်များသည် အာဏာ လက်ဝယ် ရရှိသည်နှင့် ယခင်၎င်းတို့ ဆန့်ကျင်ရှုတ်ချခဲ့သော အပြုအမူများကို ကိုယ်တိုင် ကျင့်သုံးလာကြသည်ကို တွေ့လာရသည်။ တော်တော်များများမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအဖြစ် နေ့ချင်းညချင်း ကြီးပွားချမ်းသာသွားကြသည်ဟု ဒေသခံများက ဆိုသည်။ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံ မရှိသော်လည်း ပေါ်ပေါက်လာသည့် နိုင်ငံရေး အခင်းအကျင်းအသစ် နှင့် အဆက်အသွယ်များအရ အစိုးရ ဆောက်လုပ်ရေး စီမံကိန်း ကန်ထရိုက်များကို ရယူနိုင်ခဲ့ကြသည်။
ပိုဆို နှင့် မလူကူ ဒေသနှစ်ခု၏ ပဋိပက္ခကို ချုပ်ငြိမ်းစေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုတို့တွင်လည်း အလားတူပင်ဖြစ်သည်။ ဆောက်လုပ်ရေး ကန်ထရိုက်များနှင့် အရင်းအမြစ်များကို ယခင် လက်နက်ကိုင် ခေါင်းဆာင်များအား လုပ်ပိုင်ခွင့်ပြုခြင်းကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှုနှင့် အတူတကွ တွေ့ရသည်။ ပါပူဝါတွင် ကျင့်သုံးသော ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်ရ အထူးဥပဒေနှင့် ဒေသန္တရ တိုက်ရိုက် ရွေးကောက်ပွဲများမှာ ထိုဒေသ၏ ခွဲထွက်ရေးသမားများ၏ ခွဲထွက်လိုစိတ်အား အောင်အောင်မြင်မြင် ဖြေလျော့နိုင်ခြင်း မရှိသော်လည်း ဒေသတွင်းရှိ တိုင်းရင်းသား ခေါင်းဆာင်များ ဗြူရိုကရက်များအား ၁၉၉၉ ခုနှစ် နှင့် ၂၀၀၀ ပြည့်နှစ်ခန့်က ကြွေးကြော်ခဲ့သော ခွဲထွက်ရေးကြွေးကြော်သံများဆီမှ ခေါ်ထုတ်လာနိုင်ခဲ့ပြီး ဒေသန္တရ ရွေးကောက်ပွဲများ နှင့် pemekaran များမှတဆင့် အခွင့်အလမ်းများနှင့် ရပိုင်ခွင့်များကိုသာ ဦးတည် အာရုံစိုက်စေရန် လမ်းလွဲနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အင်ဒိုနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းမှု ဖြစ်စဉ်သည် တိုင်းရင်းသား ပဋိပက္ခများ နှင့် ခွဲထွက်ရေး လှုပ်ရှားမှုများကို ဖြေလျှော့ ထိန်းကြောင်းနိုင်သည် ဆိုသည့် ဒီမိုကရေစီစနစ်၏ စွမ်းဆောင်မှုအား အဖက်ဖက်မှ သက်သေပြနေသည်။ လူမှုရေးကွဲပြားမှု အလွန်ကြီးမားသော အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အစောပိုင်းကာလများ၏ အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည့် ဒေသဆိုင်ရာ ပဋိပက္ခများ အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်ကို တွေ့ရသည်။ ဤသို့အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ခြင်းမှာလည်း ဒီမိုကရေစီ၏ အမျိုးအစားကဲ့သို့ပင် အရေးပါသော အသွင်သဏ္ဍာန်ကြောင့်လည်း ဖြစ်သည်။ Instrumentalist လေ့လာဆန်းစစ်မှု အရ တိုင်းရင်းသား ပဋိပက္ခများမှာ အဓိကအားဖြင့် ဒေသတွင်းရှိ အထက်တန်းလွှာ ခေါင်းဆောင်များအကြား ရုပ်ဝတ္တု အမြတ်အစွန်း နှင့် နိုင်ငံရေး အာဏာအတွက် မိမိ၏ သစ္စာခံများ တပည့်တပမ်းများအား အသုံးပြုကာ အချင်းချင်း ပြိုင်ဆိုင်ရာမှ စတင်သည်ဟု ဆိုပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဤကဲ့သို့သော ရုပ်ဝတ္တုနှင့် အာဏာအတွက် အကြမ်းဖက်သည့် နည်းကိုသုံးကာ ရယူလိုသည့် ခေါင်းဆောင် အမြောက်အများ ရှိသည် သို့သော် အာဏာ၊ အခွင့်အရေးနှင့် အကျိုးအမြတ်တို့ကို နိုင်ငံတွက် လက်ရှိ ကျင့်သုံးနေသော သားတူညီမျှ ကောင်းစားရေး ဒီမိုကရေစီပုံ သဏ္ဍာန်အရ ထိုခေါင်းဆောင် လူတန်းစားများမှာ အခွင့်အရေးနှင့် အကျိုးအမြတ်တို့ကို အကြမ်းဖက်စရာ မလိုဘဲ အလွယ်တကူ ရနိုင်ကြပါသည်။ ထိုပုံသဏ္ဍာန်သည် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများကို အကြီးအကျယ် လျော့ကျ သွားစေသော်လည်း အကျင့်ပျက်ခြစားမှု လျှော့ချရေးနှင့် အစိုးရ၏ စွမ်းဆောင်ရည်တို့အပေါ် မည်သို့မျှ သက်ရောက်မှု မရှိသည်ကို တွေ့ရသည်။
ဆက်လက်ဖော်ပြပါမည်။
(၂၀၁၀ ဧပြီလထုတ် Journal of Democracy ပါ အက်ဒ်ဝပ် အက်စ်ပင်နယ်လ် (Edward Aspinall) ၏ The Irony of Success ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ အက်ဒ်ဝပ် အက်စ်ပင်နယ်လ်သည် Australian National University ရှိ နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု လေ့လာရေးဌာန၏ အကြီးတန်း အဖွဲ့ဝင်ဖြစ်သည်။ Islam and Nation: Separatist Rebellion in Ache (2009) စာအုပ်ကိုလည်း ရေးသားခဲ့သည်။)
အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၃)
အက်ဒ်ဝပ် အက်စ်ပင်နယ်လ်| July 20, 2013 | Hits:367
အစ္စလမ်ဝါဒအား ထိမ်းချုပ်ခြင်း
အင်ဒိုနီးရှားနိုင်ငံသည် အစ္စလမ်ဝါဒအား ထိန်းသိမ်းနိုင်ခဲ့သော ဒီမိုကရေစီစနစ်၏ စွမ်းရည်ကို အကောင်းဆုံး ဖော်ပြနိုင်သည့် နိုင်ငံတနိုင်ငံလည်း ဖြစ်သည်။ ဆူဟာတို လက်ထက်တွင် အင်ဒိုနီးရှား နိုင်ငံအား အစ္စလမ်နိုင်ငံအဖြစ် ထူထောင်ရေး အစ္စလမ် အစွန်းရောက်များ၏ လှုပ်ရှားမှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့သည်။ အသွင်ကူးပြောင်းစ အစောပိုင်း ကာလများတွင် အစ္စလမ်အစွန်းရောက် အယူအဆများ လူထုအတွင်း အကြီးအကျယ်ပြန့်နှံ့ကာ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေးတွင် နှစ်ပေါင်းများစွာ အားကောင်းခဲ့သော ဘာသာရေးနှင့် နိုင်ငံရေးကို သီးခြားခွဲခြားထားသည့် အမျိုးသားရေးဝါဒကို ဖယ်ရှားပစ်မည့် အန္တရာယ်နှင့် ကြုံခဲ့ရသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲများတွင် ပါတီတော်တော်များများက အစ္စလမ်နိုင်ငံ ထူထောင်ရေး ကြွေးကြော်သံများဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့ကြပြီး ပါလီမန်အတွင်းတွင်လည်း အခြေခံဥပဒေအား အစ္စလမ်ဘာသာရေး စည်းမျဉ်း ရှာရီးရားကို ထည့်သွင်းရေးဆွဲရန် အကြီးအကျယ် ငြင်းခုံဆွေးနွေးခဲ့ကြသည်။ လမ်းမများပေါ်တွင်လည်း စစ်သွေးကြွအဖွဲ့များ ပေါ်ထွက်လာကြပြီး ဒီမိုကရေစီအား ၎င်းတို့လူ့အဖွဲ့အစည်းနှင့် မသင့်လျော်သော အနောက်တိုင်း လူ့အဖွဲ့အစည်း၏ အယူအဆအား သွတ်သွင်းခြင်းသာ ဖြစ်သည်ဟု ဆိုကြပြန်သည်။
သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းအပေါ် အစ္စလမ်ဝါဒ လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းမှုမှာ ကြီးမားကျယ်ပြန့်သော အဆင့်သို့ မည်သည့်အခါကမှ မရောက်ရှိခဲ့ချေ။ အင်ဒိုနီးရှားနိုင်ငံ၏ အစ္စလမ်လှုပ်ရှားမှု ပင်မရေစီးအတွင်းရှိ အဓိက အဖွဲ့အစည်းကြီး နှစ်ခုဖြစ်သော အစ္စလမ် အစဉ်အလာဂိုဏ်း Nahdlatul Ulama နှင့် ခေတ်သစ်ဂိုဏ်း Muhammadiyah တို့မှာ နိုင်ငံရေးအရ အလျော့အတင်းပြုလုပ်ခြင်းကို လက်ခံကာ အယူအဆအားဖြင့် အလယ်အလတ် အယူအဆကို လက်ခံထားသူများ ဖြစ်ကြသည်။ ဆူဟာတို၏ အစီအစဉ်အသစ် (New Order) နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကာလများတွင် ထိုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များသည် အစိုးရနှင့် အပေးအယူ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီး အစ္စလမ်ဘာသာ တခုတည်းကိုသာ လက်ခံခြင်းထက် ဘုရားသခင် တပါးတည်းကိုသာ အားလုံးက ကိုးကွယ်ယုံကြည်သည် (Pancasila) ဆိုသည် အယူအဆကို နိုင်ငံ၏ အဓိက ဦးတည်ချက် ယုံကြည်ချက်အဖြစ် လက်ခံခဲ့ကြသည်။
ဆူဟာတို အုပ်စိုးမှု ပြီးဆုံးပြီးနောက်တွင် ၎င်းပါတီများသည် အစ္စလမ်ဘာသာ အခြေခံ ပါတီအဖြစ် ရပ်တည်ကြသော်လည်း ဗဟုလူ့အဖွဲ့အစည်း အယူအဆကို လက်ခံကျင့်သုံးကာ ၎င်းတို့၏ အဓိက ထောက်ခံသူ အစ္စလမ် လူ့အသိုင်းအဝိုင်းအား ကျော်လွန်ကာ အင်ဒိုနီးရှား တရုတ်လူမျိုးများ၊ ခရစ်ယာန် ဘာသာဝင်များနှင့် အခြားသော လူနည်းစုများ၏ ထောက်ခံမှုအား ရရှိလာစေရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ ထို့အပြင် အစ္စလမ်နိုင်ငံရေးသည် အင်ဒိုနီးရှားနိုင်ငံတွင် လူ့အဖွဲ့အစည်း၏ အဓိက တိမ်းညွတ်မှု မဟုတ်ဘဲ အနည်းစု၏ တိမ်းညွတ်မှုသာဖြစ်သည်။ အစ္စလမ်ဘာသာ အဓိကပါတီများနှင့် ဗဟုဝါဒီ အစ္စလမ်ပါတီ အပါအဝင် အခြားသော အစ္စလမ်ပါတီများ၏ ဆန္ဒမဲရရှိမှုမှာ ၁၉၉၉ ခုနှစ်တွင် ၃၆ ရာခိုင်နှုန်း၊ ၂၀၀၄ ခုနှစ်တွင် ၃၇.၅ ရာခိုင်နှုန်း နှင့် ၂၀၀၉ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။
ထိုသို့ ကျဆင်းသွားရသည့် အကြောင်းအရင်းများတွင် အစ္စလမ်နိုင်ငံရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေသော အင်ဒိုနီးရှားနိုင်ငံ၏ အဓိက ပင်မနိုင်ငံရေးရေစီးသည် အစိတ်အပိုင်းတခုအဖြစ် ပါဝင်သည်။ အင်ဒိုနီးရှားရှိ အစ္စလမ်ဝါဒီ အများစုမှာ အာဏာပိုင်များကို ဖြုတ်ချလိုက်ခြင်းထက် ထိုအာဏာ လက်ဝယ်ရရှိခြင်းမှ ရလာမည့် အကျိုးအမြတ်ကို ပိုမို စိတ်ဝင်စားလာကြသည်။ အင်ဒိုနီးရှားနိုင်ငံ၏ အသွင်ကူးပြောင်းရေး အစောပိုင်းကာလများရှိ အဓိက အစ္စလမ် နိုင်ငံရေးပါတီကြီး နှစ်ပါတီမှာ ဆူဟာတို၏ အစီအစဉ်အသစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကာလအတွင်း တင်းကြပ်စွာ ထိန်းချုပ်ထားသည့် ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ရထားသည့် ပါတီကြီး သုံးပါတီအနက် တခုဖြစ်သည့် United Development Party (PPP) နှင့် အတန်အသင့် အရွယ်အစားသာရှိ ပိုမိုရှေးရိုးစွဲသော Moon and Star Party (PBB) သာ အားကောင်းကောင်းနှင့် တည်ရှိခဲ့ကြသည်။ ထိုပါတီနှစ်ခုလုံးက အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေး၊ ဥပဒေ နှင့် လူမှုရေးဆိုင်ရာ ကျင့်ဝတ်များတွင် ရှားရီးရား နှင့် အညီ ရေးဆွဲရန် ကြွေးကြော်သူများ ဖြစ်ကြသော်လည်း PPP မှာ PBB ပါတီလောက် မပြင်းထန်ခဲ့ချေ။ ထိုပါတီ နှစ်ပါတီလုံးသည် ၎င်းတို့ရှုံးနိမ့်မည်ကို သိလျက်နှင့် အခြေခံ ဥပဒေတွင် ရှားရီးရား နှင့် အညီ ရေးဆွဲရန် အဆိုတင်သွင်း ငြင်းခုံခဲ့ကြသည်။
နောက်ပိုင်းတွင် ထိုခေါင်းဆောင်များသည် အစိုးရတွင်း ပါဝင်ခြင်းနှင့် ထိုပါဝင်ခြင်းမှ ရလာမည့် အကျိုးအမြတ်ကသာလျှင် ပိုမို လက်တွေ့ကျသည့် ဆိုသည့် အမြင်ကို လက်ခံခဲ့ကြသည်။ ဘာသာရေး ကျင့်ဝတ်အား ထည့်သွင်းရန် အပြင်းအထန် တောင်းဆိုခဲ့ကြသော်လည်း ထိုပါတီများ အရွေးချယ်ခံရသူများမှ အကျင့်ပျက်ခြစားမှု ကြီးကြီးမားမား ဆက်စပ်နေပြီး အရည်အချင်း ပြည့်ဝမှု မရှိသောသူများသာ ဖြစ်ကြသည်။ ဥပမာ PBB ၏ ဥက္ကဌဖြစ်သည့် M.S. Kaban မှာ အဆင့်မြင့် အရာရှိကြီးများ၏ လာဘ်စားမှုတခုနှင့် ကြီးကြီးမားမား ပတ်သက်နေသူတဦး ဖြစ်သည်။ ရွေးကောက်ပွဲတွင်လည်း မည်သည့်ပါတီကမှ ရလဒ်ကောင်း မရရှိခဲ့ဘဲ PBB ၏ အတက်အကျမှာ ၂ ရာခိုင်နှုန်းခန့်ရှိပြီး၊ PPP ၏မဲမှာ ၁၉၉၉ ခုနှစ်တွင် ၁၀.၇ ရာခိုင်နှုန်းမှ ဆယ်စုနှစ် တခုအကြာတွင် ၅.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
ထိုပါတီကြီး နှစ်ပါတီ၏ ဖြစ်စဉ်သည် အင်ဒိုနီးရှားနိုင်ငံ အသွင်ကူးပြောင်းပြီး ဆယ်စုနှစ် တခုအကြာတွင် အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲများတွင် အစ္စလမ်စစ်သွေးကြွ အသံများ မှေးမှိန်ပျောက်ကွယ်သွားသည် ဆိုသည်ကို ပြက်ပြက်ထင်ထင် ပြသနေသည်။ မည်သည့်ပါတီကမှ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေးအား ရှားရီးရှား ကျင့်ဝတ်အညီ ပြဌာန်းရမည် ဆိုသည်ကို ပြောင်ပြောင်တင်းတင်း တောင်းဆိုခြင်း သို့မဟုတ် အလေးပေးခြင်းကိုပင် မပြုလုပ်ကြတော့ချေ။ ဤရလဒ်ကို ထွက်ပေါ်စေသည့် အဓိက ဖိအား နှစ်ခုရှိသည်။ ပထမ ဖိအားမှာ အောက်ခြေမှ ပေါ်ပေါက်လာသော ဖိအားဖြစ်သည်။ သဘောထားစစ်တမ်း ကောက်ယူမှုများက ထပ်ခါတလဲလဲ ပြသနေသည်မှာ မဲဆန္ဒရှင်များအနေဖြင့် ဘာသာရေး ကိုင်းညွတ်ခြင်းထက် ၎င်းတို့၏ လူမှုစီပွားရေး အခြေအနေ ပိုမိုကောင်းမွန်ရေးကိုသာ ပိုမို အာရုံထားသည်၊ ဂရုပြုသည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ဒုတိယ ဖိအားမှာ အပေါ်မှလာသော ဖိအားဖြစ်ပြီး ပင်မနိုင်ငံရေးရေစီးအတွင်း ပါဝင်မှု လက်ခံနိုင်မှု ဖြစ်သည်။ ပထမဖိအားမှာ ဒီမိုကရေစီစနစ် ကိုယ်တိုင်၏ ရလဒ် ဖြစ်ပြီး ဒုတိယဖိအားမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကျင့်သုံးသော ဒီမိုကရေစီ အမျိုးအစား ပုံသဏ္ဍာန်ကြောင့် ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။
အထက်ပါ နိုင်ငံရေး အလှုပ်အရမ်းအား ထင်ထင်ရှားရှား ပြသနေသည်မှာ Prosperous Justice Party (PKS) ပါတီ ပေါက်ဖွားလာခြင်းပင် ဖြစ်သည်။ ဤပါတီမှ အရှေ့အလယ်ပိုင်းရှိ Muslim Brotherhood (မွတ်စလင် သွေးသောက်ညီနောင်များ) အဖွဲ့၏ လှုပ်ရှားမှုကို အတုယူကာ တက္ကသိုလ်ကျောင်းဝန်းများ အတွင်းမှ ပေါက်ဖွားလာသော ပါတီဖြစ်သည်။ ၎င်း၏ အဖွဲ့ဝင်များမှာ လှုပ်ရှားမှုအား တဆင့်ခြင်း မြှင့်တင်သွားရမည် ဆိုသည့် နည်းလမ်းကို ကျင့်သုံးခဲ့ကြသည်။ ပထမဦးစွာ အဖွဲ့ဝင်များအတွင်း အစ္စလမ်ဘာသာအား နားလည် သဘောပေါက်လာပြီး အဖွဲ့ဝင်များအားလုံး ထိုအစ္စလမ် ကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်သွားရန်၊ ထိုမှတဆင့် ထိုစံနမူနာ ကောင်းများကို ပြသပြီး လူအဖွဲ့အစည်းအား တဖြည်းဖြည်းခြင်း အစ္စလမ်ဘာသာ ကိုးကွယ်မှုသို့ ကူးပြောင်းခြင်းဖြင့် လူ့အဖွဲ့အစည်းအား အစ္စလမ် လူ့အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းရန်၊ နောက်ဆုံး အနာဂတ်ကာလ တခုခုတွင် နိုင်ငံတော်အား အစ္စလမ် နိုင်ငံတော်အဖြစ် ပြောင်းလဲရန် ဖြစ်သည်။
၁၉၉၉ ခုနှစ် ပထမ ရွေးကောက်ပွဲခြေလှမ်းတွင် PK ပါတီ (Justice Party) အဖြစ် အသိများပြီး အင်ဒိုနီးရှားနိုင်ငံရေးတွင် ပျောက်ဆုံးနေသော အိုင်ဒီယိုလိုဂျီခိုင်မာမှု၊ ကျင့်ဝတ်စည်းမျဉ်း ခိုင်မာမှု နှင့် အစီအစဉ် အတိအကျ ချမှတ်ထားမှု စသည့် တိကျခိုင်မာသော မျှော်မှန်းချက်အား အင်ဒိုနီးရှားပြည်သူကို ချပြခဲ့သည်။ သို့သော်လည်း ၎င်းရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း ၁.၄ သာ အနိုင်ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ ပင်မ နိုင်ငံရေး ရေစီးအား သဘောပေါက် နားလည်သွားသည်။ နောက်ဆုံးတွင် အစ္စလမ် ဘာသာကိုသာ ရှေ့တန်းတင်ထားသည့် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်အား လျှော့ချကာ ပိုမိုကျယ်ပြန့်သော ထောက်ခံမှုရရှိရန် ကြိုးပမ်းခဲ့သည်။  ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့၏ ကြွေးကြော်သံများအား သန့်ရှင်းသော အစိုးရ၊ လူထုအား ဂရုစိုက်စောင့်ရှောက်သော အစိုးရအဖြစ် ကြွေးကြော်ကာ ၎င်းပါတီဝင်များ၏ အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ ပါတီမှ အကောင်အထည် ဖော်နေသည့် လူမှုရေးဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းများ၊ ပါတီ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေးမူဝါဒ၊ လူမှုဖူလုံရေးမူဝါဒနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဝါဒများကို ချပြကာ မဲဆွယ်ခဲ့ကြသည်။ အောင်မြင်မှု အတော်အတန် ရရှိသည်ဟု ဆိုရပါမည်။ ထိုရွေးကောက်ပွဲတွင် အနိုင်ရသည့် မဲ ၇.၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။
ဤ လွှတ်တော် ရွေးကောက်ပွဲရလဒ်သည် ၎င်းပါတီကို အမျိုးအသားအဆင့် နိုင်ငံရေးအခန်းကဏ္ဍတွင်ပါ ပိုမို အရေးပါသော အခန်းကဏ္ဍကို ရရှိစေခဲ့သည်။ သမ္မတ ယူဒိုယိုနို၏ ပထမ အစိုးရအဖွဲ့အတွင်း နေရာ သုံးနေရာ ရရှိခဲ့ပြီး အခြားသော မြို့တော်ဝန်နှင့် ပြည်နယ် အုပ်ချုပ်ရေးမှူ ရွေးကောက်ပွဲများတွင်လည်း အရေးကြီးသော နေရာများကို ရယူနိုင်ခဲ့သည်။ ထိုသို့ PKS ပါတီအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ပင်မရေစီးအတွင်းသို့ ဝင်ရောက်လိုက်ခြင်းကြောင့် ၎င်း၏ နိုင်ငံရေးပုံရိပ် နှင့် ပတ်သက်ကာ ဝေဖန်ခြင်းကို ပြင်းပြင်းထန်ထန် ခံလိုက်ရသည်။ ၎င်းတို့၏ အမာခံ ထောက်ခံသူများက ပါတီ၏ အနေအထားသစ်၊ ၎င်းတို့၏ အဆိုအရ ပွင့်လင်းသောပါတီ နှင့် ပတ်သက်ကာ ပါတီ၏ နဂိုမူလ ရည်မှန်းချက်ဖြစ်သည့် အစ္စလမ်နိုင်ငံအဖြစ် ပြောင်းလဲရေးမူအား စွန့်လိုက်မည်ကို စိုးရိမ်ကြောင့်ကြလာကြသည်။
တက္ကသိုလ်နယ်မြေများတွင် PKS အား ထောက်ခံသူ အကြီးအကျယ် ကျဆင်းသွားပြီး ဒီမိုကရေစီအား ရှုတ်ချပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ပိုမိုစစ်သွေးကြွသော Hizbut Thahrir (Party of Liberation) ကို ထောက်ခံသူ ပိုမို များပြားလာခဲ့သည်။ ပို၍ဆိုးဝါးသည်မှာ ပါတီ၏ အကျင့်သီလ သန့်ရှင်းမှုနှင့် ပြုပြင်ပြောင်းလဲရေး မူဝါဒမှာ ပါတီခေါင်းဆောင်များနှင့် အကျင့်ပျက်ခြစားမှု ပြဿနာများ ပတ်သက်နေမှုနှင့် ဒေသန္တရအဆင့် အရာရှိများကို ခေါ်ယူစစ်ဆေး ခံရခြင်းကြောင့် အကြီးအကျယ် ထိခိုက်ခဲ့သည်။ ထိုဖြစ်ရပ်များကြောင့် ပါတီ၏ လူကြိုက်များမှု ကျဆင်းလာစေပြီး ၂၀၀၉ ခုနှစ်တွင် အနိုင်ရသည့် မဲရာခိုင်နှုန်း ၇.၉ ရာခိုင်နှုန်းသာ တက်ခဲသည်။ မျှော်မှန်းထားသည့် ၂၀ ရာခိုင်နှုန်းအောက်သို့ အကြီးအကျယ် ကျဆင်းခဲ့သည်။
အစ္စလမ်ဘာသာအား နိုင်ငံရေးတွင် အပေါ်ယံ သွတ်သွင်းခြင်း
အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးပင်မရေစီးနှင့် အုပ်ချုပ်ရေး ယန္တယားအတွင်းသို့ အစ္စလမ် နိုင်ငံရေး အင်အားစုအား ပါဝင်စေနိုင်ခဲ့ခြင်းက အင်ဒိုနီးရှားနိုင်ငံ၏ လူမှုရေးဆိုင်ရာ မူဝါဒနှင့် လူမှုနိုင်ငံရေး မျက်နှာစာတွင် အစ္စလမ်ဘာသာရေး တစိတ်တပိုင်း လက်ခံကျင့်သုံးရန် ဖြစ်လာစေခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘာသာရေးကင်းသော အမျိုးသားရေးဝါဒီ ပါတီများနှင့် ခေါင်းဆောင်များက အစ္စလမ် လူမှုရေးအဖွဲ့အစည်းများနှင့် အစ္စလမ်ဘာသာ ကိုင်းရှိုင်းသူများ၏ ထောက်ခံမှုကို ရရန်ကြိုးပမ်းမှုကြောင့်သည်လည်း တစိတ်တပိုင်းအားဖြင့် ပါဝင်သည်။ နိုင်ငံတော်၏ အုပ်ချုပ်ရေး စနစ်အတွင်း ပါဝင်နေကြသော အစ္စလမ်ခေါင်းဆောင်များ ကိုယ်တိုင်၏ ပါဝင်မှုသည်လည်း အရေးကြီးသော အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သည်။ အချို့သော အင်ဒိုနီးရှား မွတ်စလင်ခေါင်းဆောင်များက ဆိုလျှင် အင်ဒိုနီးရှားနိုင်ငံအား မွတ်စလင်ဒီမိုကရေစီဟုပင် အနောက်နိုင်ငံရှိ ဒီမိုကရေစီစနစ်အား ခရစ်ယာန်ဒီမိုကရေစီအဖြစ် နှိုင်းယှဉ်၍ပင် သုံးနှုန်းကြသည်။
ထိုနိုင်ငံရေး အခင်းအကျင်းနှင့် လားရာသည် ဒီမိုကရေစီစနစ်ကို မဆိုထားနှင့် လူမှုရေး နိုင်ငံရေး ဗဟုဖြစ်မှု အပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှု ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။ ဥပမာအားဖြင့် အစ္စလမ် အဖွဲ့အစည်းခွဲ တခုဖြစ်သည့် Ahmadiyah အဖွဲ့အား အခြား အစ္စလမ်အဖွဲ့တခုက အကြမ်းဖက်သည်ကို အစိုးရအနေဖြင့် အကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိသည့်အပြင် ၂၀၀၈ ခုနှစ်တွင် Ahmadiyah အဖွဲ့အား ၎င်းတို့၏ ယုံကြည်မှုများကို ဖြန့်ဝေခြင်းမပြုရန် တားမြစ်ခြင်းခံရသည်။
ထိုနှစ်အတွင်းမှာပင် ပါလီမန်မှ ညစ်ညမ်းပုံ ဆန့်ကျင်ရေး ဥပဒေတခုအား ပြဌာန်းလိုက်သည်။ ဥပဒေအရ ကျင့်ဝတ်နှင့် မညီညွတ်သော၊ သို့မဟုတ် လူ့အဖွဲ့အစည်း၏ ကျင့်ဝတ် နှင့် ဆန့်ကျင်နေသော လိင်ပိုင်းဆိုင်ရာ အသုံးချမှုများ ပါဝင်သော အရာဝတ္တုအားလုံးကို တားမြစ်လိုက်သည်။ ထိုယေဘုယျ ဆန်သော အဓိပ္ပာယ်ဖွင့်ဆိုမှုအရ အနုပညာရှင် အမြောက်အများနှင့် ပညာတတ် အမြောက်အများ၏ အနုပညာဖန်တီးမှု နှင့် လွပ်လပ်စွာ ထုတ်ဖော်ခွင့်အား ပိတ်ပင်ခံရနိုင်ပြီး လူနည်းစုဘာသာရေး အဖွဲ့အစည်းဝင်များ အနေဖြင့်လည်း ၎င်းတို့၏ ယုံကြည်မှုနှင့် ရိုးရာအလေ့အကျင့်များကို ရာဇဝတ်မှုအဖြစ် ကန့်သတ်ခံရနိုင်သည်။
အချို့သော ဒေသများတွင် ဒေသခံ အာဏာပိုင်များက ပိုမိုတင်းကြပ်သော ရှားရီးရား ကျင့်ဝတ်ပုံစံ အမိန့်များ ထုတ်ပြန်ကာ အမျိုးသမီးများအတွက် ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်း၊ အဝတ်အစားနှင့် ပတ်သက်ပြီး တင်းကြပ်သော စည်းကမ်းများ ထုတ်ပြန်ခြင်းနှင့် ပညာရေးတွင် အစ္စလမ်ဘာသာရေးကို ထည့်သွင်းရန် တင်းကြပ်ခြင်းမျိုးကိုပင် ပြုလုပ်လာကြသည်။ ယခင် PBB ပါတီဥက္ကဌဟောင်း တရားမျှတမှုနှင့် လူ့အခွင့်အရေး ဝန်ကြီး Yusril Ihza Mahendra သည် နောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ၎င်းကိုယ်တိုင်ပင်လျှင် ရာဇဝတ်မှု ကျင့်ထုံးများအား အစ္စလမ်ဘာသာရေးနှင့် အညီ ပြောင်းလဲသွားရန် ပြောခဲ့ဖူးသည်။
ထိုဖြစ်စဉ်များမှာ နိုင်ငံတော်အား အတွင်းပိုင်းမှတဆင့် အစ္စလမ်နိုင်ငံအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားရန် ရေရှည် ကြိုးပမ်းမှု၏ ပဏာမအဆင့် ဖြစ်သည်ဟု ဆိုရမည်။ ခြုံငုံသုံးသပ်ရလျှင် အင်ဒိုနီးရှားနိုင်ငံသည် စိုးရိမ်တကြီး စောင့်ကြည့်လေ့လာသူများ စိုးရိမ်သကဲ့သို့ ရှားရီးရား ကျင့်ဝတ်စည်းမျဉ်းများအား တိတ်တဆိတ် သွတ်သွင်းခြင်း ဖြစ်စဉ် ဖြစ်ထွန်းနေသည်ဟု မဆိုနိုင်ချေ။ နိုင်ငံတော်က ဦးဆောင်သည့် ဘာသာရေးလှုပ်ရှားမှုကား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ပါကစ္စတန်နှင့် မလေးရှားနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက မဆိုစလောက်သာ တွေ့ရသည်။ လက်ရှိအခြေအနေတွင် အင်ဒိုနီးရှား၏ နိုင်ငံရေး ပင်မရေစီးအတွင်း အစ္စလမ်ပါဝင်လာရေး ကြိုးပမ်းမှုမှာ အစ္စလမ် ဘာသာရေး ပါတီများအား ၎င်းတို့၏ ရည်မှန်းချက်များအား နိုင်ငံရေး အခွင့်အလမ်းခွဲဝေမှု ဒီမိုကရေစီ ပုံသဏ္ဍာန်အတွင်းသို့ ပေါင်းစပ်နိုင်ခဲ့ပြီး ၎င်းတို့အား ဘာသာရေးအခြေခံထက် ၎င်းတို့၏ မူဝါဒအခြေခံပေါ်မှ လူထု၏ ထောက်ခံမှုကို ရယူနိုင်ရန် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်သည်။ မည်သို့ပင်ဆိုစေ အစိုးရအဖွဲ့အတွင်းမှ ဗဟုလူ့အဖွဲ့အစည်း အယူအဆအား တဖြည်းဖြည်းခြင်း ပယ်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုမှာ ယခင်က မည်သို့သော အကြောင်းဖြင့် ဖြစ်နိုင်ချေ မရှိသော်လည်း ယခုအခါ ဖြစ်နိုင်ချေ အချို့ကို တွေ့နေရပြီဖြစ်သည်။
အောင်မြင်မှုအတွက် ပေးဆပ်ရသည့်တန်ဖိုး
အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီကို လေ့လာဆန်းစစ်ရမည်ဆိုပါက အောင်မြင်မှုနှင့် ကျရှုံးမှု ဒွန်တွဲနေသည်ကို ပြက်ပြက်ထင်ထင် တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတကာ မီဒီယာများ၊ နိုင်ငံတကာ အစိုးရများ နှင့် အင်ဒိုနီးရှား၏ နိုင်ငံရေးခေါင်းဆောင်များ အတွက်မူ အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီ အခွင့်အရေးများအား အာမခံနိုင်မှု၊ စစ်တပ်အား နိုင်ငံရေးမှ ဆုတ်ခွာသွားစေရန် စွမ်းဆောင်နိုင်မှု၊ နှင့် အစ္စလမ် အခြေခံဝါဒီများကို ထိန်းချုပ်ထားနိုင်မှုတို့သည် အင်ဒိုနီးရှားနိုင်ငံ၏ အောင်မြင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်အဖြစ် ပုံဖော်ကြသည်။ သို့သော်လည်း အင်ဒိုနီးရှား ပညာတတ်များနှင့် အရပ်ဖက် လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများ အပါအဝင် ပညာရှင်များ၏ စာတမ်းများနှင့် သုံးသပ်ချက်များတွင် အင်ဒိုနီးရှားနိုင်ငံ၏ အရည်အသွေး နိမ့်ကျသော ဒီမိုကရေစီ၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို ကိုယ်ကျိုးအတွက် အသုံးချနေမှုများ၊ အခွင့်ထူးခံ အာဏာရ လူတန်းစားများ၊ နေရာအနှံ့ တွေ့နေရသော အကျင့်ပျက်ခြစားမှုများ စသည်ဖြင့် စိတ်ပျက်စရာ သုံးသပ်ချက်များကိုသာ တွေ့ရသည်။
ထိုလက္ခဏာနှစ်ရပ်ကို တွေ့ရသည်ဆိုသည်မှာ မှန်ပါသည်။ အမှန်တကယ်အားဖြင့် တခုနှင့်တခု နီးနီးကပ်ကပ်ပင် ဆက်စပ်နေသည်။ အင်ဒိုနီးရှား၏ ဒီမိုကရေစီ အောင်မြင်မှုနှင့် ထိုဒီမိုကရေစီ၏ အရေအသွေး မပြည့်ဝမှုမှာ ဒင်္ဂါးပြား၏ ခေါင်းနှင့် ပန်းသာဖြစ်သည်။ ဤသို့ အရည်သွေး မပြည့်ဝသော ဒီမိုကရေစီကိုသာ ရရှိခြင်းကြောင့်လည်း အင်ဒိုနီးရှား၏ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းဖြစ်စဉ် လွယ်ကူ ချောမွေ့ခဲ့ခြင်းဖြစ်သည်။ အီလစ်များနှင့် နိုင်ငံရေးဖြစ်စဉ်အတွင်း ဝင်ရောက်စွက်ဖက် အဟန့်အတား ဖြစ်စေသည့် စစ်တပ်ကဲ့သို့သော နိုင်ငံရေးအင်အားစုများကို အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်မှ ဖယ်ရှားနိုင်ခဲ့ခြင်း မရှိသေးချေ။ အမှန်တကယ်အားဖြင့် ဖယ်ရှားခြင်းထက် ထိုအင်အားစုများက နိုင်ငံရေးဖြစ်စဉ်အတွင်း မပါဝင်ဘဲ အပြင်ဖက်မှ နှောက်ယှက်ဟန့်တားသည်ကို တားဆီးလိုသဖြင့် ၎င်းတို့ကို ဒီမိုကရေစီဖြစ်စဉ်မှ အခွင့်အလမ်းများ ခွဲဝေခံစားစေခြင်းဖြင့် နှစ်သိမ့်ခဲ့ခြင်းသာ ဖြစ်သည်။ ဤနည်းလမ်းကို အသုံးပြုခဲ့သောကြောင့် ရလဒ်အဖြစ် အင်ဒိုနီးရှား၏ ဒီမိုကရေစီ အရည်အသွေးကို ထိခိုက်နစ်နာစေသည့် အင်အားစုများကို နိုင်ငံရေးစနစ်အတွင်း လုပ်ပိုင်ခွင့်များ ပေးလိုက်ရခြင်း နှင့် ပို၍ အရေးကြီးသည်မှာ ထိုသို့အခွင့်အလမ်းများ ပေးအပ်ခြင်း နှင့် အဂတိလိုက်စားမှုများသည်ပင်လျှင် နိုင်ငံရေးဖြစ်စဉ်ကို ဟန့်တားမည့်သူတိုင်းအား နိုင်ငံရေးပင်မရေစီးအတွင်း ဝင်ရောက်စေခြင်းဖြင့် နှစ်သိမ့်သည့် အဓိကနည်းလမ်း ဖြစ်လာခြင်းပင်ဖြစ်သည်။
ထိုသို့ နှောက်ယှက်ဟန့်တားမည့်သူများအား စနစ်အတွင်း သိမ်းသွင်းခြင်းနှင့် အီလစ် လူတန်းစားများ တည်ထောင်ခဲ့ခြင်းသည် ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့သော အင်ဒိုနီးရှား၏ ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်းဖြစ်စဉ်ကို အတော်အသင့် ချောမွေ့ စေခဲ့သည်ဟု ဆိုနိုင်သည်။ အသွင်ကူးပြောင်းခြင်းသည် အချို့နေရာများတွင် အကြမ်းဖက်မှုအသွင် ဆောင်သော်လည်း နေရာ တော်တော်များများတွင် ဒေသခံ အီလစ်များအတွက် အခွင့်အလမ်း ဖြစ်ခဲ့သည်။ နိုင်ငံတော် အဆင့်တွင်လည်း ယခင် အင်ဒိုနီးရှားနိုင်ငံ အပြောင်းအလဲတွင် ကြုံတွေ့ခဲ့ရသော သွေးထွက်သံယိုမှုများ ထပ်မံကြုံတွေ့ရလိမ့်မည်ဟု အများက မှန်းဆကြသော်လည်း ကံကောင်းထောက်မစွာပင် ၎င်းအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရခြင်း မရှိချေ။ (သမ္မတ ဆူကာနို၏ ပဲ့ကိုင်ထိန်းကြောင်းထားသော ဒီမိုကရေစီစနစ်မှ ဆိုဟာတို၏ လူမှုအစီအစဉ်သစ် ခေတ် အပြောင်းအလဲကာလ ၁၉၆၅-၆၆ ခုနှစ်များတွင် ကွန်မြူနစ်ဟု စွပ်စွဲခံရသူများ နှင့် ၎င်းတို့အား ထောက်ခံသူဟု စွပ်စွဲခံရသူ ၅၀၀၀၀၀ ခန့်သတ်ဖြတ်ခံခဲ့ရသည်။) အိုင်ဒီယိုလိုဂျီ ငြင်းခုန်မှုများမှာ နိုင်ငံတော်အဆင့်ထိအောင် ပြင်းထန်ခဲ့ခြင်းမရှိဘဲ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီ စနစ်များအရ တဦးတယောက်တည်းကိုသာ အသာစီးရစေခြင်းကို တားမြစ်နိုင်ခဲ့ပြီး အသစ်ဖြစ်ထွန်းလာသော နိုင်ငံရေး အခင်းအကျင်းက နိုင်ငံရေး အင်အားစုများ အားလုံးကို အခင်းအကျင်းအတွင်း သွတ်သွင်းနိုင်ခဲ့သည်။
ရရှိလာသော ဒီမိုကရေစီ၏ အောင်မြင်မှုရလဒ်နှင့် ဒီမိုကရေစီ၏ အရည်အသွေးကို လဲလှယ်ရသည့် အင်ဒိုနီးရှား နိုင်ငံအတွက် ထိုက်တန်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်လာနိုင်သည့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရုံသာမက ဒီမိုကရေစီ စနစ်သစ်အား ဟန့်တားနှောက်ယှက်မည့် သူများကိုပါ ထိန်းသိမ်းနိုင်ခဲ့ပြီး လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တကမ္ဘာလုံး၏ ဒီမိုကရေစီအရေး အောင်မြင်မှုဟု ဆိုနိုင်သော လုပ်ထုံးလုပ်နည်းအရ အလုပ်ဖြစ်သော ဒီမိုကရေစီစနစ် တခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သည်။ ဤဆောင်းပါးတွင် ဖော်ပြထားခြင်း မရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ ဒီမိုကရေစီ စနစ်ကို ကဏ္ဍတော်တော်များများ၌ အောင်အောင်မြင်မြင် ပုံဖော်နိုင်ခဲ့ပြီး ယခုအခါတွင်လည်း အိမ်နီးချင်း နိုင်ငံများက အားကျရသည့် ပွင့်လင်း၍ ဗဟုဖြစ်သော နိုင်ငံရေးစနစ်ကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
ထိုမျှသာမက အင်ဒိုနီးရှားသည် အောင်မြင်သော နိုင်ငံရေးပြုစုပျိုးထောင်မှု တခုဟုလည်း ဆိုကောင်း ဆိုနိုင်သည်။ ၂၀၀၄ ခုနှစ်အထိသည် နိုင်ငံတွင်း ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ရေးကိုသာ အလေးထားသည့် ပြုပြင်ပြောင်းလဲရေးဖြစ်သည်။ ထိုကာလမှစ၍ ကောင်းမွန်သော အုပ်ချုပ်ရေးကို အလေးပေးသည့် ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ခဲ့သည်။ ထိုပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ (Corruption Eradication Commission – KPK) ၏ လုပ်ရပ်များကို ကြည့်က ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ ထိုအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများ နှင့် အခြားသော အဆင့်မြင့် အရာရှိများ ပါဝင်ပတ်သက်နေသော လာဘ်စားမှု ပြဿနာများကို ရှာဖွေဖော်ထုတ်ပြီး ၎င်းတို့ အပေးအယူ လုပ်နေသည့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများကို ပြည်သူများအား ထုတ်လွှင့်ခြင်းဖြင့် လူထု၏ စိတ်ကို ကျေနပ်စေခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးမှ နိုင်ငံရေး အခွင့်အရေးများကို တိုးချဲ့ အာမခံပေးခဲ့ခြင်းနှင့် နှစ်ပေါင်းများစွာ အဖြေရှာမရသော ရွေးကောက်ပွဲ စီမံခန့်ခွဲခြင်း ပြဿနာအပါအဝင် အခြားနိုင်ငံရေး ပြဿနာများကို ပြေလည်အောင်ဖြေရှင်း နိုင်ခဲ့ခြင်းမှာ ကောင်းမွန်သော အုပ်ချုပ်ရေး တည်ဆောက်ရန် ရည်မှန်းသည့် ဒုတိယအကျော့ ပြုပြင်ပြောင်းလဲရေး၏ သက်သေသာဓကပင် ဖြစ်သည်။ ဒေသန္တရရွေးကောက်ပွဲများတွင် မဲထည့်သူဦးရေ တိုးတက်များပြားလာမှုနှင့်အတူ မဲဆန္ဒရှင်များ အနေဖြင့် အကျင့်ပျက်ခြစားပြီး အရည်အသွေး မပြည့်ဝသူဟု ယုံကြည်သည့် ဒေသန္တရ အုပ်ချုပ်ရေးမှူးများကို ဖြုတ်ချရန် အဆင်သင့် ရှိသည်ကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရသည်။
သို့သော် မည်သူအတွက်မဆို သို့မဟုတ် လူတိုင်းအတွက် လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးသည် အလွန်အရေးကြီးသည့် အခွင့်အလမ်း ဖြစ်နေသေးသည့် ဒီမိုကရေစနစ်မျိုးတွင် ထိုဒီမိုကရေစနစ်အား ထိုစနစ်အတွင်းမှ ပျက်စီးရန် ဆောင်ရွက်နိုင်သည့် အန္တရာယ် ရှိနေသေးသည်မှာ ငြင်းဆန်၍မရပါ။ သမ္မတ ယူဒိုရိုနို၏ ပထမသက်တမ်း ၂၀၀၄-၂၀၀၉ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးကို ကျယ်ကျယ်လောင်လောင် ကြွေးကြော်လင့်ကစား ဒီမိုကရေစီ ခိုင်မာအမြစ်အတွယ် စေသည့် ပြောင်းလဲမှုနှင့် ပတ်သက်၍ အောင်မြင်မှု ကြီးကြီးမားမားကို အနည်းငယ်သာ တွေ့ခဲ့ရသည်။ ထို့အပြင် အဓိက အောင်မြင်မှုများမှာလည်း ပထမအကျော့ ပြုပြင်ပြောင်းလဲရေးအရ ထွက်ပေါ်လာသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၏ ရလဒ်များသာဖြစ်သည်။
အထူးသဖြင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်များသာ ဖြစ်ကြသည်။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကဲ့သို့သော အရေးပါသည့် ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ တုံ့ဆိုင်း ချိနဲ့နေသည်ကို တွေ့ရသည်။ အောင်မြင်မှုတိုင်း၏ နောက်တွင် နောက်ကြောင်း ပြန်မှုများကိုလည်း တွေ့ရစမြဲပင် ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အဆင့်မြင့် ရဲအရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အီလစ်များ ပူးပေါင်းကာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးအဖွဲ့အား အင်အားချိနဲ့စေရန် ကြိုးပမ်းခဲ့ကြပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ဝင် ကော်မရှင်နာ နှစ်ဦးကိုပင် အကျင့်ပျက် လာဘ်စားမှုဖြင့် တရားစွဲရန် ကြံစည်ခဲ့ကြသည်။ ထိုဖြစ်ရပ်သည် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်တွင် မည်မျှအင်အားချိနဲ့နေသည် နှင့် ခြစားနေသည်ကို ဖော်ပြနေပြီး ပြုပြင်ပြောင်းလဲရေး သမားများ အကြားတွင်လည်း ယခင်အာဏာရှင် စနစ်ဟောင်း၏ အလေ့အကျင့်ဆိုးများ ပြန်လည် အသက်ဝင်လာမည့် အရေးကို စိုးရိမ်ပူပန်စေခဲ့သည်။ တချိန်တည်းမှာပင် နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယားနှင့် ဥပဒေပြုရေးကဏ္ဍရှိ ရှေးရိုးစွဲများကလည်း အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိ ခံစားနေရသည့် လွတ်လပ်မှုများကို ချုပ်ခြယ်ကန့်သတ်မည့် ဥပဒေကြမ်းများကို တင်သွင်းရန် ကြိုးပမ်းလျှက်ရှိရာ နိုင်ငံအတွင်းရှိ အင်အားတောင့်တင်း ခိုင်မာသော အရပ်ဖက် လူ့အဖွဲ့အစည်းများ နှင့် မီဒီယာများ၏ ကန့်ကွက်မှုများကြောင့်သာ ပယ်ချနိုင်ခဲ့ကြသည်။
လွန်ခဲ့သော ၅ နှစ်တွင် အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် တကမ္ဘာလုံး နှင့် ပြည်သူလူထုက ဒီမိုကရေစီ ဘက်တော်သားအဖြစ် သတ်မှတ်ထားပြီး တန်ဖိုးထား ထိန်းသိမ်းကာ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုများကိုပါ ထိန်းသိမ်း ထားနိုင်သည့် သမ္မတကောင်းတဦးအား ကံကောင်းထောက်မစွာ ရရှိခဲ့သည်။ ထို့အပြင် နိုင်ငံအနေဖြင့် တနှစ်လျှင် စီးပွားရေး တိုးတက်မှု ၅ ရာခိုင်နှုန်းဖြင့် ၎င်း၏ ဒီမိုကရေစီစနစ်အား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် အမြစ်တွယ်နေသော ဆိုဟာတို အာဏာရှင်စနစ်၏ အမွေဆိုး အီလစ်များနှင့် ဆွေစဉ်မျိုးဆက် အုပ်ချုပ်ရေးပုံစံမှာ မပြောင်းမလဲဘဲ နဂိုအတိုင်း ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ ၁၉၉၈ ခုနှစ်က ဆိုဟာတိုကို ဖြုတ်ချစဉ်က အကျင့်ပျက်ခြစားမှု၊ ပူးပေါင်းကြံစည်မှု နှင့် သာတူညီမျှ ကောင်းစားရေး မူဝါဒများသည် အဓိက အကြောင်းအရင်းများ ဖြစ်ခဲ့သော်လည်း ထိုအမူအကျင့်များကို လက်ရှိနိုင်ငံရေးလောကတွင် တွေ့နေရပြီး ဒီမိုကရေစီစနစ်အား သာမန် နိုင်ငံသားများထံသို့ ရောက်ရှိစေရန် အကောင်အထည်ဖော်ရခြင်း နှင့် ဒီမိုကရေစီအား သာမန်လူထုက နားလည်လက်ခံပုံတို့နှင့် ပတ်သက်ပြီး ကြီးမားသော ဆိုးကျိုးကို ဖြစ်စေခဲ့သည်။ ညံ့ဖျင်းသော အုပ်ချုပ်ရေးသည် အာဏာရှင်ကို ပြန်လည်မွေးထုတ်ပေးမည့် လက်သည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အယ်လ်ဘတ်တို ဖူဂျီမိုရီ၊ သက်ဆင် ရှင်နာဝပ် သို့မဟုတ် ဗလာဒီမီယာ ပူတင် တို့ကို မမွေးထုတ်သေးသော်လည်း အင်ဒိုနီးရှား ဒီမိုကရေစီသည် ဘေးအန္တရာယ်ဆိုး စက်ဝန်းမှ လုံးလုံးလျားလျား လွတ်ကျွတ်နေဟု မဆိုနိုင်သေးချေ။
(၂၀၁၀ ဧပြီလထုတ် Journal of Democracy ပါ အက်ဒ်ဝပ် အက်စ်ပင်နယ်လ် (Edward Aspinall) ၏ The Irony of Success ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ အက်ဒ်ဝပ် အက်စ်ပင်နယ်လ်သည် Australian National University ရှိ နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု လေ့လာရေးဌာန၏ အကြီးတန်း အဖွဲ့ဝင်ဖြစ်သည်။ Islam and Nation: Separatist Rebellion in Ache (2009) စာအုပ်ကိုလည်း ရေးသားခဲ့သည်။)
Friday, July 12, 2013
၁၉၈၂ ဥပဒေအရသာ နိုင်ငံသားဖြစ်ခွင့်ပေးမယ့်အကြောင်း မြန်မာအစိုးရ တုံ့ပြန် ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိပါဘူး၊
မြန်မာနိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာ တိုင်းရင်းသား မျိုးနွယ်စုဆိုပြီး တရားဝင် လက်ခံအတည်ပြုထားခြင်း မရှိတဲ့အတွက် ရိုဟင်ဂျာအတွက်ဆိုပြီး သီးသန့်စဉ်းစား သွားမှာမဟုတ်ဘဲ မြန်မာအစိုးရအနေနဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေအရသာ ဆောင်ရွက်သွား မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံက မွတ်စလင် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်လက်ခံဖို့ တိုက်တွန်းချက်အပေါ် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က တုံ့ပြန်လိုက်တာပါ။
"ကျနော်တို့လည်း အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ (၁) ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိပါဘူး၊ သမိုင်းကြောင်းအထောက်အထားအရလည်း ဟိုးတုန်းက အင်္ဂလိပ်ခေတ်က စပြီးတော့ကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမှာလည်း ရိုဟင်ဂျာဆိုတာ ဖော်ပြခဲ့တာ မရှိပါဘူး၊ ဘင်္ဂါလီလူမျိုးလို့ပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်၊ (၂) ကျနော်တို့နိုင်ငံ ရခိုင်ပြည်နယ်အတွင်း မှာနေထိုင်ကြတဲ့ ဘင်္ဂါလီမွတ်စလင်ထဲမှ ၁၉၈၂ နိုင်ငံသားအက်ဥပဒေနဲ့ ကိုက်ညီတဲ့လူမှန်သမျှ နိုင်ငံသား အခွင့်အရေးရမှာဖြစ်ပါတယ်"
ဒီကနေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာလည်း မြန်မာအစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီသူတွေကို နိုင်ငံသားပေးမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်အပေါ် တရားဝင်တုံ့ပြန်ထားပါတယ်။
နိုင်ငံသားအခွင့်အရေး ပေးနိုင်ဖို့အတွက်လည်း ဒုက္ခသည်စခန်းတွေမှာ စာရင်းကောက်ယူနေကြောင်း ဒါပေမဲ့ စာရင်းကောက်ယူမှုမရအောင် ပြင်ပက သွေးထိုးမှုတွေရှိနေကြောင်း ဒီကိစ္စကို အရင်ဖြေရှင်းဖို့လိုအပ်နေပါတယ်လို့ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
ဒီအတောအတွင်းမှာဘဲ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်းပို့ချပေးနေတယ်လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံလုံခြုံရေးအတွက် အချိန်နဲ့အမျှ စီစဉ်ဆောင်ရွက်နေကြောင်း ဝန်ကြီးဦးရဲထွဋ်က ဖြေကြားပါတယ်။
"နိုင်ငံတော်အစိုးရဆိုတော့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေအားလုံးအတွက် အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး အတွက် အမြဲတမ်းဆောင်ရွက်နေကြတာပဲ၊ လုံခြုံရေးဆိုင်ရာအဖွဲ့တွေက ဒီသတင်းတွေတင်မဟုတ်ပါဘူး၊ ရရှိတဲ့သတင်းတွေအပေါ် မူတည်ပြီးတော့ သူတို့စဉ်းစားဆောင်ရွက်သွားမှာပါ၊ ဒါကလုံခြုံရေးကိစ္စဖြစ်တော့ ဘယ်သတင်းကိုယုံတယ် ဘယ်သတင်းကိုမယုံဘူး ဘယ်သတင်းကို မူတည်ပြီးတော့ စုံစမ်းတယ်ဆိုတာမျိုး ကျနော်တို့ကပြောလို့မရပါဘူး"
အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို ဖော်ပြထားတာနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
RFA Burmese
အင်းစိန်သံဃာ့ညီလာခံကို လေ့လာသုံးသပ်ခြင် (အပိုင်း ၁)
ဒေါက်တာဓမ္မပိယ (ITBMU)၊ ဇူလိုင် ၂၁၊ ၂၀၁၃
            ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းတပ်ဦး မိုးကုတ်ရိပ်သာ၌ကျင်းပခဲ့သော အင်းစိန် သံဃာ့အစည်း အဝေးကြီး (ဇွန်လ ၂၇-ရက်နေ့က) ငြိမ်းချမ်းစွာ ပြီးစီးခဲ့တယ်။ ထိုအစည်းအဝေးကြီးကို သံဃာတော်များက ဘာရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြသနည်း။ ဘယ်အတွက် ကျင်းပခဲ့ကြသနည်း။
            ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေ ဘာတွေဖြစ်နေသနည်းဆိုတဲ့အမေးကို လေ့လာသုံးသပ်ကြည့်လျှင် ဘာသာရေးဆန်တဲ့ လူမျိုးရေးအဓိကရုံးတွေ၊ လူမျိုးစု ပြဿနာတွေ၊ တိုင်းရင်းသားအမည်ခံချင်တဲ့ တိုင်းရင်း သားမဟုတ်သူတို့ရဲ့ လူ့အခွင့်ရေး တောင်းဆိုမှုပြဿနာတွေ၊ လယ်ယာမြေ ပြဿနာတွေ၊ ဒီပြဿနာ တွေနှင့် ရှုပ်ထွေးနေတာကို တွေ့ရတယ်။ ̏မုန်းတိုင်းကထန်ထန် တိုင်းပြည်ကနုနု˝မို့ ဆိုတာမျိုးလိုပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလမှာ ဒီလိုပြဿနာတွေ မကြာခဏဆိုသလို ဖြစ်နေတော့ ဆင်းရဲနွမ်းပါးမှုတွေနှင့် အလူးအလဲ ခံနေရသူတွေကတော့ ပြည်သူလူထုတွေပါ။
            ဒီအရေးတွေကို သတိပြုမိတော်မူကြတဲ့ သံဃာတော်များဟာ တိုင်းပြည်ရဲ့အရေးတွေမှာ မပါဝင်လို သော်လည်း အမျိုး ဘာသာ သာသနာတော်အတွက် ပါဝင်ပတ်သက်နေရခြင်းပါ။ ဥပမာ၊ ရွှေဝါရောင်အရေးခင်း၊ လက်ပန်းတန်းတောင်အရေးအခင်း၊ ရခိုင်အရေးအခင်း၊ မိတ္တိလာအရေးအခင်း စတဲ့ ဒီလိုအရေအခင်းမျိုးတွေပါ။ သို့သော် ရခိုင်အရေးအခင်း၊ မိတ္ထိလာအရေးအခင်းတို့မှာ ငွေးကြေးအထောက်အပံ့များ၊ လုံခြုံရေးအထောက် အပံ့များအပြင် စိတ်ဓာတ်ခွန်အား ထောက်ပံခြင်းမျိုးတွေပါ ပံ့ပိုးပေးနေရကြောင်း လေ့လာသိရှိရခြင်းပါ။ အဲဒီလို ပြည်သူ့ပြဿနာ၊ လူထုပြဿနာတွေ အမျိုးအမျိုးအတွက် ပါဝင်ပတ်သက်လာရာမှ အနာဂတ်မြန်မာနိုင်ငံတော် အတွက် စိုးရိမ်စိတ်များကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းတရားတွေ မြောက်များစွာ ရှိနေခြင်းကို သံဃာတော်များ လေးလေးနက်နက် သတိပြုလာမိခြင်းပါ။
            သံဃာတော်များဘက်မှ လူထုဘ၀နှင့် လူမှုပြဿနာအထွေထွေကို ၀ိုင်းဝန်းဖြေရှင်းရာမှာ အင်းစိန် သံဃာ့ အစည်းအဝေးကြီးဟာ တစ်ခုအပါအ၀င်ပါ။ ထိုအစည်းအဝေကြီးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမျိုး ဘာသာ သာသနာကို ဓမ္မ၀ိနယနှင့်အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ပါ။ ထိုသို့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရာမှာ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူများ ရသင့် ရထိုက်သော လူ့အခွင့်ရေးများကို  ပြည့်ပြည့်၀၀ ရရှိနိုင်ရေးတို့အတွက် သံဃာတော်များက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်တယ်။
            မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ဦးရေးဟာ (ဂ၅) ရာခိုင်းနှုန်းခန့် ရှိတယ်လို့ သိထားရခြင်းပါ။ ကံကောင်း ထောက်မစွာဖြင့် အခြားဘာသာဝင်များ (ဟိန္ဒူ၊ ခရစ္စယန်၊ မူစလင်ဘာသာဝင်များ) ရဲ့ အမျိုးသမီးများ၊ ထိုဘာသာဝင်တိုင်းရင်းသူများအတွက် လက်ထပ်ခြင်းဆိုင်ရာဥပဒေကို ကောင်းမွန်စွာ ရေးဆွဲထားပြီးဖြစ်ပြီး၊ ထိုဥပဒေသည် ထိုဘာသာဝင်တို့အတွက် လုံခြုံမှုများကို ပေးထားနိုင်ခဲ့ခြင်းကို အံ့သြစွာ လေ့လာသိရှိရခြင်းပါ။    ၁၉၅၄-ခုနှစ် ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ ဟိန္ဒူ၊ ခရစ္စယန်၊ မူစလင်ဘာသာဝင်များသည် ဘာသာဝင်အချင်းချင်းသာ လက်ထပ်နိုင်ကြောင်း ဥပဒေပြု၍ ထိုဘာသာဝင်အမျိုးသမီးများအား ကာကွယ် ပေးထားခြင်းဥပဒေများ ရှိနေခြင်းပါ။ သို့သော် အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူများအတွက် လက်ထက်ခြင်းဥပဒေကို အခြားဘာသာဝင်များ၏ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကဲ့သို လုံခြုံမှုမပေးနိုင်ဘဲ အိမ်ထောင်ရေး အရှုပ်ထွေးများဖြစ်ပေါ်လာခဲ့သော် အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ကြရပြီး အမျိုးသမီးတစ်ယောက် ရသင့်ရထိုက်သော လူ့အခွင့်ရေးများ ဆုံးရှုံးနစ်နာခဲ့ကြရသည်မှာ ဥပဒေမခိုင်မာသောကြောင့်ဟု ဆိုရမှာပါ။ 
            ဥပမာ၊ ၁၉၅၄-ခုနှစ် ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေအရ အခြားဘာသာဝင်များ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမှာ အခြားဘာသာဝင်များအတွက် ဘာသာဝင်အချင်းချင်းသာ ထိမ်းမြားလက်ထပ် ခွင့် ဥပဒေကို ပြဋ္ဌာန်းပေးထားနိုင်ခဲ့ခြင်းပါ။ သို့သော် အများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများနှင့် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသူအမျိုးသမီးများအတွက် ဘ၀လုံခြုံမှုကို ပေးနိုင်တဲ့ ဥပဒေမျိုးကို ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိခဲ့သည်မှာ ၀မ်းနည်းဖွယ်ရာဖြစ်ခဲ့ရခြင်းပါ။ စဉ်းစားမိသည်မှာ – ထိုအချိန်က ဥပဒေရေးဆွဲရေး ကော်မရှင်၌မြန်မာဥပဒေ ပညာရှင်များ မပါခဲ့၍လော၊ သို့မဟုတ် အခြားဘာသာဝင်အမျိုးသမီးများအတွက်မူ လုံခြုံသော ဥပဒေကို ပြဋ္ဌာန်းပေးနိုင်သော ဥပဒေရှင်များချည်း ပါဝင်နေ၍လော စဉ်းစားစရာအချက်တွေက ထောင်သောင်း မက ရှိနေခြင်းပါ။ အခြားဘာသာဝင်များအတွက် ဥပဒေပြုသူတို့၏ အမြော်အမြင်ကြီးမှုကို အသိအမှတ်ပြုပါ၏။
            အင်းစိန်သံဃာ့ညီလာခံကြီးကျင်းပသောအခါ သံဃာတော်များက တင်ပြရန် ရေးဆွဲထားသော အတည် မပြုရသေးသော ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် တိုင်းရင်းသူဗုဒ္ဓဘာသာဝင်များအတွက် လက်ထပ် ထိမ်မြား ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို သံဃာ့ညီလာခံမကျင်းပမီ (၂)ပတ်ခန့် ကြိုတင်၍ ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်တွင် တရားမ၀င် သတင်းထုတ်ပြန်ခဲ့မှုကြောင့် ထိုမျိုးစောင့်ဥပဒေအစ်ရှုးသည် ရက်အနည်းငယ် အတွင်း ကမ္ဘာ အရပ်ရပ်သို့ ပြန့်နှံ့သွားခဲ့ခြင်းပါ။ ထင်မြင်ချက်အမျိုးမျိုးနှင့် ပြောကြ၊ ရေးကြ၊ ဝေဖန်ကြနှင့် ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်မှာ ဒီအစ်ရှူးဟာ ကျယ်ကျယ်ပြန့်ပြန့်ကြီး ဖြစ်သွားခဲ့ခြင်းပါ။  
            သို့သော် ထိုဥပဒေမူကြမ်းသည် သံဃာတော်များအတည်မပြုရသေးသော မူကြမ်းဖြစ်နေသည်ကို ကမ္ဘာ့လူထုက သိရှိထားဟန်မတူပါ။ ထိုကြာင့် အသဲသဲအသန်သန် ထိုးစစ်တွေကို ဆင်လာခြင်းပါ။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံအတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို လက်ခံကြိုဆိုရမှာပါ။ သို့သော် ဒီမိုကရေစီ စနစ်ကျင့်သုံးတာက အခါလည်ကျော် လသားအရွယ်မျှသာရှိသေး၍ ပြောသူ၊ ရေးသူ၊ ဝေဖန်သူများ၌မီဒီယာ အက်သစ်ခ် အားနည်းနေသေးသည်ကို တွေ့မြင်နေရခြင်းပါ။
            ဇွန်လ(၂၇)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့တဲ့ သံဃာ့အစည်းအဝေးကြီးအပြီးမှာ ကြေညာချက်စာတမ်း ထွက်ပေါ်လာခဲ့တယ်။ ထိုကြေညာချက်စာတမ်းမှာ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်များကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား ထုတ်ဖေါ်ပြောဆိုနိုင်ခဲ့၍ ဆူညံနေသော အသံများဟာ လုံးဝနီးပါး ငြိမ်သက်သွားခဲ့တယ်။
            ထိုသံဃအစည်းအဝေးကြီး၌အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သော ကြေညာချက် စာတမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ကြေညာချက်
၁။      ။ဤအစည်းအဝေးကြီးသည် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တို့အား အမျိုး ဘာသာ သာသနာရေးကိစ္စများနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းသည်။
၂။      ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံမဖြစ်ပေါ်စေရန် ၀ိုင်းဝန်းကူညီ ဆောင်ရွက်မည်။
၃။      ။အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းရန် ဤအစည်း အဝေးကြီးမှ ထောက်ခံအတည်ပြုသည်။
၎။      ။မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဤအစည်း အဝေးကြီးသို့ တက်ရောက်တော်မူလာကြကုန်သော သံဃာ့ကိုယ်စားလှယ် ၁၅၃၀-ကျော်တို့က တညီတညွတ်တည်း ထောက်ခံအတည်ပြုသည်။
၅။      ။မြန်မာနိုင်ငံမှ သံဃာတော်အရှင်မြတ်တစ်ပါးဖြစ်သော အရှင်ဝိစိတ္တာဘိဝံသ (၀ီရသူ) ၏ ပုံနှင့် ̏THE FACE OF BUDDIST TERROR˝ – ဗုဒ္ဓဘာသာ အကြမ်းဖက်မှု မျက်နှာစာ (သို့မဟုတ်) ဗုဒ္ဓဘာသာအကြမ်းဖက်မှု ပုံသဏ္ဍာန် ဟု ဖော်ပြခဲ့သည့် ၂၀၁၃-ခုနှစ်၊ ဇူလှိုင်လ (၁) ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေခဲ့သော တိုင်းမ်မဂ္ဂဇင်း (Time Magazine) Vo-182, No, 1 ကို အပြင်းထန် ကန့်ကွက်သည်။
            အထက်၌ ဖေါ်ပြထားသော အချက်အလက်များသည် သံဃာ့အစည်းအဝေးကြီးအပြီးမှာ ပေါ်ထွက် လာခဲ့ခြင်းဖြစ်တယ်။ ထိုအစည်းအဝေးကြီးမှာပင် သံဃာတော်များက ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်း၌(အချို့အချက်အလက်များသည် သဘောထားကွဲလွဲနိုင်ဖွယ်ရှိ၍) လွတ်တော်သို့ တင်သွင်းရန် ပြင်ဆင်ထားသော ဥပဒေမူကြမ်း၌အချက်အလက်တို့ကို အနည်းငယ်ပြင်ဆင်၍ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ 
မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
ဥပဒေ (မူကြမ်း)
(၁)     ဤဥပဒေကို ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ (အရေးပေါ်)ဥပဒေ ဟု ခေါ်တွင်စေ ရမည်။
(၂)     မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးအား လွတ်လတ်စွာ ကိုးကွယ်ခွင့်ပြုသူဖြစ်ရမည်။
(၃)     လက်ထပ်မည့်ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ (သို့) အုပ်ထိန်းသူ၏စာဖြင့် တရားဝင်ခွင့်ပြုချက်ကို  လက်ခံရယူရမည်။
(၄)     အထက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ကျေးရွာ (သို့) ရပ် ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုး လက်ထပ်ရမည်။
(၅)     အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးကို (တိုင်းရင်းသူ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများပါ ပါဝင်သည်) လက်ထပ်ပေါင်းသင်းခြင်းပြုလုပ်ပါက ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့နှင့်သာ သီးခြားအရေးယူအပြစ်ပေးရမည်။
                  အမှန်တကယ်မှာမူ သံဃာတော်များသည် ဥပဒေကို ရေးဆွဲနိုင်သူများမဟုတ်ဘဲ ဥပဒေမူကြမ်းကို ဥပဒေပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီး၊ ပြည်ထောင်စုဝန်ကြီး တစ်ယောက်ယောက်ဖြင့် သို့မဟုတ် အရေးပါအရာရောက်သော ပြည်ထောင်စုဝန်ကြီးများမှတဆင့် လွှတ်တော်သို့ တင်သွားနိုင်ရန် ကြိုးစား အားထုတ်သူများသာ ဖြစ်ကြတယ်။ ဥပဒေကြောင်းဆိုင်ရာ အကျယ်မူကြမ်းကိုမူ ဥပဒေပညာရှင်များနှင့် ပြည်ထောင်စုလွတ်တော်အမတ်များက ဆက်လက်၍ ဆွေးနွေးပြီး ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အတွက် အကျိုးရှိလျှင် အတည်ပြုထောက်ခံပြီး ခိုင်မာသောဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးရန်ဖြစ်တယ်။  အကျိုးမရှိလျှင် ကန့်ကွက် ပယ်ဖျက်ကြရန်ပင်ဖြစ်တယ်။ နောက်ဆုံးအဖြေက ဒါပါပဲ။
                  အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးနှင့် ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ၊ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသူအမျိုးသမီးများအတွက် မျိုးစောင့်ဥပဒေကို သံဃာတော်များက ပါဝါသုံး၍ အတည်ပြု ပေးခြင်းမျိုးလည်း မဟုတ်ပါ။ အာဏာရှိသူများကဲ့သို့ ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခြင်းလည်းမရှိပါ။ လွတ်တော်သို့ ဦးစီးဦးဆောင်ပြု၍ တင်သွင်းသူများသာဖြစ်ကြောင်း ပြည်သူများ သိရှိနားလည်းနိုင်ကြဖို့ပါ။
                  မျိုးစောင့်ဥပဒေနှင့် စပ်လျဉ်း၍ အမြင်အမျိုးမျိုးတွေ၊ အထင်အမျိုးမျိုးတွေ ရှိခဲ့ခြင်းပါ။ သို့သော် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် သည်းခံခြင်းတရားနှင့် ခွင့်လွှတ်ခြင်းတရား ဤတရားနှစ်ပါးကို လက်ကိုင်ထား၍ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်ပါမှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း သီတဂူဆရာတော်ဘုရားကြီးက သံဃာ့ အစည်းအဝေး၌အထူးမိန့်မှာသွားတော်မူခဲ့ခြင်းကို အမှတ်ရနေမိခြင်းပါ။ ထိုအဆုံးအမကို သံဃာတော်များနှင့် ပြည်သူ၊ ပြည်သားများသည်လည်း အမြဲတစေ အမှတ်ရစေနေနိုင်ကြဖို့ပါ။
 ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။
- See more at: http://moemaka.com/archives/36658#sthash.3cXe6Jot.dpuf
တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား
တိုင်းမ် မဂ္ဂဇင်းက ဦးဝီရသူကို မျက်နှာဖုံးတင်ကာ “ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်မှုရဲ့ မျက်နှာစာ” ဟု ကင်ပွန်းတပ်လိုက်သည်။
ဇွန်လ ၁၃ ရက်နေ့တွင် သံဃာ အစည်းအဝေးတခုမှ “ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ကန့်သတ်ဥပဒေကြမ်း” တခုကို ထုတ်ပြန်ကြေညာလိုက်သည်။ အတိုကောက် “အမျိုးစောင့် ဥပဒေ” ဟု သိကြသည်။ မြန်မာနိုင်ငံ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် ဂယက်ထ၍သွားသည်။ ထောက်ခံသူကထောက်ခံ ကန့်ကွက်သူက ကန့်ကွက်။ ဖေ့စ်ဘွတ်ခ်တွေ ၀က်ဘ်ဆိုက်တွေမှာ၊ ဂျာနယ်စာမျက်နှာများပေါ်မှာ သဘောထား အမျိုးမျိုး ထုတ်ဖော်လာကြသည်။ ထိုဂယက်မှ မတည်ငြိမ်သေးခင်မှာ တိုင်းမ် မဂ္ဂဇင်းက ဦးဝီရသူကို မျက်နှာဖုံးတင်ကာ “ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်မှုရဲ့ မျက်နှာစာ” ဟု ကင်ပွန်းတပ်လိုက်သည်။ အထဲတွင်လည်း “ဗုဒ္ဓဘာသာဝင်များ ဆိုးလေသောအခါ” ဟူသောအမည်ဖြင့် ဆောင်းပါးရှည်တစောင်ရေးလိုက်ရာ ပြဿနာမှာ မီးလောင်ရာလေပင့် ဖြစ်သွားတော့သည်။
ကျနော်သည် အယူအဆရေးရာနှင့် ပတ်သက်လာလျှင် လက်ဝဲ၊ လက်ယာ မည်သည့် အစွန်းရောက်မှုမျိုးကိုမှ လက်သင့်ခံသူ မဟုတ်ပါ။ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွင် သြဇာရှိသူတဦး မဟုတ်သော်လည်း၊ အများယောင်တိုင်း လိုက်ယောင်လေ့မရှိဘဲ အရာရာကို အကောင်းဖက်မှ ရှုမြင်ကာ မျှတသောအမြင်ဖြင့် တင်ပြနိုင်ရန် ကြိုးစားလေ့ရှိပါသည်။ ဦးဝီရသူ၏ လုပ်ရပ်တချို့ကို မထောက်ခံနိုင်ပါ။ ယခု မျိုးစောင့်ဥပဒေလို ကိစ္စမျိုးမှာတော့ စေတနာလွန်ကာ တပ်ဦးကျွံနေသည် ဟုသာမြင်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို သူချစ်ခင်ကြောင်း သံသယဖြစ်စရာမလိုပါ။ အမှုကိစ္စတခုကို ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိဖို့ရန်မှာ အခြေအနေအချိန်အခါနှင့် ကိုက်ညီရုံမက အများစု ထောက်ခံမှုရရန်လည်း လိုအပ်ပါသည်။ ဒီလို (အမျိုးစောင့် ဥပဒေ) အရေးကြီးသော ကိစ္စမျိုးကို ဆောင်ရွက်မည်ဆိုလျှင်၊ ကိုယ့်ထက် သမ္ဘာရင့် ၀ါရင့်သော ဆရာတော် သမားတော်ကြီးများကို အရင်လျှောက်ထားကာ အကြံဥာဏ်ပေးမှု လမ်းညွှန်မှုကို ခံယူသင့်ပါသည်။
သစ္စာနီသည် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ် များစွာ ကိုလည်း ရေးသား ထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။
မည်သို့ဆိုစေ အင်မတန် အရှိန်အ၀ါကြီးမားကာ ကျနော် ကိုယ်တိုင် အစဉ်အဆက်လေးစား၍ အမြဲဖတ်ရှုနေရသည့် မဂ္ဂဇင်းကြီးတခုက မလျော်ကန်သော အသုံးအနှုန်းများဖြင့် စွပ်စွပ်စွဲစွဲ ရေးသားတင်ပြလိုက်ခြင်းကို နားမလည်နိုင်အောင် ဖြစ်ရပါသည်။ ဦးဝီရသူသည် အစဉ်အလာကြီးမားပြီး မြန်မာ သာသနာဝင်သမိုင်းမှာ အမည်ကြားရုံနဲ့ ဗုဒ္ဓဘာသာဝင်တိုင်း လေးစားရသော မစိုးရိမ် (မန္တလေး) တိုက်သစ်က စာချ ဆရာတော်ဖြစ်ပါသည်။ သွေးအထပ်ထပ်စွန်းနေသော ၉/၁၁ ၏ တရားခံ အကြမ်းဖက်သမား ဘင်လာဒင်နှင့် ဘယ်အချက်တွေတူလို့ နှိုင်းယှဉ်ရတာလဲ။ ထို့ပြင် ငြိမ်းချမ်းစွာ တရားတော်နဲ့ အညီ ၀ိနည်းသိက္ခာနဲ့ နေထိုင်တော်မူတဲ့ ရဟန်းသံဃာ ၅ သိန်း နဲ့ ငြိမ်းချမ်းစွာ မေတ္တာ သီလနဲ့ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင် များ အားလုံးကို ၀ါးလုံးရှည်နှင့် သိမ်းရမ်းခြင်း ဟု ခံစားမိသည်။
“ဦးဝီရသူ နေထိုင်ပြီး သွေးထိုးလှုံ့ဆော်တဲ့ တရားတွေဟောနေတဲ့မြန်မာနိုင်ငံ” … “အခြားဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေဟာလည်း နိုင်ငံရေးနဲ့ ဂိုဏ်းဂဏစွဲ အချောင်သမားဝါဒရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့ပါဘူး” ဆိုတဲ့ Hannah Beech ရဲ့ အသုံးအနှုန်းတွေက ဒီအချက်ကိုထင်ရှားစေပါသည်။ ဦးဝီရသူတို့ အုပ်စုကိုသာမက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုလည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေဖြစ်ပေါ်စေမယ့် အစွန်းရောက်ဝါဒကို ပျိုးထောင်ပေးပါတယ်”လို့ ကမ္ဘာက အထင်အမြင်လွဲအောင် သုံးသပ်ပြပြီး အစိုးရက လူမျိုးဘာသာ မခွဲခြားဘဲ အကြမ်းဖက်သူ မှန်သမျှ တားဆီး အရေးယူနေတာ၊ အထင်အရှား သတင်းထုတ်ပြန်နေတာကိုလည်း လစ်လျူရှုပြီး “သွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိန်းအကွပ် မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါသည်။
နောက်ပိုင်းမှာတော့ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်ကို ပိုပြီး သဘောပေါက်လာပါသည်။ သူက သီရိလင်္ကာနဲ့ ထိုင်းတောင် ပိုင်း အစွန်းက အဖြစ်အပျက်တွေကို ထုတ်ပြပြီး အဲဒီနေရာတွေမှာပါ လူနည်းစု မူဆလင်တွေဟာ ဖိနှိပ် ညှင်းပန်းမှုဒဏ် ခံနေရပါတယ်လို့ ရေးလိုက်သည်။ ထိုင်းတောင်ပိုင်း ပတ်တနီ၊ လာခ်မောင်း၊ နာရာသီဝက် စတဲ့ဒေသတွေဟာ မြန်မာနိုင်ငံ ဘူးသီးတောင်၊ မောင်တော အဖြစ်မျိုးနဲ့ ကြုံနေရသည်။ အဲဒီဒေသတွေမှာ မူဆလင် ၈၀ ရာခိုင်နှုန်း ရှိသည်။ အဲဒီ ဒေသမှာ ဒေသမှာ ၀န်ထမ်းတွေက ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် သူတို့တွေကို တိုက်ခိုက်ရာက ဘုန်းကြီးတွေပါ ပစ်မှတ် ဖြစ်လာသည်။ ဒါကြောင့် အစိုးရက ပြည်သူ့စစ်ဖွဲ့ပေးထားရပြီး ဘုန်းကြီးတွေ ဆွမ်းခံကြွတဲ့အခါ ဘေးက ကာကွယ် ဖို့ လိုက်လံစောင့်ရှောက်ရသည်။
အဲဒါကိုပဲ Hannah Beech က “စစ်သားတွေ ဘုန်းကြီးကျောင်းထဲ ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲ” လို့ ပုတ်ခတ်လိုက်ပြန်ပါသည်။ လာခ်မောင်း က ဘုန်းကြီးကျောင်းဝန်းထဲမှာ ကျောင်းလုံခြုံရေးအတွက် စခန်းချနေထိုင်တဲ့ စစ်သားတွေ ရှိနေတာကို ရည်ရွယ်တာပါ။ နောက် သီရိလင်္ကာနဲ့ ပတ်သက်ပြီး “သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီလ်ကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်း ပြီးတဲ့နောက် လူနည်းစုတွေဖြစ်တဲ့ မူဆလင်နဲ့ ခရစ်ယန်တွေဘက်ကို မျှားဦးလှည့်လာတယ်” လို့ ရေးလိုက်ပြန်ပါသည်။
တမီလ်ကျားသူပုန်တွေကို ရှင်းလင်းတာ အစိုးရ လက်နက်ကိုင် တပ်မတော်မှန်း တကမ္ဘာလုံးသိပါသည်။ အဲဒါကို တိုင်းမ်ရဲ့ အကြီးတန်း သတင်းထောက်ကတော့ သိဟန်မတူဘဲ “သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ရှင်းလင်းတယ်” လို့ ရေး တာလဲ အံ့သြစရာပါပဲ။ နောက်ဆုံးတော့ သူဆိုလိုချင်တဲ့ အချက်ဟာ ဘာဆိုတာ ထင်ရှားလာပါသည်။ သူ့ ဆောင်းပါး တနေရာမှာ ရေးလိုက်တဲ့ “အစွန်းရောက် ဗုဒ္ဓဘာသာဟာ အာရှရဲ့ ဒေသ အများစုမှာ ပေါ်ထွက်လာနေပါတယ်” ဆိုတဲ့ အချက် ဖြစ်ပါသည်။ အစွန်းရောက် ဘာသာတရားတခုလို့ ဗုဒ္ဓဘာသာကို ဇွတ်အတင်းဆွဲညှိလိုက်ခြင်းသာ ဖြစ်ပါတယ်။
ဂုဏ်သိက္ခာရှိတယ် လို့ ထင်ရတဲ့ Time မဂ္ဂဇင်းက ဘာကြောင့် ဒီအကြောင်းကို ရှေ့တန်းတင်ပြီး ဒီလိုအချက်အလက် မခိုင်မာ၊ အဆင့်အတန်းမရှိတဲ့ စွတ်စွဲချက်တွေ ပြည့်နှက်နေတဲ့ ဆောင်းပါးမျိုးကို အသုံးပြုခဲ့ရတာလဲ။ သေသေချာချာ မစိစစ်ဘဲ ဒီဆောင်းပါးကို ထောက်ခံတယ် ပြောနေတာဟာ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးက အကြမ်းဖက်သမားတွေပဲလို့ ၀န်ခံရာရောက်နေတယ် ဆိုတာကိုမှ သဘောပေါက်ကြရဲ့လား မသိပါ။ ဦးဝီရသူ နဲ့ ကျနော် ဘယ်လိုမှ မပတ်သက်ပါ။ သူတို့ အုပ်စုကိုလည်း အကာအကွယ်ပေးရန် ရေးခြင်းမဟုတ်ပါ။ မြန်မာတနိုင်ငံလုံးက ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ကိုယ်စား ဒီဆောင်းပါးနဲ့ တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်လိုက်ပါသည်။
တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ
ထက်နိုင်ဇော်| June 24, 2013 | Hits:9,925
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ် (ဓာတ်ပုံ – ဦးရဲထွဋ် facebook မှ)
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအား ဖော်ပြခဲ့သည်ကို သမ္မတရုံးက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်ကို မည်သည့်အတွက် ထုတ်ပြန်ရသည်၊ ကြေညာချက်သည် ဦးဝီရသူနှင့် ၉၆၉ အဖွဲ့ကို ထောက်ခံအသိမှတ် ပြု မပြု၊ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန် ရှိ မရှိတို့ကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားပါသည်။
မေး- အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို ဘာကြောင့်ကန့်ကွက်တာလဲဆိုတာ သိချင်ပါတယ်။
ဖြေ- ကျနော်တို့ ထုတ်ပြန်ချက်မှာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ ရေးသားချက်တွေဟာ ကျနော်တို့ ဗုဒ္ဓသာသနာကို နိုင်ငံတကာက အထင်အမြင် လွဲမှားစေနိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့ကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်စေနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။
မေး- တိုင်းမ်မဂ္ဂဇင်းကို အစိုးရအနေနဲ့ကန့်ကွက်လိုက်တော့ မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ဦးဝီရသူဘက်ကနေပြီးတော့ ထောက်ခံရပ်တည်တဲ့ သဘောမျိုးဖြစ်နေမလား။
ဖြေ- မဆိုင်ပါဘူးဗျ။ ရေးထားတဲ့ အထဲမှာကြည့်ရင် ဦးဝီရသူဘက်ကနေမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်။ အခြေခံဥပဒေကလည်း ကာကွယ်ထားတယ်။ ဗုဒ္ဓဘာသာဟာလည်း သိမ်မွေ့နက်နဲတဲ့ နူးညံတဲ့ ငြိမ်းချမ်းရေးကို လုပ်တဲ့ဘာသာဖြစ်တယ်။ အခုအချိန်မှာ ပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက်နေတယ်။ အခုလိုဆောင်ရွက်နေတဲ့ အချိန်မှာ ရေးသားလာတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်ပါတယ်ဗျ။
မေး- သမ္မတရုံးရဲ့ ကြေညာချက်က ၉၆၉ က ငြိမ်းချမ်းတဲ့သင်္ကေတ ဖြစ်တယ်ဆိုတာမျိုးရေးထားတော့ အစိုးရအနေနဲ့ ၉၆၉ ကို တရားဝင် အသိအမှတ်ပြုလိုက်တာလား။
ဖြေ- စာပိုဒ်ကို သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ အဲဒီစာပိုဒ်မှာက ကျနော်တို့က ပြောတာမဟုတ်ဘူး။ ဟို သံဃာ့အစည်းအဝေးကနေပြီးတော့မှ ပြောတယ်လို့ ကျနော်တို့ ပြန်ကုတ်လုပ်ထားတာပါ။ တိုင်းမ်မဂ္ဂဇင်း မူရင်းဆောင်းပါးမှာက ၉၆၉ နဲ့ပတ်သက်လို့ သူရေးထားတာတွေရှိတယ်။ ဒါကြောင့်မိုလို့ ၉၆၉ အမှတ်တံဆိပ်ကို အလွဲသုံးတဲ့လူ ရှိရင်ရှိမယ်။ သို့သော် မူလဆရာတော်တွေကတော့ ဒီလိုပြောထားပါတယ်ဆိုတာကို ပြန်ကုတ်လုပ်ထားတာပါ။ခင်ဗျား သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။
မေး- ဆိုတော့ အစိုးရအနေနဲ့ ၉၆၉ ကို အသိအမှတ်မပြုသေးဘူးလို့ ပြောချင်တာလား။
ဖြေ- ကျနော်တို့က ၉၆၉ တံဆိပ်ရှိနေတယ်။ ၉၆၉ နဲ့တံဆိပ်နဲ့ ပတ်သက်လို့ ဆောင်းပါးမှာ ရေးတဲ့ဟာတွေက မူလလူတွေက ကာယကံရှင်တွေက ပြောထားတာ တစ်မျိုးဖြစ်တယ်ဆိုတာ ကျနော်တို့ပြန်ထောက်ပြတာပဲ ရှိပါတယ်။
မေး- အခု ၉၆၉ နဲ့ ဦးဝီရသူတို့ လုပ်နေတဲ့ မျိုးစောင့် ဥပဒေဆိုတာကိုရော သိလား။ အစိုးရက ဘယ်လိုသဘောထားလဲမသိဘူး။
ဖြေ- ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါတွေက တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ နိုင်ငံသားများရဲ့ ရပိုင်ခွင့်အတိုင်းပဲ သူတို့ရဲ့သဘောထားကို သူတို့ ဖော်ထုတ်ပြောဆိုနေတာပဲလေ။ အမျိုးစောင့်ဥပဒေတင် မဟုတ်ဘူး။ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့လည်း အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေက ဆန္ဒဖော်ထုတ်နေကြတာလည်း ရှိပါတယ်။ ကျနော်တို့က အဲသလိုပဲ သဘောထားပါတယ်။
မေး- အစိုးရအနေနဲ့ ဘာသာရေး လူမျိုးရေး ခွဲခြားနှိမ့်ချမှုတွေကို ဆန့်ကျင်ထိန်းချုပ်ဖို့ တားဆီးကာကွယ်ပေးဖို့ အစီအစဉ် ရှိပါသလား။
ဖြေ- ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၆၄ မှာ အတိအကျ ဖော်ပြထားပြီးပြီပဲ။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို လက်မခံဘူးဆိုတဲ့ အကြောင်းလေ။ ဘာသာတရားတိုင်းကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပြီးပြီပေါ့ဗျာ။
မေး- အခုလို အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို တရားဝင်ကန့်ကွက်လိုက်ပြီဆိုတော့ ပြည်တွင်းမှာ တရားဝင်ထုတ်ဝေခွင့် ပိတ်ပင်မှာလား။
ဖြေ- ကျနော်တို့က နံပါတ် ၁ ကတော့ ဆောင်းပါးနဲ့ ပတ်သက်လို့ ပြောတာပေါ့နော်။ ဆောင်းပါးပါတဲ့ မဂ္ဂဇင်း Issue ကိုတော့ သာသနာရေး ၀န်ကြီးဋ္ဌာနရဲ့ သဘောထားအမြင်ကိုလဲ တောင်းထားပါတယ်။
မေး- ဒါဆို တိုင်းမ်းမဂ္ဂဇင်းကို ပိတ်သင့် မပိတ်သင့်ကို သာသနာရေး ၀န်ကြီးဋ္ဌာနရဲ့ သဘောထား အကြံပြုချက်အပေါ်မှာ စဉ်းစားမှာပေါ့။
ဖြေ- မှန်ပါတယ်။
မေး- တိုင်းမဂ္ဂဇင်းကို ကန့်ကွက်ကြောင်း အစိုးရထုတ်ပြန်ချက်က အင်္ဂလိပ်လို့ ဘာလို့ မထုတ်တာလဲ။
ဖြေ- မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားက မြန်မာစကားကိုး။
မေး- ထုတ်ပြန်ချက်မှာလည်း ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုတယ်လို့ ရေးထားပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ အခုဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေမှာ ဘယ်ဘက်မှ မလိုက်ဘဲနဲ့ ကြားမှာရပ်တယ်ဆိုတဲ့ အနေအထားမျိုး ပြသနိုင်အောင် ဘာလုပ်မလဲ။
ဖြေ- သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလဲ အကြိမ်ကြိမ်ပြောပြီးပါပြီ။ ကျနော်တို့ နိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပါတယ်။ လူတိုင်းဟာ ဥပဒေနဲ့အညီ မိမိချစ်ခင်မြတ်နိုးတဲ့ ဘာသာတရားကို ကျင့်သုံးခွင့်ရှိတယ်။ ဘာသာကို ကိုးကွယ်ခွင့်ရှိတယ်။ တခြားဘာသာကိုသွားပြီးတော့ အကြမ်းဖက်ဆက်ဆံတာမျိုးကိုလည်း ကျနော်တို့က လက်ခံမှာမဟုတ်ပါဘူး။ သမ္မတကြီးလည်း ဒီအကြောင်းကို မိန့်ခွန်းအကြိမ်ကြိမ် ပြောပြီးသလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရေးဖော်ပြထားပြီး ဖြစ်ပါတယ်။
မေး- ဘာသာရေးဆိုတာ ထိလွယ်ရှလွယ်တော့ ဘယ်လိုအခြေအနေမျိုးမှာ အကြမ်းဖက်မှုလို့ သတ်မှတ်ပြီး ဘယ်လို အရေးယူမလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ ရှိပါသလား။
ဖြေ- အခုလို နားလည်မှု တည်ဆောက်နေတဲ့အချိန်မှာ Social မီဒီယာတွေမှာလည်း အပြန်အလှန် ပုတ်ခတ်ရေးသားနေကြတယ်။ ဘာပဲပြောပြော Tension မြင့်သွားနိုင်တဲ့ အခြေအနေမိုလို့ ဒီလိုသိမ်မွေ့တဲ့ ကိစ္စမျိုးကို တစ်ဖက်သတ်မရေးဖို့ လိုတယ်ဆိုတဲ့အကြောင်း ကန့်ကွက်ရခြင်းဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ သည် အစွန်းရောက်ဝါဒ မဟုတ်
 June 25, 2013
 Home, ဆောင်းပါး
၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၁)ရက်ထုတ် TIME Magazine တွင် Hannah Beech ရေးသားသည့် When Buddhist Go Bad ဆောင်းပါးတွင် ရေးသားထားသည့် ဗုဒ္ဓ ဘာသာဝင်များနှင့် ပတ်သက်သည့် အ ကြောင်းအရာများကို တုံ့ပြန်ရေးသား ခြင်းဖြစ်ပါသည်။
Hannah Beech  ရေးတဲ့ဆောင်းပါး ခေါင်းစဉ်ကို မြန်မာလိုဘာသာပြန်ကြည့် မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ ဆိုးသော အခါ၊ ဗုဒ္ဓဘာသာဝင်တို့ မကောင်းသော အခါဟူ၍အဓိပ္ပာယ်ရသည်။ ဗုဒ္ဓဘာသာ ၀င်များ ဆိုးသည့်အခါ၊ မကောင်းသည့် အခါလူသတ်သည့်သဘောရေးသားထား သည်ကိုတွေ့ရသည်။
အထူးသဖြင့် ဆောင်းပါးရှင်သည် Buddhist blood is boiling in Burma, also known as Myanmar လို့ရေးသား ထားသည်။ မြန်မာဟုသိသည့် ဗမာနိုင်ငံ တွင်ရှိသည့် ဗုဒ္ဓဘာသာဝင်များသည် သွေးဆူနေကြသည်ဟု ရေးသားထား သည်။
I and plenty of Muslim blood is spilled များစွာသော မူဆလင်သွေးများ မြေခခဲ့ရသည်ဟု ရေးသားဖော်ပြထား သည်။ ထို့အတူ Radical Buddhism is thriving in other parts of Asia. အာရှရဲ့ အစွန်းရောက် ဗုဒ္ဓ၀ါဒသည် အာရှဒေသ များတွင် တိုးတက်ပေါ်ထွက်နေသည်ဟု ရေးသားထားပြန်သည်။ ဘာသာတရား ကို အခြေခံ၍ ရန်တိုက်ပေးထားသည်။
အထူးသဖြင့် ယင်း TIME Magazine အဖုံးတွင် ဗုဒ္ဓဘာသာမြန်မာရဟန်း တော်၏မျက်နှာတော်ပုံဖြင့် THE FACE OF BUDDHIST TERROR အလွန့် အလွန်ထိတ်လန့်ကြောက်ရွံ့ဖွယ် ဗုဒ္ဓဘာ သာဝင်ရဟန်းတော်မျက်နှာဟု လွန်လွန် ကျူးကျူးရေးသားထားသဖြင့် မြန်မာဗုဒ္ဓ ဘာသာဝင်ရဟန်းတော်များအဖို့ စိုးရိမ် ဖွယ်ကောင်းလှသည်။ ယင်းပုံမှာ ဆရာ တော် ဦးဝီရသူကို ရည်ညွှန်းသော်လည်း မြန်မာဗုဒ္ဓဘာသာရဟန်းတော်များကို ကိုယ်စားပြုနေသည်။
Hannah Beech  သည် ဗုဒ္ဓဘာသာ  ကိုထဲထဲဝင်ဝင် မလေ့လာဘဲ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်များ ကိုအကြမ်းဖက်သမားများ၊အစွန်းရောက် သမားများအဖြစ် ပုတ်ခတ်စွပ်စွဲရေးသား ထားသည်။
မြန်မာဗုဒ္ဓဘာသာရဟန်းတော်များ တွင် (၂၂၇) သွယ်သော ၀ိနည်းသိက္ခာ ပုဒ်များစောင့်ထိန်းလိုက်နာရသကဲ့သို့ ဗုဒ္ဓ ဘာသာဝင်များအနေဖြင့် အခြေခံသီလ များဖြစ်သည့် (၅) ပါးသီလကို စောင့်ထိန်း ကြရသည်။
မြန်မာဗုဒ္ဓဘာသာရဟန်းတော်တစ် ပါးသည် သူတစ်ပါး၏ အသက်ကို သတ် ဖြတ်မိပါက ပါရာဇိက ကျသည်။ ရဟန်း အဖြစ်မှအလိုအလျောက်ပျက်ပြယ်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် သူတစ်ပါး၏ အသက်ကို သတ်မိပါက ပါဏာတိပါတ ကံထိုက်သည်။
သူတစ်ပါးအသက်မှာ လူပုဂ်္ဂိုလ်သာ မဟုတ်။ ဝေနေယျသတ္တ၀ါများ ပါဝင် သည်။ ဤမျှတင်းကြပ်သော ၀ိနည်း သိက္ခာပုဒ်နှင့် သီလစောင့်ထိန်းမှုတို့ ကြောင့် မြန်မာဗုဒ္ဓဘာသာရဟန်းတော် များနှင့် ဗုဒ္ဓဘာသာဝင်များမှာ အကြမ်း ဖက်သမား၊ အစွန်းရောက်ဝါဒီများ မဖြစ်  နိုင်ပေ။ ယဉ်ကျေးသိမ်မွေ့သူများသာ ဖြစ်သည်။
Only when one accepts this view of volitional action and its result one becomes a Buddhist  ဆိုသကဲ့ သို့ ကံယ ကံ၏ အကျိုးကို ယုံကြည်မှ ဗုဒ္ဓ ဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။
သို့အတွက်ဗုဒ္ဓဘာသာဝင်တစ်ယောက် သည် ကံသုံးပါးဖြစ်သည့် ကာယကံ (Physical Action)၊ ၀စီကံ  (Verbal Action) နှင့် မနောကံ (Mental Action) တို့ကို စောင့်ထိန်းကြရသည်။
မြန်မာဗုဒ္ဓဘာသာဝင်များသည် ““ကောင်းသည့်အလုပ်လုပ်လျှင် ကောင်း ကျိုးဖြစ်ထွန်းမည်။ မကောင်းသည့်အလုပ် လုပ်လျှင် မကောင်းကျိုးဖြစ်ထွန်းမည်”” ဟု နားလည်လက်ခံယုံကြည်ကြသည်။ Right perception of phenomena is the cause leading to acquirement ဆို သည့် သင့်တင့်မှန်ကန်စွာနှလုံးသွင်းခြင်း သည် ကောင်းမှုကုသိုလ်ဖြစ်ခြင်း၏ အကြောင်းတရားဟု နားလည်လက်ခံကြ သည်။ ယင်းကို ““ယောနိသော မနသိကာ ရ”” (Right Perception) ဟု ခေါ်သည်။ သင့်တင့်မှန်ကန်စွာနှလုံးသွင်းခြင်း(Proper attention) ကို လက်ခံကြသည်။
အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာဝင် များသည် To purity the mind ဆိုသည့် စိတ်ကို ဖြူစင်အောင်ထားသည်။ To refrain from all evil ဆိုသည့်မကောင်းမှု၊ အကုသိုလ်မှန်သမျှကို ရှောင်ကြဉ်သည်။ To do what is good ဆိုသည့် ကောင်းမှု ကုသိုလ်မှန်သမျှ လုပ်ကြသည်။
ကုသိုလ်ကောင်းမှု (Whole some deed) နှင့် မကောင်းမှုအကုသိုလ် (Unwhole some deed) တို့ကို ခွဲခြားသိ ကြသည်။ ကောင်းမှုကုသိုလ်နှင့်မကောင်း မှုအကုသိုလ်ကို ခွဲခြားသိနိုင်ရန် ဗုဒ္ဓ၏ ဟောကြားချက်များ (The discourses of Buddha) နှင့် ဗုဒ္ဓ၏သွန်သင်ဆုံးမချက် များ (The teachings of the Buddha) ကို ဗုဒ္ဓဘာသာရဟန်းတော်များထံမှ လေ့လာရသည်။ သင်ယူရသည်။
ကောင်းမှုကုသိုလ်ဖြစ်စေ၊ မကောင်း မှုအကုသိုလ်ဖြစ်စေလုပ်သည့်အခါ စေတ နာသည်အရင်းခံဖြစ်၍ စေတနာကို ကံ ဟု ဗုဒ္ဓကဟောကြားခဲ့သည်။
ကံ (Action) သို့မဟုတ် စေတနာ (Volition) တွင် ကုသလကမ္မအကျိုးစီး ပွားကိုဖြစ်စေသည့် ကုသိုလ်ကံ  (Action which of destroys the unbeneficial and produces the beneficial) နှင့် အကု သလကမ္မအကျိုးမဲ့ကို ဖြစ်စေတတ်သည့် အကုသိုလ် (Action which of destroy the beneficial and produces the beneficial) နှစ်မျိုးစလုံးကို ဖြစ်စေနိုင်သည်။ မြန်မာဗုဒ်္ဓဘာသာဝင်များသည် အကုသ လကမ္မ- အကျိုးစီးပွားကိုဖြစ်စေသည့် ကုသိုလ်ကံကိုသာ လုပ်ကြသည်။ အကု သလကမ္မ- အကျိုးမဲ့ကိုဖြစ်စေသည့် အကုသိုလ်ကံကို ရှောင်ရှားကြသည်။
ကံယ ကံ၏အကျိုးကို ယုံကြည်လက် ခံသော ဗုဒ္ဓဘာသာဝင်များသည်အကြမ်း ဖက်သမားများ မဟုတ်သကဲ့သို့ အစွန်း ရောက်သမားများ မဟုတ်ပေ။
မြန်မာဗုဒ္ဓဘာသာဝင်တိုင်းသည် ကမ္မဿကတာ သမ္မာဒိဋ္ဌိ (Inherutance of volitional action) လက်ခံသည်။ စေတနာကြောင့်ဖြစ်ပေါ်သည့် ကံအကျိုး ပေးကို နားလည်သည်။ ယုံကြည်ကြသူ များဖြစ်သည်။
ထို့အတူမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ်္မစိုရ်တရားလေးပါး ကိုလည်း ကျင့်ကြံအားထုတ်ကြသူများ လည်းဖြစ်သည်။ အထူးသဖြင့် ဥပေက္ခာ (Detachment or Indifference) ဆိုသည့် အာရုံနှင့် အရသာကို ခံစားရာမှဖြစ်သည့် ချမ်းသာသုခနှင့် ဆင်းရဲသည့်ဒုက္ခများကို လျစ်လျူရှုနိုင်ရန် ကြိုးစားကျင့်ကြံသူ များသာဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟချုပ်ငြိမ်းစေရန် ပွားများအားထုတ် ကျင့်ကြံနေသူများဖြစ်သည်။
ယင်းအတွက် ဗုဒ္ဓဘာသာဝင်များ သည် အစွန်းရောက်ဝါဒသမားများလုံးဝ မဟုတ်သည်မှာ သေချာသည်။ ဗုဒ္ဓဘာ သာသည် အစွန်းရောက်ဝါဒကို ငြင်းပယ် သည်။ ကန့်ကွက်သည်။
မြန်မာဗုဒ္ဓဘာသာဝင်အားလုံး၏ ပန်းတိုင်ဖြစ်သည့် ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ရှိစေရန် အလယ်အ လတ်ကျင့်စဉ်ကို ကျင့်ကြသည်။ မဇ္ဈိမ ပဋိပဋာ  (Middle Way) အကျင့်ကို ဖြစ် ထွန်းစေသည့် မဂ္ဂင်ရှစ်ပါးဖြစ်သည့်-
၁။ မှန်စွာသိမြင်ခြင်း
၂။ မှန်စွာကြံစည်ခြင်း
၃။ မှန်စွာပြောဆိုခြင်း
၎။ မှန်စွာပြုလုပ်ခြင်း
၅။ မှန်စွာအသက်မွေးခြင်း
၆။ မှန်စွာအားထုတ်ခြင်း
၇။ မှန်စွာအောက်မေ့အမှတ်ရခြင်း
၈။ မှန်စွာတည်ကြည်ခြင်း တို့ကိုနားလည် သည်။ သဘောပေါက်သည်။ ကျင့်ကြံ အားထုတ်ကြသူများဖြစ်သည်။
အစွန်းနှစ်ဖက်လွတ်သည့် မဇ္ဈိမပဋိ ပဋာ(Middle way) အလယ်အလတ်အ ကျင့်နှင့် သစ္စာတရားလေးပါးကိုသိမှ ကျင့်မှ ဗုဒ္ဓဘာသာဝင်တိုင်း၏ ဘ၀ပန်း တိုင်ဖြစ်သည့် ဆင်းရဲချုပ်ငြိမ်းရာနိဗ္ဗာန် ကို ရောက်ရှိမည်ဟု ယုံကြည်လက်ခံကြ သည်။ တဏှာ (Attachment) မှ အကြွင်း မဲ့စွန့်လွှတ်ခြင်း၊ တဏှာမှ လွတ်မြောက် သည့် (The total cessation of craving) နိဗ္ဗာန်ကို အန်္တိမ ရည်မှန်းချက်ထား သူများဖြစ်ကြသည်။
သို့အတွက် ဗုဒ္ဓဘာသာသည် အစွန်းရောက်ဝါဒမဟုတ်ပေ။ မဇ္ဈိမ ပဋိပဋာ ကျင့်စဉ်ဖြစ်သည့် အစွန်းတရား နှစ်ပါးမှလွတ်ကင်းသည့် အလယ် အလတ် ကျင့်စဉ်သာဖြစ်ပေသည်။
ကိုးကွယ်ခြင်း – ကာကွယ်ခြင်း နှင့်- ချုပ်ချယ်ခြင်း(Faith, protection, and restriction)
June 25, 2013
Home, ဆောင်းပါး
အနောက်တိုင်းအသုံးအနှုံးတွင်“ငရဲသို့ သွားရာလမ်းကိုရည်ရွယ်ချက်ကောင်းဖြင့်ဖေါက်လုပ်ထားခြင်းဖြစ်သည်”
-        မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း)
(၁) ဤဥပဒေကိုဗုဒ္ဓဘာသာအမျိုးသမီးများလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ(အရေးပေါ်)ဥပဒေဟု ခေါ်တွင် စေရမည်။
(၂) မည်သူမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကိုလက်ထပ်မည့်သူသည်တရားဝင်ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်။
(၃) ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါကဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်ရရှိထားသူဖြစ်ရမည်။
(၄) ထို့အပြင် လက်ထပ်မည့်ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ(သို့)အုပ်ထိန်းသူ၏စာဖြင့် တရားဝင်ခွင့်ပြုချက် လက်ခံရယူရမည်။
(၅) အထက်ပါသတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ကျေးရွာ(သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင်လက်မှတ်ရေးထိုးလက်ထပ်ရမည်။
(၆) အထက်ပါဥပဒေပြဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်ခြင်း ပေါင်းသင်းခြင်း ပြုလုပ်ပါကထိုသူကို ထောင်ဒဏ်(၁၀)နှစ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရ မည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ထိုဗုဒ္ဓဘာသာဝင်အမျိုးသမီးအားပေးရမည်။
(၇) ၎င်းအပြင်ကျူးလွန်သူအပေါ်ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်း ဆိုင်ရာ ပြစ်မှု ပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာ ပုဒ်မတို့နှင့်ပါသီးခြားအရေးယူအပြစ်ပေးရမည်။
(၈) ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ် ၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာဓလေ့ထုံးတမ်းဥပဒေအသစ် ရေးဆွဲပြဌာန်းပြီးသည်အထိ ရုပ်သိမ်းထားရမည်။
(၉) ဤအရေးပေါ်ဥပဒေကို ( ) ပြဌာန်းအတည်ပြုပြီး ချက်ချင်းအာဏာတည်စေရမည်။
(Credit Mayzin Minnkhin)
ဤစာသွားအတိုင်းအတည်ပြုဖြစ်ပါကအတော်ပြင်းထန်မည့်ဥပဒေ (stringent law) ဖြစ်လာပေမည်။ မိဘ အုပ်ထိမ်းသူသဘောတူမှဆိုသောအချက်အမျိုးသမီးများ၏လွပ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကိုချုပ်ချယ်ရာရောက် နေသည်။ Paternalistic, authoritarian view ဖြစ်နေသည်။ မကောင်းဘူးဟုဆိုလိုတာမဟုတ်သော်လည်း ဤအမြင်အရဆောင်ရွက်ခြင်းမျိုးနည်းနိုင်သမျှနည်းလေကောင်းလေဖြစ်ပါသည်။  ထို့ အတူဗုဒ္ဓဘာသာအမျိုးသမီးကိုလက်ထပ်လိုလျှင်ဘာသာပြောင်း၍ဗုဒ္ဓဘာသာထည်းသို့ ဝင်ရမည်ဆိုလျှင်
၁ – မြန်မာနိုင်ငံ၌ဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုဆက်လက်တည်တန့် ရေးမပျောက်ပျက်ရေး (Survival of Buddhist faith and Buddhist culture) သည်အမျိုးသားရေးအလုပ်ဖြစ်သည်။ထိုအချက်ကိုနိုင်ငံတော်က ဥပဒေတရပ်ပြဌန်းကာကွယ်ပေးသင့်သည်။
၃ – ဥပဒေဆိုသော်လည်းသဘာဝအားဖြင့်ဆိုရှယ်ပေါ်လစီ (Social policy) တစ်ခုကိုအကောင်အထည်ဖေါ် ခြင်းဖြစ်ရာယခုလှုပ်ရှားမှုသည်ဥပဒေပြုရေး (legislation) သာမကအခြားနည်များဖြစ်သောလူမှုရေးအရ ဖြောင့်ဖြခြင်း -ပညာပေးခြင်း – စီးပွားရေးအရကူညီခြင်းအားဖြင့်ပို၍များများလုပ်ရမည်။
၎- စကားလုံးရွေးချယ်မှုကိုအထူးဂရုစိုက်သင့်သည် ။ မရည်ရွယ်သော်လည်းတစ်စုံတစ်ယောက်ကိုတစ်ဘက် ကိုထိုးနှက်သလိုဖြစ်နေသောပြင်းထန်သောအသုံးအနှုံးများကိုအတတ်နိုင်ဆုံးရှောင်ရှားပါ။ (ဥပမာ “မျိုးစောင့်” ဟူသောအသုံးအနှုံး)။ ဥပမာ ‘ဘာသာခြားယောက်ကျားမိမ္မများလက်ထပ်ခြင်းဆိုင်ရာဥပဒေ’ (interfaith marriages act) လောက်ဆိုလျှင်တော်လောက်ပါပြီ၊ ရည်ရွယ်ချက်ပြည့်သည်ဟုထင်ပါသည်။ (Offensive language must be avoided to the most possible extent.)
၅- ရှိနှင့်ပြီးသော ၁၉၅၄ ခုနှစ်ဗုဒ္ဓဘာသာမိမ္မများအထူးထိမ်းမြားခြင်းနှင့်အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေ
(1954 Buddhist Women Special Marriage Act) ကိုဖျက်သိမ်းရန်မတောင်းဆိုသင့်။
၆- နိုင်ငံသားအားလုံးအတွက်တလင်တမယားစံနစ် (monogamy) ကျင့်သုံးရေးကိုမဖြစ်မနေအကောင် အထည်ဖေါ်ရမည်။ (ဤအချက်ကိုအစိုးရအာဏာဖြင့်ထိရောက်စွာအကောင်အထည်ဖေါ်ပေးရန်။)
၇- နိုင်ငံသားမိသားစုတိုင်းခလေး ၂ယောက်ပေါ်လစီကိုတစ်နိုင်ငံလုံးအတွက်ပြဌန်းရန်  (အရွယ်မရောက်မီ ပျက်စီးဆုံးပါးသွားသောသားသမီးများအတွက်အစားထပ်ယူခွင့်။ သား -၁/သမီး -၁ အစုံလိုက်မရသေးပါက ရသည်အထိသားသမီးဆက်၍ယူခွင့်ပြုရမည်။)
၉- ဗုဒ္ဓဘာသာဝင်မိမ္မကဘာသာခြားခင်ပွန်းတို့ ကနှင့်မွေးသောခလေးများ၏ဘာသာကိုးကွယ်မှုသည်ဥပဒေအရ ထိုခလေးများအရွယ်ရောက်ချိန် (၁၈ နှစ်ပြည့်၍မဲပေးချိန်) ၌သူတို့ ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်အရသာအတည်ဖြစ် စေရမည်။ (မွေးဖွားချိန်၌ မိဘကသွပ်သွင်းခြင်းအတည်မဖြစ်စေရ။ သို့ သော်ခလေးများအားနှစ်ဘက်မိဘများ၏ ဘာသာရေးသင်ကြားမှု – Indoctrination ကိုခွင့်ပြုရမည်။) [ဒုတိယအရေးအကြီးဆုံးအချက်]
တည့်တည့်ပြောရလျှင်ဆရာတော်သံဃာတော်တို့ ၏ရည်ရွယ်ချက်သည်အစ္စလမ်ဘာသာဝင်များနှင့်အိမ်ထောင်
ပြုကြသောမြန်မာဗုဒ္ဓဘာသမိန်းခလေးများအိမ်ထောင်ရေးမှတဆင့်ဘာသာကူးပြောင်းသွားပြီးတဖြည်းဖြည်းနှင့်မူဆလင်ဦးရေတိုးပွားလာကာဗုဒ္ဓဘာသာနိုင်ငံအဖြစ်မှမူဆလင်နိုင်ငံအဖြစ်သို့ ပြောင်းသွားမည့်အရေးကိုကာကွယ် ရန်သာဖြစ်သည်။ မြန်မာအမျိုးသမီးများ၏လွပ်လပ်စွာအိမ်ထောင်ဘက်ရွေးချယ်မှုကိုချုပ်ချယ်လိုသည့်သဘော မဟုတ်။ မရည်ရွယ်ဘဲဤသဘောသက်ရောက်နေလျှင်သက်ရောက်နေသည့်အပိုင်းကိုပြန်၍သုံးသပ်သင့်သည်။
ဤသို့ ဥပဒေပြုရာတွင်အစ္စလမ်မဟုတ်သောအခြားလူနည်းစုဘာသာဝင်များ(ခရစ်ယန်)ကလည်းဗုဒ္ဓဘာသာ လူများစု၏ဘာသာရေးလှုပ်ရှားမှုကမိမိတို့ ကိုပါထိမည်ကိုစိုးရိမ်လာကြနိုင်သည်။ မြန်မာခရစ်ယန်လူနည်းစုက ‘ဒို့ ကလူဦးရေပိုနည်းသည်အစ္စလမ်ပြီးလျှင်ဒို့ အလှည့်ဖြစ်နိုင်တယ်’ဟုတွက်သွားလျှင်အမျိုးသားညီညွတ်ရေးကိုထိခိုက်နိုင်သည်။
ထို့ ကြောင့်ကျနော်တို့ ဘက်ကလုပ်ပုံကိုင်ပုံနေရာမကျလျှင်သူတို့ ၏ဘာသာရေးလွပ်လပ်ခွင့်ပါထိခိုက်လာမည်ကိုစိုးရိမ်သဖြင့်လူများစုကိုမထောက်ခံဘဲဘ၀တူလူနည်းစုချင်းကျောချင်းကပ်သွားနိုင်သည်။ နိုင်ငံတကာပရိ ဿတ်ထင်မြင်ချက် (international public opinion) ဟူသည်လူနည်းစုဘက်ကအမြဲမှန်သည်ဟုယူဆလေ့
ရှိပါသည်။
လောလောဆယ်အနေကိုပြောရလျှင်ဘာသာခြားနှင့်အိမ်ထောင်ရေးတွင်ဗုဒ္ဓဘာသာဘက်ကနစ်နာနေသည်ဟုကျနော်ယူဆသည်။ ထို့ ကြောင့်အနာဂါတ်ဘာသာရေးပဋိပက္ခများကြောင့် “သူမသာ-ကိုယ်မသာ” ဆက်မဖြစ် ကြရအောင် ‘သူမနာ-ကိုယ်မနာ’ ဖြေရှင်းချက်ကိုထင်ဟပ်နေသည့်ဥပဒေတစ်ခုခုချမှတ်တာမျိုးဖြစ်သင့်ပါသည်။
ဤတွင်သူမနာ-ကိုယ်မနာဖြစ်ရေးသည်နိုင်ငံသားအားလုံးသည်တန်းတူကြသည်ဟုလက်ခံမှဖြစ်မည်။
“ဧည့်သည်-အိမ်ရှင်” အယူအဆနှင့်ပါတ်သက်၍ကျနော့်အမြင်တွင်နိုင်ငံသားအားလုံးသည်အိမ်ရှင်တွေ ဖြစ်ကြသည်။ နိုင်ငံသားတစ်စုံတစ်ယောက်ကိုဧည့်သည်အဖြစ်သာသဘောထားလျှင်သူ့ ထံမှဤအိမ် အပေါ်သစ္စာစောင့်သိမှုကိုတောင်းခံ၍မဖြစ်နိုင်ပါ။ မည်သူမဆိုကိုယ့်အိမ်ဖြစ်ပါမှကိုယ်စောင့်ရှောက်လိမ့်မည်။ ဧည့်သည်မျှသာဆိုလျှင်ဤအိမ်ကြီးဘာဖြစ်ဖြစ်ဂရုစိုက်စရာမလို။ ထို့ ထက်မကဤအိမ်ကြီးကိုမိမိပိုင်ဖြစ်အောင် ကြံစည်ကျိုးစားလာလိမ့်မည်။
ဤအချက်များကို“ဘုန်းကြီးတွေကိုဆရာလုပ်သည်”ဟုမထင်စေလိုဘဲစေတနာဖြင့်လျှောက်ထားတင်ပြပါသည်။
နောက်ဆုံးပိတ်တင်ပြလိုသည်မှာပရိယယ်ခဏ်းဖြစ်ပါသည်။ မျိုးစောင့်ဥပဒေကိုဆန့် ကျင်နေသူတွေက လူ့  အခွင့်အရေး argument ကိုအဓိကအားကိုးကြသည်။တကမ္ဘာလုံးတွင်လူတိုင်းကယူသုံးနေကြသဖြင့် cliché  ဖြစ်နေသော်လည်းအသုံးများနေသောခေတ်(gaining currency) တွင်လူ့ အခွင့်အရေးကိုလုံးဝလက်မခံ၊ ဂရု မစိုက်ဘူးပြောလျှင်ကျနော်တို့ တတွေ oxymoron  ဖြစ်ကုန်လိမ့်မည်။ ထို့ ကြောင့်လူ့ အခွင့်အရေးကိုလက်မခံ ဘူးဟုနှုတ်ကထုတ်ဖေါ်၍ထိပ်တိုက်သဘောမပြောသင့်။ပြောလျှင်တဘက်အတွက်အထောက်အထားရသွားစေသည်။
သို့ သော်အမျိုးသားရေးအကျိုးစီးပွားအရလက်တွေ့ မှာလသ်လျူရှု၍နေနိုင်ပါသည်။ တစ်ကမ္ဘာလုံးဒီအတိုင်းဘဲ လုပ်နေကြသည်။ [အမျိုးသားရေး (Nationalist cause) ထက်ဘာမှပို၍အရေးတကြီးမထားကြပါ။] ကိုယ်ကျိုးစီး ပွားနှင့်ငြိလာသောအခါနိုင်ငံတိုင်းချိုးဖေါက်နေကြသဖြင့်ဘယ်သူကဘယ်သူ့ ကိုမှထိထိရောက်ရောက်အရေးယူ နိုင်ပါ။ နိုင်ငံတီုင်းတွင်လူ့ အခွင့်အရေးကိုကိုးကွယ်နေသူတွေသာအရူးဖြစ်ကျန်ရစ်ကြသည်။
သို့ သော်လူ့ အခွင့်အရေးဟူသည်အပြည်ပြည်ဆိုင်ရာစံ (criteria) ဖြစ်နေသည်။ စံအဖြစ်နှင့်ကားရှိသင့်သည်။  ဆိုလိုသည်မှာပြန်၍နှုတ်လှန်ထိုး၍ထိပ်တိုက်တွေ့ မနေဘဲကိုယ်တိုင်းပြည်အတွင်လုပ်သင့်ရာကိုလုပ်နေကြသည် ချည်းဖြစ်ရာမြန်မာနိုင်ငံကလည်းလုပ်နိုင်သည်။ သို့ သော်လူ့ အခွင့် အရေးဆိုတာကိုဂရုစိုက်စရာမလိုဘူးဟု ထုတ်ဖေါ်ပြောဆိုနေခြင်းကားမပြုသင့်ဟုယူဆပါသည်။
မြန်မာနိုင်ငံမှာ ရူဟင်ဂျာမရှိကြောင်း ဦးရွှေမန်းပြော
 ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ နေထိုင်သူတွေဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ်လို့ ပြောဆိုပေမယ့် မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ ရိုဟင်ဂျာဆိုတာမရှိဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ဝုဒရိုး ဝီလဆင် စင်တာ(Woodrow Wilson Center)မှာ မနေ့ကကျင်းပတဲ့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေအပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့အမြင် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲအပြီးမှာ လွှတ်တော်ထဲက ဘူးသီးတောင်၊ မောင်တောဒေသကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘင်္ဂလီလား၊ ရိုဟင်ဂျာလား ဆိုတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားလိုက်တာပါ။
"ဥပဒေထဲမှာနဲ့ သမိုင်းအစဉ်အလာမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ပါဘူး၊ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်၌က ဒီမှာလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရိုဟင်ဂျာလို့မသုံးပါဘူး၊ သူတို့ကို မြန်မာတစ်ယောက်အနေနဲ့ပဲ ဒီလိုပဲသုံးနှုန်းပါတယ်"
ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို ပိတ်ပင်တားမြစ်ထားတယ်လို့ ပြည်သူ့လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ မေးမြန်းချက်နဲ့ ပတ်သက်လို့ သူရ ဦးရွှေမန်းက ဆွေးနွေးပွဲမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ကိုးကွယ်တဲ့အယူဝါဒအရ ခွဲခြားမှုမပြုရဘူးလို့ ဒီလိုပဲပြဌာန်းထားပါတယ်၊ ထိုနည်းတူစွာပဲ နိုင်ငံသားများရဲ့ အခွင့်အရေးကိုလည်း ပြည့်ဝစွာပေးရမယ်လို့ ပြဌာန်းထားတာရှိပါတယ်၊ ဒါကြောင့် ရိုဟင်ဂျာ ခေါ်ခေါ် ဘင်္ဂါလီ ခေါ်ခေါ်သို့မဟုတ်ရှိရင် ကိုးကွယ်တဲ့အယူဝါဒအပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မွတ်စလင်ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံဆောင်ရွက်ခွင့်မရှိပါဘူး၊ အဲသလို ဥပဒေကို ဆန့်ကျင်ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက်မှာပါ"
ဆက်လက်ပြီး သူရဦးရွှေမန်းက မြန်မာနိုင်ငံမှာ ၉၆၉ စာတမ်းကပ် သွေးခွဲလှုပ်ရှားမှုတွေကို သက်ဆိုင်ရာက ဖော်ထုတ်အရေးယူနေပြီဖြစ်ကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ကလေးနှစ်ယောက်ထက်ပိုမယူရ ဆိုတဲ့ အမိန့်ချမှတ်ထားတယ်ဆိုတဲ့ကိစ္စ လွှတ်တော်ကို တစုံတရာတင်ပြတာ မရှိသေးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
RFA Burmese
မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂ ခုနှစ်)ကို ပြင်ဆင်ရေးဆွဲရန် စီစဉ်ခြင်း မရှိကြောင်း အစိုးရက ထုတ်ပြန်
မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂ ခုနှစ်)ကို ပြင်ဆင်ရေးဆွဲရန် စီစဉ်ခြင်း မရှိကြောင်း အစိုးရက ထုတ်ပြန်လိုက်သည်။ ဇွန်လ ၁၃ ရက် က ထုတ်ဝေသည့် The Daily Eleven Newspaper ၌ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အစိုးရက ပြင်ဆင်ရေးဆွဲ၍ လွှတ်တော်သို့ တင်ရန် စီစဉ်နေပြီး လွှတ်တော်ကိုယ်စားလှယ် အများစု ကန့်ကွက်မည် ဟူသော သတင်းနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၏ ငြင်းဆိုချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ မီဒီယာများ အနေဖြင့် ယင်းသို့ မှားယွင်းစွာ သတင်း ထုတ်ပြန်ခြင်းသည် ပြည်သူလူထုက အစိုးရအား အထင်အမြင် လွဲမှားပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ကြောင်းလည်း ပါရှိသည်
ဒေါ်စု“အာဏာရူး”ရူးနေလား
နိုင်ငံရေးသမားများကို အလွယ်တကူ ပုတ်ခတ်စော်ကားလိုသူတွေ သုံးစွဲလေ့ရှိသော စကားလုံးတလုံးရှိသည်။ ယင်းမှာ “အာဏာရူး” ဟူသော စကားလုံးဖြစ်သည်။ ၈၈ အရေးအခင်းကာလ ဦးနုက သူသာလျှင် ပြည်သူကရွေးကောက် တင်မြှောက်ထားသော ၀န်ကြီးချုပ်ဖြစ်ပါသည်(၁၉၆၂ တွင် ဗိုလ်နေ၀င်းက အာဏာကို လက်နက် အားကိုးဖြင့် လုယူခဲ့တာ ထင်ရှားစေချင်သည်) ဟု ကြေညာ၏။ သူက အစိုးရ (စင်ပြိုင်) ဖွဲ့သည်။ နိုင်ငံရေးပါး မ၀သူတွေက ပွဲလန့်တုန်း ဖျာခင်းသည့် အာဏာရူးကြီးဟု ၀ိုင်းစွပ်စွဲကာ ကန့်ကွက်ကြသည်။ ဦးနု၏ နိုင်ငံရေးခြေလှမ်းကို မရိပ်စားမိ။ ထိုအခြေအနေလည်း ပျက်ပြယ်သွားသည်။
နိုင်ငံရေးသမားဆိုတာ ဘယ်အချိန် ဘာလုပ်ရမည်ဆိုတာ တိတိကျကျသိရမည်။ အဲဒါကို ပွဲလန့်တုန်းဖျာခင်းသည် ခေါ်မရ။ အခြေအနေမှန်နှင့် အချိန်အခါမှန်ကို မသုံးတတ်၍ တိတိကျကျ အခွင့်အရေးကို မဆုပ်ကိုင်နိုင်သဖြင့် ကျနော်တို့ နိုင်ငံ၏ ဒီမိုကရေစီခရီးစဉ်မှာ ဤမျှကြာအောင် ရေစုန်မျောခဲ့ရခြင်းဖြစ်သည်။ ဦးနုက ဖျာခင်းတာတော့မှန်တယ်၊ သူထိုင်ဖို့မဟုတ်၊ မောင်တို့မယ်တို့ ထိုင်ဖို့ပါဟု ပြောခဲ့သည်။ သူက အာဏာ ရာထူး ဂုဏ်ရှိန်ကို မက်မောသူမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းက (ကျောင်းတုန်းက လုပ်ဖော်ကိုင်ဖက် သူ့ကို) ဖ.ဆ.ပ.လ အဖွဲ့ထဲ အတင်း ဆွဲသွင်းခဲ့ရသည်။ အာဏာရှိစဉ် ၀န်ကြီးချုပ်ဘ၀ကလည်း မကြာခဏပင် အနားယူရန် စီစဉ်ခဲ့သူဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း အာဏာ ရာထူးဂုဏ်ရှိန်ကို မက်မောသူမဟုတ်။ သူ့မိသားစု ဘ၀လေးကို ရိုးသား အေးချမ်းစွာ တည်ဆောက်နေလိုသူသာဖြစ်သည်။ နေမကောင်းသော မိခင်ကြီးကို ပြုစုရန်ပြန်လာစဉ် ၈၈ အရေးအခင်းနှင့် ဆုံကြုံရသည်။ အားပေးကူညီရန် လူထုရှေ့ထွက်လာသောအခါ အားကိုးရာရှာနေသော လူထုက (သူတို့ကြည်ညိုသော ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဟူသောအသိဖြင့်) အုတ်အုတ်ကျက်ကျက် ထောက်ခံကြသည်။ သို့တိုင်အောင် သူက ပါတီ မထောင် နိုင်ငံရေးမလုပ်ဟု အတိအလင်း ပြောဆိုနေခဲ့သေးသည်။ ဒီတော့ နေရာယူချင်သူမဟုတ်တာ သေချာသည်။ ရာထူးဂုဏ်ရှိန်ကို မမက်မောသူဟု မြင်သည်။
အခြေအနေအရ သို့မဟုတ် သမိုင်း၏ပြဌာန်းချက်အရ ဒီမိုကရေစီခေါင်းဆောင်၊ ပါတီကြီးတခု၏ခေါင်းဆောင် ဖြစ်လာပြီးမှ “သမ္မတ လုပ်ချင်ပါသည်” ဟုပြောဆိုနေခြင်းကို အာဏာရူးဟု စွပ်စွဲစရာအကြောင်းမရှိ။ အာဏာ သို့မဟုတ် Power ဆိုသည်မှာ လုပ်ပိုင်ခွင့်ပင်ဖြစ်သည်။ လက်ထဲမှာ အာဏာမရှိလျှင် တိုင်းပြည်အပေါ် စေတနာရှိလှပါသည်ဟု အသံကုန်အောင် ဟစ်အော်နေစေပါဦး၊ အကောင်အထည်ဖော်နိုင်ခွင့် မရှိ။ သမ္မတဆိုတာ ဒီနေ့ဖွဲ့စည်းပုံအရ နိုင်ငံတော်၏ အကြီးအကဲ ၊ အမြင့်ဆုံးအာဏာပိုင်စိုးသူ။ တခုပဲရှိသည်၊ အာဏာကို နိုင်ငံနှင့်ပြည်သူအတွက် အသုံးချတာလား၊ ကိုယ့် အကျိုးစီးပွားအတွက် အသုံးချတာလား ဆိုသောကိစ္စ။
ယနေ့ ကမ္ဘာပေါ်တွင် အာဏာရှင်နိုင်ငံများသာမက ဒီမိုကရေစီ နိုင်ငံများတွင်ပါ အာဏာအလွဲသုံးစားမှုတွေ ပေါ်ပေါက်နေတာ အားလုံးအမြင်။ တချိန်က အာဏာရှိခဲ့သူတွေမှာ အခုတော့ ရာဇ၀တ်ကောင်တွေအဖြစ် အရေးယူခံနေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကောင်းအောင် လုပ်နိုင်တာ မလုပ်နိုင်တာ မလုပ်နိုင်တာအပထား အာဏာကို အလွဲသုံးစားလုပ်ကာ ကိုယ်ကျိုးစီးပွားရှာမယ့်သူ မဟုတ်ဆိုတာကိုတော့ (သူ့ရဲ့ အတိုက်အခံတွေအပါအ၀င်) တနိုင်ငံလုံးက သေသေချာချာ ယုံကြည်နေကြသည်။ ဒါဆို သူ သမ္မတ လုပ်ပစေပေါ့။ ခက်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၃)၊ အပိုဒ်ခွဲ ၅၉(စ)က သူ သမ္မတဖြစ်ခွင့်ကို ကန့်သတ်ဟန့်တား၍ နေသည်။
ဒါဆို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမှာပေါ့။ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟူသော မဲဆွယ်စကားဖြင့် အနိုင်ရလာခြင်း ဖြစ်သည်။( အဲဒီတုန်းက ကျနော်က ဖွဲ့စည်းပုံကို ပြင်ဆင် ရန်မလွယ်ပါဟု ထောက်ပြသောဆောင်းပါး တပုဒ်ရေးခဲ့ပါသည်။ မတ်လ ၃၁ရက်နေ့ သူ့ခြံဝန်းအတွင်း ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို တနှစ်အတွင်းပြင်နိုင်လိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားခဲ့ပါသည်။) အဲဒီ ကထဲက ပြင်ဆင်ဖို့မလွယ်ဘူးလို့ ကျနော်ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လိုလျှင် အခန်း(၃) ၉၅(စ) ကိုပြင်ရမည်။ အခန်း(၁၂) အခြေခံဥပဒေပြင်ဆင်ခြင်းမှာ ဖော်ပြထားမှုအရ ထိုပြဌာန်းချက်ကို ပြင်ဆင်လိုလျှင် ပထမ သူတင်ပြသော ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အစုစု၏ ၂၀ရာခိုင်နှုန်းက ထောက်ခံမှသာ လွှတ်တော်က လက်ခံဆွေးနွေးမည်။
ယခုလွှတ်တော်ထဲရှိ NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ဦး (+ ဒေါက်တာ မြတ်ဉာဏစိုး) မှာ လွှတ်တော်ကိုယ်စားလှယ် ၆၅၉ ဦး နှင့် တွက်လျှင် ၇ ရာခိုင်နှုန်းသာရှိသည်။ ယခုကာလပိုင်းတွင် တိုင်းရင်းသားများ၏ ထောက်ခံမှုမှာလည်း ကျဆင်း၍နေသည်။ ဒီတော့ ၂၀ ရာခိုင်နှုန်းပြည့်ဖို့ မလွယ်။ ဥပဒေမူကြမ်းတင်ကာ လွှတ်တော်၏ လက်ခံဆွေးနွေးမှုအဆင့် ရောက်ဖို့ပင်မလွယ်။ ကံကောင်း၍ ထိုအဆင့်ကို ဖြတ်ကျော်နိုင်သည်ထားဦး၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ကျော်က သဘောတူထောက်ခံဖို့လိုပါသည်။ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ချန်လှပ်ကာ ကျန်အရပ်သား ကိုယ်စားလှယ် အားလုံးက ထောက်ခံပါမည်လား။
ကြံ့ခိုင်ရေးပါတီ၊ တစည နှင့် တိုင်းရင်းသား ပါတီတွေက ဒေါ်စု သမ္မတဖြစ်ရေးအတွက် ထိုဥပဒေပါအချက် ၉၅ (စ) ကိုပြင်ဆင်ရန် တညီတညွတ်တည်း သဘောတူကြလိမ့်မည်ဟု ယုံကြည်ရန် ခဲယဉ်းလှပါသည်။ ကိုယ့်ပါတီက ခွဲထွက်သွားသော ပါတီများနှင့်လည်း ကျောင်းတော်က ရန်စကို အဆုံးမသတ်နိုင်သေး။ ထားပါတော့၊ ထို ၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံပါပြီတဲ့။ မပြီးသေး၊ ၇၅ ရခိုင်နှုန်းကျော်ကျော်က ထောက် ခံရမည် ဆိုသည့်အတွက် တပ်မတော်ကိုယ်စားလှယ်များဘက်က ထောက်ခံမှုရဖို့ လိုသေးသည်။ ဒါကြောင့် ဒေါ်စုက “ရဲရဲတောက် သတ္တိရှိတဲ့ တပ်မတော်သားတယောက် ပေါ်ထွန်းလာဖို့လိုတယ်” ဟု ထုတ်ဖော်ပြောနေခြင်းဖြစ်သည်။
သို့သော် တကယ်တမ်းမှာတော့ တယောက်မက လိုပါသည်။ လူ ၁၀၀ တွင် ၇၆ ယောက် ထောက်ခံမှ ရပါမည်။ တပ်မတော် ရဲ့သဘောက တသွေး တသံ တမိန့်။ အထက်က ညွှန်ကြားချက်အရသာ ဆောင်ရွက်ရသည်။ အထက်ကတော့ ထောက်ခံလိုက်ဟု ညွှန်ကြားလိမ့်မည် မထင်။ ဤကာလများအတွင်း အစိုးရအဖွဲ့ (ဦးသိန်းစိန်)၊ လွှတ်တော် (ဦးရွှေမန်း) နှင့် ကြံ့ဖွံ့ပါတီ (ဦးဌေးဦး) တို့ကို စည်းရုံးအပြီး ဒေါ်စုသည် တပ်မတော်ကို စည်းရုံးရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။ NLD သဘာပတိကြီး ဦးဝင်းတင်ကပင် “ဒေါ်စုက တပ်မတော်အပေါ် ပျော့ပြောင်းလွန်းတယ်” ဟု ထုတ်ဖော်ဝေဖန်လာသံ ကြားရ၏။ လက်ပံတောင်းတောင် ကိစ္စအပါအ၀င် တပ်မတော်နှင့် ပတ်သက်၍ ဒေါ်စု၏ စွန့်လွှတ်အနစ်နာခံမှု (Sacrifice) မှာ ထိုက်တန်ပါရဲ့လော သံသယ၀င်သူတွေက ၀င်သည်။
အခုတော့ ၂၀၁၅ ရွေးကောက်ပွဲရောက်ရန် အချိန်အတော် လိုသေးသောကာလမှာ သမ္မတလုပ်လိုသူ သုံးယောက်ပေါ်ထွန်း လာသည်။ ဦးသိန်းစိန်သည် ယခင်က သူ့ကျန်းမာရေးအရ သက်တမ်းတကြိမ်သာ ထမ်းဆောင်မည်ဟု ပြောခဲ့သော်လည်း နောက်တော့ တိုင်းပြည်က လိုအပ်နေပါက ဆက်လက်ထမ်းဆောင်ပါမည်ဟု စကားပြင်ပြောခဲ့၏။ ဤသုံးယောက်ထဲမှ သမ္မတဖြစ်ရန် တယောက်ယောက်ကို ထောက်ခံပါ ဆိုပါက တွေဝေ စဉ်းစားနေစရာ အကြောင်းမရှိ၊ ဒေါ်အောင်ဆန်း စုကြည်ကိုသာ ရွေးချယ်ပါသည်။ လေးနက်အောင် ထပ်ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို အပြည့်အ၀ ခြွင်းချက်မရှိ ထောက်ခံပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ တွင် သမ္မတဖြစ်မဖြစ် အလောင်းအစား လုပ်မည်ဆိုပါက မဖြစ်တဲ့ဘက်က နေပါမည်။
 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုနိဒါန်း၊ အခန်း (၁၅) ခန်း၊ ပုဒ်မပေါင်း (၄၅၇) ခု၊ ဇယား (၅) ခုတို့ဖြင့် ဖွဲ့စည်းထားပါတယ်။ အဲဒီ အခန်း (၁၅) ခန်းအနက်၊ “အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း”ဆိုတဲ့အခန်းကို လေ့လာကြည့်ကြပါစို့။ 
အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း ကို ပုဒ်မ(၄၃၃)၊ (၄၃၄)၊ (၄၃၅)၊ (၄၃၆) ဆိုပြီး ပုဒ်မ(၄) ခုနဲ့ ဖွဲ့စည်းထား ပါတယ်။
ပုဒ်မ (၄၃၃)၊ (၄၃၄)၊ (၄၃၅) တို့ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်လိုလျှင် ဘယ်လို နည်းလမ်းတွေနဲ့ပြင်ဆင်ရမယ်ဆိုတာကိုဖေါ်ပြထားတာဖြစ်ပါတယ်။
အချုပ်အားဖြင့်ကတော့ ပြည်ထောင်စုလွှတ်တော်မှာတင်သွင်းရမယ်။ ဥပဒေမူကြမ်းအဖြစ်တင်သွင်းရမယ်၊ အခြားအဆိုများ မပါရှိစေရ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းကတင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကလက်ခံဆွေးနေရမယ်လို့ဖေါ်ပြထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ဆိုတာ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် ၂ ရပ်ကိုစုပေါင်းထားတာပါ။ ပြည်သူ့လွှတ်တော် မှာ လွှတ်တော်ကိုယ်စားလှယ်(၄၃၅) ဦး၊ အမျိုးသားလွှတ်တော်မှာ (၂၂၄) ဦးရှိပါတယ်။ ဒီတော့ ပြည်ထောင်စု လွှတ်တော်မှာစုစုပေါင်း ကိုယ်စားလှယ်( ၆၅၉) ဦးဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏၂၀ ရာခိုင်နှုန်းလို့ဆိုထားလေတော့ (၁၃၁ ဒသမ ၈) ဦးရရှိမှာ သာလျှင် ပြည်ထောင်စုလွှတ်တော်ကလက်ခံဆွေးနွေးရမယ် ဆိုတဲ့အဆင့်ကိုဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်ထဲမှာကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်သားအမတ်တွေ စုစု ပေါင်းရင်(၅၅၄) ဦး ရှိပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အရေအတွက်စုစုပေါင်း(၆၅၉) ဦးထဲ အဲဒီအရေအတွက် (၅၅၄) ဦးကို နှုတ်လိုက်ရင် (၁၀၅) ဦးကျန်ပါတယ်။ အဲဒီ (၁၀၅) ဦးဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဆိုတဲ့သတ်မှတ်ချက် ကိုပြည့်မီခြင်း မရှိတာကို တွေ့နိုင်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ထဲမှာကြံဖွံပါတီကိုယ်စားလှယ်တွေနဲ့စစ်သားအမတ်တွေမပါတဲ့ အခြား ပါတီငယ်များရဲ့စုစုပေါင်းက(၁၀၅)ဦးသာ ဖြစ်ပါတယ်။ ဒီအထဲမှာ (တစည) လိုပါတီတွေ၊ (စဒက) ကဲ့သို့ ကြံဖွံ့ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ပါတီငယ်တွေကိုပါထည့်ပြီး ပေါင်းထားတာပါ။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏၂၀ ရာခိုင်နှုန်း ရဖို့မလွယ်ဘူးဆိုတာ လက်တွေ့ကိန်းဂဏန်းတွေက ရိုးရိုးရှင်းရှင်းသက်သေထူနေပါတယ်။ဒါကပထမဆင့်သာဖြစ်ပါတယ်။
အရေးကြီးတာက ပုဒ်မ (၄၃၆) ဖြစ်ပါတယ်။ပုဒ်မ(၄၃၆) ကို ပုဒ်မခွဲ (က) နဲ့ (ခ) ဆိုပြီးခွဲခြားထားပါတယ်။ တကယ်တော့ ပုဒ်မ(၄၃၆)(က) နဲ့ (ခ) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ၂ ပိုင်းခွဲထားတဲ့သဘောဖြစ်ပါတယ်။ ပုဒ်မ (၄၃၆) (က) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ရဲ့ အဓိကအပိုင်းဖြစ်ပြီး၊ ပုဒ်မ (၄၃၆) (ခ) ကတော့ သာမညအပိုင်းလို့ ခွဲပြောရင်ရပါတယ်။ပုဒ်မ (၄၃၆)(က) ကို အဓိကအပိုင်းလို့ ခွဲပြောရတာက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထဲကသော့ချက်ကျတဲ့ အခန်းတွေနဲ့ အချက်အချာကျတဲ့ ပုဒ်မတွေကို ရွေးထုတ်ဖေါ်ပြထားလို့ဖြစ်ပါတယ်။
ပုဒ်မ(၄၃၆) ပုဒ်မခွဲ(က) ကိုဦးစွာကြည့်ကြပါစို့။ ပုဒ်မခွဲ(က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) မှာ ပါဝင်တဲ့ အခန်း (၁၅) ခန်းအနက်၊ အခန်း (၈) ခန်းမှာရှိတဲ့ပုဒ်မပေါင်း (၉၅) ခုကို သီးသန့်ရွေးချယ်ဖေါ်ပြထားတယ်။
ပုဒ်မခွဲ(က)မှာ သီးသန်းရွေးချယ်ဖေါ်ပြထားတဲ့အခန်း (၈) ခု ဆိုတာ ဘယ်လိုအခန်းတွေလဲ။ ပါဝင်တဲ့ပုဒ်မတွေကဘာတွေလဲ။ အောက်ပါဇယားကိုကြည့်ပါ။
အခန်းအမည်
ပါဝင်သည့်ပုဒ်မများ
စုစုပေါင်း
အခန်း (၁) နိုင်ငံတော်အခြေခံမူများ
(ပုဒ်မ ၁ မှ ၄၈ ထိ ပုဒ်မ အားလုံး)
၄၈
အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
(ပုဒ်မ ၄၉ မှ ၅၆ ထိ ပုဒ်မ အားလုံး)
အခန်း (၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ
(ပုဒ်မ ၅၉ နှင့် ၆၀)
အခန်း(၄) ဥပဒေပြုရေး
(ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁)
အခန်း(၅) အုပ်ချုပ်ရေး
(ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆)
အခန်း(၆) တရားစီရင်ရေး
(ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀)
အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ
(ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ပုဒ်မ အားလုံး)
၂၃
အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
(ပုဒ်မ ၄၃၆)
၉၅
အဆိုပါ အခန်းများနဲ့ ပါရှိသော ပုဒ်မများကိုဘယ်လိုပြင်ဆင်ရမည်ဆိုတာကိုအခုလို ရေးသားဖေါ်ပြထားပါတယ်။
“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏၇၅ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန်သဘောတူ လက်ခံပြီးနောက်၊ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲ ဖြင့်သာ ပြင်ဆင်ရမည်” လို့ဆိုထားပါတယ်။
သာဓကအားဖြင့် – အခန်း (၁) နိုင်ငံတော်အခြေခံမူများ အခန်း
- ပုဒ်မ (၆) (စ) “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော် ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်”
-ပုဒ်မ(၁၄) “ပြည်ထောင်စုလွှတ်တော်၊တိုင်းဒေသကြီးလွှတ်တော်နှင့်ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ်ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေ အတိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်”
-ပုဒ်မ (၂၀) (ခ) “တပ်မတော်သည်တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်”
-ပုဒ်မ (၂၀) (င) “ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲ ရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိသည်”
-ပုဒ်မ (၂၀) (စ) “တပ်မတော်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်”
သာဓကအားဖြင့် – အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်း
-ပုဒ်မ(၄၉) “နိုင်ငံတော်ကိုအောက်ပါ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ် (၇) ပြည်နယ်နှင့်ပြည်ထောင်စုနယ်မြေများဖြင့်ပိုင်းခြား သတ်မှတ်သည်” ဆိုတဲ့ ပုဒ်မကို တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင်ရှိရေး(၈ပြည်နယ်မူ) ကို အစဉ်တစိုက်တောင်းဆိုနေခဲ့ကြတဲ့ တိုင်းရင်းသားများ အနေဖြင့် အဆိုပါပုဒ်မ(၄၉)ကို မည်သို့ပြင်ဆင်ကြမလဲ။
သာဓကအားဖြင့် – အခန်း(၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ အခန်း
-ပုဒ်မ(၅၉) (စ) “မိမိကိုယ်တိုင်သော်လည်းကောင်း၊မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ၊ ထိုသူများသည်နိုင်ငံခြားအစိုးရ၏လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်ရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”
( ဤ ပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်ဟုဖေါ်ပြဆိုလိုခြင်းမရှိသော်ငြားလည်း ဒေါ်အောင်ဆန်း စုကြည်၏ လက်ရှိအခြေအနေအရ ကန့်သတ်ထားသလိုဖြစ်နေပါတယ်)
-ပုဒ်မ(၆၀) (က) နဲ့(ခ) သည် သမ္မတကို လွှတ်တော် ၂ ရပ်မှရွေးချယ်တင်မြှောက်ရုံမကပဲ။ တပ်မတော်ကပါ လွှတ်တော်ကဲ့သို့သမ္မတတစ်ဦးရွေးချယ်နိုင်ခွင့်ပေးအပ်ထားခြင်းဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၄) ဥပဒေပြုရေးအခန်း
-(ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊၁၆၁) တို့သည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်အဆင့်ဆင့်ဖွဲ့စည်းမှုများကို ထိန်းချုပ်ထားသည့်ပုဒ်မများဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၅) အုပ်ချုပ်ရေး
-(ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊၂၇၆) တို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းခြင်း စတဲိ့စ္စများကို ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ
-(ပုဒ်မ ၄၁၀ မှ ၄၃၂ ထိပုဒ်မ အားလုံး) ဖြစ်ပါတယ်။
ဒီအခန်းမှာဖေါ်ပြထားတဲ့ပုဒ်မအားလုံးရဲ့ခြုံငုံအဓိပ္ပါယ်ကတော့နိုင်ငံတော်အာဏာကို ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီထံဝကွက်အပ်ထားတယ်ဆိုတဲ့ အချက်ကို ဥပဒေသဘောဖြစ်အောင်ရေးထားခြင်းသာဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက အချိန်မရွေး၊ တရားဝင်အာဏာသိမ်းခွင့် ထာဝစဉ်ရရှိ ထားခြင်း သို့မဟုတ် ပေးအပ်ထားခြင်းဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ချက်
ဒါကြောင့်အထက်မှာ သာဓကအသီးသီး ထုတ်ပြခဲ့တဲ့ အချက်အလက်တွေကိုပြုပြင်ဖို့ဆိုလျှင်ပထမဆင့်အနေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းရရှိဖို့လိုအပ်ပါတယ်။၂၀ ရာခိုင်နှုန်းရရှိဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို လက်ရှိ ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြခဲ့ပါတယ်။
လွှတ်တော်ထဲဝင်ပြီး ပြုပြင်ယူမယ်ဆိုတာ ဘယ်လောက်ခက်ခဲမယ်ဆိုတာမြင်နိုင်ပါတယ်။ ပုဒ်မ(၄၃၆) မှာဖေါ်ပြထားတဲ့ ပုဒ်မ တွေဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ပုဒ်မတွေတနည်းအားဖြင့် စစ်အာဏာရှင်စနစ်နဲ့စစ်အုပ်စုအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ပေး ထားတဲ့အချက်တွေလည်းဖြစ်နေပါတယ်။
 ဒီအချက်တွေဟာစစ်အုပ်စုရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွား တွေနဲ့လိမ်ယှက်ဆက်နွယ်နေတာမို့လွှတ်တော်ထဲ ဝင်ပြီးပြင်ဆင်နိုင်ဖို့ဆိုတာဟာ လက်တွေ့မကျတဲ့စိတ်ကူးယဉ်မှုသာလျှင်ဖြစ်ပါလိမ့်မယ်။
ပထမဆင့်အနေနဲ့ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းရရှိပါစေ။ တကယ်တန်း ပြင်ဆင်နိုင်ခွင့်ဆိုတာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်း ကျော်ရရှိရမှာဖြစ်ပြီး၊ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဆန္ဒဖြင့်သာ ပြင်ဆင်နိုင်ပါလိမ့်မယ်။
ရှင်းအောင်ပြောရလျှင် ပုဒ်မ ၄၃၆ (က) မှာ ရွေးထုတ်ဖေါ်ပြထားတဲ့အခန်း (၈) ခန်း နဲ့ ပုဒ်မ (၉၅) ခုဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ရဲ့ အဓိကကျတဲ့ အခန်းတွေနဲ့သော့ချက်ကျတဲ့ပုဒ်မတွေဖြစ်ပါတယ်။ဒါ့အပြင် ယနေ့ဦးသိန်းစိန်အစိုးရ အတွက် အလျှော့ ပေးလိုက်လျောနိုင်တဲ့ အချက်တွေ မဟုတ်ပါဘူး။မဆုတ်တမ်း ခံစစ်စခန်းတွေဖြစ်ပါတယ်။ ဒါကြောင့်လည်းပြင်ဆင်ဖို့ တမင်ခက်ခဲအောင် အခုလိုတိတိကျကျရေးသား ထည့်သွင်းပြဌာန်းထားခြင်းဖြစ်ပါတယ်။ ပုဒ်မ(၄၃၆) (ခ) ကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး၊မဲပေး ပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဆန္ဒငြ့်သာ ပြင်ဆင်ရမယ်ဆိုတဲ့အချက်မပါတာပဲ ကွာခြားပါတယ်။ နှိုင်းယှဉ်ချက်အရ ပြောရရင် ပုဒ်မ(၄၃၆ (က) လောက် မတင်းကြပ်တဲ့အချက်တွေလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။
ဒါ့အပြင်မပယ်ပျက်သေးသမျှ အတည်ဖြစ်စေရမယ်ဆိုတဲ့ အခြားသော တည်ဆဲဥပဒေ (၄၀၀)ကျော်လည်း ရှိနေပါသေးတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာရှိတဲ့ ဥပဒေကျွမ်းကျင်သူတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ထဲမှာ ဘယ်လိုအချက် အလက်တွေဟာဖြင့် ဒီမိုကရေစီနည်းလမ်းမကျဘူး၊ဘယ်လိုအပေါ်စီးယူထားတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး၊ ပိုပြီးသိရှိနားလည်နိုင်မယ် ဆိုတာ ကျနော်သံသယမရှိပါဘူး။ ထွင်းဖောက် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိကြသူတွေဖြစ်ပါတယ်။
ဧရာဝတီမြစ်ထဲရေရှိမယ်ဆိုတာပြေးကြည့်စရာမလိုတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ 
အခြေခံဥပဒေဘောင်ထဲဝင်မယ့်ကိစ္စဟာ ဥပဒေရှုဒေါင့်ထက်၊ နိုင်ငံရေးရှုဒေါင့်ကိုပိုပြီးအလေးပေးရပါလိမ့်မယ်။ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(၂၀၀၈) အပါအ၀င် တိုင်းပြည်ရဲ့ အဓိကကျတဲ့နိုင်ငံရေးပြဿနာအားလုံး ကိုနိုင်ငံရေးအရတန်းတူရည်တူ တွေ့ဆုံဆွေးနွေးဖို့လိုအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးသိန်းစိန်အစိုးရတွေ့ဆုံဆွေးနွေးဖို့လိုပါတယ်။
ပြည်သူလူထုတစ်ရပ်ပါဝင်ခဲ့တဲ့ ၁၉၈၈ဒီမိုကရေစီအရေးတော်ပုံကြီးက(မဆလ)တစ်ပါတီကိုရော၊ တစ်ပါတီအာဏာရှင်စနစ်ကို ခုတ်မောင်းလည်ပတ်စေခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၇၄) ကိုပါ တိုက်ဖျက်ခဲ့တာ တကယ့်သမိုင်းဖြစ်ရပ်မှန်တစ်ခုပါ။
မှတ်ချက်။
ဤဆောင်းပါးကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ရေးသားခဲ့ပြီး၊ မိုးမခ တွင်ဖေါ်ပြခဲ့ပြီးဖြစ်ပါလိမ့်မယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြားဖြတ်ရွေးကောက်ပွဲ မဝင်မီအချိန်ကဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး။ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမတ်နေရာ စုစုပေါင်း (၄၃) ဦးရွေးချယ်ခံခဲ့ရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွတ်တော်အလိုက် ရွေးချယ်ခံရမှုများ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                                 (၃၇) ဦး
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်                              (၄)   ဦး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်                         (၂) ဦး
စုစုပေါင်း                                                              (၄၃) ဦး
 ယခုအခြေအနေအရ ထပ်မံဖေါ်ပြသင့်သည်ဟု ယူဆပါသဖြင့် ပေးပို့လိုက်ရခြင်းဖြစ်ပါတယ်။
တူမောင်ညို
၁၇ ဇွန် ၂၀၁၃
 မြန်မာ့နိုင်ငံရေးအသွင်ကူပြောင်းမှု ၂၀၁၅ မတိုင်မှီအလားလာ
သဘောထားကွဲပြားမှု အားလုံးနီးပါးလောက်ကို ခွင့်မပြုဘဲ အထီးကျန်ဆန်ဆန် နေတတ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် အုပ်စိုးမှု နိုင်ငံအဖြစ်ကနေ နိုင်ငံတကာရဲ့ အားပေးချီးမြှောက်မှုကို မြန်မာနိုင်ငံက ခံယူရရှိထားပါပြီ။ ဒါ့အပြင် ဒီမိုကရေစီ နည်းအရ တရားဝင်မှုကို အပေါ်ယံဟန်ပြ ရရှိထားပြီး ပြုပြင်ပြောင်းလဲရေး အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံအဖြစ်ကို မြန်မာက တနှစ်နီးပါး အချိန်အတွင်းမှာ ကူးပြောင်း ရောက်ရှိသွားပါပြီ။
နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ၀ါရင့် အတိုက်အခံ ခေါင်းဆောင်တွေ အပါအ၀င် စစ်ဖက်ပုဂ္ဂိုလ်တွေကပါ မြန်မြန်ဆန်ဆန် ထောက်ခံမှု ပေးခဲ့ကြပြီး နိုင်ငံတကာ မိသားစုကလည်း အကူအညီ အထောက်အပံ့တွေပေးဖို့ ကမ်းလှမ်းထားကြပါပြီ။ ဒီအတွက်ကြောင့်ပါပဲ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်အတွက် အကောင်းမြင်မှုနဲ့ မျှော်လင့်ချက် ထားမှုတွေကို ပြန်လည် မွေးဖွားပေးနိုင်ခဲ့ပါတယ်။ အစိုးရနဲ့ အတိုက်အခံ နှစ်ဖက်လုံးက အချိန်ယူညှိနိုင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ခြင်းသည်သာ အောင်မြင်ဖို့ အနီးစပ်ဆုံး ဖြစ်နိုင်သလို ပိုလိုလား နှစ်သက်စရာလည်း ကောင်းတယ်ဆိုတာ အားလုံးက တဖြည်းဖြည်း သဘောတူ လက်ခံလာပေမယ့် ဖြစ်လာဖို့ဆိုတာတော့ မသေချာသေးပါ။
နှစ်ပေါင်း ၅၀ ကြာအောင် စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ လွဲမှားတဲ့ စီးပွားရေး စီမံခန့်ခွဲမှု၊ ပြည်တွင်းစစ်ကို တိုက်နေမှု၊ ပညာရေး ကျန်းမာရေးနဲ့ အခြေခံ အဆောက်အဦတွေမှာ လုံလောက်အောင် ရင်းနှီးမြှုပ်နှံမှု လုပ်မထားတာတွေကြောင့် တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်တွေက ယိုင်နဲ့ယိုယွင်းနေပါပြီ။ ရှုပ်ထွေးခက်ခဲလှတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စီမံခန့်ခွဲ လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံက ကောင်းကောင်း အဆင့်သင့် မဖြစ်သေးပါ။
လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း ပညာရှင် အသိုက်အ၀န်းနဲ့ မူဝါဒ ချမှတ်သူတွေကြား မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြပြီဆိုရင် တော်တော်များများ သဘောတူထားတဲ့ ဇာတ်လမ်းတပုဒ် ရှိပါတယ်။ တိုင်းပြည်မှာ ခြေကုပ်အခိုင်အမာ ယူထားတဲ့စစ်တပ်နဲ့ မူဝါဒတွေကို မချမှတ်နိုင် အကောင်အထည် မဖော်နိုင်တဲ့ ဗျူရိုကရေစီ ယန္တရားကြီးတို့က တိုင်းပြည်ကံကြမ္မာကို တဖက်မှာ ပုံဖော်နေကြပါတယ်။ တဖက်မှာတော့ သတ္တိရှိပေမယ့် အင်အားချည့်နဲ့အောင် ချိုးနှိမ်ခံထားရပြီး အုပ်ချုပ်ရေး ယန္တရားအပြင်ကို ရောက်နေတဲ့ အတိုက်အခံတွေက တဖက်မှာ ပုံဖော်နေကြတယ်ဆိုတဲ့ ဇာတ်လမ်းပါ။ ဒါပေမဲ့ လွန်ခဲတဲ့ ၁၈ လအတွင်း နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုတွေက ဒီလို လေ့လာသုံးသပ်မှုတွေ (စီးပွာေးရး ပိတ်ဆို့မှုတွေက နိုင်ငံရေးတိုးတက်မှုကို နှောင့်နှေးသွားစေမယ်ဆိုတဲ့ သုံးသပ်ချက် အပါအ၀င်) မှာ မပြည့်စုံဘူး၊ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ တိုင်းပြည်အတွင်း အပြောင်းအလဲတွေရဲ့ အချိန်အခါနဲ့ သဘောသဘာဝကို ခန့်မှန်းရာမှာ အခက်အခဲတွေ ရှိတယ်ဆိုတာကို ပြသနေပါတယ်။ အသိအမြင် ဗဟုသုတ အနှံ့စပ်ဆုံး လေ့လာသုံးသပ်သူတွေတောင်မှ မြန်မာ့နိုင်ငံရေး ဆုံးဖြတ်ချက်ချခြင်း ဖြစ်စဉ်ကို သေချာ နားမလည်ကြသေးဘူး ဆိုတာ ပြသနေပါတယ်။
မြန်မာနိုင်ငံမှာ ဆုံးဖြတ်ချက် ချတာတွေနဲ့ ပက်သက်ပြီး မသိမဖြစ် အရေးကြီးတဲ့ အခြေခံ အချက်အလက်တွေကို မသိနိုင်ကြသေးဘူးဆိုတာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က ၂၀၁၁ နိုဝင်ဘာလမှာ မှတ်ချက်ပေးသွားပါတယ်။ “မြန်မာနိုင်ငံမှာ ဆုံးဖြတ်ချက်တွေ ဘယ်လိုချမှတ်သလဲ ဆိုတာထက်စာရင် မြောက်ကိုရီးယားမှာ ဆုံးဖြတ်ချက်တွေကို ဘယ်လို ချမှတ်ကြတယ်ဆိုတာ အမေရိကန် ပြည်ထောင်စုက ပိုသိပါတယ်” လို့ သူက ပြောသွားတာပါ။
စစ်တပ်အတွင်း ဆုံးဖြတ်ချက်တွေ ဘယ်လို ချမှတ်နေကြတယ် ဆိုတာကို လေ့လာသူတွေ မသိရုံတင်မကဘဲ တိုင်းပြည်ရဲ့ နိုင်ငံရေး လူမှုရေးနဲ့ ပတ်သက်ပြီး ရှေ့အလားအလာ အခြေအနေတွေကို ခန့်မှန်း သုံးသပ်ရာမှာလည်း အခက်အခဲ တွေ့နေကြပါတယ်။ နိုင်ငံရေးသုံးသပ်ချက်တွေ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ အချက်အလက် ကောက်ယူမှုကို မလုပ်နိုင်ခြင်း၊ နမူနာ လူအုပ်စုများကို မစုစည်းနိုင်ခြင်း၊ ရွေးကောက်ပွဲ၊ လွတ်လပ်တဲ့ စာနယ်ဇင်း၊ တက်ကြွအားကောင်းတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ မရှိခြင်းတို့ကြောင့် ခန့်မှန်းမှုတွေ လုပ်ဆောင်ရာမှာ အခက်တွေ့နေကြတာပါ။ ဒါ့အပြင် မိုက်ကယ် အိုပင်ဟိန်းမား မှတ်ချက် ပေးထားသလိုပါပဲ တည်ငြိမ်သယောင် ထင်ရတဲ့ အာဏာရှင် နိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးမှာ ပြောင်းလဲနိုင်တဲ့ အတိုင်အဆကို နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူတွေက လျှော့တွက်ကြပါတယ်။ တိုင်းပြည်အတွင်းက လတ်တလော တင်းမာမှုတွေကို အလေးမထားတတ်၊ အတိုက်အခံတွေရဲ့ စွမ်းရည်နဲ့ ရည်မှန်းချက်ကို လျှော့တွက်တတ်ပြီး အာဏာပိုင်တွေရဲ့ စွမ်းရည်ကိုကျတော့ အဆိုပါ နိုင်ငံခြားရေး ကျွမ်းကျင်သူတွေက ပိုပိုသာသာ တွက်တတ်ကြပါတယ်။ မြန်မာပြည်အရေးမှာလည်း ဒီလိုပါပဲ။ အထူးသဖြင့် အတိုက်အခံတွေရဲ့ အင်အားနဲ့ ပတ်သက်လာရင် လေ့လာအကဲခတ်သူတွေက လျှော့တွက်တတ်ကြပါတယ်။
နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (International Crisis Group) မှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နှစ်ရှည်လများ လေ့လာသုံးသပ်ခဲ့သူ မော်တင် ပယ်ဒါဆင် (Morten Pedersen) ၂၀၀၈ ခုနှစ်မှာ ရေးခဲ့တာက “အတိုက်အခံ နိုင်ငံရေး တက်ကြွသူတွေက ၁၉၈၀ ပြည့်နှစ်တွေ နှောင်းပိုင်းမှာ အားကောင်းခဲ့ပေမယ့် လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ နိုင်ငံရေး မကျေနပ်ချက်ကို ရေရှည် နိုင်ငံရေးတိုက်ပွဲအဖြစ် မဖော်ဆောင်နိုင်ခဲ့ပါ။ အောင်ဆန်းစုကြည် ကိုယ်တိုင်က လူအများရဲ့ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေ စုဝေးရာနေရာ ဖြစ်နေပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတော့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ရှေ့တန်းမှာ နေရာအခိုင်အမာရနေဖို့ ကြိုးစားနေရပါတယ်” ဆိုပြီး ဖြစ်ပါတယ်။
အစိုးရရဲ့ အင်အားကို ပိုပိုသာသာ တွက်ချက်ပြီး အတိုက်အခံတွေ ရနေတဲ့ လူထုထောက်ခံမှုကို လျှော့ပေါ့ တွက်ထားတာကြောင့် “စစ်အစိုးရနဲ့ အတိုက်အခံတွေကြား အင်အားချိန်ခွင်လျှာက အရမ်းကို တဖက်စောင်းနင်း ဖြစ်နေတာကြောင့် ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ဆိုတာ လောလောဆယ် အချိန်မှာ မဖြစ်နိုင်သလောက်ပါပဲ။ နှစ်ဖက် ခေါင်းဆောင်တွေ အချင်းအချင်းကြား ညှိနှိုင်းပြီး ဖြစ်လာတဲ့ နိုင်ငံရေး တိုးတက်မှုဖြစ်စေ၊ အောက်ခြေလူတန်းစားတွေက ဆင်နွှဲတဲ့ တော်လှန်ရေး အောင်မြင်လို့ဖြစ်စေ ဒီမိုကရေစီ ရလာဖို့ဆိုတာ အလှမ်းဝေးပါတယ်” လို့ သူက ဆက်လက် ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးအတွင်း သိန်းနဲ့ချီတဲ့ ပြည်သူတွေ လမ်းတွေပေါ်ထွက် ဆန္ဒပြကြတဲ့အခါ အစိုးရကို ပြည်သူတွေက တိုက်ရိုက် စိန်ခေါ်လိုက်သလို ဖြစ်သွားပါတယ်။ ပြည်သူလူထုရဲ့ မကျေနပ်မှု အတိုင်းအတာနဲ့ အတိုက်အခံတွေရဲ့ စည်းရုံးလှုပ်ရှားမှု စွမ်းရည်ကို ရုတ်တရက် မြင်လိုက်ရလို့ အားလုံး မှင်သက်အံ့သြသွားခဲ့ကြပါတယ်။ နောက် ၃ နှစ် အကြာမှာတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရကိုယ်တိုင်က စတင် လုပ်ဆောင်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ထောက်ခံမှုကို အခုတာ့ လွှတ်တော်အမတ်ဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ပေးအပ်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ တော်တော်များများကို မသိကြသေးဘူးဆိုတာ မှန်ပေမယ့် နောက် ၃ နှစ်ကနေ ၅ နှစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း အနေအထားတွေကို လေ့လာသုံးသပ်ထိုက်ပါတယ်။ အဆိုပါ အချိန်ကာလအတွင်း မြန်မာနိုင်ငံက အာဆီယံရဲ့ အခမ်းအနားတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးပါမယ်။ နိုင်ငံအဆင့် ရွေးကောက်ပွဲတွေကို ၂၀၁၅ ခုနှစ်မှာ ကျင်းပပေးပါမယ်။ တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေးလောကနဲ့ နောက်ထပ် နီးစပ်အောင် ပေါင်းစည်းပေးပါမယ်။ လက်ရှိသမ္မတ ဦးသိန်းစိန် ရာထူးသက်တမ်းကုန်လို့ အငြိမ်းစားယူသွားရင် တိုင်းပြည်ခေါင်းဆောင်သစ်တွေကို မွေးထုတ်ပေးပါလိမ့်မယ်။
ဖြစ်နိုင်ခြေ အလားအလာတွေကို မှန်းဆကြည့်တာက နိုင်ငံရေးအနာဂတ်ကို ခန့်မှန်းတွက်ချက်တာ မဟုတ်ဘဲ တိုင်းပြည် အနာဂတ်အတွက် အရေးပါတဲ့ လူပုဂ္ဂိုလ်တွေ (အဆိုပါ လူပုဂ္ဂိုလ်တွေရဲ့ အချင်းချင်းဆက်ဆံရေးတွေ) အချက်အလက်တွေကို မြင်သာအောင် မီးမောင်းထိုးပြလိုခြင်းသာ ဖြစ်ပါတယ်။ တိုင်းပြည်လျှောက်လှမ်းမယ့် နိုင်ငံရေးလမ်းကြောင်းက ဘယ်လိုပဲ ရှိပါစေ၊ အဆိုပါ လူပုဂ္ဂိုလ်တွေ အချက်အလက်တွေကတော့ အရေးပါနေဦးမှာပါ။
ထည့်သွင်းစဉ်စားရမယ့် အဓိက အရေးအကြီးဆုံး အကြောင်းအရာနဲ့ လူပုဂ္ဂိုလ်တွေကတော့ အစိုးရသစ်နဲ့ စစ်တပ်ရဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးကဏ္ဍနဲ့ ဥပဒေပြုရေးကဏ္ဍရဲ့ ဆက်ဆံရေး၊ အောင်ဆန်းစုကြည်နဲ့ NLD အပါအ၀င် ဒီမိုကရက်တစ် အတိုက်အခံအုပ်စု၊ ဒီမိုကရေစီလိုလားတဲ့ တိုင်းရင်းသား အတိုက်အခံ ပါတီတွေနဲ့ တခြားဒီမိုကရေစီ လိုလားသူတွေ၊ မကျေနပ်တဲ့ စီမံကိန်းတွေအပေါ် လူထု တုံ့ပြန်မှုတွေ၊ ဆင်းရဲမွဲတွေမှု၊ စာမတတ်မြောက်မှု၊ နိုင်ငံရေး အကြမ်းဖက်မှု၊ အခြေခံအဆောက်အဦ ချို့တဲ့မှု ဆိုတဲ့ ရေရှည်ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာတွေပါပဲ။
အခုအက်ဆေးမှာ အောက်ပါ မေးခွန်းတွေကို အကျဉ်းချုပ် စဉ်းစားပေးပါမယ်။
အခု ဖော်ဆောင်နေတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုက နောက်ကြောင်း ပြန်လှည့်နိုင်ပါသလား။ အခုလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အဓိက မောင်းနှင် ဖော်ဆောင်နေသူတွေက ဘယ်သူတွေလဲ။ ဖြစ်နိုင်ခြေ အနေအထား တခုချင်းစီမှာ ဘယ်သူတွေ ရှုံးနိမ့်ပြီး ဘယ်သူတွေ အောင်ပွဲခံနိုင်မလဲ။ အသွင်ကူးပြောင်းမှုမှာ ပါဝင် လုပ်ဆောင်နေသူတွေ အတွက် အန္တရာယ်တွေက ဘာတွေဖြစ်နိုင်မလဲ။ နိုင်ငံရေးလမ်းကြောင်း တခုလုံးကို ဘယ်လို အဖြစ်အပျက်တွေ လုပ်ဆောင်မှုတွေက တိမ်းစောင်းသွားအောင် လုပ်ပစ်နိုင်သလဲ ဆိုတာတွေပါ။
မြန်မာနိုင်ငံ လျှောက်လှမ်းမယ့် ဒီမိုကရေစီလမ်းကြောင်းက ခက်ခဲကြမ်းတမ်းမှာဖြစ်ပြီး တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ အသွင်းကူးပြောင်းမှုနဲ့ တူမယ်မဟုတ်ပါ။ အဆိုပါ နိုင်ငံတွေက ပြည်ပပို့ကုန် ဦးစားပေးစီးပွားရေးကို ဖော်ဆောင်ခဲ့ပြီး ပြည်တွင်းနိုင်ငံရေးကိုတော့ အစိုးရးက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အဲဒီလို မူဝါဒချ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ တသီတသန်းကြီးကို သူတို့တွေက မကြုံတွေ့ခဲ့ကြပါ။
အခုအခြေအနေနဲ့ ပက်သက်ပြီး လာရီ ဒိုင်းမွန်း (Larry Diamond) ရေးသားထားတာကတော့ “ကဏ္ဍပေါင်းစုံမှာ အသွင်ကူးပြောင်းမှုတွေကို မြန်မာနိုင်ငံက တပြိုင်နက် ရင်ဆိုင်လုပ်ဆောင်နေရပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို ကူးပြောင်းနေရပါတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးဆီကို ကူးပြောင်းနေရပါတယ်။ လက်ဝါးကြီးအုပ် တံခါးပိတ်စနစ်ကနေ အပြိုင်အဆိုင်ရှိတဲ့ တံခါးဖွင့်စနစ်ဆီကို ကူးပြောင်းနေပါတယ်။ တိုင်းရင်းသား လူမျိုးတွေကြား စိတ်ဝမ်းကွဲပြားပြီး ပြိုကွဲနိုင်ခြေရှိတဲ့ နိုင်ငံအဖြစ်ကနေ တည်ငြိမ်ပြီး အောင်မြင်တဲ့နိုင်ငံအဖြစ်ဆီ ရောက်အောင် ကူးပြောင်းနေရပါတယ်” လို့ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ နောက်ပိုင်းကာလအတွင်း ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေး အနေအထား အခင်းအကျင်း ၄ ခုကို အခုအက်ဆေးမှာ လေ့လာကြည့်မှာ ဖြစ်ပါတယ်။ အခင်းအကျင်း နံပါတ် (၁) မှာ နိုင်ငံရေး အင်အားစုတွေ (စစ်တပ်၊ အရပ်သားအစိုးရသစ်၊ NLD နဲ့ တိုင်းရင်းသားအုပ်စုတွေ) က ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြတုန်း ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် ဖော်ဆောင်မယ်လို့ ယူဆထားပါတယ်။
အခင်းအကျင်း နံပါတ် (၂) မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာပြီး သူ့ရဲ့အသာစီး အနေအထားကို လက်လွတ် ဆုံးရှုံးရတော့မယ်လို့ စစ်တပ်က စိုးရိမ်းပူပန်လာတဲ့အခါ အာဏာပြန်သိမ်းမယ်လို့ ယူဆထားပါတယ်။ အခင်းအကျင်း နံပါတ် (၃) မှာ NLD ပါတီက အင်အားနည်းနေပြီး နိုင်ငံရေးအရ လစ်ဟာနေတဲ့ နေရာမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ အာဏာရှင်နိုင်ငံ ပေါ်ထွက်လာမယ်လို့ ယူဆထားပါတယ်။ အခင်းအကျင်း နံပါတ် (၄) မှာ အရပ်သားအစိုးရသစ်၊ NLD နဲ့ တိုင်းရင်းသားအုပ်စုတွေ ကြားမှာ ဆက်ဆံရေးတွေ ပြိုကွဲကုန်ပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအရ သဘောတူညီမှုတွေ အစည်းပြေလို့ ပဋိပက္ခဖြစ်ပွားတဲ့ ကာလထဲ တိုင်းပြည် ကျရောက်သွားမယ်လို့ ယူဆထားပါတယ်။
အောက်ပါ လေ့လာသုံးသပ်ချက်တွေ၊ ယူဆချက်တွေအပေါ် မူတည်ပြီး ဖြစ်နိုင်ခြေ အခင်းအကျင်း ၄ ခုကို တည်ဆောက်ထားတာပါ။
၁) တိုင်းပြည်မှာ လုပ်ဆောင်နေတဲ့ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲမှုတွေက နိုင်ငံရေးအာဏာ ကျင့်သုံးပုံကျင့်သုံးနည်းကို အကြီးအကျယ် ပြောင်းလဲလိုက်ပေမယ့် မြန်မာနိုင်ငံက စစ်အာဏာရှင်နိုင်ငံ ဖြစ်နေဆဲပါ။ ဗိုလ်ချုပ်ဟောင်းကြီးတွေက တိုင်းပြည်မှာ အရေးပါတဲ့ ဒီမိုကရေစီ အင်စတီကျုးရှင်း မှန်သမျှကို ချုပ်ကိုင်ထားပြီး စစ်တပ်ရဲ့ နိုင်ငံရေး အထူးအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း အကာအကွယ် ပေးထားပါတယ်။
၂) အတိုက်အခံလောကမှာ NLD ပါတီက အဓိကအင်အားကြီးပါတီ ဆက်ဖြစ်နေပြီး သူရဲ့ လူကြိုက်များ ထောက်ခံမှုနဲ့ သြဇာတိက္ကမတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကြိုက်များထောက်ခံမှု သြဇာတိက္ကမ ကြီးမားမှုတို့နဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေဦးမှာ ဖြစ်ပါတယ်။ လူမျိုးအပေါ် အခြေမခံတဲ့ တခြား ဒီမိုကရေစီပါတီတွေနဲ့ အဖွဲ့အစည်းတွေက အရေးကြီးတဲ့ အင်အားစုတွေဖြစ်ပေမယ့် NLD ပါတီကို စိန်ခေါ်လောက်အောင် အင်အားကြီးမားတဲ့ အနေအထား မရှိကြပါ။ ပါတီခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိမယ်လို့ မယူဆထားတာကြောင့် သူတို့က ၂၀၁၅ ခုနှစ်အထိ NLD ပါတီကို ဆက်လက် ထောက်ခံကြပါလိမ့်မယ်။
၃) တိုင်းရင်းသားလူမျိုးအရေး ပြဿနာက တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေး သက်တမ်းကြာရှည်မှုနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေပါတယ်။ ပြည်နယ်-ပြည်မကြား ဆက်ဆံရေးမှာ ရှိနေတဲ့ အဖုအထစ်တွေကို ဖြေရှင်းနိုင်ခြင်းက ဒီမိုကရေစီ ထူထောင်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်း ဆက်ဖြစ်နေပါဦးမယ်။ အခုလက်ရှိ ချုပ်ဆိုထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပျက်ပြယ်သွားဖို့တော့ မဖြစ်နိုင်ပါ။ ဒါပေမယ့် အစိုးရ သဘောထားအမှန်ကို သိနိုင်ဖို့က ချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရရဲ့ စီမံဆောင်ရွက်ပုံတွေကို သူတို့က မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေကြပါတယ်။
၎) တိုင်းပြည်ရဲ့ကဏ္ဍပေါင်းစုံမှာ စစ်တပ် ပါဝင်ပတ်သက်မှုကို လျှော့ချသွားဖို့က နိုင်ငံရေးပါတီ အုပ်စုအားလုံးရဲ့ ဆန္ဒဖြစ်နေတာကြောင့် ဒီမိုကရေစီ လိုလားတဲ့ တိုင်းရင်းသား ပါတီတွေနဲ့ NLD ပါတီတို့က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်အထိ ပူးပေါင်း ဆောင်ရွက်ကြပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးအရ ဆွေးနွေးငြင်းခုံမှုတွေက ဗမာနဲ့ တိုင်းရင်းသား အုပ်စုတွေကြား အာဏာခွဲဝေရေးဆိုတဲ့ ပြဿနာဆီကို ရောက်သွားရင်တော့ ၂၀၁၅ ခုနှစ်လွန်ပြီး သိပ်မကြာခင်နဲ့ လွန်ပြီး ကြာမြင့်တဲ့ ကာလတွေမှာ ကြီးမားပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။
၅) ကျန်းမာရေး ၊ ပညာရေး ၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ အခြေခံ အဆောက်အဦချို့တဲ့မှု (တခြား ပြဿနာတွေလည်း အများကြီး ရှိပါသေးတယ်) ဆိုတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို စိန်ခေါ်နေတဲ့ ကိစ္စရပ်တွေက ဘယ်အစိုးရပဲ တက်လာတက်လာ အကြီးအကျယ် ဒုက္ခပေးနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ပြဿနာတွေကို အစိုးရသစ်က ရေတိုကာလအတွင်းမှာ မဖြေရှင်းနိုင်သေးရင်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်စေမှာတော့ မဟုတ်ပါ။
နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအ၀င် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းမှာ တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေ အများအပြား အတွက်ကတော့ “စေ့စပ်ညှိနှိုင်း အသွင်ကူးပြောင်းခြင်း” ခြင်းသည်သာ ဖြစ်နိုင်ခြေ အရှိဆုံး ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းကြောင်း ဖြစ်ရုံသာမက တခြား လမ်းကြောင်းတွေထက်လည်း ပိုနှစ်သက် သဘောကျစရာ ကောင်းပါတယ်။ မကြာသေးခင် အတိတ်ကာလတုန်းမှာတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားက တော်လှန်ရေးဆင်နွှဲ၊ လူထုအုံကြွမှုတွေ လုပ်ဆောင်ပြီး ပြုပြင်ပြောင်းလဲဖို့သာ စိတ်ဝင်စားခဲ့တာကြောင့် အခု နိုင်ငံရေးလမ်းကြောင်းက ပြတ်ပြတ်သားသား ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ကတော့ “လူငယ်ဘ၀တုန်းကတော့ ကျနော်တို့ တော်လှန်ရေးကို ယုံကြည်ခဲ့တာပါ။ တော်လှန်ရေးသမားတွေလိုပဲ နေထိုင်လုပ်ကိုင်ခဲ့တယ်လေ။ ဒါပေမယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှုထဲမှာ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်ဆိုတာ ဒီနေ့အချိန်မှာ ကျနော်တို့ နားလည်ပါပြီ” လို့ ရှင်းပြပါတယ်။
အစိုးရချုပ်ကိုင်မှုတွေ ပါဝင်တဲ့ “စေ့စပ်ညှိနှိုင်း အသွင်ကူးပြောင်းခြင်း” ခြင်းကို ပညာရှင်တွေကလည်း လက်ခံကြပါတယ်။ အစိုးရကနေ ဖော်ဆောင်ပေးတဲ့ အသွင်ကူးပြောင်းမှု Top-driven မှာ အစိုးရ (စစ်တပ်) ရဲ့ အင်အားနဲ့ ဒူပေနာပေ ခံနိုင်မှု (အားနည်းမှု မဟုတ်) ကို ဖော်ထုတ်ပြသနေတယ်လို့ အဆိုပါ ပညာရှင်တွေက ပြောပါတယ်။
ဒါပေမယ့် အစိုးရ အားနည်းနေပြီဆိုတာကို ပြသတဲ့ အချက်အလက်တွေ မရှိရင်တောင် တခြား နိုင်ငံရေး လမ်းကြောင်းတွေကို စဉ်းစားကြည့်ဖို့ ဆိုတာလည်း အလွန်အရေးကြီးပါတယ်။ အရှေ့အလယ်ပိုင်းဒေသက အာရပ်နွေဦး တော်လှန်ရေးနဲ့ ပတ်သက်ပြီး (မြန်မာနိုင်ငံအတွက်လည်း ထပ်တူထပ်မျှ သက်ဆိုင်ပါတယ်)  ဂရီဂိုရီ ဂေါက်စ် ကတော့ “အာဏာရှင်အုပ်စိုးမှုတွေ ကာလကြာမြင့် နေတာကြောင့် အာဏာရှင်အစိုးရတွေ သက်ဆိုးရှည်နေရတဲ့ အကြောင်းတရားတွေကိုပဲ ပညာရှင်တွေကလည်း အဓိပ္ပာယ် ဖွင့်ဆိုရှင်းပြနေတော့တာပါ။ အစိုးရ အားနည်းမှုကိုကျတော့ မပြောတော့ဘူး။ အဲဒီတော့ အရှေ့အလယ်ပိုင်း ဒေသတခုလုံးကို ရိုက်ခတ်သွားတဲ့ တော်လှန်ရေးတွေကို နားမလည်ကြတော့ဘူး” လို့ ရှင်းပြပါတယ်။
လှုပ်ခတ်စေသော ဖြစ်ရပ်များ (Disruptive Events)
ဖြစ်နိုင်ခြေ အခင်းအကျင်းတွေက လက်တွေ့ကျတဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုတွေကို ထည့်သွင်း စဉ်းစားထားတာဖြစ်ပြီး သူတို့တခုချင်းစီက နားလည်ဖို့ လွယ်ကူတဲ့၊ အဓိပ္ပာယ်သတ်မှတ်ဖို့ လွယ်ကူတဲ့၊ ကြောင်းကျိုးဆီလျော်တဲ့၊ ခန့်မှန်းတွက်ချက်လို့ ရတဲ့ အဖြစ်အပျက်တွေကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခန့်မှန်းတွက်ချက်ဖို့ မလွယ်ကူတဲ့ အခြေအနေတွေ၊ ကပြောင်းကပြန် ဖြစ်သွားစေမယ့် တခြားဖြစ်ထွန်းတိုးတက်မှုတွေကိုလည်း စဉ်းစားတွက်ချက်ဖို့ မဖြစ်မနေ အရေးကြီးပါတယ်။
အဆိုပါ အဖြစ်အပျက်တွေထဲမှာ အခြေအနေကို ရုတ်ချည်း ပြောင်းလဲစေတဲ့ မတော်တဆမှုများ (၂၀၀၄ ခုနှစ် ခရစ္စမတ် ဆူနာမီနဲ့ နာဂစ် ဆိုက်ကလုန်းမုန်တိုင်း ကဲ့သို့ သဘာဝကပ်ဘေးများ) ပါဝင်ပါတယ်။ မျှော်မှန်းမထားပေမယ့် ဆိုးဝါးပြင်းထန်တဲ့ စီးပွားရေး အကျပ်ရိုက်မှုများ၊ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ခြင်းလို အဖြစ်အပျက်တွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု လမ်းကြောင်းကို လုံးဝ ပြောင်းလဲသွားစေနိုင်တဲ့ အဖြစ်အပျက်တွေကိုလည်း အနည်းအကျဉ်း စဉ်းစားပေးဖို့ လိုပါတယ်။
မျှော်လင့်မထားသော ခေါင်းဆောင်မှု အပြောင်းအလဲ
တိုင်းပြည်ကို မတည်မငြိမ်စေတဲ့ ဖြစ်ရပ်တွေထဲမှာ လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေ သေဆုံးခြင်း၊ ဒါမှမဟုတ် မသန်မစွမ်း ဖြစ်သွားခြင်းတို့ ပါဝင်ပါတယ်။ အရေးအကြီးဆုံး ခေါင်ဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့ ပါဝင်ပြီး သူတို့အထဲမှာ အငယ်ဆုံးက အသက် ၆၅ နှစ်ရှိပါပြီ။ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက သမ္မတ ဦးသိန်းစိန်နဲ့ အဓိက ချိတ်ဆက်ထားပြီး သူရဦးရွှေမန်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့က ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်တာကြောင့် သူတို့က စစ်တပ်အတွင်းမှာ သြဇာအာဏာနဲ့ လွှမ်းမိုးမှုတွေ ရှိနေပါသေးတယ်။ အဲဒီလို သြဇာအာဏာ ရှိတာကြောင့် သဘောထား တင်းမာသူတွေကို ဘေးဖယ်ထုတ်ဖို့ ၀န်ကြီးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတာ အပါအ၀င် ပြုပြင်ပြောင်းလဲမှုတွေ၊ မူဝါဒ အသစ်တွေကို သူတို့က စတင် လုပ်ဆောင်လာနိုင်ပါတယ်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုတွေကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဍကို စတင် လျှော့ချလာနိုင်ပါတယ်။ ဒါ့အပြင် ၀ါရင့် စစ်ဖက်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းခေါက် ရွေးချယ်ထားသူတွေ ဖြစ်တာကြောင့် စစ်တပ်ကို ကိုယ်စားပြုတဲ့ အာဏာကို သူတို့က တစုံတခုသော အတိုင်းအတာအထိ ရယူထားနိုင်ပါသေးတယ်။
တဖက်မှာတော့ အောင်ဆန်းစုကြည်က အတိုင်အခံ အင်အားစုရဲ့ မရှိမဖြစ်၊ အစားမထိုးနိုင်တဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူရဲ့ ခေါင်းဆောင်မှုသာ မရှိရင် NLD အပါအ၀င် ဒီ့ထက် ပိုကျယ်ပြန်တဲ့ ဒီမိုကရေစီ တပ်ပေါင်းစုကြီးက အချင်းချင်းကြားမှာ တင်းမာမှုတွေ ရှိလာပြီး ပြိုကွဲသွားနိုင်ပါတယ်။ တိုင်းရင်းသား အုပ်စုတွေရဲ့ ထောက်ခံမှုကို ထိန်းထားနိုင်ဖို့ အတွက်လည်း သူ့ရဲ့ ခေါင်းဆောင်မှုက မရှိမဖြစ် အရေးကြီးပါသေးတယ်။
သမ္မတ ဦးသိန်စိန် ဒါမှမဟုတ် သူရဦးရွှေမန်းသာ သေဆုံးသွားရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်လာမလဲ ဆိုတာ မသိနိုင်သေးပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း လုပ်ဆောင်ထားတဲ့ ၀န်ကြီးအဖွဲ့ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် သူတို့မရှိလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ လမ်းကြောင်း ပြောင်းမသွားနိုင်ဘူးဆိုတာ တဖြည်းဖြည်း ထင်ရှားလာပါတယ်။ သူတို့နှစ်ယောက်နေရာကို ၀င်ရောက်လာမယ့် ခေါင်းဆောင်သစ်က သူတို့နှစ်ယောက်လိုမျိုး အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ရဲ့ထောက်ခံမှုကို ဆက်လက်ရရှိရင် အတိုက်အခံတွေရဲ့ ယုံကြည်မှုကို ဆက်လက်ရရှိရင်တောင် ပြုပြင်ပြောင်းလဲရေးတွေကို မားမားမတ်မတ် ရပ်တည်ပြီး ဆက်လက် ဖော်ဆောင်နိုင်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို စစ်တပ်က ဆက်လက် ထောက်ခံနေသရွေ့တော့ အဆိုပါ ခေါင်းဆောင်သစ်က အချိန် အတိုင်းအတာတခုအထိ လုပ်ပိုင်ခွင့် ဆက်ရနေဦးမှာပါ။
ဖြစ်နိုင်ခြေ အနည်းဆုံး ဆိုပေမယ့် တကယ်ဖြစ်လာရင် ဆိုးကျိုးတွေ အကြီးမားဆုံး ရှိလာနိုင်တာကတော့ အင်အားကြီးမားတဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ ရယူချုပ်ဆိုထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပျက်စီးသွားတာ ဖြစ်ပါလိမ့်မယ်။ သဘောတူညီချက်တွေ ပျက်ပြယ်ဖို့ဆိုတာ ဖြစ်တော့မဖြစ်နိုင်သေးပါ။ ပထမဦးဆုံး အချက်အနေနဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကလွဲပြီး ကျန်တဲ့ တိုင်းရင်းသားအုပ်စုတွေထဲမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်အန်တုဖို့၊ စိန်ခေါ်ဖို့ ဘယ်အဖွဲ့ကမှ အင်အားမတောင့်တင်းကြပါ။ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တိုက်ပွဲ ဝင်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအ၀င် တိုင်းရင်းသားအဖွဲ့တွေ အများစုက “စေ့စပ်ညှိနှိုင်းထားတဲ့ အသွင်ကူးပြောင်းရေး” သည်သာ အကောင်းဆုံး နိုင်ငံရေးပြဿနာ ဖြေရှင်းရေး နည်းလမ်း ဖြစ်တယ်လို့ သဘောပေါက်ထားကြပါတယ်။ နောက်ဆုံးအချက်ကတော့ သဘောထား တင်းမာ ရန်လိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖြစ်လာရင် စစ်တပ်အတွက်လည်း အကျိုးမရှိဘူး ဆိုတဲ့အချက်ပါ။ စစ်တပ်ရဲ့ နိုင်ငံရေး စီးပွားရေး လုပ်ပိုင်ခွင့်အာဏာတွေက ယုတ်လျော့ကျဆင်းထားပါပြီ။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပျက်စီးသွားရင် ဆိုးကျိုးတွေ ကြီးမားမယ်ဆိုတာ အထွေအထူး ပြောနေဖို့တော့ မလိုပါ။ တခြား အဖြစ်အပျက်တွေထက်စာရင် ဒီအဖြစ်အပျက်ကြောင့် စစ်တပ်ဆီက ပြန်လာမယ့် လက်တုံ့ပြန်မှုက ပိုဆိုးနိုင်ပါတယ်။ အကြောင်းကတော့ “နိုင်ငံတော် ပြိုကွဲတော့မယ်” ဆိုတဲ့ စစ်တပ်ရဲ့ အကြောက်တရားကို ပိုကြီးမားအောင် လုပ်ပေးလိုက်နိုင်တာကြောင့်ပါ။ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် NLD အပေါ်လည်း ပြင်းထန်တဲ့ ဖိအားတွေ ကျရောက်လာပါလိမ့်မယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပေမယ့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို NLD က ဒီနေ့အချိန်အထိ ထောက်ခံမှု ပေးထားပါတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် ပြည်သူထူထုကြား တင်းမာမှုတွေကို ပြင်းထန်လာအောင် လုပ်ပေးလိုက်သလိုဖြစ်ပြီး တိုင်းပြည်ရဲ့ တစုတစည်းတည်း ရှိနေမှုကို စိန်ခေါ်လိုက်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအရ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တာ (အထင်ရှားဆုံးကတော့ ရခိုင်ပြည်နယ်) ကိုလည်း တိုင်းပြည်က ရင်ဆိုင်ဖြေရှင်းရပါဦးမယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူများစု ရခိုင်တွေနဲ့ မွတ်စလင်တွေကြား တင်းမာမှုက အသစ်အဆန်းတော့ မဟုတ်ပေမယ့် တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရက အဆိုပါ လူမျိုးရေးတင်းမာမှု ပြဿနာကို ပထမဆုံးအကြိမ် အနေနဲ့ တရားဝင် လူသိရှင်ကြား ဖြေရှင်းပေးရပါဦးမယ်။ ပြဿနာအတွက်အဖြေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် တွေ့နိုင်မှာ မဟုတ်ပေမယ့် အစိုးရရဲ့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းအပေါ် မူတည်ပြီး နောက်ဆက်တွဲကိစ္စတွေ အများကြီး ပေါ်ပေါက်လာပါဦးမယ်။
(ဆက်လက် ဖော်ပြပါမည်)
(ဘရိုင်ယန် ဂျိုးဇက်ဖ် (Brian Joseph) ၏ Political Transition in Burma: Four Scenarios in the Run-Up to the 2015 Elections ကို ဘာသာပြန် ဖော်ပြပါသည်။ ဘရိုင်ယန် ဂျိုးဇက်ဖ်သည် National Endowment for Democracy မှ အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ ပရိုဂရမ်၏ ဝါရင့် ဒါရိုက်တာတဦး ဖြစ်ပါသည်။)
မလေးရှာရောက်မြန်မာများလုပ်ငန်းရှင်များကူမည်
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော အကြမ်းဖက်မှုများကြောင့် မလေးရှား နိုင်ငံတွင် မြန်မာ အလုပ်သမားတချို့ ရိုက်နှက် သတ်ဖြတ် ခံရမှုများ ဖြစ်ပွားလျှက်ရှိရာ မိခင်မြန်မာနိုင်ငံ ပြန်လိုသော မြန်မာအလုပ်သမားများ ပြည်တော်ပြန်နိုင်ရေးအတွက် ပြည်တွင်း လုပ်ငန်းရှင်များက ကူညီမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇနှင့် ကမ္ဘောဇ ကုမ္ပဏီပိုင်ရှင် ဦးအောင်ကိုဝင်းတို့က မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမားများ ပြည်တော်ပြန်နိုင်ရေး ကူညီလှူဒါန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ သတင်း ထုတ်ပြန်လိုက်ကြသည်။
မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော် တည်ထောင်ထားသော ဧရာဝတီ ဖောင်ဒေးရှင်းက မလေးရှားတွင် ရိုက်နှိက်ခံ ရမှုကြောင့် ဒဏ်ရာရရှိထားသော မြန်မာများအတွက်  အမေရိကန် ဒေါ်လာ ၂၀၀၀၀ လှူဒါန်းမည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လိုသည့် နိုင်ငံသားများ အတွက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) နှင့် ပူးပေါင်း၍ လေယာဉ်လက်မှတ် ၁၀၀၀ ကို အခမဲ့ ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီ ဖောင်ဒေးရှင်းမှ မီဒီယာ တာဝန်ခံ ကိုမိုးဝေက “ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်နေတဲ့အတွက် လိုအပ်တဲ့ ကူညီမှု တွေကို ကျနော်တို့ ဥက္ကဋ္ဌက ပေးချင်တယ်။ မနက်ဖြန်မှာ ကျနော်တို့ အဖွဲ့သားတွေ မလေးရှားကို သွားမယ်။ ဟိုက လုပ်ပေး နေတဲ့သူတွေ၊ သံရုံး တာဝန်ရှိသူတွေနဲ့ ပေါင်းပြီးတော့ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ ကျနော်တို့ ကြည့်ရမှာပဲ” ဟု ဧရာဝတီကို ပြောသည်။
ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းကလည်း မလေးရှားရောက် မြန်မာများအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀၀ မလေးရှားနိုင်ငံရှိ ကပုန်းနာရေးကူညီမှုအသင်း သို့ Eleven Media Group မှ တဆင့် လှူဒါန်းမည်ဖြစ်ပြီး ကမ္ဘောဇကုမ္ပဏီပိုင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ( MAI ) က ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ် လေယာဉ်လက်မှတ်များကို တလတိတိ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ချပေးမည်ဟု တရားဝင်သတင်း ထုတ်ပြန်ကြေညာသည်။
ကမ္ဘောဇဘဏ်လီမိတက်မှ အကြီးတန်းအထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ်က “ကျနော်တို့ ဥက္ကဋ္ဌက တိုင်းရင်းသား လုပ်ငန်းရှင် တယောက်ပါ။ ကိုယ့် နိုင်ငံသားတွေ တခြားနိုင်ငံမှာ ဒုက္ခရောက်နေတဲ့အချိန်မှာ လိုအပ်မယ်ထင်တဲ့ အကူအညီတွေ ပေးတဲ့သဘောပါ။ ထင်ပေါ်ကျော်ကြားလိုတဲ့ ရည်ရွယ်ချက်က အဓိကမဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးတေဇပိုင် ထူးဖောင်ဒေးရှင်းကလည်း မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် ခံရမှုများကြောင့် အမိမြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာသူများအတွက် ကနဦး လှူဒါန်းမှုအဖြစ် အမေရိကန်ဒေါ်လာ တသိန်း လှူဒါန်းမည်ဖြစ်ကြောင်း ထူး ဖောင်ဒေးရှင်း၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ရိုက်နှက် သတ်ဖြတ်ခံရသော မြန်မာနိုင်ငံသားများကို ကူညီပေးနေသည့် ကပုန်း နာရေးကူညီမှုအသင်းမှ ဘဏ္ဍာရေးမှူး ဦးဇော်ဇော်က လတ်တလော အလှူငွေများ လှူဒါန်းသည်ဟု လူမှုကွန်ရက်များတွင် ရေးသားထုတ်ပြန်မှုများ ကြားသိထားရသော်လည်း အမှန်တကယ် လှူဒါန်းငွေများ မရရှိသေးဟု ဧရာဝတီသို့ ပြောသည်။
“အခုလက်ရှိ မြန်မာနိုင်ငံထဲက သူဌေးကြီးတွေက ဘယ်သူက ဘယ်လို လှူမယ်ဆိုတာ facebook တွေမှာ ရေးထားတာတော့ တွေ့တယ်။ ဒါပေမယ့် ကျနော်တို့ လက်ထဲကို တပြားမှ မရောက်သေးပါဘူး။ လက်ရှိ လည်ပတ်နေရတာက မလေး၊ စင်ကာပူက မြန်မာတွေ ထည့်ဝင်ထားတဲ့ အလှူငွေနဲ့ ဆေးရုံ တက်နေရတဲ့သူတွေ အတွက် သုံးနေရတာပါ” ဟု ဦးဇော်ဇော်က ဧရာဝတီကို ပြောသည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့် လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်ဖြေရှင်းရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းတို့သည် ယနေ့ ညနေတွင် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သူ၏ facebook စာမျက်နှာမှတဆင့် တရားဝင် သတင်း ထုတ်ပြန်သည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ မိခင်နိုင်ငံ ပြန်လာနိုင်ရေး မြန်မာလုပ်ငန်းရှင်ကြီးများက ကူညီမည်ဟု သတင်း ထုတ်ပြန်သော်လည်း  မလေးရှားရောက် မြန်မာအလုပ်သမားအများစု နေရပ်ပြန်ရေး၊ မပြန်ရေးမှာမူ ဝေခွဲမရ ဖြစ်နေ ကြသည်ဟု မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။
မလေးရှားရှိ YEW HOONG ဆိုဖာ စက်ရုံတွင်  အလုပ်လုပ်ကိုင်နေသာ မြန်မာ အလုပ်သမားတဦးက လတ်တလော မြန်မာ နိုင်ငံသားများ အကြမ်းဖက် ခံနေရသည်ဆိုသော သတင်းများကြောင့် မြန်မာအလုပ်သမား အများစု ထိတ်လန့်နေကြသည်မှာ မှန်ကန်သော်လည်း နေရပ်ပြန်ရေး၊ မပြန်ရေးမှာမူ မသေချာကြောင်း၊ တရားမ၀င် မြန်မာ အလုပ်သမားများ အနေဖြင့်လည်း နေရပ်ပြန်နိုင်ရေး အခက်အခဲ များစွာရှိကြောင်း ရှင်းပြသည်။
“အားလုံးက ထိတ်လန့်နေကြတာတော့ အမှန်ပဲ။ ဒါပေမယ့်လည်း ပြန်မလား၊ မပြန်ဘူးလား ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ ကိုယ့်နိုင်ငံ ပြန်တော့ရော ဟိုမှာ ဘာလုပ်စားမလဲ။ နောက်ပြီး မလေးရှား အစိုးရက အခု တရားမ၀င်တွေကို တအား ဖမ်းနေတော့ တရားမ၀င် မြန်မာ အလုပ်သမားတွေကတော့ ပြန်ချင်ကြတယ်။ ဒါပေမယ့်လည်း တရားဝင်ပြန်နိုင်ဖို့က နိုင်ငံကူး လက်မှတ်၊ လေယာဉ်လက်မှတ်ဖိုး အပါအ၀င် တခြား အခက်အခဲတွေလည်း ရှိတယ်။ တချို့တွေကလည်း ဒီကို အကြွေးတွေနဲ့ လာကြတာ၊ လွယ်လွယ်နဲ့ ပြန်နိုင်မှာမဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် ကောင်းရင်၊ စားဝတ်နေရေး ဖူလုံတဲ့ လစာရရင်တော့ မလေးရှားကို ဘယ်လာချင်ပါ့မလဲ။ မလေးရှားက ပြန်သွားလို့ရော ဟိုမှာ အလုပ်နဲ့ စားဝတ်နေရေးက ပူနေရမှာပဲ။ စိုးရိမ်ပေမယ့်လည်း မပြန်မယ့်သူတွေလည်း ရှိတယ်၊ ပြန်မယ့် သူတွေ လည်းရှိတယ်” ဟု ဆိုဖာစက်ရုံမှ မြန်မာအလုပ်သမားက ပြောသည်။
မလေးရှားတွင် မြန်မာများ တိုက်ခိုက် သတ်ဖြတ်ခံရပြီး နောက်ပိုင်း မလေးရှားရဲများက မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း မလေးရှားနိုင်ငံမှ လာသော သတင်းများတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဆက်တိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ အသတ်ခံရသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တချို့ မေလ ၃၀ ရက်နေ့မှစတင်ပြီး တိုက်ခိုက် သတ်ဖြတ်ခံရမှုများ ဖြစ်ပွားနေပြီး တခြား ဒေသများတွင်လည်း သတ်ဖြတ်ခံရသူ တချို့ ရှိသည်ဟု မလေးရှားအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းထံမှ သိရှိရသည်။
မလေးရှားရဲတပ်ဖွဲ့က ဧပြီလ ၂၆ ရက်နေ့ ဆူဘန်ဂျာယား (Subang Jaya) တွင် သတ်ဖြတ်ခံရသော မြန်မာနိုင်ငံသား တဦး၏ အမှုအတွက် အသက် ၃၆ နှစ်အရွယ် ကိုတင်မောင်သန်းကို လည်းကောင်း၊ ဆီလန်ဂေါပြည်နယ် ဆန်းဂိုင်းဘူလို့ (Sungai Buloh) တွင် သတ်ဖြတ်ခံရသော မြန်မာနိုင်ငံသား တဦးအတွက် အခန်းဖော် ကိုမျိုးထွန်းဆိုသူကို အလိုရှိကြောင်း ယနေ့ သတင်း ထုတ်ပြန်ထားသော်လည်း ယင်းတရားခံပြေးများသည် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသော မြန်မာနိုင်ငံသား တချို့ သတ်ဖြတ် ခံရမှုနှင့် ဆက်စပ်မှု ရှိ၊ မရှိ တိကျစွာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၄ သိန်း ရှိပြီး ယင်းအရေအတွက်တွင် ရိုဟင်ဂျာ ၅၀၀၀၀ နီးပါးအထိ ရှိနိုင်ကြောင်း၊ မြန်မာအလုပ်သမား အများစုမှာ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြကြောင်း သိရှိရသည်။
သာလွန်ဇောင်းထက် ပူးပေါင်းရေးသားသည်။
Tuesday, June 11, 2013
 ကလေး၂ ဦးထက်မပိုရကန့်သတ်ချက်ဝန်ကြီးခင်ရီထောက်ခံ
ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ တအိမ်ထောင် ကလေး ၂ ယောက်ထက် မပိုရ ဆိုတဲ့ကန့်သတ်ချက်ကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထောက်ခံလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရှိကြတဲ့ ဘင်္ဂါလီအမျိုးသမီးတွေမှာ ကလေးတွေ အများကြီး ရှိနေပြီး တချို့နေရာတွေမှာ တမိသားစုတည်းမှာကို ကလေးက ၁၀ ယောက်နဲ့ ၁၂ ယောက်လောက် ရှိနေတယ်လို့လည်း ဦးခင်ရီက ဆိုပါတယ်။
ကလေးတွေ အာဟာရပြည့်ဝကြဖို့၊ ကျောင်းတက် ပညာသင်နိုင်ဖို့၊ ဂရုစိုက်ထိန်းသိမ်းစောင့်ရှောက်ဖို့တွေ မလွယ်ဘူးလို့လည်း ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဦးခင်ရီက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၆၀ မှာ အဲဒီဘင်္ဂါလီတွေက အရင်ခန့်မှန်းထားတဲ့ ၈ သိန်းထက် ကျော်လွန်ပြီး လူဦးရေ ၁ ဒမ ၃၃ သန်းရှိနေတယ်လို့ ဦးခင်ရီက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာပဲ ၁ ဒမ ၀၈ သန်း ရှိနေတာဖြစ်ပြီး လူဦးရေ ၄ သောင်းလောက်ကပဲ နိုင်ငံသားဖြစ်ခွင့် ရရှိထားတယ်လို့ ဆိုပါတယ်။
တအိမ်ထောင် ကလေး ၂ ယောက် ပေါ်လစီဟာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့က ထုတ်ပြန်ထားတဲ့အမိန့် မဟုတ်ပဲ ဒေသအာဏာပိုင်တွေ အောက်ခြေအဆင့်မှာ လုပ်ဆောင်နေကြပုံ ပေါ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။
ဒါပေမယ့် ဒီမူဝါဒဟာ ချို့တဲ့နွမ်းပါးတဲ့ မိသားစုကြီးတွေမှာ ဖြစ်တတ်တဲ့ ပြနာတွေကို လျော့နည်းသွားစေပါလိမ့်မယ်လို့ ဆိုပါတယ်။
ဆင်းရဲပြီး ပညာမတတ်တဲ့ ဘင်္ဂါလီအမျိုးသမီး အားလုံးနီးပါးအတွက် ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ မလွယ်ကူတာကြောင့် သူ့အမြင်အရ ဒီလူတွေအတွက် ကလေး ၂ ယောက် သို့မဟုတ် ၃ ယောက် ပေါ်လစီဟာ အလောတော်ပါပဲလို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ ဒါဆို ဒီမူဝါဒကို ထောက်ခံပါသလားလို့ မေးမြန်းရာမှာ Yes လို့ ပြန်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီမူဝါဒကို နိုင်ငံတကာက ၀ိုင်းဝန်းရှုံ့ချထားပြီး ကုလသမဂ္ဂကလည်း ဒါကို မကျင့်သုံးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမူဝါဒဟာ လူ့အခွင့်အရေးနဲ့ မညီတဲ့ ခွဲခြားဆက်ဆံခြင်းပဲလို့ ဝေဖန်ထားပါတယ်။
ရိုဟင်ဂျာတွေဟာ ၁၈၂၄ ကနေ ၁၉၄၈ ခုနှစ်အကြား ကိုလိုနီခေတ်အတွင်းက ရောက်ရှိလာကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်နေထိုင်တဲ့ မွတ်စလင်တွေလို့ မြန်မာအစိုးရက ပြောထားပါတယ်။ ဘဂါင်္လီဆိုတဲ့ အသုံးအနှုန်းဟာ မြောက်ပိုင်းမှ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် နေထိုင်သူတွေလို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံက အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတာ မပါဝင်ဘူးလို့ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေက ဆိုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း သူတို့ကို လက်မခံပဲ ၁၉၉၂ ခုနှစ်ကတည်းက ဒုက္ခသည်အဆင့်အတန်း သတ်မှတ်ပေးဖို့ကိုလည်း ငြင်းပယ်ထားတာကြောင့် ရိုဟင်ဂျာဆိုတဲ့အုပ်စုဟာ နိုင်ငံမဲ့သူတွေ ဖြစ်နေတာပါ။
 by ဒီဗွီဘီ
ဗမာပြည်မှာ နောက်လိုက်အများဆုံး ဖြစ်လာနိုင်တဲ့ အုပ်စု (သို့) Hate Group
ငြိမ်းချမ်းအေး၊ ဇွန် ၁၅၊ ၂၀၁၃
အမုန်းနိဒါန်း
လွန်ခဲ့တဲ့ လေးငါးနှစ်က ဗြိတိသျှရုပ်သံက “အမေရိကားမှာ လူမုန်းအများဆုံး မိသားစု” ဆိုတဲ့ နာမည် နဲ့ သတင်းမှတ်တမ်းရုပ်ရှင် တခု လွှင့်တယ်။  လူကြည့်များ၊ လူကြိုက်များခဲ့ကြတယ်။
မှတ်တမ်းပါ မိသားစု (အုပ်စုအဖွဲ့) မှာ လူ လေးငါးဆယ် လောက် ရှိတယ်။ နှစ်ခြင်း (Baptist) အသင်းတော် ဘုရားကျောင်း တခု အနေနဲ့ သူတို့ဘာသာ “သီးသန့်” ထူထောင်ပြီး သူတို့ယုံကြည်တာတွေကို ဟောပြောတယ်။  သမ္မာကျမ်းမြတ်ကို သူတို့ သဘောနဲ့ လိုသလို အဓိပ္ပာယ်ဖွင့်တယ်။  ဘာသာရေးလမ်းစဉ်နဲ့ ယုံကြည်ချက်ကို အခြေပြုပြီး သူတို့ အဓိကထား တိုက်ခိုက်တာကတော့ လိင်တူချစ်သူတွေ နဲ့ ဂျူးလူမျိုးတွေ ကိုပဲ။  ဒီ လူအုပ်စု နှစ်ခုစလုံးကို အမေရိကား က သည်းခံ နေတယ်ဆိုပြီး အမေရိကန်အစိုးရအဖွဲ့ နဲ့ လူ့အဖွဲ့အစည်းကို ရှုတ်ချတယ်။  ကိုယ်ကျင့်တရာ ပျက်ယွင်း၊ မှားယွင်းမှု (Morally Wrong) ဖြစ်နေတယ်လို့ သူတို့ သတ်မှတ်တယ်။ 
“God Hates Fags” ဆိုတဲ့ ဆောင်ပုဒ် နဲ့ လိင်တူချစ်သူတွေကို ဆန့်ကျင်တယ်။  ဆန္ဒပြပွဲတွေ လုပ်တယ်။  “Fags” ဆိုတာ လိင်တူချစ်သူ အမျိုးသားတွေကို နှိမ်ချစော်ကား တဲ့ ရင့်သီး အသုံးအနှုန်းပေါ့။  မြန်မာလို ဆိုရင် (မရိုသေ့စကား) “စောက်ခြောက်” ဆိုတဲ့ သဘောပေါ့။ 
သူတို့ အယူအဆ အရ Morally Wrong ဖြစ်နေတဲ့ အစိုးရ အတွက် အသက်ပေးပြီး စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးတဲ့ စစ်သားတွေရဲ့ ဈာပနာ တွေမှာလည်း “Thank God for dead soldiers” ဆိုင်းဘုတ်တွေကိုင်ပြီး သူတို့သွား ဆန္ဒပြလေ့ရှိတယ်။
ဒါ့အပြင် သူတို့ဟာ သူတို့ယုံကြည်တဲ့ အယူအဆ နဲ့ ကွဲလွဲသူမှန်သမျှကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချတယ်။  ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒို ဘယ် ဘာသာမှ မကျန်ဘူး။  ကက်သိုလစ် ခင်ကြီးတွေဟာ “သွေးစုပ်ဖုတ်ကောင်” တွေလို ကလေးသူငယ် ကောင်လေးငယ်တွေရဲ့ သုက်သွေးကို စုပ်ယူနေတယ်။  ပုပ်ရဟန်းမင်းကြီး ဟာ ကလေးမုဒိမ်းကောင် များရဲ့ အကြီးအမှူး၊ နှာဗူး ဘုန်းကြီး၊  မုဟမ္မဒ် ဟာ မကောင်းဆိုးဝါး နတ်ဆိုး၊ ရာဂကြူး ဖာလိုက်သူ သာ ဖြစ်တယ်။  အစရှိသလို ယုတ်ညံ့တဲ့ စကားလုံးတွေသုံး သူများဘာသာတရား ကိုးကွယ်မှု၊ ယုံကြည်ချက် နဲ့ ဆက်စပ်သမျှကို ပြင်းပြင်းထန်ထန် စော်ကား ပြောဆိုတယ်။
တိုတိုပြောရရင် သူတို့ အုပ်စုဟာ ဘာသာရေး ယုံကြည်ချက် ကို အလွဲသုံးစားလုပ်ပြီး အမုန်းတရား ဖြန့်ချီနေတဲ့ “Hate Group” ပေါ့။  ဒါပေမယ့် သူတို့ရဲ့ ယုံကြည်ချက်ကို အများအားဖြင့် ငြိမ်းချမ်းတဲ့ နည်းနဲ့သာ ထုတ်ဖော်တယ်။  စကားလုံး အသုံးအနှုန်းနဲ့ အမြင်သဘောထားတွေ ပြင်းထန် အစွန်းရောက် ပေမယ့် ကာယကံမြောက်တော့ အကြမ်းမဖက်ဘူး။  ဆိုတော့ သူတို့ရဲ့ ဆန္ဒပြပွဲတွေကို တရားဥပဒေဘောင်အတွင်းက ခွင့်ပြုနိုင်သလောက် ခွင့်ပြုထားရတယ်။  မတားဆီးကြဘူး။
လိုင်စင်ရ ရူးသွပ်မိုက်မဲခွင့် ရသူများ
ဆိုခဲ့တဲ့  ဗြိတိသျှရုပ်သံ မှတ်တမ်း အစီအစဉ်မှာလည်း သူတို့ရဲ့  အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ သဘောထား အမြင်တွေ အပြင် သူတို့ရဲ့ နေ့စဉ်ဘဝ နေမှု၊ ထိုင်မှုတွေကိုပါ သေသေချာချာ မှတ်တမ်းတင်ထားတယ်။  အမေရိကန် တနိုင်ငံလုံး၊ အနောက် ကမ္ဘာ တခုလုံး၊ အထူးသဖြင့် အင်္ဂလိပ်စကားပြော တိုင်းပြည်တွေက လူသန်းပေါင်းများစွာလည်း ဒီ အစီအစဉ်ကို  စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတယ်။
ဒါပေမယ့် ကြည့်ရှုရသူ ပရိသတ် အားလုံး အများစုက ဒီအဖွဲ့ဝင်တွေဟာ စိတ်ရောဂါဝေဒနာရှင် (Mental Disorder) ဖြစ်နေသူတွေ၊ ဘာသာရေး ကို အသုံးချ ခုတုံးလုပ်ပြီး လိင်တူချစ်သူအကြောက်၊ အမုန်း (Homophobia) ရောဂါ ခံစားနေရသူတွေ၊ အစ္စလာမ် အကြောက်၊ အမုန်း (Islamophobia)  ရောဂါ စွဲကပ်နေသူတွေ၊ လူမျိုးရေး ခွဲခြားသူ (Racist) နဲ့ ဘာသာရေး ပြင်းထန်အစွဲကြီးသူ (Extremist) တွေသာ ဖြစ်တယ် ဆိုတာ အားလုံး လိုလို သဘောပေါက် နားလည်ကြတယ်။  မှတ်တမ်း ရုပ်ရှင်ပါ သူတို့ သဘောထား၊ စကားတွေ အားလုံး ကို တချို့က ရယ်ရယ်မောမော၊ တချို့က စုတ်တသတ်သတ်၊ တချို့က အံ့သြတကြီး နဲ့ နားထောင်၊ ကြည့်ရှုကြရုံကလွဲလို့ အများစု ကြည့်ရှုသူတွေဟာ ဒါတွေဟာ အကျိုး/အကြောင်မညီ၊ အခြေအမြစ်မရှိ၊ မမှန်ကန်တဲ့ တရားတွေ၊ စကားတွေသာ ဖြစ်တယ် ဆိုတာ သိကြတယ်။ 
စာရေးသူ အနေနဲ့ ဒီ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကား၊ ပြင်သစ် အစရှိတဲ့ နိုင်ငံပေါင်းစုံက လူအတော်များများနဲ့ ဆွေးနွေးဖူးတယ်။  သူတို့အားလုံး စပြောတဲ့ တူညီတဲ့ စကားလုံးတွေကတော့ “They are crazy. (သူတို့ အရူးတွေပါ)” (သို့) “How stupid they are! (သူတို့ ဘယ်လောက်များ မိုက်မဲရူးသွပ်နေကြသလဲဗျာ..” ဆိုတာပဲ ဖြစ်တယ်။
မှတ်တမ်းရုပ်ရှင် ခေါင်းစဉ် အတိုင်းပဲ ဆိုခဲ့တဲ့ ဘာသာရေးအစွန်းရောက် ဘုရားကျောင်း မိသားစု အုပ်စုဟာ အမေရိကားမှာ လူမုန်းအများဆုံး မိသားစုသာ ဖြစ်ရတယ်။  သူတို့ကို ဘယ်သူကမှ ခရစ်ယာန် ဘာသာကို ကာကွယ်စောင့်ရှောက်နေသူလို့ မမြင်ကြဘူး။  ဒီလို ဘာသာရေးအရူးတွေနဲ့တော့ ငါ့တို့ ခရစ်ယာန် ဘာသာ ရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည်တွေ ယုတ်လျော့တော့မှာပဲလို့သာ သူတို့ဆီက လူသာမန်၊ လူကောင်းတွေ တွေးပူကြတယ်။  ငါတို့ လူ့အဖွဲ့အစည်း ဒီလို အရူးတွေမျိုးသာ များလာရင် ဒုက္ခ။  အမုန်းတွေပွား၊ ပဋိပက္ခတွေသာ များလာတော့မှာပဲလို့သာ စိုးရိမ်ကြတယ်။  တခြား ဘယ် ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတခုခု ကမှလည်း သူတို့ကို အဆက်အဆံ မလုပ်၊ အသိအမှတ်မပြုကြဘူး။  ဒေသအစိုးရ ကလည်း သူတို့ရဲ့ လွတ်လပ်ခွင့်ကိုလည်း မထိပါးစေ၊ လူ့အဖွဲ့အစည်းကိုလည်း မထိခိုက် အဆိပ်အတောက် မဖြစ်အောင် လိုအပ်တဲ့ တားဆီးမှုတွေ၊ အကန့်အသတ် စည်းကမ်းတွေ၊ ဥပဒေပြုမှုတွေ ပြဋ္ဌာန်းပြီး မျှတအောင် ထိန်းညှိဆောင်ရွက်တယ်။
အမုန်းအုပ်စု လူရာမ၀င်
ကောင်းပြီ..။  ဒါက ပညာရေး အဆင့်အတန်းမြင့်၊ ယဉ်ကျေးမှုပေါင်းစုံ၊ အယူဝါဒ မျိုးစုံ ထွန်းကား စည်ပင်နေတဲ့ အတွေးအခေါ်မြင့်၊ အမြင်ကျယ် လူအများ ကြီးစိုးရာ လူ့အဖွဲ့အစည်းမှာ ဖြစ်နေလို့သာ ဒီလို အမုန်းတရားကို ပြင်းပြင်းထန်နဲ့ ဖြန့်ဖြူးနေမှုဟာ လူ့အဖွဲ့အစည်းကို ထိထိရောက်ရောက် မထိခိုက်တာပေါ့။  ခိုင်မာ ထိရောက်တဲ့ တရားဥပဒေ စိုးမိုးမှုလည်း ရှိနေလို့ ဒီလို အမုန်းတရားကြီးမားတဲ့ အုပ်စုတွေဟာ သူတို့ မုန်းတဲ့ လူအုပ်စုတွေကို အကြမ်းမဖက်နိုင်တာပေါ့။
နောက်တခု က သူတို့ဆီမှာက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး၊ စာနယ်ဇင်း၊ ပညာရေး စနစ် အစရှိတဲ့ အားလုံးသော တိုင်းပြည်ရဲ့ ကဏ္ဍတွေကို ဘာသာရေး အဖွဲ့အစည်းတွေ၊ ဘုရားကျောင်းတော်တွေနဲ့ လုံးလုံးခွဲခြားထားပြီး  “Secular State” စစ်စစ် ဖြစ်နေလို့ ဒီလို အရူးတစု ဦးစီးတဲ့ ဘာသာရေးအဖွဲ့ တခုရဲ့ အမြင်၊ သဘောထား၊ မူဝါဒ သာမက တကယ့် မြင့်မြတ်စင်ကြယ်ပြီး စစ်မှန်တဲ့ တရားဓမ္မကိုသာ ဖြန့်ဖြူးနေတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ ဂိုဏ်းတွေရဲ့ သဘောထားအမြင်ကပါ  တိုးပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး၊ ပညာရေး စနစ်၊ စာနယ်ဇင်း ဘယ် ကဏ္ဍ တခုကိုမှ လွှမ်းမိုး ချုပ်ကိုင် သက်ရောက်မှု မဖြစ်စေဘူး။ 
စာနယ်ဇင်း မှာ ဘာသာရေး စာစောင်၊ ရုပ်သံ၊ ရေဒီယို လိုင်းတွေ သက်ဆိုင်ရာ ဘာသာအလိုက်၊ ကျောင်းတော် အဖွဲ့အစည်းအလိုက် သီးသန့်ရှိတာမျိုးပဲ ရှိမယ်။  ဒါပေမယ့်  အဓိက အများစု စာပေ၊ စာနယ်ဇင်း ကဏ္ဍကနေ တိုင်းပြည်ရဲ့ ဘာသာကြီးတခုခုရဲ့ အယူဝါဒ တခုခု ကို တိုးပွားအောင် ဖြန့်ချီရမယ် (သို့) ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာမျိုး သဘော မရှိဘူး။  တိုင်းပြည်ရဲ့ စာနယ်ဇင်း အပါအဝင် ရုပ်ရှင်၊ ဂီတ၊ ဖျော်ဖြေရေး၊ စာပေ၊ ပညာရေး နဲ့ အဓိက မဏ္ဍိုင်ကြီး (၃) ခု ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေး တွေမှာ လူ့တန်ဖိုးကို မြှင့်တင်ဖို့၊ လူ့အခွင့်အရေး နဲ့ လွတ်လပ်ခွင့်ကို အာမခံဖို့၊ လူလူချင်း လေးစားဖို့၊ ကိုးကွယ်ယုံကြည်မှုဘာသာအားလုံးကို တန်ဖိုးထားဖို့ ကိုသာ အလေးပေး ထည့်သွင်းကြတယ်။
ယူကေ၊ ယူအက်စ်၊ သြစတြေးလျ အစရှိတဲ့ လူဖြူ ခရစ်ယာန် အများစု ကြီးစိုးရာ နိုင်ငံတွေမှာ Homophobic, Racist, Ultra Nationalist, Religious Extremist စတဲ့ အစွန်းရောက် အတွေးအခေါ်ရှိ၊ အမြင်ကျဉ်းမြောင်းသူ မှတ်တမ်းရုပ်ရှင်ပါ မိသားစုအဖွဲ့လို လူတွေ အနည်း၊ အများတော့ ရှိတာပေါ့။  ဒါပေမယ့် ဆိုခဲ့သလို တရားဥပဒေ စိုးမိုးမှု အပါအဝင် တိုင်းပြည်ရဲ့ အရေးပါတဲ့ နေရာ၊ ကဏ္ဍ တိုင်းမှာ အစွန်းရောက်တွေမကြီးစေဖို့ စနစ်တကျ ထည့်သွင်း စီမံ၊ အစီအစဉ် လုပ်ဆောင်ထားတော့ လူ့အဖွဲ့အစည်းတခုလုံးအတွက် အန္တရာယ်ကျလောက်အောင် မဖြစ်ဘူး။  လူအများစုကလည်း ဒီလို အရူးတွေရဲ့ တဘက်စွန်းရောက် အတွေးအခေါ်တွေကို ရွံရှာစက်ဆုပ် ပြု၊ နှာခေါင်းရှုံ့၊ ဖယ်ကြဉ် ကြတယ်။
တနည်းအားဖြင့် အမုန်းတရား အတွက်၊ အစွန်းရောက်တရား အတွက် နေရာက သိပ်မကျယ်ပြန့်၊ မရှိဘူးလို့ ဆိုနိုင်တာပေါ့။
ဝါးလုံးခေါင်းထဲမှာ မုန်းချင်တိုင်း မုန်း
ဆိုတော့  ဒီလို လူ့အဖွဲ့အစည်းကို ပြင်းပြင်းထန်ထန် ထိခိုက်မှုမရှိသမျှ အစွန်းရောက် အမုန်းတရား ဖြန့်ဖြူးနေသူ အရူးတွေကို သူတို့ ကမ္ဘာသေးသေးလေးမှာ သူတို့ လုပ်ချင်ရာကို မျှတတဲ့ လွတ်လပ်ခွင့် အခွင့်အရေး၊ တရားဥပဒေနဲ့ အညီ လုပ်ခွင့် ပေးထားလိုက်တယ်။  ဘယ်သူမှ အရေးမလုပ်တဲ့ ဝါးလုံးခေါင်းထဲမှာ လသာခွင့်ပေးထားလိုက်တယ်။
ဒီလိုပေးနိုင်တာက ဆိုခဲ့တဲ့ အတိုင်း သူတို့ လူ့အဖွဲ့အစည်းမှာက အခြေတည် တည်ဆောက်ပြီး ဖြစ်နေတဲ့ စနစ်အဖွဲ့အစည်းတွေ ခိုင်မာ၊ ကြံ့ခိုင် သန်စွမ်းပြီး ဖြစ်နေလို့ ဖြစ်တယ်။  အရူးတစု မြှောက်ပေးလို့ လူ့အဖွဲ့အစည်းတခုလုံး လမ်းလွဲလိုက်စရာ၊ အမုန်းတွေများ၊ မတည်ငြိမ်မှုတွေပြည့်၊ အကြမ်းဖက်မှုတွေပွား လာစရာလမ်း အများကြီး နည်းတဲ့အတွက် အရူးတွေကို ထိုက်သင့်တဲ့ လွတ်လပ်ခွင့်မျိုးကို ဥပဒေ အကန့်အသတ် နဲ့ စီစစ် ပေးပြီး သေချာ စောင့်ကြည့်၊ လူ့အဖွဲ့အစည်း တည်ငြိမ်၊ ငြိမ်းချမ်း၊ တိုးတက်၊ ဖွံ့ဖြိုး အောင် စီမံ ထားခြင်းမျိုး ဖြစ်တယ်။
ကောင်းပြီ..။  ခု ဆွေးနွေးခဲ့တဲ့ သဘောကို ဗမာပြည် လူ့အဖွဲ့အစည်း အနေနဲ့ ပြောင်းစဉ်းစားကြည့်ရအောင်ပါ။ 
ပထမဆုံး အနေနဲ့ ဗမာပြည်ရဲ့ ပကတိ နောက်ခံ အခြေအနေမှန်ကို သိစေဖို့ရာ တိုင်းပြည်မှာ အရေးပါတဲ့ ကဏ္ဍ တချို့ကို ယေဘုယျ သဘော အကြမ်းဖျင်း အတိုချုံး စောကြော ကြည့်ပါမယ်။
၁) လူ့အဖွဲ့အစည်းရဲ့ ပညာအရည်အသွေး၊ အတွေးအခေါ်၊ အမြင်ကျယ်မှု ရေချိန် ဘယ်လောက် မြင့်မား ကျယ်ပြန့် ရှိနေပါသလဲ။
စစ်အာဏရှင်စနစ် နှစ်ပေါင်း ငါးဆယ်ကျော် စိုးမိုးခဲ့မှုနဲ့အတူ တိုင်းပြည်ဟာ တံခါးပိတ်၊ နားပိတ်၊ မျက်စိပိတ်နေခဲ့ရပြီး ဝါးလုံးခေါင်းထဲမှာသာ လသာချင်သူများသာ တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ရေတွင်းထဲက ဖားသူငယ်အမြင်ရှိသူတွေသာ ဝမ်းနည်းဖွယ် တိုးပွားလာခဲ့တယ်။ ပညာရေးစနစ်က ကမ္ဘာအဆင့်မှာ ဓားမနောက်ပိတ်ခွေး ဆိုထားတဲ့ အောက်ရောက်နေတယ်။  ဒီကြားထဲ စစ်အာဏာရှင်စနစ် နဲ့ စစ်အုပ်စု က သူတို့ အာဏာတည်မြဲရေး နိုင်ငံရေးလိုအပ်ချက်အရ (Politically Manipulated) လုပ်ထားတဲ့ ပြင်းထန် အစွန်းရောက်တဲ့ အမျိုသားရေးစိတ်၊ မျက်ကန်း မျိုးချစ်စစ်၊ နိုင်ငံချစ်စစ်၊ ပြင်းထန်တဲ့ အမျိုး၊ ဘာသာ၊ သာသနာ အမြင်တွေဟာ တိုင်းပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးနေပြန်တယ်။  ဆိုတော့ ပညာ၊ အတွေးအခေါ် နဲ့ အမြင်ကျယ်မှု အခြေအနေ ဘယ်လိုဆိုတာ တွက်လို့ရပါပြီ။
၂) တရားမျှတ၊ ခိုင်မာတဲ့ ဥပဒေ၊ လွတ်လပ်မျှတတဲ့ တရားစီရင်ရေး စနစ် နဲ့ တရားဥပဒေ စိုးမိုးမှု တိုင်းပြည်မှာ ဘယ်လောက် အခြေတည် နေပြီလဲ။
ဗမာပြည်မှာ စစ်အာဏာရှင်ခေတ် အဆက်ဆက်ကနေ မျက်မှောက်ခေတ် အထိ ဥပဒေ ဆိုတာ နှစ်မျိုးပဲ ရှိတယ်။  လိုရင်တမျိုး၊ မလိုရင်တမျိုးဆိုတဲ့ ဥပဒေ နှစ်မျိုးပဲ ခိုင်မာ ရှင်သန်နေတယ်။  တရားစီရင်ရေး စနစ်မှာလည်း လူတယောက်လုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ရက်ရက်စက်စက် လူအများရှေ့ သတ်ခဲ့ရင်တောင် အခြေအနေတခု (သို့) ငွေကြေးအင်အား၊ အာဏာ တန်ခိုးနဲ့ ထောင်ဒဏ် (၂) နှစ်၊ (၃) နှစ် အပြင် မပိုဘဲ ဖြစ်နိုင်ပေမယ့် စကားတခွန်း၊ E-mail တစောင်၊ ပြက်လုံးတခု၊ စာတပုဒ်၊ ကဗျာတကြောင်း၊ သီချင်းတပုဒ်၊ ဓာတ်ပုံတပုံ အတွက်နဲ့ လူသက်တမ်း ထက်ကြီးတဲ့ ထောင်သက်တမ်းကို ခံစားရနိုင်တဲ့ အခြေအနေ၊ အနေအထားမျိုးဟာ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ ဖြစ်ခဲ့၊ ဖြစ်နေတယ်။
တရားဥပဒေ စိုးမိုးမှုကို ကြည့်ပြန်ရင်လည်း ဥပဒေအထက်မှာ အမြဲတမ်းနေနိုင်သူတွေ အမြဲရှိနေသလို၊ လူမှုစီးပွား အရပ်ရပ်မှာ ဘယ်အရာ နဲ့ ဘယ်အခါမှ အစိုးမရတဲ့ အစိုးရရဲ့ ဥပဒေတွေ၊ အမိန့်တွေ၊ အာဏာတွေရဲ့ ဒဏ်ကို ပြည်သူလုထု လှိမ့်ခံနေရတဲ့အပြင် လူတိုင်းရဲ့ တကိုယ်ရေ လွပ်လပ်ခွင့်ပျောက်၊ လူမှုစီးပွား ဘဝ လုံခြုံရေးမဲ့ ကျီးလန့်စာစားနေရကာ အမြဲတမ်း မျက်စိသူငယ်၊ အထိတ်တလန့် နေထိုင်နေရတဲ့ ဘဝတွေ၊ အဖြစ်အပျက်တွေဟာ ပကတိ မျက်မှောက် လက်တွေ့ မြင်နိုင်သလို၊ သမိုင်းသက်သေလည်း ရှိတယ်။  ဆိုတော့ ဥပဒေ၊ တရားရေးစနစ် နဲ့ တရားဥပဒေ စိုးမိုးမှု ဆိုတာ ဗမာပြည်မှာ ပုတ်လောက်ကြီး ရေးပြမှ ရေးရေးမျှ မမြင်နိုင်ဆိုတဲ့ အခြေအနေ ဖြစ်နေတယ်။
၃) ဘာသာရေး နဲ့ နိုင်ငံတော် လုံးလုံးပိုင်းခြားထားတဲ့ “Secular State” စစ်စစ်ဖြစ်နေပြီလား။ 
အခြေခံဥပဒေမှာ နတ်ကိုးကွယ်မှု အပါအဝင် ဘာသာအယူဝါဒ ပေါင်းစုံကို အသိအမှတ် ပြုထားတယ်။  အပေါ်ရံသဘောမှာ ဗမာပြည်ဟာ “Secular State” ပါပဲ။  ဒါပေမယ့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အနေနဲ့ ပြဋ္ဌာန်းဖို့ စီစဉ်ခဲ့ဖူးပြီး နောက်ပိုင်း တလျှောက်လည်း စစ်အစိုးရ အဆက်ဆက် တရားဝင် နိုင်ငံတော်ဘာသာ အနေနဲ့ မပြဋ္ဌာန်း သော်ငြားလည်း လက်တွေ့ သဘော နဲ့ အလုပ်မှာတော့ ဗုဒ္ဓဘာသာကိုသာ အားပေးချီးမြှောက်လေ့ အစဉ်အဆက် ရှိခဲ့တယ်။ 
တိုင်းပြည်ဟာ ဗုဒ္ဓဘာသာတိုင်းပြည်သာ ဖြစ်တယ်ဆိုတဲ့ သဘောကို ပညာရေးစနစ်၊ စာပေ၊ ရုပ်ရှင်၊ အနုသုခုမ နဲ့ တိုင်းပြည်အုပ်ချုပ်ရေး နဲ့ နိုင်ငံရေးစနစ်တွေမှာ ထည့်သွင်း ကျင့်သုံး၊ ဖော်ဆောင်ခဲ့တယ်။  ဒါက အမျိုး၊ ဘာသာ၊ သာသနာ ကို အာဏာတည်မြဲရေးအတွက် တလွဲအသုံးချခဲ့တဲ့ တဘက်စွန်းရောက် အမျိုးသားရေးဝါဒီ စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့လို့ဆိုပြီး အကြောင်းပြချက် ပေးနိုင်တယ်။  ဘာသာ၊ သာသနာ အဓွန့်ရှည်ဖို့ ဒီမင်း၊ ဒီစနစ်သာ အမြဲ တိုင်းပြည်မှာ ကြီးစိုးရမယ် ဆိုတာကို ပုံဖော်နိုင်ဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်။
ဒါပေမယ့် မျက်မှောက်ခေတ် ဒီမိုကရေစီ စနစ်မှာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီး အစိုးရ တရပ် လုပ်ချင်ရင် အာဏာရှင် စနစ်က အတိုင်း ပဒေသရာဇ်ခေတ်စနစ် သာသနာကို ကာကွယ်နိုင်စွမ်းတဲ့ ဘုန်းတော်ရှင် ရေမြေ့အရှင် အနော်ရထာလို၊ မင်းတုန်းမင်းလို ဘုရားဒါယကာ၊ ကျောင်းတကာ သာသာနာပြုမင်းအစိုးရ ဖြစ်ချင်လို့မရပါ။  အစိုးရ အနေနဲ့  ဘယ်ဘာသာ အယူဝါဒတခုခုကို ဘာအကြောင်းပြချက်နဲ့မှ အားပေးခြင်း၊ တိုးပွားအောင် လုပ်ပေးခြင်း ပြုလို့မရပါ။  ဒီလို သဘော မပျောက်သေးသမျှ တိုင်းပြည်ဟာ “Secular State” စစ်စစ် လုံးလုံး မဖြစ်ပါ။
၎) ကျင့်ဝတ်၊ သိက္ခာအပြည့်၊ ဘက်မလိုက်တဲ့ စာနယ်ဇင်း၊ မီဒီယာလုပ်ငန်း၊ ခိုင်မာတဲ့ စတုတ္ထမဏ္ဍိုင်ကြီး ဖွံ့ဖြိုးနေပြီလား။
ဗမာ့စာနယ်ဇင်းဟာ ကိုလိုနီခေတ်ကတည်းက စလို့ ဖဆပလ၊ မဆလ၊ နဝတ၊ နအဖ ကနေ ခုမျက်မှောက်ခေတ်အထိ အမျိုး၊ ဘာသာ၊ သာသနာဘောင်ထက်မကျော်၊ အမျိုးသားရောင် လောင်းရိပ် အောက်က မလွတ်ပါ။  ကိုလိုနီကျွန်ဘဝ မီဒီယာလုပ်ငန်းဟာ အမျိုးသားရေးလှုပ်ရှားမှု လှိုင်းနဲ့အတူ သခင်လိုဖြစ်အောင် လမ်းညွှန်ပေးနိုင်ခဲ့တာ မှန်တယ်။  ဒါပေမယ့် နောက်ပိုင်းမှာ ဒီထက် ပို ကျယ်ပြန့်တဲ့ ဘောင်ကိုတော့ ချဲ့ထွင်နိုင်ဖို့ မကြိုးစားသလို လူထုရှေ့က ဦးဆောင်၊ ဦးရွက်ပြု လမ်းညွှန် ချမပြနိုင်ခဲ့ပါဘူး။  ကျွန်ဘဝလွတ်လို့ သခင်ဖြစ်လာသော်လည်း နိုင်ငံကြီးသား စစ်စစ်ဖြစ်စေဖို့ရာ ကျယ်ပြန့်၊ လွတ်လပ်၊ မျှတ လူ့တန်ဖိုး ပြည့်တဲ့ အတွေးအခေါ်တွေ ထွန်းကားစေဖို့ ဖော်ဆောင်ရာမှာ အားနည်းခဲ့တယ်။ 
ဒီလိုနဲ့ အမျိုးသားရေးဘောင်အတွင်းကပဲ ရေးသား၊ တင်ပြ၊ ဆွေးနွေးခဲ့ကြတာ များတယ်။  အမျိုးသားရေးအတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျင့်ဝတ်၊ သိက္ခာနဲ့ မညီတဲ့ အရေးအသားတွေ၊ တင်ဆက်ပုံတွေ၊ သတင်းတွေ ပြည့်နေတဲ့ မျက်မှောက်ခေတ် မီဒီယာပေါင်းစုံက ဒီသဘောကို သာဓကပြု ထင်ရှားစေတယ်။
ဆွေးနွေးခဲ့တဲ့ နောက်ခံကားချပ် အချက် (၄) ချက်နဲ့ ဗမာပြည် လူ့အဖွဲ့အစည်းမှာ ဆောင်းပါး အစ တင်ပြခဲ့တဲ့ အမေရိကား က “Hate Group” ရဲ့ အလုပ်သဘောတွေ ထည့်ကြည့်ပါ။  အမေရိကား နဲ့ တိုးတက်ဖွံ့ဖြိုးပြီး အနောက်လူ့အဖွဲ့အစည်း မှာလို “Hate Group” နဲ့ သူတို့ သဘောတွေ မကြီးထွားလာပဲ နေမလား။  အမေရိကား မှာလို သူတို့ဟာ “လူမုန်းအများဆုံး မိသားစု” အုပ်စုပဲ ဖြစ်နေမလား။
အမျိုးသားအရေးလား၊ တမျိုးသားရေးလား
ဘယ်လိုမှ မဖြစ်နိုင်ပါ။  မျက်စိသူငယ်၊ နားသူငယ် နဲ့ ဗူးလုံးနားမထွေး လူအများစုဟာ “Hate Group” တွေရဲ့ လမ်းညွှန်မှု အလွဲနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားမှာပါ။  အမျိုး၊ ဘာသာ ဆိုတဲ့ ဗမာလူမျိုး အဆက်ဆက် သည်းခြေကြိုက်ဖြစ်ခဲ့တဲ့ အကြောင်းတရားနဲ့ဆိုရင် ပိုလို့တောင် ကောက်ကောက်ပါသွားပါဦးမယ်။  ဆိုတော့ “Hate Group” တွေဟာ “ဗမာပြည်မှာ နောက်လိုက်အများဆုံး အုပ်စု” ပဲဖြစ်လာမှာ မလွဲဧကန်ပါ။  လက်ရှိအခြေအနေမှာကို ဗမာပြည်မှာ အမေရိကား က ဆိုခဲ့တဲ့ “Hate Group” သုံးစွဲနေတဲ့ စကားအသုံးအနှုန်းထက် မလျော့တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ အပြော၊ အဟော၊ အရေးတွေနဲ့ အမုန်းတရားတွေကို လူထုအကြေား နေရာအနှံ့အပြားမှာ၊ ပုံစံမျိုးစုံနဲ့ တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးနေကြပါပြီ။ 
စာရေးသူက အွန်လိုင်းလောက ကိုသာ ကြည့်ပြီး ဆိုနေသလားလို့ လူတချို့ က မေးခွန်းထုတ်ချင်ကြပါမယ်။  မဟုတ်ပါ။  ဗမာပြည်မှာ တရားဓမ္မအစစ်ကိုသာ ဟောပြောပို့ချရမယ့် ဘာသာရေး တရားပွဲ နေရာကနေစပြီး လမ်းပေါ်၊ အိမ်ပေါ်၊ စီးပွားလုပ်ငန်း၊ လူမှုရေး နဲ့ မွေးရာပါ လွတ်လပ်တဲ့ ပုဂ္ဂလိက အခွင့်အရေး အိမ်ထောင်ပြုမှု အဆုံး ကိစ္စ အရပ်ရပ် အပါအဝင် နောက်ဆုံး ဥပဒေပြုမှု အထိပါ “Hate Group” တွေက ဖြန့်ဖြူးတဲ့ သဘောတရားတွေ၊ အတွေးအခေါ်တွေ အပြင်းအထန် သက်ရောက်နေတယ်ဆိုတာ ဘယ်လိုမှ ငြင်းချက် ပြန်ထုတ်လို့မရတဲ့ အချက်ဖြစ်ပြီး လက်ရှိမှာ မျက်မြင်ပဲ ဖြစ်တယ်။
 တိုင်းပြည်မှာ လူအများကြား နှစ်ပေါင်း နှစ်ဆယ်ကျော် လေးစားချစ်ခင်လာကြတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကိုတောင်မှ အခု “Hate Group” တွေရဲ့ ပရောဂနဲ့ လူသာမန်များကြား အထင်အမြင်မှား၊ အကြည်ညိုလျော့ တဖြည်းဖြည်း ဖြစ်လာနေတာ လက်တွေ့ပဲ ဖြစ်တယ်။  အကျိုးဆက်အနေနဲ့ ခုမြင်တွေ့နေရတဲ့အတိုင်း မျက်မှောက် ဗမာ့ လူ့အဖွဲ့အစည်းမှာ လူမှု၊ စီးပွား မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ၊ အမုန်းတွေ၊ အာဃာတတွေ၊ မယုံကြည်မှုတွေ၊ အထင်အမြင်မှားမှုတွေ စတဲ့ ဒုက္ခ၊ သုက္ခ အမျိုးမျိုး အဖုံဖုံ တနေ့ထက်တနေ့ မရိုးနိုင်အောင် များပြား တိုးပွားလာနေတော့တာပါပဲ။
အမုန်းခုတုံးပြုသူများ တားဆီးရေး
ဒါကြောင့် ဗမာပြည်လို တရားဥပဒေ စိုးမိုးမှုနည်း၊ ပညာရည် နိမ့်ကျ၊ လူတွေရဲ့ အတွေးအခေါ်၊ အဆင့်အတန်း လွပ်လပ်ကျယ်ပြန့်၊ ဖွံ့ဖြိုးမှု အားနည်းနေသေးတဲ့ တိုင်းပြည်မျိုးမှာ “Hate Group” တွေကို နည်းနည်းလေး ဆိုနိုင်ရုံမျှတောင် အလွှတ်မပေးဘဲ “zero tolerance” ပေါ်လစီ ကျင့်သုံး လုံးဝ ဥဿုံ ထိန်းချုပ်ရပါမယ်။  ဒီမိုကရေစီ အခြေတည်ဖွံဖြိုးစ၊ အာဏာရှင်စနစ်ရဲ့ စရိုက်လက္ခဏာ ကျဉ်းမြောင်းတဲ့ သဘောထား၊ လူ၊ စနစ် နဲ့ အဖွဲ့အစည်းတွေ ရှင်သန်နေဆဲ လက်ရှိ အချိန်မှာ လူ့အဖွဲ့အစည်းကို တည်ငြိမ်မှု ပျက်ပြားစေတဲ့ ဘာသာရေး ခုတုံးလုပ် အမုန်းတရားပွားစေတဲ့ “Hate Group” တွေကို ထိထိရောက်ရောက် အရေးယူရပါမယ်။  စောင့်ကြည့်ရပါမယ်။  ထိန်းချုပ်ဖို့ လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်း ရပါမယ်။ 
လူအုပ်စု တခုခုကို သိက္ခာချ၊  ထိခိုက်၊ ခွဲခြားစေမှု အပြုအမူ၊ သဘောထားတွေ မပြုလုပ်နိုင်စေဖို့အတွက် “Hate Group” တွေကို အမြဲမပြတ် စောင့်ကြည့် (Monitor) လုပ်၊ စစ်ဆေး (Assessment) မယ့် “Anti Discrimination”/ “Anti-Defamation” အဖွဲ့အစည်းတွေကို အစိုးရ နဲ့ လူမှုအဖွဲ့အစည်း၊ လူမျိုးစု အစုံ နဲ့ ဘာသာရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စနစ်တကျ ဖွဲ့စည်း၊ တာဝန်ဝတ္တရားကို ဘယ်သူမျက်နှာမှ မထောက်၊ ဘက်မလိုက် ချမှတ်ထားတဲ့ ဥပဒေ ဘောင်အတိုင်း တသမတ်တည်း တရားမျှတစွာ အရေးယူ ဆောင်ရွက်ရပါမယ်။ 
ဒီမိုကရေစီ အခြေတည်ဖွံ့ဖြိုးပြီး လွတ်လပ်တဲ့ အမေရိကား၊ ယူကေ၊ သြစတြေးလျ စတဲ့ နိုင်ငံများအပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်းစုံ က စနစ်အဖွဲ့အစည်းပေါင်းစုံမှာလည်း ဒီလိုသဘော “Hate Group” တွေကို ထိန်းချုပ်၊ “Hate Speech” မပြန့်ပွားအောင် ဆောင်ရွက်တာပါပဲ။
ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံစာရင်းဝင်ပေမယ့် နိုင်ငံကြီးသား လူကြီး၊ လူကောင်း အများအပြား ကြီးစိုးရာ လူ့အဖွဲ့အစည်းလို့ မဆိုနိုင်သေးတဲ့၊ တနည်းအားဖြင့် ဗမာပြည်မှာလိုပဲ လူအများစု က ကျယ်ပြန့် မြင့်မားတဲ့ အမြင်၊ သဘောထား၊ အတွေးအခေါ် မရှိသေး၊ နိုင်ငံကြီးသား အများစု မဖြစ်သေးဘူးလို့ ယူဆချင်ရင် ယူဆနိုင်သေးတဲ့ တပိုင်းတစ ဒီမိုကရေစီ နိုင်ငံ စင်္ကာပူမှာ ဆိုရင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံဟာ လေးစားအားကျ အတုယူဖွယ် ဟန်ချီညီ မှီတင်း နေထိုင်နေပြီး တည်ငြိမ်၊ အေးချမ်း၊ တရားဥပဒေ စိုးမိုးတဲ့ လူ့အသိုင်းအဝန်းကို ဖန်တီးထားနိုင်တယ်။
စည်းကမ်းဥပဒေနဲ့ ဖိထားရတဲ့ မုန်းစိတ်
 စင်္ကာပူမှာ တရားဝင် ဘာသာစကား လေးမျိုး (အင်္ဂလိပ်၊ မလေး၊ တရုတ်၊ တမီးလ်) ပြဋ္ဌာန်းထားရပြီး မတူကွဲပြားတဲ့ လူမျိုး၊ ဘာသာ ပေါင်းစုံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေတယ်။  စင်္ကာပူက လူထုအများစု ကျက်စားရာ ဈေးဆိုင်တန်း နဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေပေါ်မှာ ကမ္ဘာ အရပ်ရပ် က လူမျိုးပေါင်းစုံ ကို တွေ့နိုင်၊ ဘာသာစကားပေါင်းစုံ ကို ကြားနိုင်ပြီး နိုင်ငံတကာ အစားအသာက်မျိုးစုံကို စားနိုင်ကာ တကယ့် အယူဝါဒ၊ ဓလေ့၊ ယဉ်ကျေးမှုပေါင်းစုံ (Multiculturalism) ရဲ့ အငွေ့အသက် ကို ခံစားနိုင်တယ်။  တကယ့် တင်းပြည့်ကျပ်ပြည့် “Cosmopolitan” ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကြီး တခုပါပဲ။ 
ဒါပေမယ့် သူတို့မှာ လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေး ပဋိပက္ခ နဲ့ လူမှု မတည်ငြိမ်မှုတွေ လုံးဝ မရှိပါ။  ဒါဟာ မတူညီတဲ့ လူအုပ်စု တွေ ကြား သိပ်ချစ်ခင်နေကြလို့ချည်းပဲ မဟုတ်ပါ။  အပြန်အလှန် ချစ်ခင်လေးစား၊ အသိအမှတ်ပြုမှု ရှိသင့်သလောက် ရှိတယ်။  ဒါပေမယ့် စင်္ကာပူ ရဲ့ အဓိက သော့ချက်က “Hate Group” တွေ၊ “Hate Speech” တွေကို တရားဥပဒေ စိုးမိုးမှု အပြည့်နဲ့ ပြင်းပြင်းထန်ထန် ဆတ်ဆတ်ထိမခံ ထိန်းချုပ်ထားလို့သာ ဖြစ်တယ်။
ဒါ့အပြင် လူနည်းစု ဘာသာ လူမျိုးစုတွေအတွက်ဆိုရင် အငြင်းပွားဖွယ် ပြဿနာ မဖြစ်ပွားစေဖိုရာအတွက် လိုအပ်တဲ့ ပံ့ပိုး၊ ဖြည့်ဆည်းမှုတွေ အစိုးရက အသေးအဖွယ်ကအစ စီမံပေးတယ်။  ရေရှားတဲ့ တိုင်းပြည်မှာ ဘာသာရေး လိုအပ်ချက်အရ အိမ်သာမှာ (Tissue မသုံးဘဲ) ရေသုံးနိုင်ဖို့ စီစဉ်ပေးတာက အစ အများသုံး အငှားယာဉ်ပေါ် မှာ ခွေး ကို လူထိုင်ခုံမှာ မတင်စေဘဲ သီးသန့် နောက်ခန်း လှောင်အိမ် မှာ ထား သယ်ဆောင်စေဖို့ ရာ ဥပဒေပြု သတ်မှတ်ပြဋ္ဌာန်းတဲ့ အထိ အသေးစိတ် အလေးထားတယ်။
စင်္ကာပူဟာ ဒီမိုကရေစီ တိုင်းပြည် အပြည့်အဝ မဟုတ်ပါ။  လူ့အခွင့်အရေးလည်း ဒီမိုကရေစံနှုန်းအရ အပြည့်အဝ မရရှိ မခံစားရပါ။  ဒါပေမယ့် ဒီလို ဒီမိုကရေစီ အပြည့်အဝ မဟုတ်၊ လူ့အခွင့်အရေး အပြည့်အဝ မရ ဖြစ်နေတာဟာ နိုင်ငံသားတိုင်း အတွက် တပြေးညီ ဖြစ်တယ်။  လူအုပ်စု၊ လူမျိုးစု၊ ဘာသာတခုခု ကို ဖိနှိပ်နေတာမျိုး မဟုတ်ပါ။  မှန်ပါတယ်။  စီးပွားရေး လုပ်ငန်းကြီးတွေက စင်္ကာပူ တရုတ်။ မလေး တရုတ် နဲ့ ဒုတိယ မလေး လူမျိုးတွေ ကြီးစိုးလို့ သူတို့ လူမျိုးတွေဟာ လုပ်ငန်းခွင်မှာ ပထမဦးစားပေး ဖြစ်နေတာမျိုးတွေ ရှိတယ်။  ဒါပေမယ့် တိုင်းပြည်တခုလုံးရဲ့ စနစ်၊ အဖွဲ့အစည်း အနေနဲ့ ခြုံကြည့်ရင် လူမျိုး၊ ဘာသာ မကွဲ အားလုံးဟာ တရားဥပဒေ အောက်မှာ တပြေးညီပါပဲ။ 
ဒီလို စနစ်၊ ဒီလို သဘောတွေကြောင့်သာ စင်္ကာပူ လူ့အဖွဲ့အစည်းမှာ လူအုပ်စုပေါင်းစုံဟာ သဟဇာတဖြစ် ညီညွတ် သမမျှတ နေထိုင်နိုင်နေတာဖြစ်ပြီး တိုင်းပြည်ဟာလည်း လွတ်လပ်ရေးယူ စတင် ပြန်လည်ထူထောင်ခဲ့တဲ့ ဆယ်စုနှစ် ငါးခု မပြည့်တဲ့ အချိန်တိုလေးအတွင်းမှာ ကမ္ဘာအလည် ပေမီ၊ ဒေါက်မီ ခေါင်းမော့၊ ရင်ကော့ နေနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံစာရင်းဝင် သွားခဲ့တယ်။ 
အမုန်း နိဂုံးချုပ်နိုင်ဖို့ …
စင်္ကာပူ အဲဒီလို ကမ္ဘာတန်းဝင်သွားတဲ့ နှစ်ပေါင်း ငါးဆယ် အတွင်းမှာပဲ ဗမာပြည်ဟာ စစ်အာဏာရှင် စနစ် နဲ့ အတူ အမျိုးသားရေး မှိုင်းလုံးတွေ၊ လူမျိုးရေး ပဋိပက္ခတွေ၊ လူမျိုးစုကြား ပြည်တွင်းစစ်တွေ နဲ့ ကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံစာရင်းကို ဝင်သွားခဲ့တယ်။  သင်ခန်းစာ ဆိုတာ ယူတတ်ရပါမယ်။  သမိုင်းဆိုတာ ပြန်လည်လေ့လာသုံးသပ်ပြီး အမိုင်းအမှားဆိုရင် ထပ်မဖြစ်ဖို့ ဆင်ခြင်တတ်ရပါမယ်။ မိမိလူ့အဖွဲ့အစည်းမှာ ဘယ်လို သဘောတွေ၊ ဘယ်လို စနစ်တွေကြောင့် ဘယ်လို ဆိုးကျိုးတွေ ခံစားနေရသလဲဆိုတော့ ဘာပရောဂမှမပါ၊ ဘာအစွဲမှ မရှိဘဲ အမြင်ရှင်းရှင်း၊ ကျယ်ကျယ်ပြန့် တွေးခေါ်မျှော်မြင်၊ စဉ်းစားဆင်ခြင် ပြီး ပြင်ဆင်သင့်တာတွေကို အမြန်ဆုံး ပြင်ဆင်၊ ပြုပြင်သင့်တာတွေကို အမြန်ဆုံး ပြုပြင် ရပါမယ်။
နိဂုံးချုပ်ရရင် မိမိလူမျိုး၊ မိမိ ဘာသာ ကို ဘာသာရေး/လူမျိုးရေး ခေါင်းဆောင်တွေ၊ စိတ်အားထက်သန်တဲ့ နောက်လိုက်တွေ ကာကွယ်လိုတာ၊ စည်ပင်ဝပြော ရှင်သန်လိုတာဟာ ဖြစ်သင့်ပါတယ်။  တရားပါတယ်။ မျှတပါတယ်။  ဒါပေမယ့် ဒီလို စည်ပင် ဖွံ့ဖြိုးဖို့ ကြံဆောင်ရာမှာ သူတပါး ဘာသာတခုခု၊ လူမျိုးတခုခုကို ဖိနှိပ်ခြင်း၊ တရားမဲ့ပြုကျင့်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း ပြုချင်လို့တော့ မရပါဘူး။  သူတို့က “သားဖောက် သာသနာပြုနေတာလေ” လို့တော့ တရားဟောလို့ မရပါဘူး။  သူတို့က အမျိုးယုတ်တွေလို့ ဆိုချင်လို့ မရပါဘူး။ 
လူမျိုး၊ ဘာသာအချင်းချင်းကြား နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှု လျော့ပါး၊ အမုန်းတရားပွားများအောင် သူတပါး လူမျိုး၊ ဘာသာနဲ့ ပတ်သက်လို့ မမှန်အချက်အလက်၊ လိုသလို ပုံဖျက်၊ အနက်ကောက်ထားတဲ့ အမှန်တဝက် အချက်တွေနဲ့ လူအများကြား ဝါဒဖြန့် စည်းရုံးချင်လို့တော့ မရပါဘူး။
မိမိယုံကြည်ရာကို လွတ်လာစွာ ပြောဆိုခွင့်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ် တာဝန်တွေ ရှိတယ်။  လိုက်နာရမယ့် စည်းကမ်းတွေ ရှိတယ်။  သူတပါးရဲ့ သိက္ခာ၊ လွတ်လပ်ခွင့်၊ အခွင့်အရေးကို ထိပါးချင်လို့ ဒီမိုကရေစီ အသိုက်အဝန်းရဲ့ စနစ်အဖွဲ့အစည်းက ခွင့်မပြုရပါဘူး။
 လွတ်လပ်စွာ ပြောဆိုခွင့် “Free Speech” ကနေ လူအများကြား အမုန်းတရာ ပွားစေတဲ့ အမုန်းစကား “Hate Speech” အဖြစ်ကို ပြောင်းမသွားစေဖို့  ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းမှာ ကန့်သတ်ထားတဲ့ ဥပဒေတွေ၊ ချမှတ်ထားတဲ့ စံနှုန်းတွေ ရှိတယ်။  ဒီမိုကရေစီ စနစ်ကိုသွားနေတယ်ဆိုရင် ဒီလို လူများစု၊ လူနည်းစု၊ လူတဦးချင်း အားလုံးရဲ့ ရပိုင်ခွင့်၊ အခွင့်အရေး၊ လွတ်လပ်မှု နဲ့ လူ့ဂုဏ်သိက္ခာ ကို တပြေးညီ အာမခံတဲ့ သဘောတွေ၊ စနစ်တွေ တိုင်းပြည်မှာ ဖန်တီး စီမံ ဖော်ဆောင်နိုင်ဖို့ မဖြစ်မနေ အလေးထား ရပါမယ်။  ဒီလို သဘော၊ အကျင့်၊ အကြံ နဲ့ အတွေးအခေါ် တွေကို ဆောင်းပါး မှာ ဆွေးနွေးခဲ့တဲ့ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံမှာ သွတ်သွင်းရပါမယ်။
  “Hate Group” တွေရဲ့ “Hate Speech” တွေကို ဆွေးနွေးခဲ့သလို ထိထိရောက်ရောက် တားမြစ်ရပါမယ်။  ဒါမှသာ “Hate Group” တွေဟာ ဗမာပြည်မှာ “နောက်လိုက်အများဆုံး ဖြစ်လာနိုင်တဲ့ အုပ်စု” လက်ရှိ အနေအထားကနေ အမေရိကားမှာလို “လူမုန်းအများဆုံး မိသားစု” အဖြစ်ကို ပြောင်းလဲပြီး တိုင်းပြည်ရဲ့ အနာဂတ်လည်း တည်ငြိမ်၊ သာယာ၊ အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်တဲ့အကြောင်း မိုးမခကနေတဆင့် ဆွေးနွေးတင်ပြ အကြံပြုလိုက်ပါတယ်။
ငြိမ်းချမ်းအေး
၁၄ ၊ ဇွန် ၊ ၂၀၁၃
တိုင်းရင်းသားဖြစ်ရေးမှသည်မွတ်ဆလင်ပြည်နယ်ထူထောင်ရေးနှင့်
စိန်ခေါ်မှုများ
ခိုင်လင်း (မေဃ၀တီ)
ဇွန် ၃၊ ၂၀၁၃
“ စစ်အတွင်း ၁၉၄၆ တွင် Jami- a – tul Ulema-e Islam အဖွဲ့ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေသော မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနှင့်တွေ့ ဆုံပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်တို့ကို ပါကစ္စတန်နိုင်ငံနှင့်ပူးပေါင်းခွင့်ပြုရန်တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ရရှိအောင်လုပ်ပေးရန်ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင် ဆန်း အိန္ဒိယသို့ အသွားတွင် မွတ်ဆလင်ခေါင်းဆောင် မစ္စတာဂျင်းနားနှင့်တွေ့ဆုံခဲ့ရာ ဂျင်းနားက ဘူးသီးတောင်နှင့်မောင်တော ဒေသမှ မွတ်ဆလင်များက ပါကစ္စတန်ထဲသို့ ပူးပေါင်းရန် တောင်းဆိုမှုကို မိမိကိုယ်တိုင် မထောက်ခံကြောင်းပြောကြားခဲ့သည်။ မွတ်ဆ လင်ခေါင်းဆောင် ဂျင်းနားက ရခိုင်ပြည်မောင်တောနှင့်ဘူးသီး တောင်နယ်များကို ဘင်္ဂလားပြည် (ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ)ထဲသို့ သွတ်သွင်းပေးရန် စစ်တကောင်းမူဆလင်အချို့က တောင်းဆိုချက်နှင့်ပတ်သက်၍ ဤသို့ လုံးဝမဖြစ်စေရပါဟုပြောရင်း ဗမာပြည် သာမက မည်သည့်အခြားနယ်ပယ်ကိုမှ သိမ်းယူရန် သို့မဟုတ် တောင်းယူရန် မူဆလင်လိ(ခ်)၌ ရည်ရွယ်ချက်မရှိကြောင်း ၊ ထိုကဲ့သို့ ဘင်္ဂလားပြည်အရှေ့ပိုင်းမှ လက်တဆုပ်မျှလောက်သော မူဆလင်လူမျိုးအချို့၏ တောင်းဆိုချက် ဆိုသည်မှာလည်း ဘာမှ ဂရုစိုက် စရာမလိုကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည်။ “ ဟု ၁၉၄၈ ခုနှစ်ထုတ် ဦးပုကလေးရေးတဲ့ ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ တတိ ယတွဲမှာ ဖော်ပြခဲ့ပါတယ်။ အထက်က ဦးပုကလေးရဲ့ ရေးသားချက်ဟာ ကနေ့အချိန်မှာ ရေးသားချက်မျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့(၆၅)နှစ် အပိုင်းအခြားကာလက ရေးသားထားတာဖြစ်တဲ့အတွက် ကနေ့ မိမိကိုယ်ကို ရိုဟင်ဂျာအမည်ခံယူထားတဲ့ ဘင်္ဂလီတွေရဲ့ နိုင်ငံသားဖြစ်မှု ၊ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကို တောင်းဆိုမှုမျိုးမဟုတ်ဘဲ ရှမ်း၊မွန်၊ဗမာ၊ရခိုင်၊ကရင်၊ကချင်၊ချင်း၊ ကရင်နီစတဲ့ တိုင်းရင်းသား တွေလို တိုင်းရင်းသားဖြစ်လိုမှုဟာ အတိတ်က(မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်က)တိုင်းပြည်ဖဲ့ထုတ်ရေးအခင်းအကျင်းတွေနဲ့ ယှဉ်ထိုး စဉ်းစားစရာ ၊ သံသယဖြစ်စရာတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ တိုင်းရင်းသားဖြစ်ရေးနဲ့နိုင်ငံသားဖြစ်မှုကို ရောထွေးသုံးနှုန်းခြင်းဟာ နိုင်ငံရေးပရိယာယ်တခုဖြစ်သလို လူ့အခွင့်အရေးရှုထောင့်မှ စာနာသည့်နိုင်ငံများရဲ့ အားကို ရယူလိုတဲ့အတွက် နိုင်ငံတကာသို့ ချပြတဲ့အခါ “ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးခြင်း “ လို့ မသုံးဘဲ “ နိုင်ငံသားအခွင့်အရေး” ကိုသာ ချပြတာကို တွေ့ရပါတယ်။ နိုင်ငံတကာအမြင်မှာ နိုင်ငံသားတယောက် ဖြစ်ခွင့်နဲ့ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးကို ငြင်းပယ်ခံရတဲ့လူတွေကို တယောက်တည်းဖြစ်စေ စာနာတဲ့စိတ်နဲ့ ဖေးမကူညီပေးပြီး ဖိအားပေးတတ်တဲ့ သဘာဝရှိပါတယ်။ နိုင်ငံတကာဖိအားနဲ့အတူ အထူးသဖြင့် အစ္စလာမ်နိုင်ငံတွေရဲ့ဖိအား ရပ်တည်မှုကို လိုချင်လို့ သုံးနှုံးခြင်းဖြစ်တယ်ဆိုတာထင်ရှားပါတယ်။ မြန်မာလို ပြောဆို ရေးသားတဲ့အခါ တိုင်းရင်းသားအခွင့်အရေးအပေါ်မှာသာ ရပ်ကြတာကို တွေ့ရပါတယ်။ ဒါဟာ မရိုးသားခြင်းကို ညွန်ပြနေတာဖြစ်ပြီး အစိုးရအနေနဲ့လည်း နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့တောင်းဆိုမှုဟာ တိုင်းရင်းသားအခွင့်အရေးဖြစ်တယ်။ မြန်မာအစိုးရအနေနဲ့ဖြစ်ဖြစ် မြန်မာလူထုအနေနဲ့ဖြစ်ဖြစ် ဘင်္ဂလီ တွေကို ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့်ကို လက်ခံကြောင်း ပြောဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံရေးသမားအချို့ကလည်း သမာသမတ် ကျတဲ့ ပုဂ္ဂိုလ်အဖြစ် ထင်ရှားလိုသဖြင့် နိုင်ငံသားဆိုတဲ့ စကားလုံးကို မသုံးဘဲ တိုင်းရင်းသားလို့ သုံးနှုံးခြင်းမျိုးလား သို့မဟုတ်တိုင်းရင်းသားနဲ့နိုင်ငံသားကို ကွဲကွဲပြားပြားမသိ၍လားဆိုတာ မပြောတတ်ပါဘူး။ဆိုတော့ မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင်စတဲ့တိုင်းရင်းသားတွေရတဲ့ ပြည်နယ်ဖွဲ့စည်းခွင့်အခွင့်အရေးနဲ့ အိန္ဒိယ ၊ တရုတ်စတဲ့အမျိုးသား တွေရဲ့ ရရှိမယ့် နိုင်ငံသားအခွင့်အရေးဟာ မတူပါဘူး။ VOA နဲ့ အင်တာဗျူးတခုမှာ ဒေါက်တာ ရင်ရင်နွယ်က -
“ ဘယ်သူမဆို ဥပဒေနဲ့အညီ နိုင်ငံသားအဖြစ်လျှောက်ထားခွင့်ရှိတယ်။ လိုအပ်ချက်တွေက အများအပြားရှိမယ်။ ဒါ နိုင်ငံတိုင်းမှာ ရှိတာဘဲ။ ဒါပေမယ့် တိုင်းရင်းသားဆိုတာ လျှောက်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး။ တိုင်းရင်းသားဆိုတာ မွေးရာပါအခွင့်အရေးဖြစ်တယ်။ ဘယ် ဘင်္ဂလီ တရုတ် အိန္ဒိယ ဂေါရခါးတို့က ဘယ်တော့မှ တိုင်းရင်းသားဖြစ်ခွင့်မရှိဘူး။ တိုင်းရင်းသားနဲ့ နိုင်ငံသားကို ကွဲကွဲပြားပြား နားလည်ဖို့လိုတယ် “ လို့ ပြောကြားခဲ့ခြင်းဟာ သဘာဝအကျဆုံးအဖြေဖြစ်ပါတယ်။
ဒါကြောင့် ရိုဟင်ဂျာနာမည်နဲ့ဖြစ်ဖြစ် အခြားနာမည်တခုနဲ့ဖြစ်ဖြစ် ဘင်္ဂလီတွေကို မြန်မာတိုင်းရင်းသားဖြစ်ရေးကို ရခိုင်လူထုက ငြင်းပယ် သလို မြန်မာတိုင်းရင်းသားပေါင်းစုံကလည်း ငြင်းပယ်ပါတယ်။ ဒီငြင်းပယ်မှုဟာ နိုင်ငံသားဖြစ်မှုကို ငြင်းပယ်ခြင်းမဟုတ်ပါဘူး။ နိုင်ငံသားအခွင့်အရေးအပေါ်မှာရပ်တည်ခြင်းဟာ ပြဿနာရဲ့” အဖြေ “ ဖြစ်သလို ရိုဟင်ဂျာအမည်နဲ့တိုင်းရင်းသားတောင်းဆိုမှုဟာ ပြဿနာရဲ့ “ ရင်းမြစ် “ ဖြစ်တယ်ဆိုတော့ ယခင်ဆောင်းပါးတွေမှာ ထောက်ပြခဲ့ဖူးပါတယ်။ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့တိုင်းရင်း သားဖြစ်ရေးအိပ်မက်ရှည်ကို ရန်ကုန်စတဲ့ဒေသတွေက မွတ်ဆလင်တွေပါ ရပ်တည်ပေးလာခဲ့ခြင်းမျိုးတွေဟာ ရခိုင်ပဋိပက္ခကို အခြား ဒေသတွေကိုပါ လက်ဆက်ကမ်းသလိုဖြစ်စေခဲ့တယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးရွှေမောင်ဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စမှာ နိုင်ငံခြားသတင်းထောက်များရဲ့မေးခွန်းကို ဖြေကြားတဲ့အခါ ရိုဟင်ဂျာနာ မည်က အရေးမကြီးကြောင်း၊ နိုင်ငံသားအခွင့်အရေးရရှိရေးကသာ အရေးကြီးကြောင်း ပြောဆိုခဲ့ပေမယ့် သူကိုယ်တိုင် မတ်လ(၁၈) ၂၀၁၃ မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့မှာ ရိုဟင်ဂျာလူမျိုးကို ပြည်ထောင်စုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးဖို့ အဆိုတင်းသွင်းခဲ့ပါတယ်။ ရခိုင်ပဋိပက္ခဖြေရှင်းလို့ မပြီးပြတ်သေးတဲ့ အချိန်မှာ ပြဿနာတွေဆက်လက်ဖြစ်ဖို့ မြန်မာတိုင်းရင်းသားတွေ သံသယဆက်ပွားဖို့ ဒေါသတွေဆက်ဖြစ်ဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်။
ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ မွန်၊ ဗမာ၊ ရှမ်း၊ရခိုင်စတဲ့ တိုင်းရင်းသားတွေလို ပြည်နယ်ရရှိရေးကို လိုချင်ပါတယ်။ ပြည်နယ်ထူ ထောင်ခွင့်ရရှိဖို့အတွက် ဥပဒေအရ တိုင်းရင်းသားဖြစ်တယ်ဆိုတာကို တရားဝင်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဘင်္ဂလီ တွေဟာ အချက်အလက်ပြည်စုံရင် နိုင်ငံသားဖြစ်ခွင့်ရှိပေမယ့် တိုင်းရင်းသားဖြစ်ခွင့်မရှိပါဘူး။ ဘင်္ဂလီတွေလိုချင်တဲ့ ပြည်နယ်ထူထောင် ရေးကို သွားဖို့အတွက် တိုင်းရင်းသားဖြစ်ရေးကို ဖြတ်ကျော်ရမှာဖြစ်တယ်။ ဒီတိုင်းရင်းသားဖြစ်ရေးကို ဖြတ်ကျော်ဖို့အတွက် ရိုဟင်ဂျာ သမိုင်းလိမ်ကို တီထွင်ရခြင်းဖြစ်တယ်။ ဒါကြောင့် ရိုဟင်နာမည်ကို ငြင်းပယ်ခြင်းဟာ သမိုင်းလိမ်ကို ငြင်းပယ်ခြင်းဖြစ်သလို တိုင်းရင်းသား ဖြစ်ခွင့်ကိုလည်း ငြင်းပယ်ခြင်းဖြစ်တယ်။ ဒီလို ငြင်းပယ်ခြင်းဟာ ဘာသာရေးအပေါ်အခြေခံပြီး မုန်းတီးလို့ ငြင်းပယ်ခြင်းမျိုးမဟုတ်ဘူး။ ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းအပေါ်မှာ အခြေခံပြီး ငြင်းပယ်ခြင်းဖြစ်တယ်။ ဘာသာရေးအပေါ်မှာ အခြေခံပြီး တိုင်းရင်းသားအဖြစ် ငြင်းပယ်ခြင်းဖြစ်တယ်ဆိုရင် အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ ကမန်လူမျိုးတွေကို တိုင်းရင်းသားအဆင့်အား သတ်မှတ် ပေးမှာ မဟုတ်ပါဘူး။ ကမန်လူမျိုးတွေဟာ ခေတ်သစ်ပြည်ထောင်စု မြန်မာနိုင်ငံမတည်ဆောက်မီ ရခိုင်နိုင်ငံတော်အဖြစ် သီးခြားတည်ရှိ ကတည်းကပင် (၁၆)ရာစု အလွန် ရခိုင့်ဘုရင့်တပ်မတော်ထဲမှာ လေးသည်တော်အဖြစ်အမှုထမ်းခဲ့ဖူးပြီး မြန်မာနိုင်ငံတော်ရဲ့ဥပဒေအရ တိုင်းရင်းသားဖြစ်ထိုက်သူတွေဖြစ်လို့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားနဲ့နိုင်ငံသားဖြစ်မှု သတ်မှတ်ချက်ဟာ ဘာသာရေးအပေါ်မှာ အခြေခံခြင်းမျိုးမဟုတ်ဘဲ သမိုင်းအပေါ်မှာ အခြေခံထားတဲ့ ဥပဒေဖြစ်တယ်ဆိုတာ ထင်ရှားတဲ့  “ သင်္ကေတ “ ဖြစ်ပါတယ်။ ဘာသားရေးအရ ခွဲခြားဆက်ဆံခြင်းမဟုတ်ပေမယ့် ဘာသာရေးအရ ခွဲခြားဆက်ဆံခံနေရတယ် ၊ ဘာသာ ရေးပဋိပက္ခဖြစ်တယ်လို့ စွပ်စွဲပြောဆိုချက်တွေဟာ အစ္စလာမ်နိုင်ငံတွေစုပေါင်းထားတဲ့ OIC ပါဝင်လာရေးကို လုပ်ဆောင်နေခြင်းဖြစ် တယ်ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံသားဖြစ်မှုအပေါ်မှာ ရပ်မနေဘဲ တိုင်းရင်းသားဖြစ်ရေးမှတဆင့် မွတ်ဆလင်ပြည်နယ်ထူထောင်ရေး ။ မွတ်ဆလင်ပြည်နယ်မှတဆင့် နိုင်ငံတော် (သို့မဟုတ်)လူဦးရေပေါက်ကွဲနေပြီး မြေနေရာတွေ အထူးလိုအပ်နေတဲ့ ဘင်္ဂလားဒေ့(ရှ်)နဲ့ ပူးပေါင်းရေးတွေထိ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်နိုင်ချေရှိတဲ့ အချက်အလက်တွေ လုပ်ဆောင်ချက်တွေက ရှိနေပါတယ်။တိုင်းရင်းသားအခွင့် အရေးကို တက်လှမ်းခြင်းမျိုးမဟုတ်ဘဲ ပကတိဖြစ်တည်မှုအရ နိုင်ငံသားဖြစ်မှုနဲ့ အဲဒီဖြစ်ရှိနေတဲ့ နိုင်ငံတော်အပေါ်မှာ ရပ်တည်မယ့် နိုင်ငံတော်အပေါ်မှာ သစ္စာရှိမှုမျိုးကို မေ(၂၅) ၂၀၁၃ နယူးယောက်တက္ကသိုလ်ခန်းမထဲမှာ ကိုမင်းကိုနိုင်က -
“ ဟောဒီနိုင်ငံသားအဖြစ်နဲ့ အခွင့်အရေးအပြည့်အ၀လိုချင်တယ်ဆိုရင် ဟောဒီနိုင်ငံနဲ့ အခြားတိုင်းတပါးနိုင်ငံရဲ့ အကျိုးစီးပွား ယှဉ်လာပြီဆိုရင် သို့မဟုတ် စစ်တိုက်ရတာမျိုးဘဲဖြစ်ဖြစ်ပေါ့  ရင်ဆိုင်ရပြီဆိုရင် ပြည်တွင်းကနေပြီးတော့ အဲဒီအပြင်နိုင်ငံတခုခုကို လက်ယပ်ခေါ်တဲ့ သူခိုးဓါးရိုးကမ်းမဖြစ်ဘဲနဲ့ ငါကိုယ်တိုင် ရှေ့ဆုံးက ရင်ကော့ပြီး တိုက်မယ်ဆိုတဲ့ သစ္စာရှိမှုမျိုး ရှိဖို့လိုပါမယ်။ အဲဒီလို သစ္စာရှိမှုဆိုရင် ကျွန်တော်တို့ဟာ ခင်ဗျားတိုကို နိုင်ငံသားစစ်စစ်ရဲ့ဘ၀၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေအတွက် ခင်ဗျားတို့ရှေ့ ကနေတက်ပြီးတော့ ကျွန်တော်ရပ်ပါမယ်လို့ ကတိပြုပါတယ် “ လို့ ပြောကြားခဲ့တယ်။ ဒီအခြေအနေမျိုးမှာ ရပ်တည်နေမယ်ဆိုရင် မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မယ်ဆိုတာ သံသယ မရှိပါဘူး ။ သို့သော် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးထက် ဘာသာရေးပဋိပက္ခဘက်ကို မောင်းနှင်နေတယ်ဆိုတာကို အချက်အလက်တွေအရ ကောက်ချက်ဆွဲနိုင်ခဲ့သလို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်ကလည်း မှန်ကန်မှုကို ပံ့ပိုးစေခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာတွေထဲမှာ ဒုက္ခသည်စခန်းထဲမှာ ရှိတဲ့ ဘင်္ဂလီတွေကို စစ်ဆေးတဲ့အခါ ရန်ကုန်အပါအ၀င် နိုင်ငံတကာရောက်ဘင်္ဂလီတွေ ကပါ လမ်းညွန်မှုတွေပေးနေသလို စခန်းထဲက ဘင်္ဂလီတွေကလည်း လုပ်ဆောင်မှုတွေကို အစီရင်ခံကြတဲ့တွေ့ရှိချက်တွေကို ဖော်ပြ ထားပါတယ်။ ဒုက္ခသည်စခန်း ရန်ကုန် ၊ လွှတ်တော်နဲ့ နိုင်ငံတကာထိပါ ဖြန့်ကျက်ထားတဲ့ ကွန်ယက်တွေဟာ ကျယ်ပြန့်စွာ စဉ်းစားရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အထူးသဖြင့် ကော်မရှင်ရဲ့အစီရင်ခံစာ စာမျက်နှာ (၁၁၆)၁၃.၃ မှာ “ ရခိုင်ပြည်၌ ဖြစ်ပွားနေသော ပဋိပက္ခများကို ပြည်တွင်း၌သာမက နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ အထူးစောင့်ကြည့် နေပြီး ဤပြဿနာကို နိုင်ငံတကာ ပြဿနာဖြစ်လာအောင် ASEAN နိုင်ငံများသို့လည်း နိုင်ငံအချို့က ကြိုးပမ်းလျှက်ရှိ နေပါသည်။ “ ဟု  ထောက်ပြထားပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံတော်အပေါ်မှာ သစ္စာရှိမှု မရှိမှုဟာ စိန်ခေါ်မှုတရပ်အဖြစ် တည်ရှိနေပါတယ်။
ဆက်ရရင် ရခိုင်ပြည်ထဲမှာ ရှိနေတဲ့ ဘင်္ဂလီတွေဟာ ၁၉၄၂ ခုနှစ် ကရာချီမြို့မှာ ကျင်းပတဲ့ အစ္စလာမ်ညီလာခံမှာ ဘူးသီးတောင်၊ ရသေ့ တောင်၊ မောင်တောကို ပါကစ္စတန်နဲ့ပူးပေါင်းရေးအဆိုကို တင်သွင်းခဲ့သလို ၁၉၄၇ မှာလည်း ပါကစ္စတန်လွတ်မြောက်ရေးလှုပ်ရှားနေတဲ့ မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနဲ့တွေ့ဆုံပြီး တောင်းဆိုခဲ့တာတွေရှိပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ လွတ်လပ်ရေးမရခင်က လှုပ်ရှားမှု တွေဖြစ်ပြီး လွတ်လပ်ရေးရပြီးစ ၁၉၄၈ မှာ မူဂျာဟစ်အဖွဲ့က -
(က)ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နစ်မြစ်အရှေ့ ဘက်ကမ်းကြားဒေသကို မွတ်ဆလင်တွေရဲ့ National Home အဖြစ်သတ် မှတ်ပေးရန်
(ခ) ရခိုင်ရှိမွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်း ပေးရန် စသည်ဖြင့် တောင်းဆိုခဲ့ကြတယ်။
ဒီတောင်းဆိုချက်တွေထဲမှာ တိုင်းရင်းသားစာရင်းထဲမှာ ထည့်သွင်းထားခြင်းမရှိသလို ရိုဟင်ဂျာဆိုတဲ့စကားလုံးကို သုံးစွဲခြင်းမရှိသေးဘူး ဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ ၁၉၅၁ ခုနှစ်မှာလည်း မွတ်ဆလင်ညီလာခံကို အလယ်သံကျော်မှာ ကျင်းပခဲ့ပြီး အောက်မှာ ဖော်ပြ ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအစိုးရကို တောင်းဆိုခဲ့ပါတယ်။
(က)ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင် တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မွတ်ဆလင်ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊
(ခ)စစ်တွေမြို့ကို ရခိုင်ပြည်နယ် တောင်ပိုင်း မြောက်ပိုင်းမြို့တော်ဟု သတ်မှတ်ကာ မြို့နှင့်ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့်မွတ်ဆလင်(၅၀)ရာခိုင်နှုန်းစီ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ပြုရန်နှင့် ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်းကြီးကို မွတ်ဆလင်လူမျိုးမှ ခန့်ထားရန်၊
(ဂ)လက်နက်ကိုင်တပ်ဖွဲ့စည်းပေးရန် ထိုတပ်ဖွဲ့မှ မွတ်ဆလင်(၅၀)ရာခိုင်နှုန်းပါဝင်ရန် ဗဟိုအစိုးရအဖွဲ့တွင်မူ ၀န်ကြီးခန့်ထားရန်၊
(ဃ)တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်များနှင့် တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွတ်ခွင့်ရရန်၊
(င)မွတ်ဆလင်ကောင်စီ ထားရှိခွင့်ပြုရန် စတဲ့အချက်များပါဝင်ပါတယ်။
ဆိုတော့ ဒီဆုံးဖြတ်ချက်တွေထဲမှာလည်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲထားခြင်းမရှိတာကို တွေ့ရမှာဖြစ်သလို ရှမ်းပြည်နယ်စတဲ့ ပြည်နယ်တွေလို မွတ်ဆလင်ပြည်နယ်ဖွဲ့စည်းရေးကို တောင်းဆိုထားတာကို တွေ့ရမှာပါ ။ ၁၉၆၆ ခုနှစ်မှာလည်း မူဂျာဟစ်ခေါင်းဆောင် ကာဆင်ရဲ့ ဘင်္ဂလီလက်ကျန်များ ပြန်လည်လှုပ်ရှားလာတဲ့အခါ (ဖဆပလ)အမတ်ဟောင်း စူလတန်မာမွတ်နဲ့ မော်လ၀ီဆရာများဟာ မောင်တော်၊ဘူးသီးတောင်၊ရသေ့တောင်မြို့နယ်အနောက်ဘက်ခြမ်းကို အာကစ္စတန်(Arkistan) ထူထောင်ရေးလှုပ်ရှားခဲ့တာတွေရှိ သလို ၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ရိုဟင်ဂျာလွတ်လပ်ရေးအဖွဲ့အနေနဲ့လည်း လွတ်လပ်တဲ့ မွတ်ဆလင်ပြည်ထူထောင်ရေးကို ကြိုးပမ်းခဲ့ပါတယ်။ ၁၉၈၈ မေလက မောင်တောမြို့နယ်တခုလုံးရှိ ရခိုင်တွေကို သုတ်သင်ရေးနဲ့မောင်တောမြို့အား သိမ်းပိုက်ရေးကို လုပ်ဆောင်ခဲ့ပေမယ့် ရဲနဲ့လုံထိန်းတပ်ရင်းတို့က ပြန်လည်ခုခံခဲ့တဲ့အတွက် မောင်တောမြို့ မကျဆုံးခဲ့ပါ ။ အဲဒီကာလက ဘင်္ဂလီအင်အား ငါးသောင်းခန့်က ကြိုးစားခဲ့ပြီး တကယ်လို့ မြို့သိမ်းတိုက်ပွဲအောင်မြင်ခဲ့ရင် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံဘက်က နောက်ထပ်ငါးသောင်း ထပ်ဝင် လာမယ့် သတင်းတွေပေါက်ကြားခဲ့ပါတယ်။ အဲဒီပေါက်ကြားသတင်းတွေကို အခြေခံပြီး မြို့နယ်သံဃာနာယက ဆရာတော်တပါးရဲ့ ပေးစာဟာ ခိုင်မာတဲ့သမိုင်းမှတ်တမ်းအဖြစ် အထင်အရှားရှိနေဆဲဖြစ်ပါတယ်။ဆိုလိုတာက မြန်မာနိုင်ငံဟာ ၁၉၄၈ မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။ ယခု ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ မျိုးဆက်တွေဟာ ၁၉၄၂ ၊ ၁၉၄၇ ၊ ၁၉၄၈ ၊ ၁၉၅၁၊၁၉၆၆၊၁၉၇၄၊ ၁၉၈၈ခုနှစ် တွေမှာ လက်ရှိတည်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ နေမြေအချို့ကို ဖဲ့ထုတ်ဖို့  အကြိမ်ကြိမ်ကြိုးစားခဲ့တယ်ဆိုတာကို ပြောလိုပါ တယ်။ ဒီလို ခေတ်အဆက်ဆက်ကြိုးပမ်းခဲ့မှုသမိုင်းတွေဟာ ဒီနေ့ ရိုဟင်ဂျာနာမည်နဲ့အတူ တိုင်းရင်းသားအဖြစ်တောင်းဆိုမှုကို မြန်မာလူထုက သံသပေါင်းများစွာနဲ့ ငြင်းပယ်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုငြင်းပယ်မှုဟာ သမိုင်းကြောင်းတွေအရ ငြင်းပယ်ရတာဖြစ်ပြီး ဘာသာရေး မတူညီမှု အပေါ်မှာ ငြင်းပယ်ခြင်းမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
ဘင်္ဂလီတွေဟာ တိုင်းရင်းသားဖြစ်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်ဖြစ်တဲ့ ပြည်နယ်ထူထောင်ရေး ၊ အဲဒီကတဆင့် သီးခြားနိုင်ငံ တော်(သို့မဟုတ်)အခြား မွတ်ဆလင်နိုင်ငံတခုခုနဲ့ပူးပေါင်းရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေမျိုး ရခိုင်ပြည်ရဲ့ အခြားတဖက်က မွတ်ဆ လင်တွေ မတွေးခဲ့သလို အကယ်၍ တွေးခဲ့သည့်တိုင်အောင် အကောင်အထည်မဖော်ခဲ့ပါဘူး။ နောက်တချက် အဲဒီ အုပ်စုနှစ်ခုဟာ ဆက်စပ်မှုမရှိခဲ့ခြင်း၊မစည်းရုံးနိုင်ခဲ့ခြင်းတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ဘာဘဲပြောပြော အဲဒီခေတ်ကာလတွေဆီက ရခိုင်ပြည်ရဲ့ အခြားတဖက်မှာ ရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နိုင်ငံတော်အပေါ်မှာ ရိုးသားစွာ ချစ်ပြခဲ့ခြင်းကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါ တယ်။အဲဒီလိုပြောလို့ ရခိုင်ပြည်မှာ နေထိုင်တဲ့ ဘင်္ဂလီတွေအားလုံးဟာ နိုင်ငံတော်အပေါ်မှာ မရိုးသားဘူးလို့ မပြောလိုပါဘူး။ အဲဒီခေတ် တွေက နိုင်ငံတော်အပေါ်မှာ ရိုးသားစွာ ချစ်ပြခဲ့တဲ့ ဘင်္ဂလီတွေရှိခဲ့ပါတယ်။
ဆက်ရရင် ၁၉၉၀ နောက်ပိုင်းကာလတွေမှာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေဟာ ရခိုင်ပြည်ရဲ့ အခြားတဖက်မှာရှိတဲ့ မွတ်ဆလင်ဘာသာ ၀င်တွေကို ချိတ်ဆက်ကာ စည်းရုံးနိုင်ခဲ့တယ်။ လွတ်လပ်ရေးမရခင်က ကုလား – ဗမာအဓိကရုဏ်းဟာ ရခိုင်ပြည်ဘက်ကို မကူးစက်ခဲ့ သလို ၁၉၄၂ ကုလား – ရခိုင်အဓိကရုဏ်းဟာလည်း ဗမာပြည်ကို မကူးစက်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၂ ရခိုင်အရေးအခင်းဟာ အခြား ဒေသတွေကိုပါ ပြန့်နှံ့သွားခြင်းဟာ ဆက်စပ်နေခြင်းကို လှစ်ပြလိုက်တာဖြစ်ပါတယ်။ တကယ့်တကယ်လည်း ရရှိထားတဲ့ အချက်အလက် တွေအရ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ နိုင်ငံရေးရည်မှန်းချက်အိပ်မက်ကို ရန်ကုန်စတဲ့ဒေသတွေက ပညာတတ်အချို့ ၊ ပိုက်ဆံရှိ သူအချို့ ၊ မော်လ၀ီတော်တော်များများအား မျော်လင့်ချက်အိပ်မက်ကို မက်စေခဲ့ပါတယ်။ နောက်ကွယ်က ရပ်ပေးခဲ့တာတွေဟာ ရိုဟင် ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် ရှေ့ဆက်လုပ်ရန် အားပေးသလိုဖြစ်စေခဲ့ပြန်တယ်။ ဒါကြောင့် ဘာသာရေးပဋိပက္ခကို စနစ်တကျ ပုံဖော်နေခြင်းဟာ သိသာထင်ရှားပါတယ်။ ဘာသာရေးပဋိပက္ခဖြစ်ပေါ်ရေးဟာ သူတို့တွေရဲ့ နည်းဗျူဟာတခုဆိုတာကို သတိထားဖို့ အထူးလိုအပ်ပါတယ်။ အမှန်တကယ် ဘာသာရေးပဋိပက္ခဖြစ်မှ သူတို့လိုချင်တဲ့ ပန်းတိုင်ကို သွားလို့ရမယ်လို့ တွက်ထားပုံရပါတယ်။
ဒီအပေါ်မှာ အကောင်အထည်ဖော်ပေးနေတဲ့ အစ္စလာမ်မစ်နိုင်ငံအချို့ကလည်း နောက်ကွယ်က ရပ်ပေးခြင်းမျိုးတွေထိ ဖြစ်လာခဲ့ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီခံစာ စာမျက်နှာ (၂၄) ၄.၉ မှာ “ ဘင်္ဂလီများအနေဖြင့် ရခိုင်ပြည် နယ်အား သိမ်းပိုက်ရန် ကြိုးစားနေသည်ဟုဆိုရန် ခိုင်မာသော သက်သေမရှိသော်လည်း ၄င်းတို့၏ ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် အသိ အမှတ်ပြုပေးရေးနှင့် တိုင်းရင်းသားအခွင့်အရေးရရှိရန် တောင်းဆိုမှုပြုနေခြင်း၊ ရှေ့ကာလများက ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်မြေကို အုပ်ချုပ်ခွင့်ရ သီးသန့်နယ်မြေအဖြစ် တောင်းဆိုမှုပြုခဲ့ခြင်းများက ၄င်းတို့၌ ရခိုင်လူမျိုးများလက်ခံနိုင်သည့်  အနေအထားထက်ပို၍ နိုင်ငံရေးအရ လွှမ်းမိုးလိုမှုနှင့် နယ်မြေထိန်းချုပ်လိုမှုစိတ်ဓါတ်များ ကိန်းအောင်းလျှက်ရှိနေသည်ဟု သုံးသပ်ရသော အနေအထားကို ဖြစ်ပေါ်စေပါသည် ။ “ လို့ ဖော်ပြထားပါတယ်။ ကော်မရှင်ရဲ့ သုံးသပ်ချက်ဟာ လေ့လာတွေ့ရှိချက်အပေါ်မှာ သို့မဟုတ်အချက် အလက်တွေအပေါ်မှာ သုံးသပ်ရ ကောက်ချက်ချရတာဖြစ်ပါတယ်။ ဒီနေရာမှာ ဆက်စပ်ပြောချင်တာတခုက ၂၀၁၂ က ကျနော်ရေးတဲ့ မွတ်ဆလင်ပြည်နယ်မှသည် နိုင်ငံတော်သို့ ဆောင်းပါးအပေါ်မှာ မွတ်ဆလင်ပညာတတ် NLD ပါတီဝင်တဦးက မွတ်ဆလင်တွေကို မီးလောင်တိုက်သွင်းနေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ပြောချင်တာက အထက်မှာ ကျနော်တင်ပြခဲ့တဲ့ အတိတ်ကာလ တွေက(က) ပါကစ္စတန်နိုင်ငံနဲ့ပူးပေါင်းရေးလုပ်ဆောင်ချက် ၊ (ခ)သီးခြားမွတ်ဆလင်နိုင်ငံ၊(ဂ) မွတ်ဆလင်ပြည်နယ်ဖွဲ့စည်းရေးစတဲ့ လှုပ်ရှားမှု သတင်းအချက်အလက်တွေအပေါ်မှာ “ မွတ်ဆလင်ပြည်နယ်မှသည် နိုင်ငံတော်သို့ “ လို့ ကောက်ချက်ချပြီး ဆောင်းပါး ရေးခဲ့တာဖြစ်တယ်။ အတိတ်က လုပ်ဆောင်ချက် ၊ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ အထက်က ကော်မရှင်ရဲ့ သုံးသပ်ချက်ကို ဟပ်ကြည့် ရင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတံခါးကို အကြိမ်ကြိမ်လာခေါက်နေတယ်လို့ ပြောရမှာဖြစ်တယ်။ လူဦးရေပေါက်ကွဲနေတဲ့ နိုင်ငံနဲ့ အိမ်နီးချင်းအဖြစ်နေထိုင်ရခြင်းကိုလည်း သတိထားဖို့ အထူးလိုအပ်ပါတယ်။
၁၉၉၀ နောက်ပိုင်းတွေမှာ တိုင်းရင်းသားဖြစ်ရေးမှတဆင့် မွတ်ဆလင်ပြည်နယ်ဖွဲ့စည်းရေးအိပ်မက်ကို ရန်ကုန်စတဲ့ဒေသတွေက မွတ်ဆ လင်တွေကိုပါ မက်စေခဲ့တယ်လို့ အထက်မှာ သုံးသပ်ပြခဲ့ခြင်းတွေ၊ ယခင်ကလည်း သုံးသပ်ပြခဲ့ခြင်းတွေဟာ အချက်အလက်တွေအပေါ် မှာ သုံးသပ်ခဲ့ခြင်း၊ ကောက်ချက်ဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကော်မရှင်ရဲ့ စုံစမ်းတွေ့ရှိချက်ဟာ ကျနော်ရဲ့ သုံးသပ်ချက်တွေကို မှန်ကန်ကြောင်းအထောက်အကူဖြစ်စေခဲ့ပါတယ်။ ကော်မရှင်ရဲ့အစီရင်ခံစာ စာမျက်နှာ(၂၄) ၄.၁၀ မှာ  “  ရခိုင်လူမျိုးအချို့ကလည်း အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီများသည် ယခင်မူဂျာဟစ်သူပုန်များတောင်းဆိုခဲ့သည့်အချက်များကို ပြန်လည်တောင်းဆိုမှုများ ပြုလုပ်နိုင် သည်ဟု ပြောဆိုကြပါသည်။ တစ်ချို့ဘင်္ဂါလီဒေသခံများသည် တစ်ဖက်နိုင်ငံတွင် RSO( The Rohingya Solidarity Organization) များမှ ဖွင့်လှစ်သောစစ်ရေး၊ နိုင်ငံရေးသင်တန်းများသို့ တက်ရောက်ခဲ့သည်ဟုလည်း ရခိုင်လူမျိုးအချို့က ဆိုပါသည်။ သဘောထား ပျော့ပျောင်းသော အစ္စလာမ်ဘာသာဝင် တစ်ချို့ထံမှ သိရှိရသည်မှာ ရန်ကုန်မြို့ပေါ်ရှိ အချို့သောဗလီများသည် ပြည်ပနိုင်ငံများမှ ဘာ သာရေးအစွန်းရောက် အတွေးအမြင်များကို သင်ကြားမွေးထုတ်ပေးခြင်း၊ သင်ကြားလေ့ကျင့်ပေးထားသော နယ်လှည့်တရားဟော ဆရာ များစွာကို ရခိုင်ဒေသအပါအ၀င် မြန်မာပြည်အရပ်ရပ်သို့ အသုတ်လိုက်စေလွှတ်ခြင်းများ ရှိနေသည်ဟု သိရှိရပါသည်။  “ ဟု စုံစမ်းစစ် ဆေးချက်အား တိုင်းပြည်သို့ တင်ပြခဲ့ပါတယ်။ ဆိုတော့ နိုင်ငံတော်အတွက် ကျရောက်မယ့်အန္တရာယ်တွေကို တိုင်းပြည်ရဲ့ခါးပိုက်ထဲမှာ ရောက်ရှိနေပြီဖြစ်တဲ့အတွက် လူ့အခွင့်အရေးမျက်နှာထက် အမျိုးသားအကျိုးစီးပွားရဲ့မျက်နှာကို ထောက်ရှုရတော့မယ့် စိန်ခေါ်မှု တရပ် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ရခိုင်ပဋိပက္ခနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းကို ကြည့်မယ်ဆိုရင် ရခိုင်တွေအနေနဲ့ နိုင်ငံတော်ပိုင် အဆောက်အအုံ များကို ဖျက်ဆီးခြင်းအား မတွေ့ရဘဲ ဘင်္ဂလီတွေကသာ နိုင်ငံတော်ပိုင်အဆောက်အအုံတွေထိ ဖျက်ဆီးခဲ့ခြင်းရဲ့ ညွန်းကိန်းကိုလည်း ဆက်စပ် စဉ်းစားဖို့ လိုအပ်ပါတယ်။ ၂၀၁၂  သြဂုတ်လ(၁)ရက်နေ့စွဲနဲ့ “ အစ္စလာမ်မစ်သမ္မတ ရိုဟင်ဂျာနိုင်ငံတော် “ အဖြစ်ကြေညာချက် တစောင် ထွက်ပေါ်လာခဲ့ပါတယ်။ နိုင်ငံရဲ့အကျယ်အ၀န်းဟာ (16,042Km2) ရှိပြီး မြို့တော်ကို စစ်တွေလို့ ဖော်ပြထားပါတယ်။ ဒီကြေညာချက် မထွက်ခင်က တကျော့ပြန် အောက်တိုဘာရခိုင်အရေးအခင်းမဖြစ်သေးပါဘူး။ဆိုတော့ ပြဿနာတွေဆက်လက်ဖြစ်ပေါ် လာအောင် လှုံ့ဆော်သလိုဖြစ်စေခဲ့တဲ့အပြင် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကပင် ကြိုးပမ်းချက်တွေကို တစိုက်မတ်မတ် လုပ်ဆောင် လာခဲ့ခြင်းကို လည်း ညွန်းဆိုနေသလို  တဘက်မှာ ရခိုင်၊ဗမာအပါအ၀င် တိုင်းရင်းသားပေါင်းစုံရဲ့ သံသယတွေကို ပိုမိုဖြစ်စေခဲ့၊ ဒေါသ တွေကို ပိုဖြစ် စေခဲ့တယ်လို့ပြောရမှာဖြစ်တယ်။လူမျိုးတုံးသတ်ဖြတ်မှုမရှိဘဲ လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ပြောဆိုခြင်း၊ ဘာသာရေး ပဋိပက္ခမဖြစ်ပါဘဲလျက် ဘာသာရေးပဋိပက္ခဖြစ်နေပါတယ်လို့ပြောဆိုခြင်းတွေဟာ အမှန်တကယ် ဖြစ်မယ့် ဘာသာရေးပဋိပက္ခဆိုတာ ဘင်္ဂလီတွေရဲ့ မဟာဗျူဟာလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ ဒီလမ်းကြောင်းပေါ်ကို မဖြစ်မနေရောက်အောင် မောင်းနှင်သွားမယ့် အနေအထားတွေရှိနေခြင်းဟာ နိုင်ငံတော်အတွက် စိန်ခေါ်မှုတွေဘဲလို့ သုံးသပ်ရမှာဖြစ်ပါတယ်။
သေနတ်တချက်ဖောက်စရာမလိုဘဲ နယ်မြေအချို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဦးအေးသာအောင်ရဲ့ ထောက်ပြမှုကို နိုင်ငံတော် အနေနဲ့ အထူးအလေးအနက်ထားစဉ်းစားဖို့လိုအပ်သလို ဘင်္ဂလီတွေရဲ့ နောက်ထပ် မဟာဗျူဟာတခုဆိုတာကိုလည်း ထည့်တွက်ထားဖို့ အထူးလိုအပ်ပါတယ်။ (၁၄)ရာစုက ကိုဆိုဗိုမှာ ဆာ့တ်လူမျိုးက (၉၆) ရာခိုင်နှုန်းရှိပြီး အစ္စလာမ် အယ်ဘေးနီးယားက (၃)ရာခိုင်နှုန်းရှိခဲ့ ပေမယ့် ၁၉၉၁ ခုနှစ်မှာတော့ အစ္စလာမ်အယ်ဘေးနီးယားတွေက (၈၁.၆)ရာခိုင်နှုန်းဖြစ်သွားကာ ဆာ့တ်လူမျိုးတွေက(၉)ရာခိုင်နှုန်း ဖြစ်သွားရပါတယ်။ ဆိုတော့ ရခိုင်တွေတချိန်ကလူများစုဖြစ်ခဲ့ပေမယ့် လက်ရှိအနေအထားမှာ ဘင်္ဂလီတွေက အသာစီးရလျက်ရှိနေ ပါတယ်။ ဘူးသီးတောင်မှာ ဘင်္ဂလီ(၉၅)၊ မောင်တော(၉၆)၊ရသေ့တောင်(၈၀)နဲ့စစ်တွေမြို့မှာ (၅၅)ရာခိုင်နှုန်းထိ ရှိနေပါတယ်။ ဘာသာ ရေးအရ မှန်ကန်သည်ဖြစ်စေ ၊ မမှန်ကန်သည်ဖြစ်စေ မော်လ၀ီဆရာတွေရဲ့ သွန်သင်မှုတွေက ကလေးမွေးဖွားနှုန်းကို အားပေးနေ တာကြောင့် နောက်ထပ် နယ်မြေအချို့ကို သေနတ်တချက်ဖောက်စရာမလိုဘဲ ဆက်လက်သိမ်းပိုက်စေမယ့် မဟာဗျူဟာလည်း နိုင်ငံ တော်အတွက် စိန်ခေါ်မှုတွေဖြစ်တယ်လို့ ပြောချင်ပါတယ်။ တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ မွတ်ဆ လင်တွေရဲ့လူအင်အားတိုးပွားနှုန်း(မွေးဖွားနှုန်း) မဟာဗျူဟာတွေနဲ့ ချီတက်ရင်း ယနေ့အချိန်မှာတော့ အစ္စလာမ်မစ်နိုင်ငံထူထောင် ရေးအန္တိမပန်းတိုင်ကို ရောက်ရှိနေခြင်းတွေကလည်း မြန်မာနိုင်ငံတော်အတွက် အကောင်းဆုံး သင်္ခန်းစာတွေဖြစ်နေမယ်လို့ မျှော်လင့် ပါတယ်။   ။
 ဘော်စတွန်အကြမ်းဖက်မှုအလွန်
ဧပြီ ၁၅ ရက်နေ့ ဘော်စတွန်မြို့ မာရသွန်ပွဲတော် ပန်းတိုင်အနီးမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်။ လူ ၃ ဦး သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရခဲ့တယ်။ မီးဖိုချောင်သုံး ဟင်းပေါင်းအိုးထဲမှာ ယမ်းတွေ၊ ဘောစေ့တွေ၊ သံချောင်းတွေထည့်ပြီး တယ်လီဖုံးကနေ တဆင့် ချိန်ကိုက်ဗုံးအဖြစ် ဖောက်ခွဲခဲ့တာဖြစ်တယ်။ ဧပြီလ ၁၉  ရက်နေ့မှာ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်သမား လူငယ် ၂ဦးကို တဦးအသေ၊ တဦးဒဏ်ရာနဲ့ လုံခြုံရေတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တယ်။ အဲသည်မှာ ပုလိပ်ဝန်ထမ်းတဦးလည်း သေဆုံးခဲ့ရတယ်။ အဲသည် ဘော်စတွန်အကြမ်းဖက်မှုအလွန်နဲ့ အဲသည်ကာလမှာ နိုင်ငံတနိုင်ငံနဲ့ နိုင်ငံသားတွေ ဘယ်လိုရင်ဆိုင်သလဲ၊ ဘယ်လိုမျိုး သင်ခန်းစာယူသလဲ၊ ဘယ်လိုမျိုး ဖြတ်သန်းသလဲဆိုတာကို တွေ့မိသလောက် တင်ပြလိုက်ပါတယ်။
နိုင်ငံသားတွေ
ပြင်းထန်တဲ့ ဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲသွားချိန်မှာ ပြည်သူတွေဟာ အလန့်တကြား လွတ်မြောက်ရာကို အကာအကွယ်ယူကြတယ်။ ဒါပေမယ့် မီးခိုးတွေ စဲသွားချိန်မှာ ပြည်သူတွေဟာ ရဲတွေနဲ့ စစ်မြေပြင်သဖွယ်ဖြစ်နေတဲ့ အပျက်အစီးတွေ၊ သွေးအလိမ်းလိမ်းနဲ့ လဲပြိုနေသူတွေဆီကို အပြေးဝင်လာပြီး ကယ်ဆယ်ရေးတွေ လုပ်ကြတယ်။ တမြို့လုံးက လူတွေဟာ ဒဏ်ရာရသူတွေ၊ ထိခိုက်သူတွေကို ကူညီဖို့၊ ကယ်ဆယ်ဖို့၊ ပြုစုဖို့ ခွန်စိုက်အားစိုက် လုပ်ကြတော့တာပဲ။ သမ္မတနဲ့ တပြည်လုံးက လူတွေက ဘော်စတွန်နဲ့အတူတူ ရပ်တည်ပြီး ၀ိုင်းဝန်းခဲ့ကြတယ်။
သူတို့သမ္မတ အိုဘားမားက ဘာပြောသလဲ …
“ငါတို့ အမေရိကန်တွေဆိုတာ ဘယ်လိုလူတွေလဲ ဆိုတာ သိချင်သလား … ဒါ အမေရိကန်တွေဆိုတာကို ပြလိုက်တာပဲ။ မကောင်းမှု ဒုစရိုက်တွေကို ငါတို့ ဘယ်လို တုန့်ပြန်သလဲ။ ငါတို့တွေ တကိုယ်ကောင်း မဆန်ဘူး၊ ငါတို့တွေ ကိုယ်ချင်းစာတယ်။ ငါတို့တွေ သူရဲဘော မကြောင်ဘူး။ ဒီလိုမျိုး ငါတို့ ရင်ဆိုင်တယ်”
လို့ သူက ပြောတယ်။ အမေရိကန်တပြည်လုံးက အဲသည်အကြမ်းဖက်မှုကို အားတင်းပြီး ရင်ဆိုင်ကြတယ်။
စုံစမ်းစစ်ဆေးအရေးယူကြပုံ
            ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ စစ်သားတွေ အကုန်လုံး ဘော်စတွန်တမြို့လုံးကို ပိတ်ဆို့ပြီး မြေလှန် စုံစမ်းကြတော့တာပဲ။ အစိုးရ၊ လွှတ်တော်၊ ပြည်နယ်၊ လုံခြုံရေးအဖွဲ့တွေဟာ တဦးကို တဦး အပြစ်တင်တာ၊ လွှဲချတာတွေ မလုပ်ကြဘူး။ အရေးကြီးတာက တရားခံကို ဖော်ထုတ် ဖမ်းဆီးဖို့၊ နောက်ထပ်အကြမ်းဖက်မှုတွေ မဖြစ်ဖို့၊ ပြည်သူတွေ အေးချမ်းလုံခြုံဖို့ကို အားလုံးက တာဝန်ယူကြတယ်။ လူတွေကို ကြောက်အောင်၊ ဒေါသတွေ ထွက်အောင် လှုံဆော်တာတွေ၊ သွေးထိုးတာတွေ မလုပ်ဘူး။ စည်းကမ်းရှိရှိ တည်ငြိမ်ရင့်ကျက်စွာနဲ့ အကြမ်းဖက်စော်ကားခံလိုက်ရတာကို ပြန်လည် တွန်းလှန်ဖို့ ဖြေရှင်းဖို့ လုပ်ကြတာပဲ။
            ပြည်သူတွေက တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းမှာကို ယုံကြည်စိတ်ချတဲ့အတွက် သူတို့နည်း သူတို့ဟန်နဲ့ တရားစီရင်တာတွေ၊ တဖက်သတ် စွတ်စွဲ ဆုံးဖြတ်တာတွေ မလုပ်ဘူး။ မင်းမဲ့စရိုက် ပြန်လှန်အကြမ်းဖက်တာတွေ ရမ်းကားတာတွေ မလုပ်ဘူး။ ထိခိုက် ဒဏ်ရာရသူတွေ၊ ကျဆုံးသူတွေအတွက် အခမ်းအနားတွေ လုပ်တယ်၊ ဆုတောင်းပေးတယ်။ ၀ိုင်းကူကြတယ်။ အလှူငွေတွေ စုဆောင်းပြီး လူနာတွေအတွက် စုဆောင်းကြတယ်။ မြို့တော်နဲ့ ပြည်နယ်အစိုးရတွေက ရန်ပုံငွေထူထောင်ကြတယ်။
မီဒီယာတွေထိန်းသိမ်းပုံ
            နိုင်း အီလဲဗင်းအပြီးမှာ အမေရိကန်တွေရဲ့ စိတ္တဇက ဘာသာရေးအစွန်းရောက် မူဆလင်အကြမ်းဖက်သမားတွေပဲ။ အဲသည်အကြမ်းဖက်မှုတွေ အမေရိကန်မြေမှာ မဖြစ်အောင် အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားတယ်။ အဲသည်ကြားထဲက အကြမ်းဖက်ခံရပြီ ဆိုရင် အဲသည် စိတ္တဇနဲ့ မူဆလင်တွေ၊ အစွန်းရောက်အကြမ်းဖက်အုပ်စုတွေကို စွပ်စွဲတာ ရန်ရှာတာတွေ မဖြစ်အောင်လည်း ကြိုတင်ပြီး ထိန်းကြတယ်။ သည်တော့ မီဒီယာတွေက တဖက်သတ် စွပ်စွဲတာတွေ အပြစ်တင်တာတွေ မလုပ်ဘူး။
အဲသည်ကြားထဲကပဲ တိုင်းတပါးက ပြောင်းရွှေ့လာပြီး အမေရိကန်နိုင်ငံသားတွေ ဖြစ်နေတဲ့ (တဦးကတော့ ဂရင်းကတ်အဆင့်၊ နိုင်ငံသား လျောက်ထားဆဲ) ညီအကို ၂ ဦးကို မူဆလင်တွေ၊ အစွန်းရောက်အကြမ်းဖက်တွေ ဘာညာဆိုပြီး တဆိပ်ကပ်တာ၊ မသေချာသေးပဲ အတင်းနံမယ်ဖျက်တာ မလုပ်ကြဘူး။ ဘာသာရေးအစွန်းရောက်အကြမ်းဖက်တွေ ကျက်စားတဲ့ နိုင်ငံက ပြောင်းလာသူ မိသားစုတွေအဖြစ် သတင်းပို့နေပေမယ့် တရားခံတွေကို အပြစ်မထင်ရှားသေးဘဲ ကြိုတင်ပြီး ဘာမှ မပြောဘူး။ နောက်တချက်က တိုင်းပြည်ကို တရားဝင် ပြောင်းရွှေ့နေထိုင်သူတွေဖြစ်တဲ့အတွက် အကြမ်းဖက်သမားဖြစ်နေသည့်တိုင်အောင် တရားဥပဒေနဲ့အညီ၊ နိုင်ငံသားဥပဒေနဲ့အညီ တရားစီရင်မယ်ဆိုတာကိုပဲ အလေးထား တင်ပြတယ်၊ လုပ်ဆောင်တာကို တွေ့ရတယ်။
နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေ တုန့်ပြန်ကြပုံ
            အစိုးရက အကြမ်းဖက်သူတွေကို ဖော်ထုတ်အရေးယူဖို့ ကြိုးစားတယ်။ ပါတီ ၂ ရပ်စလုံးကလည်း အဲသည်အတွက် နိုင်ငံရေးအမြတ်ထုတ်ပြီး ပြောတာ ဆိုတာတွေ မလုပ်ကြဘူး။ သို့သော်လည်း ဘော်စတွန်အကြမ်းဖက်မှုဟာ တရားခံတွေ ဖမ်းမိပြီးတဲ့နောက်မှာ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးရေး ၀ါဒဖြန့်ချိရေးအတွက် ထုတ်ဖော်ပြောဆိုစရာ ကိစ္စဖြစ်လာတယ်။ အဲသည်မှာလည်း ဘာသာရေး၊ အသားအရောင်၊ လူမျိုးတွေကို စွဲပြီး ပြစ်တင်ပြောဆိုတာမျိုးတွေ မလုပ်ကြဘူး။
            သူတို့ပြောတာက အမေရိကန်နိုင်ငံသားတွေ၊ တရားဝင်ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်လို့ ဥပဒေအရ တရားနည်းလမ်းနဲ့အညီ ရင်ဆိုင်ရမယ်၊ တရားစီရင်ရမယ်လို့ ပြောကြတယ်။ အဲသည်မှာ အကြမ်းဖက်သမားတွေဖြစ်လို့ နိုင်ငံတော် (နိုင်ငံသား)တွေကို လုပ်ကြံသူအဖြစ် အမြင့်ဆုံးရာဇ၀တ်မှုကို ရင်ဆိုင်ရမယ်လို့ ပြောကြတယ်။
            လူဝင်မှုကြည့်ကြပ်ရေး ဥပဒေပြင်ဆင်နိုင်ဖို့ လွှတ်တော်မှာ ကြိုးစားနေချိန်ဖြစ်တာမို့ သည်လိုမျိုး တိုင်းတပါးက အန္တရာယ်ရှိသူတွေကို အစိုးရတွေက ဘယ်လို စိစစ်ပြီးမှ လက်ခံသင့်သလဲ၊ ကာကွယ်ကြမလဲလို့ မေးခွန်းတွေ ထုတ်ကြတယ်။ သေနတ်ကိုင်ဆောင်ခွင့် ထိန်းသိမ်းရေး ဥပဒေ ပြင်ဆင်ဖို့ တင်သွင်းဖို့ ကြိုးစားချိန်ဖြစ်နေတာမို့ အဲသည်လူတွေကို နောက်ကြောင်းစစ်ဆေးနိုင်ခဲ့မယ်သာ ဆိုရင်၊ သူတို့ရဲ့ လက်နက်စုဆောင်းတာတွေကို ရာဇ၀င်လိုက်နိုင်ခဲ့မယ်သာ ဆိုရင် ကြိုတင်ကာကွယ်နိုင်မယ့်အကြောင်း တင်ပြ ဆွေးနွေးကြပါတယ်။
            နိုင်ငံရေးပါတီတွေက လွှတ်တော်ကော်မီတီ နိုင်ငံအရေး အထွေထွေ ကြားနာကြချိန်မှာ ဘော်စတွန်အကြမ်းဖက်မှုကို အကြောင်းပြပြီး ဘာသာရေးတွေ၊ တိုင်းတပါးက နိုင်ငံသားခံယူသူတွေကို ဝေဖန်တာ ကန့်သတ်တာမျိုးတွေ ရှေ့တန်းမတင်ကြဖို့ကို အချင်းချင်းသတိပေးကြပါတယ်။ ထိန်းကြပါတယ်။
အရှိကိုအရှိအတိုင်းလက်ခံ
            အမေရိကန်မှာ ပြည်တွင်းမွေး နိုင်ငံသားတွေနဲ့ ပြည်ပမွေး နိုင်ငံသားတွေ ရှိတယ်။ အမြဲတန်းနေထိုင်ခွင့် ဂရင်းကတ်နဲ့ နေထိုင်သူတွေ ရှိတယ်။ ဗီဇာတို ဗီဇာရှည်တွေနဲ့ တရားဝင် နေထိုင်သူတွေ ရှိတယ်။ တရားမ၀င်နေထိုင်သူတွေလည်း ရှိတယ်။
            ခရစ်ယာန်တွေ၊ အယူသီးသူတွေ၊ ရှေးရိုးစွဲသူတွေ၊ မူဆလင်တွေ၊ ဟိန္ဒူတွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ အခြားဘာသာတွေ၊ ဘာသာဝင်မဟုတ်သူတွေ ဘာသာပေါင်းစုံရှိတယ်။ လူအရောင်အသွေး မျိုးစုံရှိတယ်။ အတွေးအခေါ်အယူအဆ မျိုးစုံ ခံယူ ကျင့်သုံးနေသူတွေ၊ ၀ါဒဖြန့် စည်းရုံးနေသူတွေ ရှိတယ်။
            သည်တော့ နိုင်ငံမှာ အရေးအခင်းတွေ၊ အရေးအကြောင်းတွေပေါ်ရင် သူတို့ တရားဥပဒေအောက်မှာ အရောင်အသွေး၊ ဘာသာ၊ လူမျိုး၊ နို်င်ငံသား၊ မခွဲခြားဘဲ ပြဌာန်းထားတဲ့ ဥပဒေနဲ့ အညီ ရင်ဆိုင်ရမယ်၊ စီရင်ခံရမယ်ဆိုတာကို အာမခံထားတဲ့အတွက် တာဝန်ယူထားတဲ့အတွက် လူထုဟာ ဥပဒေကို သူတို့လက်ထဲ လွှဲပြောင်းပြီး လက်လွတ်စပယ် မလုပ်ကြဘူးလို့တော့ ပြောနိုင်တယ်။
            မတရားမှု အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ရင်လည်း ပြည်သူတွေဟာ အိုဘားမားပြောသလို တကိုယ်ကောင်းမဆန်၊ ကိုယ်ချင်းစာ၊ သူရဲဘော မကြောင်ပဲ အတူတကွ ရင်ဆိုင်ဖြေရှင်းကြတယ်၊ ကူညီ လက်တွဲကြတာကို အခုမှမဟုတ်ဘူး ဟိုးနှစ်ပေါင်းများစွာကတည်းက အကျင့်လုပ်ခဲ့ကြတာကို မမေ့မလျော့ ကြဘူး။
တရားဥပဒေအောက်မှာအားလုံးအတူတူဘဲ
            သူတို့တွေဆီမှာ ပြောနေကျ စကားရှိတယ်။ အဖြူတွေ လူသတ်ရင် ရူးလို့ တဲ့။ အမည်းတွေ လူသတ်ရင် ဆိုးလို့၊ အခြားကောင်တွေဆိုရင်တော့ အစွန်းရောက်တွေလို့ ပြောကြလိမ့်မယ်တဲ့။ အဲသည်လို stereo type (တဖက်သတ်ဆုံးဖြတ်တာ) တွေ ရှိတာကိုလည်း သူတို့တတွေက သိရှိပါကြောင်း ၀န်ခံထားကြပါတယ်။
            သည်တော့ အခု ဘော်စတွန်ဗုံးခွဲ အကြမ်းဖက်မှုမှာ တရားခံအဖြစ် အစွပ်စွဲခံရသူတွေဟာ ရုရှားပြည်က ပြောင်းလာတဲ့ လူဖြူ နိုင်ငံသားတွေဖြစ်နေပြီး အစွန်းရောက်အကြမ်းဖက်ဝါဒီတွေရဲ့ သဘောထားတွေနဲ့ အကြမ်းဖက်တဲ့ လုပ်ကြံမှုကြီး ကျုးလွန်တာ ဖြစ်တာမို့ အမေရိကန်တွေအဖို့ကတော့ ပြဌာန်းထားတဲ့ တရားဥပဒေနဲ့ပဲ စီရင်ရမှာမို့ သူတို့ဥပဒေအထက်မှာ အဖြူ၊ အမည်း၊ ဘာာသာကွဲတွေ မရှိနိုင်တာကတော့ အသေအချာပါပဲ။
            ကဲ … မြန်မာပြည်က အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် သတ်ဖြတ်မှုတွေကို ကျနော်တို့တတွေ ဘယ်လို တရားဥပဒေတွေ ကာကွယ်စောင့်ရှောက်မှု အာမခံတွေနဲ့ ဖြေရှင်းကြမလဲ။ နိုင်ငံသားတွေ အတူတကွ လက်တွဲပြီး ရင်ဆိုင် ဖြေရှင်းကြမလဲ။ တရားဥပဒေအထက်မှာ အင်အားစုတစု၊ လူတစု၊ လက်နက်ကိုင်တဲ့အဖွဲ့ ရှိနေလို့ကတော့ ဘယ်တော့မှ တရားမျှတမှုနဲ့ လုံခြုံစိတ်ချမှု ရနိုင်မှာ မဟုတ်ပါဘူး။
Thursday, June 13, 2013
ဒေါ်စုသမတအိမ်တော်ရောက်ရေးဖြစ်နိုင်ပါသည် သို့သော်
ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီးတစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ်
သက်သော သဘောထားအမြင်ဖြစ်၍ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် မူလအာဘော်မပျက်၊ ဘာသာပြန်
ဆို ဖော်ပြလိုက်ပါသည်။
လွှတ်တော်နိုင်ငံရေး
နေပြည်တော်တွင် အသစ်ထွက်ပေါ်လာသော ပါလီမန်များမှာ သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုများအနေနှင့် ယခင်အစိုးရအကန့်အသတ်နှင့်သာရှိသော ရည်မှန်းချက်ဖြစ်သည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေပြီဖြစ်ကြောင်း အခိုင်အ
မာဖော်ပြနေသည်သို့ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ပထမဆုံး လွှတ်တော်အစည်းအဝေးများ စတင်စဉ်ကမူ အခြေအနေမှာ ယခုလို မဟုတ်သေး။ အငြင်းပွားဖွယ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရလာကြသောာအမတ်များ၊ ၂၅ ရာခိုင်နှုန်းသော တပ်မတော်အစုအဖွဲ့ဝင်များနှင့် ပွဲထွက်လာခဲ့သော လွှတ်တော်များမှာ မူလရည်မှန်းထားသည့်အတိုင်း ရာဘာတံဆိပ်တုံး အင်စတီကျူးရှင်းထက် ပိုလိမ့်မည်ဟု ထင်
မထားခဲ့ကြပါ။ သို့နှင့်တိုင် တက်ကြွထက်သန်သောအောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) သူရဦးရွှေမန်း၏ ခေါင်းဆောင်မှုနှင့်အတူ လွှတ်တော်များမှာအံ့သြဖွယ်ကောင်းလောက်အောင်အသက်ဝင်လာသည်။ သမ္မတကိုပင် မကြောက် မရွံ့စိန်ခေါ်သည်များ ရှိလာသည်။ (အမှန်စင်စစ် ဦးရွှေမန်းကိုယ်တိုင်သည်ပင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ယခင်တပ်မတော်အစိုးရလက်ထက်က နံပါတ်သုံးခေါင်း ဆောင် ဖြစ်ခဲ့သည်။)
အခြားအတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလိုပင် လူနည်းစုလူမျိုးစုပါတီများမှာလည်း မျှော်လင့်သည်ထက် ပိုလှုပ်ရှားခွင့်ရလာသော လွှတ်တော်နိုင်ငံရေးကို သိမှတ်လက်ခံကြိုဆိုကြသည်များရှိပါသည်။ “ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ”(RNDP)မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလိုပြောသည်။
“ပါလီမန်ရဲ့ ကနဦးရက်တွေတုန်းကတော့ ဖက်ဒရယ်စနစ်တို့၊ ဓနခွဲဝေဖြန့်ဖြူးမှုတို့လို ကိစ္စမျိုးတွေပြောလို့ မရခဲ့ဘူးပေါ့ဗျာ။ အခုတော့ ဒီအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရနေပါပြီ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုမို့ ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်”
၂၀၁၂ ခုနှစ် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲဖြင့်တက်လာသော အင်န်အယ်လ်ဒီပါတီမှ ၀ါရင့်လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “အခုဆိုရင် ပါလီမန်ဟာ တကယ့်ကို အသက်ဝင်လာပြီဗျ”ဟု ဆိုသည်။ ပြောရလျှင် ပါတီဝင် လွှတ်တော်အမတ်များသည်ပင် ပုံမှန်ဥပဒေပြုရေးဆွေး နွေးပွဲများတွင် တက်တက်ကြွကြွပါဝင်လျက် ရှိနေကြသည်။ တပ်မတော်၏ သဘောထားနှင့် သီးခြားကင်းလွတ်စွာ၎င်းတို့၏ အရည်အသွေး၊ အတွေးအမြင်များအလိုက် ဥပဒေအဆိုပြုချက်များကို လွတ် လွတ်လပ်လပ် ဆွေးနွေးဆုံးဖြတ်နေ ကြသည်။ ပြည်သူလူထု၏ ရွေးချယ်မှုသည်ကား ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေဆဲပင်။ ဤကိစ္စနှင့်ပတ်သက်လျှင်ကား သံသယဖြစ်စရာ မရှိပါချေ။
ယခုအခါ လာဘ်မြင်သော နိုင်ငံရေးပဲ့ကိုင်တစ်ဦးဟုဆိုကြရမည့် ဦးရွှေမန်းအနေနှင့် ၂၀၁၅ တွင် သမ္မတဖြစ်လာဖို့ မျှော်လင့်ချက်ရှိကောင်း ရှိနိုင်ပါသည်။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပဖို့ရှိသည်။ ဦးရွှေမန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းစဉ်ရှေ့ ဆက်နိုင်ရေးအတွက် ပါလီမန်ကို “ယာဉ်” တစ်ခုအဖြစ်အသုံးပြုနေသည့် သဘောရှိသည်။ ကိစ္စတော်တော် များများမှာဆိုလျှင် သမ္မတအဖွဲ့မှ တင်သွင်းလာသော အဆိုပြုချက်များကိုပင် ဦးရွှေမန်းဦးဆောင်သော ပါလီမန်က ဖြတ်တောက် ပြင်ဆင်သည် များရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိစနစ်အရ သမ္မတကိုပါလီမန်အမတ်များက ရွေးချယ်ကြရပါသည်။
ယခုဆိုလျှင် ဦးရွှေမန်းမှာ လူသိများ အထင်ရှားဆုံးပါလီမန်အမတ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်
နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ထားနိုင်သည်။ ထိုမျှမက သူ၏စိတ်အားထက်သန်မှုနှင့် ဆန့်ကျင်ဘက် အမြင်များကို လက်ခံ နားထောင်နိုင်စွမ်း၊ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းများကြောင့် အတိုက်အခံပါလီမန် အမတ်များ၏ လေးစားမှုကိုပင် ရနေသည်။ တပ်မတော်နှင့် အတိုက်အခံပါတီများကြား သဘောကွဲလွဲမှုများကို ပေါင်းကူးတံတားခင်းပေးနိုင်လောက်သူ ဖြစ်နေ၍လည်း အပေးအယူစေ့စပ်ညှိနှိုင်းမှုများဖြင့် ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် လျာထားလာနိုင်စရာရှိသည်။ အထူးသဖြင့် သမ္မတရွေးချယ်ရာတွင် လူထုဆန္ဒကို ထည့်သွင်းစဉ်းစားမှုမျိုး မလုပ်လျှင် ကျန်အလားအလာမှာ ပို၍ပင်ဖြစ်နိုင်ပါသည်။
လူထုခေါင်းဆောင်မှနိုင်ငံတော်သမ္မတသို့
လူထု၏ ရွေးချယ်မှုသည်ကား အငြင်းပွားဖွယ်ရာ မရှိလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ သူမနှင့် သူမ၏ ပါတီအင်န်အယ်လ်ဒီတို့မှာ မြန်မာ့ဒီမိုကရေစီအဖွင့်တွင် အကျိုးအများဆုံးရနေသည်မှာ အထင်အရှားပင်ဖြစ် သည်။ သူမနှင့်သမ္မတဦးသိန်းစိန်တို့၏ ပုဂ္ဂိုလ်ရေးအဆင်ပြေမှု၊ မကြာသေးမီကမှ ပို၍သိသာထင်ရှားလာသော သူမနှင့် ဦးရွှေမန်းတို့ကြား ပိုမိုနီးစပ်လာမှုများမှာ ဒီမိုကရေစီဖြစ်စဉ် မြန်မြန်ဆန်ဆန်ရွေ့နိုင်ရေးအတွက် ဆုံချက်အကျဆုံးဖြစ်နေသည်။ ပြုပြင်ပြောင်းလဲရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို ရယူနိုင်ရန် ဦးသိန်းစိန်က အတုံ့အလှည့်အနေဖြင့် အင်န်အယ်လ်ဒီတရားဝင်ပါတီဖြစ်စေရေးအတွက် အဟန့်အတားအမှောင့် ပယောဂများကို ဖယ်ရှားပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမှုရှိစေရမည်ဟု အာမခံချက်ပေးခဲ့သည်။ အင်န်အယ်လ်ဒီမှာ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးလွတ်လပ်၍ တရားမျှ တသောရွေးကောက်ပွဲဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ “မြန်မာ့ဒီမိုကရေစီအိုက်ကွန်” အနေနှင့် ဆယ်စုအချို့ကြာ ၎င်းအပေါ် သိက္ခာချဖို့ ကြိုးစားမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် လူထုအပေါ်စွဲဆောင်နိုင်စွမ်း အနည်း ငယ်မျှ လျော့ပါးမသွားကြောင်းလှစ်ပြလိုက်သည့် သာဓကပင်ဖြစ်သည်။ အင်န်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာအနိုင်ရခဲ့သည်။ နေရာအတော်များများတွင် အပြတ်အသတ် အနိုင်ရခဲ့သည်လည်း ဖြစ်ပါသည်။ ယူအက်စ်ဒီပီ အနေနှင့်ကား မရှုမလှပင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွှမ်းမိုးထားသော အစိုးရ၀န်ထမ်း အများစု
ရှိရာ နေပြည်တော်မဲဆန္ဒနယ်လေးခုမှာပင် အနိုင်မရခဲ့ပါ။
အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသူများမှာ ယေဘုယျအားဖြင့် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ အခိုင်အမာကျကျ ဆိုရလျှင်မူ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူလူထု၏ အမြင်တွင် သူမမှာ မိသားစုဘ၀နှင့် လွတ်လပ်မှုကို တိုင်းပြည်အတွက် စတေးခဲ့ရသူဖြစ်သည်။ ဤစွန့်လွှတ်မှုအတွက် လူထုက သူမကိုအသည်းကြားမှ မဲပြားများဖြင့် ထောက်ခံခဲ့ကြခြင်းဖြစ်သည်။ ထိုထက်သူမမှာ၊ ခေတ်သစ်မြန်မာနိုင်ငံကို အုတ်မြစ်ချပေးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်း ဖြစ်လေရာတပ်မတော်ထဲမှပင်သူမကိုလိုလား သူတွေ မနည်းမနော ရှိနေသည်။
ပြောရလျှင် အာရှနိုင်ငံရေးမှာ မင်းဆက်သဘောနှင့်လည်း ကင်းတတ်သေးသည်မဟုတ်ရာ သူမ၏ မိဘမျိုးရိုးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်များထက် နှာတစ်ဖျားမက အဆများစွာကွာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဆိုလျှင် လူထုအချစ်တော် သူမဖခင်ကြီး၏ စစ်ဝတ်စုံအကျဖိုးရိုးဖားရားကြီး ၀တ်ထားသော ဓာတ်ပုံနှင့် ယှဉ်တွဲချိတ်ဆွဲလေ့ရှိကြသည်။ ဤဓာတ်ပုံကို မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရန် လန်ဒန်သွားစဉ် ၁၉၄၇ ခုနှစ်ကရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ အသက်(၂)နှစ်အရွယ် ကလေးငယ်မျှသာ ရှိပါသေးသည်။ ထိုနှစ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေး ပြိုင်ဘက်များ၏ လုပ်ကြံ သတ်ဖြတ်မှုခံခဲ့ရသည်။
မည်သို့ပင်ရှိစေ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီလုံးဝဥဿုံအောင်ပွဲဆင်နိုင်ခဲ့
သည်မှာ ထူးခြားလှသော အလှည့်အပြောင်းဟု ဆိုရပါလိမ့်မည်။အကြောင်းမူ ယခင်တပ်မတော် အစိုးရ လက်ထက်တစ်လျှောက်လုံး လောက်ပင်အင်န်အယ်လ်ဒီမှာဘာတစ်ခုမှ လှုပ်ရှားလို့မရအောင် အတားအဆီးခံခဲ့ရသည်။ အင်န်အယ်လ်ဒီခေါင်းဆောင် အားလုံးလောက်မှာလည်း အကျဉ်းထောင်ထဲရောက်ခဲ့ရသည်။ အချို့ဆိုလျှင် ဆယ်စုနှစ်များနှင့် ချီပြီးအကျဉ်းစံ ဖြစ်ခဲ့ရသည်။ အကျဉ်းကျချိန်တစ်လျှောက်လုံး သီးခြားခွဲပြီးတိုက်ပိတ်ခံ ခဲ့ရသည်များပင်ရှိသည်။
သို့နှင့်တိုင် သူတို့ထဲမှ အများစုမှာ တစ်ခါက ရန်သူဟောင်းများအပေါ် ပြောစမှတ်ပြုလောက်အောင် ခွင့်လွှတ်နိုင်ခဲ့ကြပါသည်။ ယခုအခါ ပါလီမန်အမတ်တစ်ယောက်အဖြစ် ယခင်ရန်ဘက်ဟောင်းများနှင့် လက်တွဲအလုပ်လုပ်နေကြပြီဖြစ်သော ဦးဝင်းထိန်ဆိုလျှင် အနှစ် ၂၀ မျှနံရံတံတိုင်းများကြားတွင် နေခဲ့ရ သူဖြစ်သည်။ “ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ၊ ဒေါသတွေ အာဃာတတွေကို ရင်ထဲမှာ မထားတော့ပါ။ လက်စားချေဖို့ အတွေးဆို၍လည်း စိတ်ထဲမှာမရှိပါ”ဟု သူကဆိုပါသည်။ သူ့စကား “ဒေါသဆိုတာ မီးလိုပဲလေ။ လောင်မြိုက်တတ်တာပေါ့။ ပူလောင်တာပေါ့”
စည်းကမ်းတကျ ပါတီတစ်ရပ် အမြဲတမ်းဖြစ်စေရေးအတွက် ယခုအခါ အင်န်အယ်လ်ဒီမှာ ယခင်မြေ အောက်အတိုက်အခံလှုပ်ရှားမှုအဖြစ်မှ အစိုးရဖွဲ့နိုင်လောက်သည့် ပါတီတစ်ရပ်ဖြစ်လာစေရန် ပြောင်းလဲ တည်ဆောက်လျက်ရှိနေသည်။ ပြီး ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲအတွေ့အကြုံအရဆိုလျှင် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော “မဲအများဆုံးရသူအနိုင်ရ”ရွေးကောက်ပွဲစနစ် (First-post -the-post) အရ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အေးအေးသက်သာ အနိုင်ရဖို့များပါလိမ့်မည်။ လက်ရှိအာဏာရ ယူအက်စ်ဒီပီပါတီအနေနှင့်မူ အမတ်တစ်နေရာရဖို့ပင် ခက်ခဲကောင်းခက်ခဲနိုင်သည်။
အင်န်အယ်လ်ဒီအနေနှင့် ပြီးခဲ့သော မတ်လက ပထမဆုံးအကြိမ် ပြည်လုံးကျွတ်ကွန်ဂရက်ကြီးကို ကျင်းပခဲ့ပါသည်။ ပါတီ၏ အင်အားကို စနစ်တကျစုစည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ထိရောက်ထက်မြက်သော လုပ်ငန်းစဉ်ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ကွန်ဂရက်ဖြစ်သည်။ သို့တစေ အင်န်အယ်လ်ဒီကွန်ဂရက်မှာ အပြည့်အ၀ အောင်မြင်သည်ဟူ၍ကား မဆိုနိုင်ပါ။ ယခင်က မရှိခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများပင် ရှိသလောက်ရှိလာသည်။ အထူးသဖြင့် သူမ၏အော်တိုကရက်စတိုင် ခေါင်းဆောင်မှုနှင့်သွေးသစ်များ၊ အိုင်ဒီယာသစ်များကို လက်ခံဖို့ စိတ်အားထက်သန်မှုမရှိစသဖြင့် ဝေဖန်ကြသည်။
ဤသို့ဝေဖန်ခဲ့ကြသူများအနက်တစ်ယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ဖူးသော ဒေါ်ခင်လေးဖြစ်သည်။ ၎င်းက ပါတီတွင်းအခြေ အနေကို ယခုလိုညည်းညည်း ညူညူပြောပြသည်။ “ဒေါ်စုက တစ်ခုခုပြောလိုက်ရင် အဲဒါပေါ်လစီပဲ။ အိုင်ဒီယာသစ်တွေနဲ့ပတ်သက်ရင် တကယ့်အစစ်အမှန် ဒီဘိတ်လုပ် နိုင်ဖို့ အခွင့်အလမ်းက မရှိသလောက်ကို နည်းတယ်။ တစ်ခါတလေ ကျွန်မတို့က ဒေါ်စုကိုဝေဖန်မိရင် ပါတီအပေါ်သစ္စာမရှိဘူး။ အပြောခံရတယ်”
အင်န်အယ်လ်ဒီကို ကျယ်ပြန့်သော အခြေခံပေါ်မှာ စုစည်းညီညွတ်သောပါတီတစ်ရပ်အဖြစ်ပြောင်းလဲနိုင်ဖို့လိုပါသည်။ သဘောကွဲလွဲမှုများ မဖြစ်စေဘဲ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် နယ်ပယ်တိုင်းတွင် ခိုင်မာသောပေါ်လစီများ ချမှတ် ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဤအရာများကို ဆောင်ရွက်နိုင်ရန်အချိန်အများကြီး ရှိတော့သည်လည်း မဟုတ်။ ၂ နှစ်မျှသာ ကျန်တော့သည်။ ဤလုပ်ငန်းတာဝန်များသည်ပင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။
အမြော်အမြင်နှင့် အပေးအယူ
အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မည်ဟု ဆိုနိုင်ဦးမည် မဟုတ်ပါချေ။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမကိုသမ္မတဖြစ် မလာစေရန် တားဆီးထားသည့် ပြဋ္ဌာန်းချက်တစ်ခုရှိသည်။ အထူးသဖြင့် သူမကို ရည်ရွယ်ပြီး သတ်မှတ်ထားသော ပြဋ္ဌာန်းချက်ဟူ၍ပင်ဆိုနိုင်သည်။ (ပုဒ်မ ၅၉၊ ပုဒ်မခွဲ - စ-ဖြစ်ပါသည်)ဤပြဋ္ဌာန်းချက်အရ ဇနီးခင်ပွန်းဖြစ်စေ၊ သားသမီး ဖြစ်စေ၊ နိုင်ငံခြားသားဖြစ်လျှင် အဆိုပါ ပုဂိုလ်အနေနှင့် သမ္မတ(သို့မဟုတ်) ဒုတိယသမ္မတဖြစ်ခွင့် မရှိပါချေ။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ်(၁၉၉၉ ခုနှစ်က ကွယ်လွန်)နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စ်ပို့ကိုင်ထားသော သားနှစ်ယောက်ထွန်းကားခဲ့သည်။
အင်န်အယ်လ်ဒီအနေနှင့်မူ အဆိုပါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်တုန်းကမှ လက်မခံခဲ့သလို ဤ ဥပဒေပြင်ဆင်နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့နှင့်တိုင် တပ်မတော်ဘက်ကမူမည်သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုမဆို ပယ်ချမည့်သဘောရှိနေသည်။ သို့တစေ ယခုနောက် ပိုင်းစိတ်ဝင်စားဖို့ ကောင်းလာသည်မှာ တပ်မတော်ကိုယ်တိုင်က စိတ်ပြောင်းချင်ပြောင်းလာနိုင်သည့် အနေအထားဖြစ်ပါသည်။
တပ်မတော်ကိုယ်ပွားတစ်ခုဟု ဆိုနိုင်သော ဦးရွှေမန်းဦးဆောင်သည့် ယူအက်စ်ဒီပီအနေနှင့်မူ ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်နှင့် မောင်းနှင်လာတော့မည့် အင်န်အယ်လ်ဒီ ယန္တရားကြီးကို တားဆီးနိုင်လောက်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လက်ရှိရွေးကောက်ပွဲစနစ်ကိုပြောင်းပြီး “အချိုးကျကိုယ်စားပြုစနစ်” (PR စနစ်)နှင့် အစားထိုးဖို့သာ ဖြစ်လိမ့်မည်ဟု သဘောပေါက်နားလည်လာကြဟန်ရှိသည်။ ဤနည်းဖြင့်သာလျှင် ယူအက်စ်ဒီပီမှာ လုံးဝဖယ်ရှားခံရနိုင်သည့် အန္တရာယ်မှ (အနိမ့်ဆုံးအားဖြင့်) ရှောင်ရှားနိုင်စရာရှိပါလိမ့်မည်။ ထို့ထက် ပီအာရ် စနစ်၏အောက်တွင် လူနည်းစုပါတီများအတွက်လည်း ပိုအခွင့်သာနိုင် စရာရှိသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့သောရွေးကောက်ပွဲ စနစ်ကျင့်သုံးရမည်ဆိုသည်ကို တိတိပပ သတ်မှတ်ထားသည်တော့ မရှိပါ။ တစ်ခုပဲရှိသည်။ အောက်လွှတ်တော်ကို မဲဆန္ဒနယ်တစ်ခု၊ ကိုယ်စားလှယ်တစ်ယောက်ဖြင့် ဖွဲ့စည်းရမည်ဟုဆိုထားရာ ပီအာရ်စနစ်ကို ကျင့်သုံးတော့မည်ဆိုလျှင် လက်ရှိ အခြေခံဥပဒေကို တစ်စုံတစ်ရာပြင်ဖို့ လိုပါလိမ့်မည်။ ပြီးခဲ့သည့် မတ်လက ပါလီမန်တွင် ယူအက်စ်ဒီပီက အခြေခံဥပဒေကို ပြန်လည်စိစစ်ရန်လွှတ်တော်ကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါသည်။ ဘာကြောင့် ဤသို့ စိစစ်ဖို့လိုသည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။
ယူအက်စ်ဒီပီအနေနှင့် လက်ရှိအခြေခံဥပဒေကို ပြင်လိုလျှင် လွှတ်တော်တွင် နေရာအများစုရထား
သောလက်ရှိအချိန်သာ အကောင်းဆုံးဖြစ်သည်ကိုမူ လူတိုင်းရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။
လူမျိုးစုပါတီများဖြစ်သော ကရင်၊ ချင်းနှင့် ရှမ်းပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား ပါတီငယ်များကလည်း ပီအာရ်စနစ်ကို ထောက်ခံမည့်ပုံရှိသည်။ လူမျိုးစုပါတီတော်တော်များများအနေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီ အပြတ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လည်း အင်န်အယ်လ်ဒီ အပြတ်နိုင်သွားနိုင်မည်ကို စိုးရိမ်မကင်းဖြစ်နေကြဟန် ရှိသည်။ သူတို့အမြင်တွင် အဆိုပါ ပါတီကြီးနှစ်ခုလုံးမှာ ဗမာလူမျိုးစုအကျိုးစီးပွားကိုသာ ကိုယ်စားပြုကြသည်ဖြစ်ရာ အပြည့်အ၀မယုံကြည်နိုင်ကြပါချေ။ လူမျိုးစုပါတီများစုပေါင်းပြီး ဖက်ဒရယ်ပါတီ ကို ပါတီသစ်တစ်ရပ်ဖွဲ့စည်းဖို့ ညှိနှိုင်းပြောဆိုနေကြသည်များလည်း ရှိသည်။ ဤသို့သော တပ်ပေါင်းစု မျိုးဖြင့်သာ အင်န်အယ်လ်ဒီနှင့် ယူအက်စ်ဒီပီတို့ကို စိန်ခေါ်နိုင်မည်ဖြစ်သလို ပီအာရ်စနစ်အောက်တွင် ပို၍ အောင်မြင်မှုရလိမ့်မည် ဟု ယူဆထားကြဟန် ရှိပါသည်။
ပြောရလျှင် အခြေအနေမှာ ဘာတစ်ခုမှ ကံသေကံမမဆိုသာ သည့် စွန့်စားမှုနှင့် အရင်းတည်ကြရမည့် အနေအထားဟု ဆိုကြရမည့် သဘောရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက်တားဆီးပိတ်ပင်ထားသော ပြဋ္ဌာန်းချက်ကိုသာ ဖယ်ရှား ပေးလျှင် အင်န်အယ်လ်ဒီဘက်မှ လည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပီအာရ်စနစ်ကို လက်ခံကောင်း လက်ခံပါလိမ့်မည်။ နေပြည်တော်တွင် “လိမ္မာပါးနပ်သော နိုင်ငံရေး အပေးအယူ”တစ်ခု ရှိလာလေမည်လား မှန်းဆရပါသည်။
စာညွှန်း- Suu Kyi for President? (The Economist; May 25 th, 2013)
ရေးသားသူ- ကျော်ဝင်း - 7Day News Journal
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ သမ္မတ ဖြစ်နိုင်မလား
ခုတလော သတင်းမီဒီယာတွေထက်မှာ အထူးတလည် ဖော်ပြနေတဲ့ သတင်းတပုဒ်ကတော့ အမေရိကန်ရောက်နေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူလည်း သမ္မတလုပ်ဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ သတင်းပါ။ ဒီမတိုင်ခင်တုန်းကတော့ နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာရော နောက်ပိုင်း လူထုတွေနဲ့ ထိတွေ့တဲ့အချိန်တွေမှာပါ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ သမ္မတ ဖြစ်ချင်တဲ့အကြောင်း ထပ်ကာ ထပ်ကာ အတည်ပြု ပြောဆိုခဲ့ပါသေးတယ်။
ခုဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ တာဝန်ထမ်းဆောင်ချင်တယ်လို့ ထုတ်ဖော် ပြောဆိုသူ ၃ ယောက်ရှိသွားခဲ့ပါပြီ။ သူတို့ ဘာကြောင့် သမ္မတ တာဝန်ယူချင်တယ် ပြောရတာလဲ၊ ဒီလူတွေအထဲကမှ ပြည်သူ့ထောက်ခံမှု အများဆုံးရထားတယ်ဆိုတာ အငြင်းမပွားနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကရော တကယ် သမ္မတ ဖြစ်လာနိုင်မလား၊ ဒီအတွက် ဘာအချက်အလက်တွေ လိုအပ်မလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
လက်ရှိ သမ္မတ၊ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အားလုံး သမ္မတဖြစ်ချင်ကြတာဟာ လက်ရှိ အသက်ဝင်ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ပါ။ ဖွဲ့စည်းပုံအရ သမ္မတအဖြစ် တပ်မတော်သားကိုယ်စားလှယ်တွေ အပါအ၀င် လွှတ်တော်အမတ်တွေက ရွေးကောက် တင်မြှောက်ပေးလိုက်သူဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီးအားလုံးကို ခန့်အပ်နိုင်ပါတယ်။ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်နိုင်ပါတယ်။ ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ သံတမန်တွေ အားလုံးကိုလည်း ခန့်အပ်နိုင်ပါတယ်။ ပြောရရင် အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ပတ်သက်ရင် သမ္မတကို ရှင်ဘုရင်တပါးလို အလုံးစုံ အာဏာ အပ်နှင်းထားတာပါ။ ဒါကြောင့် သမ္မတတာဝန် ရယူလိုတယ်လို့ ပြောကြခြင်း ဖြစ်ပါတယ်။
ဒီအထဲကမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုရင် အရင်ဆုံး ကျော်ဖြတ်ရမယ့် အတားအဆီးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတလောင်းရဲ့ အရည်အချင်း သတ်မှတ်ချက် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပါအတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒုသမ္မတလောင်းအဖြစ် အရွေးချယ်ခံနိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်လည်း ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ပြောဆိုနေရတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံကို ပြင်နိုင်ရင် နောက်ထပ် ရင်ဆိုင်ရမယ့်အချက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲဥပဒေတွေက ပြ
နာ ဖြစ်ပါတယ်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ ဒုဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်ပြီး ပြည်နယ်၊ တိုင်း၊ ခရိုင်နဲ့မြို့နယ်အဆင့်ဆင့်သော ကော်မရှင်တာဝန်ရှိသူတွေကိုလည်း စစ်ဗိုလ်ဟောင်းတွေနဲ့ အသေအချာ ပြင်ဆင်ဖွဲ့စည်းထားပါတယ်။ ဒီ ကော်မရှင်အဆင့်ဆင့်ဟာ ၂၀၁၅ မှာ ရွေးကောက်ပွဲကို တရားမျှတအောင် ကျင်းပပေးမလား ဆိုတာ သံသယ ရှိစရာပါ။ နောက်ထပ် အရေးကြီးတာက အရင်စစ်အာဏာရှင်တွေ စိတ်ကြိုက်ပြဋ္ဌာန်းသွားခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေနဲ့ ဥပဒေတွေ ကိစ္စ ဖြစ်ပါတယ်။ သဘာဝမကျ၊ တရားမျှတမှုမရှိတဲ့ ဒီဥပဒေနဲ့ နည်းဥပဒေတွေ မပြင်နိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတော်အခွင့်အလမ်း နည်းပါတယ်။ ဒါ့အပြင် မဲပေးပိုင်ခွင့်ရှိသူစာရင်း အတိအကျ မရှိတာ၊ ပြည်သူတွေ မဲပေးတာနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတ နည်းတာကလည်း ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အနိုင်ရဖို့ အခက်အခဲ တွေ့စေမယ့် အချက်တွေ ဖြစ်ပါတယ်။
လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက်ခံရဖို့ဆိုရင် ၂၀၁၅ မှာ ပြည်ထောင်စုအဆင့် အမတ်နေရာ အနည်းဆုံး ၃၃၃ နေရာ၊ ဒါမှမဟုတ် အမတ်နေရာ စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်း အနိုင်ရဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူက ရွေးကောက်တဲ့ အမတ် ၄၉၈ ယောက်နဲ့ ကာကွယ်ရေးဦးစီးချုပ်က ခန့်တဲ့ စစ်ဗိုလ်အမတ် ၁၆၆ စုစုပေါင်း အမတ် ၆၆၄ ယောက်ရဲ့ ထက်ဝက်ကျော် အရေအတွက် ရရှိမှာမို့ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကာလတုန်းက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ခုအချိန် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အင်အားကောင်းနေပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေး ရလာရင် ပိုပြီး အားကောင်းလာနိုင်ပါသေးတယ်။ ဒီအတွက် တိုင်းရင်းသားပါတီတွေကို ပြိုင်ဘက်လို သဘောထားရင် အမတ်နေရာ ၆၇ ရာခိုင်နှုန်းရဖို့ မလွယ်ကူပါဘူး။ ဒီအတွက် ပြည်ထောင်စုပုံစံ မဟာမိတ်ဖွဲ့မှုကို စောစောစီးစီး လုပ်ထားဖို့ လိုပါတယ်။
ဒီအချက်အလက်တွေအားလုံးဟာ ရိုးရိုးရွေးကောက်ပွဲ ပုံစံအတိုင်း တွက်ချက်ထားတာ ဖြစ်ပြီး တကယ်လို့သာ အာဏာရ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အားကိုးပြီး ပီအာရ်လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် အကောင်အထည် ဖော်လာရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ပိုဝေးသွားစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရ စစ်ဗိုလ်ချုပ်ဟောင်းတွေကလည်း လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ နှစ်ပေါင်း ၆၀ ကျော် ဆုပ်ကိုင်ခဲ့တဲ့ သူတို့တွေရဲ့ အာဏာ လက်မလွှတ်ရေး အသည်းအသန် ကြိုးစားမှာ ဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အများကြီး ကြိုးစားရုန်းကန်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
by တိုင်းကျော် (ဒီဗွီဘီ)
တရားဥပဒေစိုးမိုးရေးမှသည် အေးချမ်းတည်ငြိမ်သောပြည်သူ့ဝများဆီသို့
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလ ၃၁ ရက်အထိ လူသတ်မှု ၅၆ မှု၊ မုဒိမ်းမှု ၆၁မှု၊ ခိုးမှုမျိုးစုံ ၄၁၀ မှု ဖြစ်ပွားခဲ့ကြောင်း ၇.၆.၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖတ်ရှု လိုက်ရသဖြင့် ကျွန်တော့်အနေနှင့် များစွာ တုန်လှုပ်မိ ပါသည်။ မြန်မာနိုင်ငံ ကဲ့သို့ ဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံ တစ်နိုင်ငံအတွက် ထိုပမာဏမှာ များလွန်းသည်ဟု ကျွန်တော်ယူဆပါသည်။
သတင်းစာတွင် ဆက်လက် ရေးသားထားရာ၌ လူသတ်မှု ဖြစ်ပွားရခြင်းမှာ စိတ်ရောဂါ ဝေဒနာ ဖြစ်နေခြင်း၊ အလိုလောဘကို ထိန်းသိမ်းနိုင်မှု မရှိခြင်း၊ မိန်းမကိစ္စကြောင့် ကျူးလွန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ် မရှိခြင်း၊ ရန်ငြိုးရန်စများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် မဖြေရှင်းခြင်း တို့ကြောင့် ဖြစ်ပွားခဲ့ရကြောင်း ဖော်ပြထားပြီး မုဒိမ်းမှုများနှင့် ပတ်သက်၍လည်း အရက်သေစာ သောက်စားခြင်း၊ ကာမရာဂကို အသားပေးသော တရားမဝင် ဆင်ဆာမဲ့ ပြည်ပရုပ်ရှင်များ ကြည့်ရှုခြင်းဖြင့် အလိုရမ္မက်ကို မထိန်းသိမ်းနိုင်ပဲ လူစိတ်ပျောက်ကာ ကျူးလွန်ခြင်း၊ မူးယစ်ထုံထိုင်းစေသည့် ဆေးဝါးများ အလွဲသုံးခြင်း တို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားသည်ကို ဆက်လက် ဖတ်ရှုရပါသည်။ ဖော်ပြပါ သုံးသပ်ချက်များမှာ အဆိုပါ မှုခင်းများသည် လောဘ၊ ဒေါသ၊ ကာမရာဂစိတ် များကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယေဘုယျ သုံးသပ်ထားခြင်း ဖြစ်ပါသည်။
ကျွန်တော့်အနေနှင့် ဤဆောင်းပါးတွင် ပြစ်မှုတစ်ခုကို ကျူးလွန်ရခြင်းမှာ လောဘ၊ ဒေါသစသည့် စိတ်များကြောင့် ဖြစ်ရကြောင်းနှင့် ဤသို့ ဖြစ်ပေါ်လာသော အကုသိုလ်စိတ်များ လျော့နည်းစေရန် မည်သို့ လုပ်ဆောင်သင့်ကြောင်း ဉာဏ်မီသရွေ့ အကြံပြု သုံးသပ်ဆွေးနွေး တင်ပြသွားမည် ဖြစ်ပါသည်။ကျွန်တော်သည် ဓမ္မကထိကတစ်ဦး မဟုတ်သလို ဥပဒေပညာရှင် တစ်ဦးလည်း မဟုတ်ကြောင်း ဦးစွာ တင်ပြလိုပါသည်။
လူမှန်လျှင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန မည်သူမျှ ကင်းနိုင်ကြသည် မဟုတ်ပါ။ သို့ရာတွင် အဆိုပါ လောဘ၊ ဒေါသစိတ်များ မဖြစ်ပေါ်စေရန် လည်းကောင်း၊ ဖြစ်ပေါ်လာသော လောဘ၊ ဒေါသစိတ်များ ပိုမိုကြီးထွားလာ ခြင်းအားဖြင့် မလိုလားအပ်သော၊ မဖြစ်သင့်သော ပြဿနာများ မဖြစ်ပေါ်လာစေရန်အတွက် ၎င်းစိတ်များကို ချိုးနှိမ် လျော့ပါးစေခြင်းဖြင့် လည်းကောင်း ပြစ်မှုများ ဖြစ်ပွားခြင်းကို အထိုက်အလျောက် ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ပါသည်။
လူတစ်ယောက်သည် သာမန် ရှိသင့်သည်ထက် ပိုမို၍ လောဘကြီးခြင်း၊ ဒေါသကြီးခြင်း တို့သည် ‘ပညာမဲ့မှု’ တွင် အခြေခံသည်ဟု ကျွန်တော် ယုံကြည်လက်ခံပါသည်။ ပစ္စည်းဥစ္စာကို ရယူလိုသည့် အတွက် လူသတ်ခြင်း၊ မခံချင်စိတ်၊ လက်စားချေလို စိတ်ကြောင့် လူသတ်ခြင်း၊ အလိုမတူဘဲ ကာမကို အဓမ္မရယူခြင်း၊ သူတစ်ပါးပိုင် ပစ္စည်းကို ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ မရိုးဖြောင့် သောသဘောဖြင့် မတရား ရယူခြင်းတို့သည် သာမန် အသိဉာဏ် ပညာရှိသည့် လူတစ်ဦးအဖို့ ကျူးလွန်ရန် ခက်ခဲမည် ဖြစ်ပါသည်။ ‘ပညာမဲ့မှု’ ဟု ဆိုရာတွင် အတတ်ပညာ မဲ့မှုထက် ‘အသိပညာမဲ့မှု’ ကို ဆိုလိုခြင်း ဖြစ်ပါသည်။
အတန်းပညာ မရှိလျှင် အသိပညာ မရှိနိုင်ဟု မဆိုနိုင်သော်လည်း အတန်းပညာသည် အသိပညာအတွက် များစွာ အထောက်အကူပြုသည်ဟု ဆိုလျှင် ငြင်းဖွယ်ရာ မရှိပါ။ အတန်းပညာ မြင့်မားမှုသည် အသက်မွေးဝမ်းကျောင်းမှု အတွက် ပိုမိုအဓိက ကျသကဲ့သို့ သင်ကြားရသည့် ဘာသာရပ်သည်လည်း အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းရှိမှု၊ အပြန်အလှန် နားလည်မှု၊ သည်းခံ နိုင်စွမ်းရှိမှု၊ ကိုယ်ချင်းစာတရား ရှိမှုတို့ကို လေ့ကျင့် သင်ကြားပေးပါသည်။
ကျွန်တော်တို့ ငယ်စဉ်က ပထဝီ၊ သမိုင်း၊ သိပ္ပံ နှင့် သင်္ချာ ပညာရပ်များကို သင်ကြားကြရသဖြင့် အတွေးအခေါ်၊ အတွက်အချက်နှင့် ဗဟုသုတတို့ ရရှိခဲ့သလို ပြည်သူ့နီတိနှင့် အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စသည်တို့ကို သင်ကြား ခဲ့ကြရသဖြင့်လည်း သူတစ်ပါး၏ ပစ္စည်းကို မတရား ရယူလိုခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ အရက်သေစာ သောက်စား မူးယစ်ခြင်း၊ သူတစ်ပါး အသက် သတ်ခြင်းနှင့် သူတစ်ပါး သားမယားကို ပြစ်မှားခြင်းစသည့် မကောင်းမှု တို့ကို ဝေးစွာ ရှောင်ကြဉ်သည့် အလေ့အထကို ကိုယ်ကျင့်တရားအဖြစ် စောင့်ထိန်းခဲ့ကြသည့်အပြင် မိဘဆရာသမားတို့အပေါ် ရိုသေလေးစားခြင်း၊ သူတစ်ပါးအပေါ် စာနာစိတ်နှင့် ကိုယ်ချင်းစာတရား ထားရှိခြင်းတို့ကိုလည်း ယဉ်ကျေးမှု တစ်ခုသဖွယ် လိုက်နာခဲ့ကြပါသည်။
"ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ ၃၁ ရက်အထိ လူသတ်မှု ၅၆ မှု၊ မုဒိမ်းမှု ၆၁မှု၊ ခိုးမှုမျိုးစုံ ၄၁၀ မှု ဖြစ်ပွားခဲ့ကြောင်း ၇.၆.၂၀၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင်..."
ကျွန်တော်သည် ငယ်စဉ်မှစ၍ ယနေ့အထိ မိမိထက် အသက်ကြီးသူများ ရှေ့တွင် ခေါင်းငုံ့၍ သွားခဲ့သလို၊ အသက်ကြီးသူများ၏ အထက် မြင့်သောနေရာတွင်လည်း မထိုင်ခဲ့ပါ။ ဘတ်စ်ကား စီးရာတွင်လည်း ကိုယ်ဝန်ဆောင် များ၊ ကလေးအမေများနှင့် အသက်ကြီးသူများကို နေရာဖယ်ပေးခဲ့သည် တို့မှာ ငယ်စဉ်က သင်ကြားခဲ့ရသော ယဉ်ကျေးလိမ္မာ သင်ခန်းစာများကြောင့် ပင်ဖြစ်ပါသည်။ သို့သော်ကျွန်တော် ယနေ့ဘတ်စ်ကားများ စီးသွားရာတွင် လူငယ်များက နေရာဖယ်ပေးဖို့ ဝေးစွ၊ ကားပေါ်တွင် ထိုင်ခုံနေရာ လွတ်သွား၍ထိုင်ဖို့ ဟန်ပြင်လိုက်လျှင်ပင် နေရာလုထိုင်ခြင်းကို ကြိမ်ဖန်များစွာ ကြုံတွေ့ရပါသည်။ ဘတ်စ်ကားပေါ် တက်ရာတွင်လည်း လူငယ်လူရွယ်များက အလုအယက် အရင်တက်ကြပြီးမှ အသက်ကြီးသူက နောက်မှ တက်ရပါသည်။ဤသို့သော စိတ်အခြေအနေမျိုးနှင့် ကျွန်တော်တို့၏ လူ့အသိုင်းအဝိုင်းကို ယဉ်ကျေး သိမ်မွေ့သော၊ ကိုယ်ချင်းစာတရား ထားရှိသော၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားသော၊ ပြစ်မှု လျော့ပါးသော မြန်မာ့ လူ့ဘောင်အဖြစ် မည်သို့ တည်ဆောက်ကြပါမည်နည်း။
ကျွန်တော်တို့ ငယ်စဉ်က မူလတန်းမှစ၍ အလယ်တန်းအဆင့် ပြီးဆုံးသည်အထိ အခြေခံ ဗုဒ္ဓဘာသာ သင်ခန်းစာများကို သင်ကြားခဲ့ကြရပါသည်။ အခြေခံသင်ခန်းစာ ဆိုသည့်အတိုင်း ဗုဒ္ဓတရားတော်၏ အခြေခံ အကျဆုံးသော၊ လူတိုင်း လိုက်နာကျင့်သုံးနိုင်သည့် လူမှုရေးတရားများ ဖြစ်ပါသည်။ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း မပြုရန်၊ သူတစ်ပါးကို လိမ်လည်လှည့်ဖြားခြင်း မပြုရန်၊ မူးယစ်ထုံထိုင်း၊ အသိတရား လစ်ဟင်းစေသော အရက်သေစာ သောက်စားခြင်း မပြုရန် ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရန် စသော အချက်များသည် လူသားမှန်လျှင် မည်သည့်ဘာသာ၊ မည်သည့် လူမျိုးမဆို လိုက်နာကျင့်ကြံ နိုင်သော၊ လိုက်နာကျင့်ကြံအပ်သော ကိုယ်ကျင့်သိက္ခာဆိုင်ရာ အလေ့အကျင့်များပင် ဖြစ်ပါသည်။ မည်သည့် ဘာသာတရားမဆို ကောင်းသော အဆုံးအမများကိုသာ လူသားတို့ကို လိုက်နာ ကျင့်ကြံစေကြသည် ဖြစ်ပါသည်။ မကောင်းသော ဆိုဆုံးမမှု၊ တစ်နည်းအားဖြင့် လူ့ဘောင်လောက၊ လူသားတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် ပြုလုပ်မှုမျိုးကိုမူ မည်သည့် ဘာသာတရားကမျှ သွန်သင်ညွှန်ကြား ပြသခဲ့မည် မဟုတ်ပါ။
ဆိုခဲ့ပါ ဘာသာတရား၏ အဆုံးအမများကို ကြိမ်ဖန်များစွာ ဆိုဆုံးမ၊သင်ကြားခံရခြင်း၊ မိမိကိုယ်တိုင်ကလည်း လိုက်နာ ကျင့်ကြံခြင်းဖြင့် လူသားချင်း ကိုယ်ချင်းစာနာသော၊ လူသားချင်း နိုင်ထက်စီးနင်း မပြုလုပ်သော၊ လူသားချင်း ကြီးနိုင်ငယ်ညှဉ်း၊ လက်နက်အားကိုး မပြုသော၊ တစ်နည်းအားဖြင့် လောဘ၊ ဒေါသ သိပ်မကြီးသော လူကောင်းလူမွန်များ ဖြစ်လာကြမည် ဖြစ်ပြီး ကျွန်တော်တို့ မျှော်မှန်းသည့် ယဉ်ကျေးသိမ်မွေ့သော၊ ကိုယ်ချင်းစာတရား ထားရှိသော၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားသော၊ ပြစ်မှု လျော့ပါးသော မြန်မာ့ လူ့ဘောင်အဖြစ် ရောက်ရှိလာမည် ဖြစ်ပါသည်။
သို့သော် ကျွန်တော်တို့၏ ပညာရေးစနစ်တွင် ယခုအခါ ပြည်သူ့နီတိနှင့် အခြေခံ ဗုဒ္ဓဘာသာ သင်ခန်းစာများ သင်ကြားပို့ချမှု အထူးပင် အားနည်းလျက် ရှိကြောင်းနှင့် အချို့ကျောင်းများတွင် လုံးဝပင် သင်ကြားမှု မရှိကြောင်း ကြားသိရပါသည်။ ထို့ကြောင့် မြန်မာ့ တက္ကသိုလ်များကို ကမ္ဘာ့ တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်၍ နိုင်ငံတကာ အဆင့်မီအောင် ဆောင်ရွက်နေကြသော ပညာရှင်ကြီးများနှင့် ‘အမျိုးသားပညာရေး ဥပဒေကြမ်း’ ကို ဦးဆောင်ရေးဆွဲမည့် ‘ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်ရေးကော်မတီ’ တို့ကို ‘မြန်မာ့ ပညာရေးစနစ် အခြေခံ အုတ်မြစ် ခိုင်မာရေးနှင့် ပညာတတ် လူလိမ္မာများ ထွက်ပေါ်ရေးကိုလည်း လျစ်လျူရှု မထားကြပါရန်’ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။
အခြေခံပညာ ကျောင်းများတွင် ဗုဒ္ဓဘာသာတရားကို အခြေခံသော မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာများ ပြန်လည် သင်ကြားပေးခြင်း အားဖြင့် ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားပြီး မိဘ၊ ဆရာ သမား၏ ဆိုဆုံးမမှုကို ခံယူကာ၊ မကောင်းမှု ဒုစရိုက် ၁၀ ပါးကို ရှောင်ရှား၍ ကောင်းမှုသုစရိုက် ၁၀ ပါး ကို လိုက်နာ ကျင့်ကြံနိုင်သော၊ နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည် ဖြစ်ပါသည်။
အထက်တွင် အကြံပြု ရေးသား တင်ပြခဲ့သည်တို့ကို ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပညာရေးကို စိတ်ပါဝင်စားသူများ အပိုင်းမှ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင် တရားဥပဒေ စိုးမိုးရေးအပိုင်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက ဖြည့်ဆည်း ဆောင်ရွက်ပေးမှသာလျှင် တရားဥပဒေ စိုးမိုးသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပါမည်။ တရားဥပဒေ စိုးမိုးရေးကဏ္ဍဟု ဆိုရာတွင် မှုခင်းများ မဖြစ်ပွားရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကြိုတင်ကာကွယ်ရေး၊ မှုခင်းဖြစ်ပွားပါက ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံး ရှာဖွေစုံစမ်း ဖော်ထုတ်၍ တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေးနှင့် သက်ဆိုင်ရာ တရားရုံးများကလည်း ကျူးလွန်သော ပြစ်မှုကို ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ရေး စသည်တို့ ဖြစ်ပါသည်။
ယနေ့ ပြည်သူများ ခံစားကြုံတွေ့ နေကြရသည်များမှာ အနိုင်အထက် ပြုခံရသည်ဖြစ်စေ၊ ဥပဒေမဲ့ ကျူးလွန်ခြင်း ခံရသည်ဖြစ်စေ၊ သွားရောက် တိုင်ကြားပါက ထိုသို့ တိုင်ကြားသူကိုပင် တရားခံ တစ်ဦးသဖွယ် ပြုမူဆက်ဆံခံရခြင်း၊ မိမိတိုင်ကြားသောအမှုကို အားကြိုးမာန်တက် စုံစမ်းဖော်ထုတ်ရေး အတွက် လမ်းစရိတ်မှအစ ပံ့ပိုးကူညီပေးရခြင်း စသည်တို့ကို ကြားသိနေရသော်လည်း အမှုမှန် ပေါ်ပေါက်ခြင်း၊ တရားခံကို ဖမ်းမိခြင်းစသော သတင်းမျိုးကား ကြားရခဲပါသည်။ မြောက်ဥက္ကလာပရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ကျူးလွန်သော လူသတ်မှု၊ ကားဖြင့်ဒရွတ်တိုက် ဆွဲခံရပြီး သေဆုံးခဲ့ရသော ရုပ်ရှင်ဒါရိုက်တာ တစ်ဦး၏အမှု အပါအဝင် ပြည်မြို့ နဝဒေးတံတားအောက်မှ လူသတ်မှု စသည်တို့မှာ ပြည်သူအများ စိတ်ဝင်စားသော အမှုများ ဖြစ်ကြသော်လည်း ကြန့်ကြာနေဆဲပင် ဖြစ်ပါသည်။ ထူးခြားချက် တစ်ခုမှာ ပြစ်မှု ကျူးလွန်ခံရသူသည် သြဇာ၊ အာဏာရှိသူ တစ်ဦးဦးဖြစ်လျှင် ဖြစ်စေ၊ ထိုသို့ အာဏာရှိသူ တစ်ဦးဦးနှင့် ပတ်သက်လျှင်ဖြစ်စေ ကျူးလွန်သူကို နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ တတ်သည်မှာလည်း စွမ်းဆောင်ရည် တစ်ခုပင် ဖြစ်ပါသည်။
ဤသို့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး မရမိသောဖြစ်စဉ် များလာခြင်းသည် နောက်ထပ်ပြစ်မှု ကျူးလွန်လိုသူ တို့အတွက် အားတက်ဖွယ်ရာပင် ဖြစ်ပါသည်၊၊ စည်းကမ်းမဲ့စွာ ပရမ်းပတာ မောင်းနှင်မှုများကြောင့် လူသေဆုံးသော ယာဉ်တိုက်မှုများတွင် ထွက်ပြေးသော ယာဉ်မောင်းကို ဖမ်းဆီးရမိသော သတင်းမျိုးကား သတင်းလောကတွင် ရှားပါးသတင်းအဖြစ် ရပ်တည်ဆဲ ပင်ဖြစ်ပါသည်။
ရဲတပ်ဖွဲ့သည် တရားခံကို ဖမ်းဆီးရမိပါကလည်း တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရန် အတွက် အမှုကို ခိုင်မာအောင် တည်ဆောက်ရပါသည်။ လိုအပ်သော သက်သေ အထောက်အထားများကို ရှာဖွေရခြင်း၊ ဥပဒေ အကြံဉာဏ် တောင်းခံရခြင်း များသည်လည်း အမှုတစ်ခုကို တရားစွဲဆို တင်ပို့နိုင်ရန်အတွက် ကြန့်ကြာရသည့် အကြောင်းရင်းများတွင် အပါအဝင် ဖြစ်ပါသည်။
တရားဥပဒေ စိုးမိုးရေးအတွက် အဓိကကျသော အဖွဲ့အစည်းတစ်ခုဟုဆိုရမည့် တရားရုံးများနှင့် တရားသူကြီးများကို ပြည်သူများက အယုံအကြည် ကင်းမဲ့နေသည်မှာ ကြာပြီ ဖြစ်ပါသည်။ တရားစီရင်ရေး ကဏ္ဍနှင့် ပတ်သက်၍ သတင်းမီဒီယာများတွင် လည်းကောင်း၊ လွှတ်တော်အစည်း အဝေးများတွင် လည်းကောင်း အတော်များများ ရေးသားပြောဆို ဆွေးနွေးခဲ့ကြပြီး ဖြစ်၍ ကျွန်တော့်အနေနှင့် ထပ်မံဆွေးနွေး တင်ပြခြင်း မပြုလိုတော့ပါ။
ကျွန်တော်တစ်ခု အကြံပြုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ‘ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ’ သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံး တစ်ရုံး နှစ်ရုံး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားရုံး တစ်ရုံး နှစ်ရုံးကို သွားရောက်၍ အပေါ်ယံ စစ်ဆေးရုံမျှဖြင့် တရားဥပဒေ စိုးမိုးသော နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာမည် မဟုတ်ဘဲ ထိရောက်သော စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ပြုပြင်ရန် လိုအပ်သည့် အချက်များကို အလေးအနက် တိုက်တွန်း၍ ပြုပြင်စေခြင်း၊ တိုင်ကြားမှုများအရ ပေါ်လွင် ထင်ရှားသော အဂတိ လိုက်စားမှုများကို စစ်ဆေး အရေးယူစေခြင်း စသည့် အချက်များကို ဆက်လက် ဆောင်ရွက် ပေးစေလိုပါသည်။
အချုပ်ဆိုရသော် တရားဥပဒေ စိုးမိုးရေးဟူသော ခေါင်းစဉ် အောက်တွင် အကျုံးဝင်သမျှသော လုပ်ဆောင်ရန် ရှိသည်များ အားလုံးကို လုပ်ဆောင်သင့်သော(တာဝန်ရှိ)အဖွဲ့အစည်း အားလုံးက စုစည်း ညီညွတ်စွာဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင်ကြမှသာလျှင် တရားဥပဒေ စိုးမိုး၍ တည်ငြိမ် အေးချမ်းသော နိုင်ငံတော်သစ်တွင် ပြည်သူများ၏ဘဝ မကြောင့်မကြ၊ အပူအပင် ကင်းစွာဖြင့် လုံခြုံစိတ်ချရမည် ဖြစ်ပါသည်။
Written by  သိန်းထက်အောင်
The Voice Weekly
ကလေးလုပ်သားများကို အနိုင်အထက်ပြုမှုအဆိုးရွားဆုံး နိုင်ငံများ၌ မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းမှ ရပ်တည်နေဆဲ
ရန်ကုန်- ကမ္ဘောတစ်လွှားနိုင်ငံများ တွင် ကလေးအလုပ်သမားများကို အနိုင်အထက်ပြုကျင့်မှုအဆိုးရွား ဆုံးနိုင်ငံစာရင်း၌ မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းမှ ရပ်တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာအလုပ်သ မားအဖွဲ့အစည်း (ILO)၏ သုတေသနစာရင်းတွင်ဖော်ပြထားသည်။
ကလေးလုပ်သားများကို အနိုင်အထက်ပြုမှုအဆိုးရွားဆုံး နိုင်ငံများဖြစ်သော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ ဘရွန် ဒီ၊ ပါကစ္စတန်နှင့် အီသီယိုပီးယားနိုင်ငံတို့၏ ထိပ်တွင် မြန်မာ နိုင်ငံက ရပ်တည်နေခြင်းဖြစ်သည်။
သမိုင်းတစ်လျှောက် ယခုအချိန်သည် မြန်မာနိုင်ငံရှိ ကလေးလုပ်သားများအတွက် စွန်စားရမှုနှင့် အန္တရာယ် ရှိမှုတို့မှ ကာကွယ်ပေးရန် အဓိကျသော ကာလဖြစ်နေကြောင်း ယူနီဆက်ဖ်က ပြောကြားလိုက်ပြီး နိုင်ငံ တကာအကူအညီများကိုလည်း ဖိတ်ခေါ်လိုက်သည်။
စစ်အစိုးရအုပ်စိုးစဉ် နှစ်ပေါင်းများစွာအတွင်း ကလေးလုပ်သားအရေးကိစ္စဆွေးနွေးမှုသည် တင်းကျပ်သော ပိတ်ပင်မှုတစ်ခုဖြစ်ခဲ့သော် လည်း အစိုးရသစ်သည် ပြုပြင်ပြောင်းလဲမှုများအတွက် စိတ်ဆန္ဒရှိလာနေပြီး မိသားစုကို ထောက်ပံ့ရန် အလုပ်လုပ်ကိုင်နေရသော ကလေးများအတွက် ကာကွယ်စောင့်ရှောက်မှုများဆောင်ရွက်လာဖွယ် ရှိ သည်။
မြန်မာနိုင်ငံရှိ ကလေးလုပ်သားများသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်နှင့် အလုပ်ချိန်ကြာမြင့် သောလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရပြီး အပန်းဖြေအနားယူရန်နှင့် ဆော့ကစားရန် အခွင့်အလမ်းများနည်းပါးနေကြောင်း ယူနီဆက်ဖ်သုံး သပ်သည်။ မိသားစုဆင်းရဲနွမ်းပါး၍ လုပ် ငန်းခွင်ဝင်ရောက်နေရသော ကလေးငယ်များ၏ အဓိကချို့ယွင်းချက်မှာ ကျောင်းပညာသင်ယူမှုအခွင့်အလမ်းဆုံးရှုံးနေရခြင်းဖြစ် ပြီး အခြေခံပညာမူလတန်းအဆင့်၌ ကျောင်းများကို စွန့်ခွာနေသော မြန်မာကျောင်းသားဦးရေသည် နှစ်စဉ် ငါးသိန်းကျော်ရှိနေသည်။
“၁၈ နှစ်အောက်ကလေးတွေ အလုပ်မလုပ်ရဘူး။ ကျောင်းမှာ စာသင်နေရမယ်ဆိုတဲ့ သတ်မှတ်ချက်က ဆင်းရဲတဲ့ နိုင်ငံတွေမှာ ယုတ္တမတန်ဘူး။ကျေးရွာတွေကယာထဲမှာ လယ်လုပ်နေတဲ့ ကလေးတွေ မြို့ပေါ်က စားသောက်ဆိုင်မှာ စားပွဲ ထိုးနေတဲ့ ကလေးတွေ၊ လိုင်းကားတွေမှာ စပယ်ယာလိုက်နေတဲ့ ကလေးတွေရှိနေပါတယ်” ဟု ဒေါက် တာအောင်ထွန်းသက်က ဆိုသည်။မိသားစုဖူလုံဖို့လုပ်နေကြရတာဖြစ်တဲ့အတွက် ကလေးတွေအလုပ်လုပ်တာ ပြဿနာမဟုတ်ဘူး။ တကယ်တမ်း အလုပ်လုပ်တဲ့အတွက် စာသင်ခွင့်မရတာ ပြဿနာဖြစ်နေတယ်။ ပညာရေးစနစ်အရ ကလေးတွေက ကျောင်းကိုသွားနေရတယ်။ လုပ်ငန်းခွင်ထဲက ကလေးတွေအတွက် ကျောင်းတွေက ကလေးတွေရှိတဲ့နေကို သွားရပါမယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လုပ်ငန်းခွင် ဆောလျင်စွာ ၀င်ရောက်လုပ်ကိုင်နေရသော ကလေးများအတွက် ပညာသင်ယူခွင့်မှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်နေပြီးလုပ်ငန်းခွင်မှ ကလေးများ စာသင် ကြားခွင့်ရရှိရန် အလေးပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း ၎င်းကအကြံ ပြုသည်။
မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန ယူနီဆက်နှင့် ပုဂ္ဂလိကအလှူရှင်များသည် မြို့နယ်ပေါင်း ၇၀ ကျော်တွင် ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်များ လှုပ်ရှားဆောင်ရွက်နေသော်လည်း သင်တန်းသားကလေးငယ်များ စုဆောင်းခြင်းနှင့် ပညာသင်နှစ်ကုန်ဆုံးအောင်ထိန်းထားခြင်းတို့အတွက် အခက်အခဲကြီးမားနေကြောင်း တာဝန်ရှိသူများက ဆိုသည်။
“မသင်မနေရ ပညာရေးဥပဒေသတ်မှတ်ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးတဲ့အတွက် ကလေးတွေ အလုပ်လုပ်ခိုင်းတာ အရေးယူလို့မရတာ တွေရှိနေတယ်။ မိဘဆင်းရဲတဲ့ အတွက် ကလေးကို အလုပ်လုပ်ခိုင်းရတာဖြစ်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အသက်အရွယ်ကြီးရင့်လာတဲ့ အဘိုးအဘွားတွေကို ကလေးတွေက ရှာဖွေကျွေးမွေးစောင့်ရှောက်နေရတဲ့အတွက် လူမှုဖူလုံရေးအစီအစဉ်တွေဖြစ်လိုဖို့လည်း လိုအပ်နေပါတယ်။ မြန်မာနိုင်ငံ ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေး နိုင်ငံရေးဆိုင် ရာ ညီလာခံမှာတော့ အလယ်တန်းအ ထိ မသင်မနေရ ပညာရေး ဆောင် ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်”ဟု နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက်မှ ဒေါ်တာသိန်းလွင်က ပြောသည်။ မြန်မာနိုင်ငံရှိ ကလေးလုပ်သားများသည် ပညာသင်ယူရန် အခွင့်အလမ်းများ ဆုံးရှုံးနေသလို ကျန်းမာရေးထိ ခိုက်နိုင်သော လုပ်ငန်းခွင်နှင့် အသက်အန္တရာယ်ရှိစေသော လုပ်ငန်းခွင်တို့တွင် လုပ်ကိုင်နေရခြင်းများရှိနေပြီး လုပ်ခလစာနှင့် အလုပ်ချိန်သတ်မှတ်ချက်များလည်းလိုအပ်နေသည်။
“ကလေးတွေကို အလုပ်လုပ် ခွင့်မပေးတော့ လုပ်ခလစာ သတ်မှတ်ခွင့်လည်းမရှိတော့ဘူး။ ကလေးတွေကို ကျန်းမာရေးထိခိုက်စေတဲ့ လုပ်ငန်းခွင်တွေ၊ အသက် အန္တရာယ်ဖြစ်စေမယ့် လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်စေတာကတော့ မတရားပါဘူး”ဟု ဒေါက်တာအောင်ထွန်းသက်ကသုံးသပ်ပြောသည်။
ဖုတ်ကောင်အစာတောင်းလေရောသလား
'မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ပင်လယ်ထွက်ပေါက်လော' ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ကိုစာရေးသူပင်တိုင်ရေးနေတဲ့TheMessengerဂျာနယ်မှာရေးသားခဲ့ဖူးပါတယ်။
အဲဒီဆောင်းပါးမှာ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒသဘောထားနဲ့ သမုဒ္ဒရာထွက် ပေါက်များစိုးမိုးရေးမူဝါဒ(နိုင်ငံတစ်နိုင်ငံ သမုဒ္ဒရာနှစ်စင်းမူဝါဒ) အကြောင်းကို တင်ပြရေးသားခဲ့ပါတယ်။
အဲဒီနောက် 'တရုတ်သည် မြန်မာနိုင်ငံအတွက် စစ်မှန်သည့် အိမ်နီးချင်းကောင်းလော' ဆိုတဲ့ဆောင်းပါးကို politics news journal မှာ ရေးသားခဲ့ပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံသူ နိုင်ငံသားတွေ နှစ်ပေါင်း (၂ဝ) ကျော် (တိတိကျကျပြောရရင် ၂၂ နှစ်) တုတ်တုတ်မှ မလှုပ်နိုင်ဘဲ ငြိမ်ဝပ်ပြီး ပိပြားနေခဲ့ရတဲ့ အဖြစ်ဆိုးကြီးဟာ စစ်အာဏာရှင်အစိုးရကို တရုတ်နိုင်ငံရဲ့ ထောက်ပံ့ ရပ်တည်ပေးမှုများကြောင့်ဖြစ်တယ်ဆိုတာကိုတင်ပြခဲ့ပါတယ်။အဲဒီလိုရပ်တည်ပေးမှုအတွက် မြန်မာစစ်အစိုးရထံကနေ တရုတ် ပြည်အတွက် ပြန်လည်ရယူသွားခဲ့တဲ့ အကျိုးအမြတ်များကိုလည်း တင်ပြခဲ့ပါတယ်။
အဲဒီဆောင်းပါးများရေးသားခဲ့ပြီးတဲ့နောက်ပိုင်းမှာ(ထိုဆောင်းပါးများကြောင့်ဟုမဆိုလိုပါ)အစဉ်တစ်စိုက် အာဏာရအစိုးရနဲ့သာဆက်ဆံမှုပြုခဲ့တဲ့တရုတ်နိုင်ငံရဲ့ဆိုင်းချက်နဲ့မီးစင်ကအသွင်ပြောင်းသွားခဲ့ပြီး ကကွက်အသွင်တစ်မျိုးကိုမြင်လာရပါတယ်။အဲဒါကတော့မြန်မာပြည်ကနိုင်ငံရေးပါတီအဖွဲ့အစည်းများ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင်)ကိုတရုတ်နိုင်ငံသို့အလည်အပတ် ဖိတ်ကြားမှုတွေပြုလုပ်လာတာကို တွေ့မြင်လာရခြင်းပဲဖြစ်ပါတယ်။ အဲဒီသတင်းတွေကိုကြားရတော့တရုတ်မြန်မာနိုင်ငံ အပေါ်ထားတဲ့ သဘောထားများ ပြောင်းလဲလာလေသလားလို့ ထင်မှတ်ခဲ့မိပါတယ်။
အဲဒီကာလတစ်ဝိုက်မှာပဲ 'ဝ' တပ်မတော် (UWSA) ကို တရုတ်မှစစ်ရဟတ်ယာဉ်များ ထောက်ပံ့ပေးအပ်တယ်ဆိုတဲ့  သတင်းတစ်ရပ်ထွက်ပေါ်လာခဲ့ပါတယ်။အဲဒီသတင်းမမှန်ကန်ကြောင်းကို(သတင်းထွက်ပေါ်ပြီး ရက်အနည်းငယ်အကြာမှာ)နှစ်ဖက်စလုံးမှငြင်းဆိုခဲ့ပါတယ်။အဲဒီလိုUWSAကိုတရုတ်မှ စစ်ရဟတ်ယာဉ်များ ထောက်ပံ့သည်ဆိုသော သတင်းကိုပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မေ ၇ ရက်မှာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးကကြေညာချက် ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ 'ဝ'သွေးစည်းညီညွတ်ရေးပါတီကတော့မေ၁ဝရက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ဦးဆောင်တဲ့အဖွဲ့နဲ့ ပန်ဆန်းမြို့ (ရှမ်းပြည်နယ် 'ဝ'  အထူး ဒေသ-၂ တွင်)တွေ့ဆုံမှု ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ အဲဒီလို 'ဝ'ဘက်မှ ရှင်းလင်းချက်မှာ ရဟတ်ယာဉ်တစ်စင်း၊ဖော်ကာလေယာဉ်တစ်စင်းနှင့် သဘောင်္တစ်စင်းတို့ကို ထိုင်းနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း၊ ထိုယာဉ်များတွင် အင်ဂျင်များ မပါဝင် ကြောင်း၊ ဒေသတွင်း သဘာဝဥယျာဉ် တည်ဆောက်ရာ၌ ထည့်သွင်း အသုံးပြုရန် ရည်ရွယ်၍ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ထူးခြားချက်တစ်ရပ်ကတော့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်ဦးဆောင်သည့်အဖွဲ့နှင့်'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီတို့တွေ့ဆုံခဲ့ပြီးထိုတွေ့ဆုံမှုမှာ 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက 'ဝ' ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ်ခွင့်ပြုပေးဖို့  ထပ်မံတောင်း ဆိုခဲ့တဲ့ကိစ္စပါပဲ။ 'အင်္ဂလိပ်လက်ထက်က မြေပုံမှာ “Wa” (State) ဆိုပြီး အင်္ဂလိပ်လို ရေးထားတာလဲရှိပါတယ်။ အဲဒီအတိုင်းပဲ ပြန်အကောင်အထည် ဖော်ပေးပါဆိုတဲ့ သဘောလည်းဖြစ်တယ်။ တောင်းသင့်တောင်းထိုက်လို့ တောင်းတယ်လို့ပဲ ယူဆပါတယ်လို့  'ဝ' တိုင်းဥက္ကဋ္ဌ ဦးခွန်ထွန်းလူကပြောကြားခဲ့ကြောင်းကိုမေလ ၁၉ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ နောက်တစ်ဖန် အဲဒီနေ့မှာပဲ ထုတ်ဝေခဲ့တဲ့ 7 Days သတင်းစာမှာလည်းလည်း 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုကို 'ဝ'ပါတီများထောက်ခံကြောင်းနဲ့ ပြည်နယ်ရှိရေးကို 'မရမက' လုပ်ဆောင် သွားမည်ဟု 'ဝ'အမျိုးသား စည်းလုံးညီညွတ်ရေးပါတီနာယက ဦးဖီးလစ်ဆန်က ပြောကြားခဲ့ကြောင်း မျက်နှာ ဖုံးသတင်းအဖြစ် ဖော်ပြခဲ့ပါတယ်။
လက်ရှိ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရမြန်မာနိုင်ငံတော်ကို တိုင်းနဲ့ပြည်နယ် (၁၄)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (၅)ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁)ခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း(၂)ပုဒ်မ(၅၆)မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည်လို့ဖော်ပြထားပြီး အပိုဒ်ခွဲ(စ)မှာရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင် ဖွဲ့စည်းပြီး 'ဝ'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဟု သတ်မှတ် ပြဋ္ဌာန်းပေးထားတာကို တွေ့မြင်ရပါတယ်။  အခုအခါမှာ အဲဒီကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်ကနေ ပြည်နယ်အဆင့်သို့ တိုးမြှင့်ပေးရန် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ လက်ရှိအာဏာရယူထားပြီး နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရ၊ ဥပဒေပြုလွှတ်တော်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးတို့အတွက် 'နဖူးတွေ့ ဒူးတွေ့' ပြဿနာကို စတင်ရင်ဆိုင်ရပါပြီလို့ ဆိုရမှာဖြစ်ပါတယ်။
'ဝ'ဒေသဟာ ဧရိယာအားဖြင့် ၁၇ဝဝဝ စတုရန်း ကီလိုမီတာခန့် ကျယ်ဝန်းပြီး လူဦးရေ ခြောက်သိန်းနီး ပါးသာ ရှိပါတယ်။ ယခုထက်တိုင် တရားဝင် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းမပြုနိုင်သေးတဲ့ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။ ဒေသတွင်းမှာရှိတဲ့ လူဦးရေ ရဲ့ ၇ဝ ရာခိုင်နှုန်းက တရုတ်စကားကိုသာ ပြောဆိုကြပြီး တော့ ၃ဝ ရာခိုင်နှုန်းလောက်ကသာ မြန်မာစကား၊ တိုင်းရင်းသားဘာသာစကားတို့ကို ပြောဆိုကြပါတယ်။ အဲဒီအပြင် 'ဝ' အုပ်ချုပ်ရေးအဖွဲ့က  တရုတ်စာ၊ တရုတ် စကားကို  ရုံးသုံးဘာသာစကားအဖြစ် ပြဋ္ဌာန်းထား တယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံ အချုပ်အခြာ အာဏာ ပိုင်နက်အတွင်းမှာ တည်ရှိနေပေမဲ့ ငွေကြေး သုံးစွဲမှု အပိုင်းမှာမြန်မာနိုင်ငံသုံးကျပ်ငွေကို အသုံးမပြု ကြဘဲ တရုတ်နိုင်ငံသုံး ယွမ်ငွေကိုသာ အသုံးပြုကြ တယ်လို့ သိရပါတယ်။ လက်နက်ကိုင်တပ်ဖြစ်တဲ့ 'ဝ' သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှာ လက် နက်ကိုင်အင်အား သုံးသောင်းကျော်နဲ့ အရန်ပြည်သူ့ စစ်အင်အား တစ်သောင်းကျော်ခန့်နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ယခင်နဝတအစိုးရခေတ်မှာ လက်နက် နဲ့ ငြိမ်းချမ်းရေးလဲလှယ်ရေး လုပ်ဆောင်ချက်များ လုပ် ဆောင်ခဲ့ပြီးတဲ့နောက်ပိုင်း 'ဝ'ဒေသကိုအထူးဒေသအဖြစ် သတ်မှတ် အခွင့်အရေးပေးထားခဲ့တာဖြစ်ပါတယ်။ အဲဒီအခွင့်အရေးနောက်ပိုင်း ကျောက်မျက်ရတနာ တူးဖော် ရေးလုပ်ငန်းတွေ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေလုပ်ကိုင်ခဲ့ရာမှာ လူသိများထင်ရှားတဲ့ 'ဟုန်ပန်း' စီးပွားရေးလုပ်ငန်းစုကြီးကို ထူထောင် နိုင်ခဲ့ပါတယ်။
ဒွေးနှစ်ဖော်သံဝါညှိမညှိကိုမသိနိုင်ပေမယ့်မပြေးသော်ကန်ရာရှိနေတဲ့ဖြစ်စဉ်တစ်ခုမှာနောက် ဆက်တွဲပြဿနာတွေကတော့ အများကြီးပေါ်လာတော့မှာပါ။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း အများသုံး ဘာသာစကားက တရုတ်ဘာသာစကား၊ ရုံးသုံးဘာသာစကားကလည်း တရုတ်ဘာသာစကား၊ သုံးတဲ့ ငွေကြေးက တရုတ်ယွမ်ငွေ၊ စီးပွားရေး ဆက်ဆံမှုအများစုကလည်းတရုတ်နိုင်ငံဆိုတဲ့ဝိသေဿလက္ခဏာများနဲ့ဒေသတစ်ခုက  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းလာတာဟာ ဘယ်လိုသဘော ဆောင်မလဲဆိုတာကို တွေးကြည့်ရတာကိုက အတော့်ကို ရင်လေးစရာ အကြောင်းအရာပါပဲ။
အဆိုးဆုံးအခြေအနေက အဲဒီဒေသမှာ သန်းခေါင် စာရင်းကောက်ယူနိုင်မှုမရှိသေးဆိုတဲ့ အခြေ အနေပါ။ သန်းခေါင်စာရင်းဆိုတာ နိုင်ငံရဲ့လူဦးရေ အခြေပြဇယားပါ။ ဒေသဆိုင်ရာတစ်ခုမှာ နှစ်တစ်နှစ်အတွင်း နေထိုင်သူ နိုင်ငံသားဦးရေကို အခြေပြုပြီး ထိုနှစ်အတွင်း မွေးဖွားသော လူဦးရေ၊ သေဆုံးသောလူဦးရေ စသည်ဖြင့် အတိုးအလျော့ကို အမြဲတမ်းညှိနေရတဲ့ သန်းခေါင်စာရင်းဟာ တိုင်းရင်းသား၊နိုင်ငံသားဦးရေကိုချိန်ညှိပေးနေတဲ့စာရင်းဇယားဖြစ်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူနိုင်မှုမရှိတဲ့ ဒေသတစ်ခုမှာဘယ်သူ ဟာ နိုင်ငံသား တိုင်းရင်းသား၊ ဘယ်သူက နိုင်ငံအတွင်းကို ဥပဒေပဝင်ရောက်နေထိုင်သူဆိုတာကိုဘယ်လိုစိစစ်နိုင်ကြပါ့မလဲ။အဲဒီလိုဆိုရင်ယခု 'ဝ'ပြည်နယ်တောင်းဆိုနေကြတဲ့သူများဟာမြန်မာနိုင်ငံသား'ဝ'တိုင်းရင်းသားစစ်စစ်တွေဖြစ်ပါတယ်လို့ဘယ်လို သက်သေအထောက်အထားများနဲ့ ညှိနှိုင်းစိစစ်နိုင်မှာ လည်းဆိုတာဟာ အရေးအကြီးဆုံးပြဿနာ ဖြစ်လာပါလိမ့်မယ်။ အင်မတန်မှ ရှုပ်ထွေးတဲ့ ပြဿနာတစ်ခု ဖြစ်လာပါလိမ့်မယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးကြည်မြင့်ရဲ့ ပြောစကားလေးကို ကိုးကား ချင်ပါတယ်။ ''ကျွန်တော့်အမြင်ကတော့ ပြည်နယ်မပေးသင့်သေးဘူး။ စောလွန်းသေးတယ်လို့မြင်တယ်။ နောက် ပြီး ဒီကိစ္စဟာ လွှတ်တော်ထဲမှာ ပထမဆုံးအကြိမ် တံခါးပိတ်ဆွေးနွေးရမယ့်ကိစ္စဖြစ်လာပြီ။ 'ဝ' ဒေသမှာရှိနေတဲ့ လူတွေက 'ဝ' တိုင်းရင်းသားအစစ်တွေလား။ ဒါမှမဟုတ် 'ဝ' တိုင်းရင်းသားတွေကို ဆိတ်ကလေးလို သဘောထားပြီးနောက်ကနေ အရိပ်ခိုဖို့ ဝင်နေတဲ့လူတွေလားဆိုတာ ပြန်ပြီးဆန်းစစ်ဖို့လိုတယ်။ ဒါတွေကို မဆန်းစစ်ဘဲ ခွင့်ပြုမယ်ဆိုရင် အရှုပ်အထွေးဖြစ်လာတော့မှာပဲ''လို့ ဦးကြည်မြင့် ကပြောခဲ့ပါတယ်။
သူ့ရဲ့စိုးရိမ်ပူပန်မှုအတိုင်း စာရေးသူလည်း စိုးရိမ်ပူပန်မိပါတယ်။ စာရေးသူငယ်စဉ်က ဖုတ်ဝင်သည် ဇာတ်လမ်းလေးတစ်ပုဒ်  ဖတ်ခဲ့ရဖူးပါတယ်။  ထန်းသမားတစ်ယောက် ထန်းပင်ပေါ်ကပြုတ်ကျခဲ့တော့ အပေါင်း အဖော်တွေက အိမ်ကို ပွေ့ယူသယ်လာကြပါတယ်။ အိမ်ရောက်တော့ သတိပြန်ရလာပါတယ်။ အဲဒီ နောက်ပိုင်းမှာ စားလိုက်တဲ့အစား၊ အိမ်သူအိမ်သားတွေကလည်း ရှာလို့ဖွေလို့ရတတ်သမျှ ကောင်းရာ မွန်ရာကျွေး မွေးပြုစုနေရင်းနဲ့ ကြာလာတော့ မသင်္ကာဖြစ်လာပါတယ်၊ အဲဒါနဲ့သိတဲ့ တတ်တဲ့ ဆရာသမားတွေ ကို ခေါ်ယူပြသတော့မှ မြေဘုတ်(ဖုတ်) ဝင်နေမှန်း သိရလို့ ဆရာတွေ ဖုတ်ထုတ်လိုက်ရပါသတဲ့။ စာရေး သူတို့လည်း အခုလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တောင်းလာသူတွေဟာ စာရေးသူတို့ နိုင်ငံသား၊ တိုင်း ရင်းသား အစစ်တွေဟုတ်ပါရဲ့လားလို့ သိတဲ့တတ်တဲ့ ပုဂ္ဂိုလ်တွေက မဖုံးတမ်း၊ မကွယ်တမ်း စစ်ကြဆေးကြ စေလိုပါတယ်။ နို့မဟုတ်ရင် အခုအလိုပြည်နယ်ထ တောင်းတာ၊ မရမကတောင်းဖို့ပြင်ဆင်လာတာဟာ စာရေးသူတို့ နိုင်ငံသား 'ဝ'တိုင်းရင်းသားတွေ မဟုတ်ဘဲ ဖုတ်ဝင်ကောင်က အစာတောင်းနေတာ ဖြစ်မှာစိုးရ ပါတယ်။
ရခိုင်မှာ 'အနောက်တံခါးပွင့်နေပြီ'လို့ပြောကြဆိုကြတဲ့အချိန်တုန်းက စာရေးသူကအရှေ့ဘက်ကတော့ 'ခြံစည်းရိုးတောင်မရှိတော့ဘူး'လို့ပြောခဲ့ဖူးပါတယ်။အရှေ့ဘက်မှာတံခါးမရှိ၊ဓါးမရှိရုံမျှသာမကအရံအတား စည်းရိုးတစ်တောင်တစ်ထွာမရှိ၊ဟောင်မယ့်ခွေးတောင်မရှိဘဲဝင်ခွင့်ရနေတဲ့ပုဂ္ဂိုလ်တွေက မြန်မာနိုင်ငံအတွင်းမှာ အနမတဂ္ဂဖြစ်နေပါပြီ။ အဲဒါကို အရင်အစိုးရလက်ထက် တာဝန်ရှိသူတွေက မျက်စိမှာဘာတွေဖုံးနေလို့ မမြင်ကြသလဲ မသိနိုင်ပေယ့် သိသူမြင်သူတွေကတော့ရင်တမမနဲ့နေရတာပါ။မြန်မာပြည်ကလမ်းညွှန်ဆိုင်း ဘုတ်တွေဘယ်တော့များ၊ မြန်မာစာနေရာမှာ တစ်ခြား ဘာသာစကားနဲ့ အစားထိုးမလဲဆိုတာကို တွေးတွေးပြီး ကြောက်နေရတာပါ။
ဒီပြဿနာတွေအားလုံးရဲ့အစကတော့ပြန်မလှန်တော့တာကောင်းမယ်ထင်လို့ထည့်မပြောချင်တော့ပါဘူး၊  ကြာနီကန်ဆရာတော်ဟောခဲ့သလိုဘဲ'ပြောမကောင်းအပ်ကြောင်းဆိုတာထပ်စမြဲ'လို့ပဲဆိုချင်ပါတော့တယ်။ ဒါပေမဲ့ မပြောလို့မဖြစ်တဲ့အကြောင်းအရာကတော့ပြောရပါဦးမယ်။ အဲဒါကတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်လို့ အမည်နာမတပ်ခဲ့ပေမယ့်ပြည်နယ်တွေရဲ့ဆန္ဒ၊ပြည်သူတွေရဲ့ဆန္ဒတွေကို မျက်ကွယ်ပြုပြီးရေးဆွဲခဲ့တဲ့၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အကြောင်းပါပဲ။
မြန်မာနိုင်ငံတော်မှာရေးဆွဲပြဋ္ဌာန်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၂) နိုင်ငံတော် ဖွဲ့စည်း တည်ဆောက်ပုံအခန်းကို နိုင်ငံတော်သစ်၏ ဒီမိုကရေစီ အုတ်မြစ်ပန္နက် (၅) ဆောင်းပါးမှာ 'ထိုပြဋ္ဌာန်းချက် ပုဒ်မ ၄၉ တွင် နိုင်ငံတော်ကို အောက်ပါတိုင်းဒေသကြီး (၇)ခုပြည်နယ် (၇)နယ်နှင့်ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်'ဟု ဖော်ပြထားပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်က  သတ်မှတ်ခဲ့သည့်အတိုင်း တိုင်း(၇)ခု ၊ ပြည်နယ်(၇) ခုနှင့် ပြည်ထောင်စု နယ်မြေများဟူ၍ ဖော်ပြထားသည်ကို တွေ့ရပါသည်။ ဤအချက်မှာ တိုင်းရင်းသားတို့၏ သဘောဆန္ဒနှင့် ကိုက်ညီမှုရှိမရှိ ဆိုသည်ကို ပြန်လည် သုံးသပ်လေ့လာ သင့်သည်ဟု ထင်မြင်ပါသည်လို့ စာရေးသူ ဝေဖန်သုံး သပ်ခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာပဲ မြန်မာနိုင်ငံတွင် လူမျိုးစုပေါင်း ၁၃၅ မျိုှးိသည်ဆိုသည်ကို အကုန်အစင် ဖော်ပြခြင်းငှာ မဖြစ်နိုင်သော်လည်း အဓိက လူမျိုးများ အဖြစ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူ၍ အထင်အရှားရှိနေပါသည်။
ကချင်လူမျိုးများထဲတွင် အခြားသော လူမျိုးစုငယ်များ ပါဝင် နေသေးသကဲ့သို့၊ ရှမ်းလူမျိုးများတွင်လည်း လူမျိုးစုငယ်များ ပါဝင်နေပါသည်။ထိုတိုင်းရင်းသားများသည်လက်ရှိတိုင်းနှင့်ပြည်နယ်၁၄ခုမူဝါဒကို လက်ခံနိုင်ပါသလား၊ငြင်းပယ်ပါသလားဆိုသည်ကို ထိုတိုင်းရင်းသားများ၊ လူမျိုးစုငယ်များနှင့် တိတိလင်းလင်း ကွဲကွဲပြားပြား ညှိနှိုင်းမှုများလုပ်ဆောင်ပြီးသဘောထားခံယူပြီးမှသာနိုင်ငံတော်ကိုပြည်နယ်မည်မျှဖြင့်ဖွဲ့စည်း တည်ဆောက်သည်ဆိုသည်ကို ပြဋ္ဌာန်းသင့်သည်ဟု ထင်မြင်ပါသည် လို့လည်း ထပ်ဆင့်တင်ပြခဲ့ပါတယ်။ အခုတော့ ဝါးလုံးလား ဝါးခြမ်းလား မကွဲပြားဘဲ လုံးချ ခဲ့တဲ့ ပြဿနာကို အခုရင်ဆိုင်လာရပြီဖြစ်ပါတယ်။ အဲဒီအပြင် 'တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံညှိနှိုင်းကြလျက် သဘောထားခံယူခြင်း၊ ညှိနှိုင်းဆွေးနွေးပွဲများမှ ပေါ် ထွက်လာသော သဘောထားများကိုပြည်သူများသိစေရန် ထုတ်ပြန်ကြေညာခြင်းများပြုလုပ်ပြီးမှသာနိုင်င်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံကိုရေးဆွဲ အတည်ပြုသင့်ကြောင်း'ကိုလည်း အကြံပြုခဲ့ပါသေးတယ်။
ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် မိမိတို့ ထည့်သွင်းချင်တဲ့ အချက်တွေကိုသာ ထည့်သွင်းရေးသားဖို့ စိုင်းပြင်နေ ခဲ့ကြပြီး၊တကယ့်ပြည်ထောင်စုစစ်စစ်အသွင်သဏ္ဌာန်ကို စည်းကမ်းတကျ မဖော်ဆောင်နိုင်ခဲ့တဲ့ ဥပဒေကြီးကို ရေးဆွဲပြဌာန်းပြီးတော့ ကိုယ့်မြင်းတွေကိုယ်စိုင်းခဲ့ လိုက်ကြတာ ခုတော့ဘယ်ခရီးရောက်လို့ ဘယ်ခရီးပေါက်မယ်မှန်း မသိရအောင်ကို ဖြစ်နေရပါပြီ။
အခု 'ဝ' ပြည်နယ်ကိစ္စဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လား၊ နောက်ကွယ်က အကြောင်းတရားတွေ ပါနေ သလားဆိုတာတွေကို များစွာသုံးသပ်ဆင်ခြင်ဖို့ အရေး ကြီ နေပါပြီ။ ဒါဟာ တစ်ချိန်ချိန်မှာ နိုင်ငံတော်မြေပုံကို  အသစ်ပြင်ဆင်ရေးဆွဲဖို့  ကြုံတွေ့လာရနိုင်တဲ့ ကိစ္စကြီး တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို တွန်းတိုက်လာနိုင်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါတွေဟာခြံစည်းရိုးမဲ့နေခဲ့တဲ့ နိုင်ငံအရှေ့ခြမ်းဆီက လွင့်ကျလာတဲ့ မီးပွားတွေဖြစ်ပါတယ်။ အငြိမ်းအသတ် အကိုင်အတွယ်မတတ်ရင် တိုင်းပြည် ကို စစ်မီးတွေတောက်လောင်စေပါဦးတော့မယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လက်ရှိအာဏာ ရယူထားပြီး နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရ၊ ဥပဒေပြုလွှတ်တော်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးတို့ဟာ ဒီ 'နဖူးတွေ့ - ဒူးတွေ့' ပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက် ကြမှာလဲဆိုတာကိုတော့ ရင်တမမနဲ့ စောင့်စားနေရတော့မှာပါ။ စာရေးသူအနေနဲ့ကတော့ ဒီလိုအရေးကြီးလှတဲ့ ကိစ္စတစ်ရပ်၊ နောင်မှ ပြန်ပြင်လို့မရနိုင်တဲ့ ကိစ္စတစ်ရပ်ကို ဆုံးဖြတ်ကြရာမှာ ဥပဒေပြုလွှတ်တော်မှာ တင်သွင်း ဆုံးဖြတ်ရုံနဲ့တင်မကဘဲ နိုင်ငံတော်အတွင်းက နိုင်ငံသား အားလုံးရဲ့ဆန္ဒများကိုပါ တောင်းခံရယူပြီးမှသာ ဆုံးဖြတ် သင့်ကြောင်း အလေးအနက် တင်ပြလိုပါတယ်ဗျာ။
ထင်လင်းဦး (Wisdom Villa)
by Messenger News Journal
ဒါဖတ်ပြီးမှအကြမ်းဖက်ဘို့စဉ်းစားပါ
ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက သံဃာတော်တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။ ဘာမှအရေးယူဆောင်ရွက်မှုမပြုလုပ်မီ ဒီဆောင်းပါးကိုအရင်ဖတ် ကြည့်ပါ။
ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေးပဋိပက္ခများက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တစ်စစီဆုတ်ဖြဲပစ်ဖို့ ကြိုးစားနေသည်။ ဆယ်စုနှစ်ငါးစုခန့် မျက်စိလည်လမ်းမှားနေခဲ့ပြီး လမ်းကြောင်းပြန်တည့်ဖို့ ကြိုးစားနေသည့် လူ့အဖွဲ့အစည်းကို နောက်ပြန်လှည့်ဖို့အားထုတ်သည့် ပြဿနာဖြစ်သည်။
ဘာကြောင့် ဘာသာရေးလူမျိုးရေးပဋိပက္ခများကို ပြည်ထောင်စုသားတိုင်းက အပြင်းအထန်ဆန့်ကျင်သင့်သည် ယခုပဋိပက္ခများကပြည်ထောင်စု အနာဂတ်ကို ဘယ်လို ခြိမ်းခြောက်နေသည်ဆိုသည့် အကြောင်းရင်းခုနစ်ချက်ကို ဖော်ပြပါမည်။
၁။ ပြည်ထောင်စုဟူသည် လူနည်းစုများ၏ နေအိမ်လူနည်းစု မွတ်ဆလင်များကို တိုက်ခိုက်ခြင်းသည် ပြည်ထောင်စုတွင်းရှိ အခြားသော လူနည်းစုများကြားမှာလည်း မလုံခြုံစိတ်ကို ပျံ့နှံ့စေသည်။ လူနည်းစုများဖြစ်သည့် ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များ အပါအ၀င် တိုင်းရင်းသား အားလုံး၏ စိတ်တွင် တစ်နေ့လူအများစုနှင့် ပြဿနာဖြစ်လျှင် အကာအကွယ်မဲ့ အနိုင်ကျင့်ခံရမည်ဆိုသည့် မလုံခြုံသည့်စိတ်က ပြည်ထောင်စု စိတ်ဓာတ်ကို အပြင်းအထန်ထိခိုက်စေပါသည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရာသက်ပန်ကြွေးကြော်နေခဲ့သည့် တပ်မတော်နှင့် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် ဖွဲ့ စည်းထားသော အစိုးရအဖွဲ့တွင် တာဝန်ရှိပါသည်။ တိတ်ဆိတ်နေသော အတိုက်အခံသည်လည်း လူနည်းစုများ၏ အခွင့် အရေးအတွက်တာဝန်ရှိပါသည်။
၂။ အဝေးရောက် မိသားစုဝင်များအင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများအပါအ၀င် မွတ်ဆလင်နိုင်ငံအသီးသီးနှင့် ကမ္ဘာတစ်လွှားမှာ အလုပ်လုပ်ကိုင်၊ အခြေချနေထိုင်နေကြသည့် မြန်မာတို့အတွက် လုံခြုံရေးအရ စိုးရိမ်စရာအကောင်းဆုံးအခြေအနေ ရင်ဆိုင်နေရသည်။ ပြည်တွင်းမှအစွန်းရောက် သူ၊ မသမာသူအချို့ကြောင့် ပြည်တွင်းပြည်ပမိသားစုဝင်အများအပြား စိုးရိမ်ပူပန်နေကြရသည်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပြည်တွင်းသို့ ငွေပြန်လွှဲမှုသည် ဒေါ်လာ ဆယ်ဘီလီယံ အနည်းဆုံးရှိနိုင်သည်ဟု The Economist မဂ္ဂဇင်းကြီး၏ ဆောင်းပါးတစ်စောင်ကဆိုသည်။ ဤငွေပမာဏသည် မြန်မာနိုင်ငံက နှစ်စဉ်ရောင်းချနေသည့် သဘာဝဓာတ်ငွေ့မှ ရရှိသည့်ငွေထက် အမြောက် အမြားပိုပါသည်။ ပြည်သူအများစုကို ထမင်းကျွေးနေသည့် ကဏ္ဍဖြစ်သည်။
၃။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ နှစ်ငါးဆယ်ကျော် ခေတ်နောက်ကျကျန်နေခဲ့ပြီး နိုင်ငံတကာအကူအညီနှင့် ပြန်လည်ဖွံ့ဖြိုးအောင် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကြမ်းဖက်မှုရှိနေသည့် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ဖွံ့ဖြိုး တိုးတက်အောင်လုပ်၍မရပါ။ နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ ရနေသည့်တိုင် ဆင်းရဲမွဲတေမှုကို ခ၀ါမချနိုင်သည့် နိုင်ငံအများ
အပြား ရှိသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နှစ်လျှင်နိုင်ငံတကာမှ အကူအညီပျမ်းမျှ ၁ ဒသမ ၂ ဘီလီယံဒေါ်လာရရှိနေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းများပေါ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် နှစ်စဉ်ဆုံးရှုံးနေသည့် စရိတ်က ၁ ဒသမ ၂ ဘီလီယံဒေါ်လာရှိနေသည်။ မထင်မှတ်သည့် ပြဿနာတစ်ခုတည်းကြောင့် နိုင်ငံတကာကအကူအညီအားလုံးကို ဆုံးရှုံးနေသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ ဘာသာရေး၊ လူမှုရေးပဋိပက္ခများကို မထိန်းချုပ်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ကိုင်ဖို့မဖြစ်နိုင်ပါ။
၎။ ဗုဒ္ဓဘာသာ၏ ပုံရိပ်ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာဗုဒ္ဓဘာသာနှင့် သံဃာတော်များအပေါ် ထားရှိသည့် လေးစားယုံကြည်မှုအပေါ် ယခုပဋိပက္ခများက ထိခိုက်မှုရှိပါသည်။ နိုင်ငံတကာက၀ိုင်းဝေဖန်၍ အကဲဆတ် ပြန်လည်ရန်တွေ့မည့် အစား မိမိလူ့အဖွဲ့အစည်းအတွင်းမှာ အနိုင်ကျင့်အကြမ်းဖက်မှုများ မရှိစေဖို့ ကြိုတင်တားမြစ်နိုင်မှသာ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည်။
“လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ”
၅။ ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှတိုက်ငယ်၏ လူဦးရေထက်ဝက်ကျော် သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည်။ ဘာသာရေးအခြေခံသည့် မီးကိုမွှေးလျှင် ကိုယ့်နိုင်ငံသာမကဘဲ ဒေသတွင်းမှာမည်မျှကူးစက်လောင် ကျွမ်းမည်ကို ဆင်ခြင်တွေးတော၍ ရနိုင်လိမ့်မည်။
အာဆီယံဥက္ကဋ္ဌလုပ်မည်ဆိုလျှင် ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်သည့်ကျင့်ကြံမှုကို ပြသဖို့လိုသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအခွင့်အရေးမှ မြန်မာနိုင်ငံအနေဖြင့် ရစရာအများအပြားရှိသည်။ မိုက်မဲသည့် လုပ်ရပ်များဖြင့် ထိုအခွင့်အရေးကို မဆုံးရှုံးသင့်ပါ။
၆။ တရားဥပဒေစိုးမိုးရေးမည်သည့် အကြောင်းပြချက်နှင့်မဆို တရားဥပဒေကို ချိုးဖောက်ဖို့ ကြိုးစားအားထုတ်မှုသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့နှံ့မှုလွယ်ကူသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေသည် လူ့အဖွဲ့အစည်းအတွင်းတွင် အခြားသောတရားဥပဒေချိုးဖောက်မှုအမျိုးမျိုး
ကို ရက်ရောစွာ ဖိတ်ခေါ်နေသည်။ ပြည်သူအချင်းချင်း နှိပ်စက်ဖိနှိပ်မှုသည် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာသူဌေးကြီးများနှင့် နိုင်ငံ ဖြတ်ကျော်အဖွဲ့အစည်းများကိုလည်း ပြည်သူများအပေါ် မတရားဖိနှိပ်မှုပြုလုပ်ဖို့ အားပေးတိုက်တွန်းသယောင်ဖြစ်သည်။ဥပဒေအထက်မှာ မည်သူမှ မရှိရပါ။
၇။ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ အထက်ပါ အချက်ခြောက်ချက်ကို ဖတ်ပြီးသည့်တိုင် နားမ၀င်သေးသူများအတွက် နောက်ဆုံးအချက် နံပါတ်ခုနစ်ဖြင့် သတိပေးဖို့ ကြိုးစားပါမည်။ အကြမ်းဖက်မှုနှင့် မငြိမ်သက်မှုသည် စစ်တပ်အုပ်ချုပ်ရေးကို တိုက်ရိုက်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ နှစ်ငါးဆယ်သည် လုံလောက်သော ခြောက်အိပ်မက်ရှည်တစ်ခုဖြစ်ပြီး ထိုအိပ်မက်ကို ပြန်မက်ချင်သူ အများအပြားရှိမည်ဟုမထင်ပါ။ တပ်မတော်သားများအပါအ၀င် ဖြစ်ပါသည်။
အရပ်ဘက်ကိစ္စများတွင် တပ်မတော်မပါဝင်ဘဲ ဖြေရှင်းနိုင်သည့် အစွမ်းအစ ကျွန်တော်တို့မှာရှိကြောင်း သက်သေပြဖို့လိုပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သက်သေပြဖို့ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိသည်။
ရေးသားသူ- ရဲမိုး - 7Day News Journal
Share:
0 comments:
Post a Comment
Recent Posts
info
Unordered List
Sample Text
Pages
Theme Support
Need our help to upload or customize this blogger template? Contact me with details about the theme customization you need.