nicolelwin

Sunday, May 26, 2013

Health 1


 From VOA
ဇူလိုင် ၂၄၊ ၂၀၁၃ - ဆီးချိုသွေးချိုရောဂါ ဖြစ်ခဲ့ပြီး၊ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရောဂါတွေ ဆက်မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ။
ဇူလိုင် ၁၇၊ ၂၀၁၃ - ဆီးချိုသွေးချိုရောဂါ မဖြစ်ခင် ဘယ်လို ရှောင်ရန်ဆောင်ရန်တွေရှိပြီး၊ ကြိုတင်ကာကွယ်တားဆီး ကုသနိုင်ပါသလဲ။
ဇူလိုင် ၁၀၊ ၂၀၁၃။ ဆီးချို သွေးချိုရောဂါ ဖြစ်နှုန်းသေနှုန်း ဘယ်လို ရှိနေပြီး၊ ယေဘုယျအားဖြင့် ဘယ်လို ကာကွယ်နိုင်ပါသလဲ။
ဇူလိုင် ၃၊ ၂၀၁၃ - မြန်မာနိုင်ငံမှာ ဆေးဖက်ကျွမ်းကျင်သူတွေနဲ့ လူနာတွေအကြား ရှိနေတဲ့ ကျင့်ဝတ်တွေကို ဘယ်လို ထိန်းသိမ်းလုပ်ကိုင်သင့်ပါသလဲ။
ဇွန် ၂၆၊ ၂၀၁၃။ Flu လို့ ခေါ်တဲ့ တုတ်ကွေးရောဂါကို ကာကွယ်ကုသနိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် ဘာတွေရှိပါသလဲ။
ဇွန် ၁၉၊ ၂၀၁၃။ Pnuemonia (ခေါ်) အဆုတ်အအေးမိ၊ အဆုတ်ရောင်ရောဂါ ဖြစ်တာကို စောစောသိပြီး၊ ကုသ၊ ကာကွယ်နိုင်ဖို့ ဘာတွေသိဖို့၊ လုပ်ဖို့လိုပါသလဲ။
ဇွန် ၁၂၊ ၂၀၁၃ - ကူးစက်ရောဂါမဟုတ်တဲ့ နာတာရှည်ရောဂါတွေ ကာကွယ်ဖို့ နိုင်ငံတော်အနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်ပါသလဲ။
ဇွန် ၅၊ ၂၀၁၃ ။ ။ ကူးစက်ရောဂါမဟုတ်တဲ့ ဒီနာတာရှည်ရောဂါတွေကနေ အသေးစိတ် ဘယ်လို ကာကွယ်ကုသနိုင်ပါသလဲ။
မေ ၂၉၊ ၂၀၁၃ - နာတာရှည် ရောဂါဝေဒနာတွေ ဘာကြောင့် ဖြစ်ကြပြီး၊ ယေဘုယျအားဖြင့် ဘယ်လို ကာကွယ်ကုသနိုင်င်ပါသလဲ။
မေ ၂၂၊ ၂၀၁၃ - ဒီတပတ် ကျန်းမာရေးကဏ္ဍမှာ မတော်တဆ ထိခိုက်ဒဏ်ရာရမှုကနေ အသက်ထိခိုက်မှု ဖြစ်ရခြင်းကို လျော့နည်းသွားအောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ။
မေ ၁၅၊ ၂၀၁၃ - သွေးလွန်တုတ်ကွေးရောဂါကြောင့် အသက်အန္တရာယ် ထိခိုက်တဲ့အထိ မဖြစ်ရအောင် ဘယ်လို ကာကွယ်၊ တားဆီးလုပ်ဆောင်နိုင်ပါသလဲ။
မေ ၈၊ ၂၀၁၃။ ။ ။ သွေးတိုးရောဂါ မဖြစ်ခင် ကာကွယ်နိုင်ဖို့နဲ့ ဖြစ်လာခဲ့ရင် ပိုမဆိုးသွားအောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ။
မေ ၁၊ ၂၀၁၃။ ဒီနေ့ မြန်မာနိုင်ငံမှာ အဖြစ်များလာတဲ့ အရိုးပါးရောဂါ (Osteoporosis) ကို ဘယ်လို ကာကွယ်ကုသနိုင်ပါသလဲ။
ဧပြီ ၂၄၊ ၂၀၁၃ - အပူချိန် ပြင်းထန်မှုကြောင့် ဘယ်လို ရောဂါတွေ ဖြစ်လာနိုင်ပြီး၊ ဘယ်လို ကာကွယ် ကုသနိုင်ပါသလဲ။
မိသားစုစီမံကိန်းအတွက် သားဆက်ခြားနည်း၊တားဆီးနည်း မျိုးစုံရှိရာမှာ တစ်ခုစီရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေက ဘယ်လိုရှိပါသလဲ။
ဧပြီ ၁၀၊ ၂၀၁၃။ ။ နှစ်သစ်သင်္ကြန် ရေကစားပွဲမှာ ဘယ်လိုကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါသလဲ။ ဘယ်လို ကြိုတင်ြပင်ဆင် ကာကွယ်နိုင်ပါသလဲ။
ဧပြီ ၃၊ ၂၀၁၃ - မိသားစု စီမံကိန်း (သို့) သားဆက်ခြားခြင်း၊တားခြင်းက ဘယ်လို အရေးပါနေပါပြီး၊ ဒီအတွက် ဘယ်လိုနည်းကောင်းတွေ ရှိနေပါသလဲ။
မတ် ၂၇၊ ၂၀၁၃ - အရိုးနုတွေပျက်စီးတဲ့ရောဂါ (ဝါ) သာမန်အများသိကြတဲ့ အရိုးကြီးပေါင်းတက်တာကို ဘယ်လို ကာကွယ်နိုင်ပါသလဲ။
မတ် ၂၀၊ ၂၀၁၃ - ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးဝါးသုံးစွဲရာမှာ ဘာတွေ သတိထားဖို့ လိုအပ်ပါသလဲ။
မတ် ၆၊ ၂၀၁၃ - ကိုယ်ဝန်ဆောင်မိခင်များ ထိခိုက်ဒဏ်ရာရကြတာကြောင့် အသက်ဆုံးရှုံးမှုတွေ လျှော့ချနိုင်အောင် ဘာတွေသိဖို့၊ လုပ်ဖို့ လိုအပ်ပါသလဲ။
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃ - ကိုယ်ဝန် အဆိပ်တက်တာကြောင့် မိခင်များ အသက်ဆုံးရှုံးရခြင်း လျှော့ချနိုင်အောင် ဘာတွေသိဖို့၊ လုပ်ဖို့ လိုအပ်ပါသလဲ။
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃။ သားဖွားမိခင်များ ရောဂါပိုးဝင်ရောက်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ လျှော့ချနိုင်အောင် ဘာတွေသိဖို့၊ လုပ်ကြဖို့ လိုပါသလဲ။
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၃ - ကိုယ်ဝန်ဆောင်မိခင်များ သွေးသွန် (လွန်) ခြင်းကြောင့် အသက်ဆုံးရှုံးမှု လျှော့ချနိုင်အောင် ဘာတွေသိဖို့၊ လုပ်ဆောင်ကြဖို့ လိုပါသလဲ။
ဖေဖော်ဝါရီ ၆၊ ၂၀၁၃ - မလိုချင်တဲ့ ကိုယ်ဝန်ကြောင့် မိခင်အသက်အန္တရာယ် မထိခိုက်အောင် ဘယ်လို ကာကွယ်ဖို့လိုပါသလဲ။
ဇန်နဝါရီ ၃၀၊ ၂၀၁၃။ မွေးကင်းစ အသားဝါတာကြောင့် အသက်အန္တရာယ်နဲ့ ဦးနှောက် မထိခိုက်အောင် ဘာတွေ သိဖို့၊ လုပ်ပေးဖို့ လိုပါသလဲ။
ဇန်နဝါရီ ၂၃၊ ၂၀၁၃ - ကလေးတွေမှာ ဖြစ်ပွါးတဲ့ တီဘီ (Tuberculosis) ရောဂါကို ဘယ်လို ကာကွယ်ကုသ ပေးနိုင်ပါသလဲ။
ဇန်နဝါရီ ၁၆၊ ၂၀၁၃ - ကလေးတွေမှာဖြစ်တတ်တဲ့ ပန်းနာရင်ကြပ်ရောဂါကို ကာကွယ်ကုသရာမှာ ဘယ်လို တိုးတက်မှု့တွေ ရှိနေပါပြီသလဲ။
ဇန်နဝါရီ ၉၊ ၂၀၁၃။ ဆေးရုံတက်ပြီး ကလေးမွေးဖို့လိုတဲ့ ကိုယ်ဝန်ဆောင် မိခင်များ ဘယ်လို အန္တရာယ်မျိုးတွေ ရှိကြပါသလဲ။
ဇန်နဝါရီ ၂၊ ၂၀၁၃။ ဒီတပတ် ကျန်းမာရေးဆိုင်ရာ အစီအစဉ်မှာ ကလေးငယ်များအတွက် မှန်ကန်တဲ့ ဖြည့်စွက်စာကျွေးဖို့အတွက် ဘာတွေသိဖို့၊လုပ်ဖို့လိုအပ်ပါသလဲ။
ဒီဇင်ဘာ ၂၆၊ ၂၀၁၂။ မိခင်နို့တိုက်ကျွေးမှုကနေ ဘယ်လို အကျိုးကျေးဇူး ကြီးမားမားမားတွေ ဖြစ်စေပါလဲ၊ တိုက်ကျွေးမှု အောင်မြင်အောင် ဘယ်လိုလုပ်ဖို့လိုပါသလဲ။
ဒီဇင်ဘာ ၁၉၊ ၂၀၁၂။ အရေပြားကင်ဆာ ကာကွယ်ကုသရေးအတွက် ဘာတွေသိဖို့၊ လုပ်ဖို့ လိုအပ်ပါသလဲ။
ဒီဇင်ဘာ ၁၂၊ ၂၀၁၂ - လူ့ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တတ်တဲ့ ယားနာရောဂါ ဘာကြောင့်ဖြစ်ပြီး၊ ဘယ်လို ကာကွယ်နိုင်၊ ကုသနိုင်ပါသလဲ။
ဒီဇင်ဘာ ၆၊ ၂၀၁၂။ လေဖြတ်ရောဂါမှာ ဘယ်လိုကြိုတင်လက္ခဏာတွေပြပြီး၊ တကယ်လေမဖြတ်ခင်နဲ့ လေတကယ်ဖြတ်ပြီးရင်တောင် လုံးဝလေအပြီးဖြတ်တာမျိုးကနေ ဘယ်လိုကာကွယ်နိုင်ပါလဲ။
နိုဝင်ဘာ ၂၈၊ ၂၀၁၂။ လေဖြတ်ရောဂါဖြစ်လာပြီးရင် ဘယ်လိုကုသနိုင်ပြီး၊ ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်ပါလဲ။
နိုဝင်ဘာ ၂၁၊ ၂၀၁၂ - လေဖြတ်ရောဂါ မဖြစ်အောင် ကာကွယ်ရေးအတွက် ဘာတွေသိဖို့၊ လုပ်ဖို့ လိုအပ်ပါသလဲ။
နိုဝင်ဘာ ၁၄၊ ၂၀၁၂။ သွေးလွန်တုတ်ကွေးကြောင့် ကလေးသေဆုံးမှု့ တားဆီးလျှော့ချရေးအတွက် ဘာတွေသိဖို့၊ လုပ်ဖို့ အရေးကြီဆုံး ဖြစ်နေပါသလဲ။
နိုဝင်ဘာ ၇၊ ၂၀၁၂ - မွေးကင်းစ ကလေးများအပါအဝင်၊ ၅ နှစ်အောက် ကလေးများ သေဆုံးမှုကို ကာကွယ်ဖို့ အချိန်မီ ဆေးထိုးဖို့လိုကြောင်း ...
အောက်တိုဘာ ၃၁၊ ၂၀၁၂။ မွေးကင်းစလွန် ၅ နှစ်အောက် ကလေးငယ်သေဆုံးမှုကို အဖြစ်များစေတဲ့ ရောဂါတွေကနေ ဘယ်လို ကာကွယ်နိုင်ပါသလဲ။

အောက်တိုဘာ ၁၀၊ ၂၀၁၂ - မျက်စိရေတိမ် ရောဂါကြောင့် မျက်စိကွယ်တဲ့ အထိမဖြစ်ရအောင် ဘာတွေ သိဖို့လိုပါသလဲ။
အောက်တိုဘာ ၃၊ ၂၀၁၂ - ဝက်ခြံပေါက်တာ ဘယ်သူတွေမှာ အဖြစ်များပြီး၊ ဒီအတွက် ဘယ်လို ဆောင်ရန်၊ ရှောင်ရန်တွေ ရှိနေပါသလဲ။
စက်တင်ဘာ ၂၆၊ ၂၀၁၂။ လူတိုင်းကို ကျန်းမာရေး စောင့်ရှောက်ပေးနိုင်တဲ့ အာမခံစနစ် ဖွံဖြိုးဆဲနိုင်ငံတချို့ မှာ တိုးတက်လာနေရာမှာ ဘယ်အချက်တွေ အရေးပါသလဲ။
စက်တင်ဘာ ၁၉၊ ၂၀၁၂။ ဒီငယ်ရွယ်တဲ့ ကျောင်းနေချိန်မှာ တချို့  ဘာကြောင့် ဆေးလိပ်စသောက် ကြတာပါသလဲ၊ ဘယ်လို ကာကွယ်နိုင်ပါသလဲ။
စက်တင်ဘာ ၁၂၊ ၂၀၁၂။ အရေပြား ကင်ဆာနဲ့ အနာတွေအတွက် အလားအလာကောင်းတဲ့ လိမ်းဆေးတွေ့ရှိချိန်မှာ၊ ဒီကင်ဆာဖြစ်မှု့နဲ့ ကာကွယ်ကုသမှု့ ဘယ်လိုရှိပါလဲ။
စက်တင်ဘာ ၅ ၊ ၂၀၁၂။ TB ဆေးမတိုးတာ ဘယ်လို ပြင်းပြင်းထန်ထန် ပိုဆိုးလာပါလဲ။ နောက်ထပ်ပို မဆိုးသွားအောင် ဘယ်လို ကာကွယ်နိုင်ပါလဲ။
သြဂုတ် ၂၉ ၊ ၂၀၁၂။ ထိုင်တာများလွန်းရင် ဘာကြောင့် အသက်ရှည်သင့်သလောက် မရှည်ရတာပါလဲ။ ထိုင်တာမများရအောင် ဘယ်လိုကြိုးပမ်းနိုင်ပါလဲ။
သြဂုတ် ၂၂၊ ၂၀၁၂။ ပျှော်ရွှင်စွာ နေတတ်သူတွေ ပိုကျန်းမာအသက်ရှည်တာ ဘာကြောင့်ပါလဲ။ ကျန်းမာအသက်ရှည်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။
HIV ရောဂါပိုး ဘယ်လိုအခြေအနေမျိုးမှာ ကူးဆက်နိုင်ပြီး ဘယ်လိုအနေအထားမှာ မကူးနိုင်တဲ့အကြောင်း HIV/AIDS ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာမြတ်ထူးရာဇတ် နဲ့ ဆွေးနွေးထားပါတယ်။
အဆုပ်ရောဂါ (Tuberculosis) ဆေးသစ် ဘယ်လို အကျိုးရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိလိုက်ပါလဲ။ မြန်မာနိုင်ငံမှာရော သုံးနိုင်ပါပြီလား။ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့ TB အဖြစ်ဆုံး နိုင်ငံတွေထဲမှာ ပါနေပါတယ်။
ဇွန် ၂၀၊ ၂၀၁၂။ အဆုပ်ရောင်နဲ့ ဝမ်းလျှောရောဂါတွေကြောင့် ကလေးငယ်များ သေဆုံးမှု့များနေတာကို ဘယ်လို လျော့ချနိုင်ပါလဲ။ လက်တွေ့လုပ်နိုင်ဖို့ ..
ဇွန် ၁၃၊ ၂၀၁၂။ မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ဆီးချိုရောဂါမှာ အိပ်ရေးပျက်တာနဲ့ ဘယ်လို ပတ်သက်မှု့ရှိပြီး၊ ဘယ်လို ကုသမှု့သစ် ရှိနေပါသလဲ။
ဇွန် ၆၊ ၂၀၁၂။ မြန်မာနိုင်ငံမှာ မွေးကင်းစ ကလေးငယ်တွေကို အဓိက သေဆုံးစေတဲ့ ပြဿနာတွေထဲက တခုဖြစ်တဲ့ လမစေ့ဘဲ မွေးဖွားတာကို ဘယ်လို ကာကွယ်နိုင်
မေ ၃၀၊ ၂၀၁၂။ မြန်မာနိုင်ငံမှာ ၅ နှစ်အောက်ကလေးတွေကို အဓိက သေဆုံးစေတဲ့ ရောဂါတွေထဲက တခုဖြစ်တဲ့ သွေးလွန်တုတ်ကွေးရောဂါကို ဘယ်လို ကုသ၊ ကာကွယ်
မေ ၂၃၊ ၂၀၁၂။ အဆုပ်ကင်ဆာ ဘယ်လောက် အဖြစ်များနေပါသလဲ။ ဒီရောဂါအတွက် အရေးကြီးဆုံး ဘာတွေ သိသင့်ပြီး၊ ဘယ်လို ကာကွယ်၊ကုသနိုင်မှု့တွေ လုပ်သင့်ပါလဲ
မေ ၁၆၊ ၂၀၁၂။ မြန်မာနိုင်ငံမှာ နေ့စဉ်လို စားနေတဲ့ ကြက်သွန်ဖြူမှာ ဘယ်လို ကျန်းမာရေး တန်ဖိုးရှိနေတာကို နောက်ဆုံးတွေ့ရှိလိုက်ပါသလဲ။
မေ ၉၊ ၂၀၁၂။ ငှက်ဖျားဆေး ယဉ်ပါးလာမှု့ဟာ ဘယ်လောက် စိုးရိမ်စရာကောင်းပါသလဲ။ ငှက်ဖျားဆေးမတိုးတဲ့ပိုးတွေ ထပ်ပျံမသွားအောင် ဘာတွေလုပ်ဖို့လိုပါလဲ။
ဧပြီ ၂၅၊ ၂၀၁၂။ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု့များ ဖြစ်ပေါ်တိုးတက်လာအောင် ဘာတွေလေ့လာ ညှိနှိုင်းလုပ်ဆောင်နေပါသလဲ
ဧပြီ ၁၈၊ ၂၀၁၂။ မြန်မာနိုင်ငံအနာဂတ် ကျန်းမာရေး စောင့်ရှောက်မှု့လုပ်ငန်းမှာ ဘာတွေကို ဦးစားပေး လုပ်ဆောင်နေလဲ။ စိမ်ခေါ်ချက်တွေ ရှိသလဲ
ဧပြီ ၄၊ ၂၀၁၂။ ပြင်းထန်တဲ့ အန္တရာယ် တွေ့ကြုံရပြီး စိုးရိမ်မှု့ လွန်ကဲတဲ့ စိတ်ရောဂါ ဘယ်လို ဖြစ်လာရသလဲ။ မဖြစ်ရအောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ။
မတ် ၂၈၊ ၂၀၁၂။ မြန်မာနိုင်ငံမှာ အစာအိမ်ကင်ဆာ ဘယ်လောက် အဖြစ်များနေပါသလဲ။ ဒီရောဂါအတွက် ကာကွယ်၊ ကုသနိုင်မှု့ ဘယ်လို အခြေအနေရှိပါသလဲ။
မတ် ၂၁၊ ၂၀၁၂။ ဝက်သက်ရောဂါ ကာကွယ်ဆေး မြန်မာနိုင်ငံတဝှမ်း အခမဲ့ ထိုးပေးတော့မှာပါ။ ဘာကြောင့် ဒီဆေးထိုးဖို့ အရေးကြီးပါသလဲ။
မတ် ၁၄၊ ၂၀၁၂။ အူမကြီးနဲ့ စအို ကင်ဆာ ဘယ်လောက် အဖြစ်များနေပါသလဲ။ ဒီရောဂါအတွက် အရေးကြီးဆုံး ဘာတွေ သိသင့်ပြီး၊ ကာကွယ်၊ကုသနိုင်မှု့ ရှိပါသလဲ။
မေ ၇၊ ၂၀၁၂။ နှလုံးရောဂါကြောင့် သေဆုံးရတာနဲ့ နှလုံးဒဏ်ရာရတာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ၊ ကုသပေး နိုင်ပါသလဲ။
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂။ သားအိမ်ခေါင်းကင်ဆာ ဘယ်လောက် အဖြစ်များပါလဲ။ ဒီရောဂါအတွက် အရေးကြီးဆုံး ဘာသိသင့်ပြီး၊ ဘယ်လို ကာကွယ်ကုသနိုင်မှု့ ရှိပါသလဲ
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂။ ရင်သားကင်ဆာ ဘယ်လောက်အဖြစ်များ နေပါသလဲ။ ဒီရောဂါအတွက် အရေးကြီးဆုံး ဘာတွေသိသင့်ပြီး၊ ဘယ်လို ကုသ၊ကာကွယ်နိုင်မှု့ ရှိပါသလဲ
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၂။ ရုတ်တရက် သေတဲ့အထိဖြစ်နိုင်တဲ့ နှလုံးဖောက်ပြန်မှု ဘာကြောင့် ဖြစ်ရပြီး၊ ဘယ်လို လက္ခဏာတွေပြသလဲ။ ဒါကို ကာကွယ်နိုင်ပါသလား။
ဖေဖေါ်ဝါရီ ၈၊ ၂၀၁၂။ ဆီးကြိတ်ကင်ဆာ ဘယ်လောက် အဖြစ်များပါလဲ။ ဒီရောဂါအတွက် အရေးကြီးဆုံးဘာသိသင့်ပြီး၊ ကုသ၊ကာကွယ်နိုင်မှု့ ဘယ်လိုရှိပါလဲ။
ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂။ ပန်းနာရင်ကျပ်ရောဂါ နဲ့ တွဲဖြစ်နိုင်တဲ့ အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီး ရောဂါအခြေအေနတွေကို သိရှိဖို့ ဘာတွေအရေးကြီးပါလဲ။
ဇန်နဝါရီ ၂၅၊ ၂၀၁၂။ ကိုယ်လက်လှုပ်ရှားမှု့ နဲ့ ကျောင်းစာတော်မှု့ ဆက်စပ်မှု့ရှိပါသလား။ မှတ်ဥာဏ်၊ အသိဥာဏ် ပျက်စီးတာနဲ့ ဘယ်လိုပတ်သက်နေပါသလဲ။
ဇန်နဝါရီ ၁၈၊ ၂၀၁၂။ စိတ်လှုပ်ရှားမှု့ လွန်ကဲတာကြောင့် ရုတ်တရက် နှလုံးဖောက်ပြန်တာ ဘာကြောင့် ဖြစ်ရ၊ ဘယ်လို လက္ခဏာတွေ ပြ၊ ဘယ်လို ကာကွယ်နိုင်။
ဇန်နဝါရီ ၁၁၊ ၂၀၁၂။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ကင်ဆာရောဂါတွေကို ဘယ်လို ကြိုတင်ကာကွယ်နိုင်၊ ကြိုသိအောင်လုပ်ပြီး ကုသနိုင်တာတွေ ရှိပါသလဲ။
ဒီဇင်ဘာ ၁၄၊ ၂၀၁၁။ အဖြစ်များပေမယ့် ဖုံးကွယ်လို့ရနိုင်တဲ့ စိတ်ရောဂါတွေအတွက် ဘာကြောင့်ဆေးကုမခံယူကြတာလဲ။ ဒီ ပြဿနာတွေကို ဘယ်လိုကာကွယ်နိုင်သလဲ
ဒီဇင်ဘာ ၇၊ ၂၀၁၁။ မြန်မာနိုင်ငံမှာ အေ့စ် တိုက်ဖျက်ရေး ဘယ်လို တိုးတက်မှု့တွေရှိလာပြီး၊ အဓိက ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်ပါသလဲ။
နိုဝင်ဘာ ၃၀၊ ၂၀၁၁။ ဒီနှစ် AIDS နေ့ရောက်ချိန်မှာ ဘယ်လိုအောင်မြင်မှု့တွေနဲ့ စိန်ခေါ်နေမှု့ တွေရှိနေပြီး ဘယ်လို ဆောင်ပုဒ်တွေ ချမှတ်ထားပါသလဲ။
နိုဝင်ဘာ ၂၃၊ ၂၀၁၁။ ဆီးလမ်းကြောင်းထဲ ပိုးဝင်တဲ့ရောဂါအတွက် ဆေးသစ်တမျိုးကို တွေ့ရှိပြီး၊ ကာကွယ်ရေး ဘယ်လိုလုပ်နိုင်ပါသလဲ။
နိုဝင်ဘာ ၁၆၊ ၂၀၁၁။ အလားအလာကောင်းတဲ့ ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ဘယ်လိုတွေ့လိုက်ပြီး၊ မြန်မာနိုင်ငံ ငှက်ဖျားကာကွယ်ရေး ဘယ်လိုရှိနေပါသလဲ။
အောက်တိုဘာ ၁၉၊ ၂၀၁၁။ မိုးကြီးရေကြီးကာလမှာ ဝမ်းရောဂါ ဖြစ်လွယ်တာမို့ ဘယ်လို ထိရောက်အောင် ကာကွယ်လုပ်ဆောင်နိုင်ပါသလဲ ဆွေးနွေးတင်ပြထားပါတယ်
အောက်တိုဘာ ၅၊ ၂၀၁၁။ လက်ကိုင်ဖုန်းသုံးတာကြောင့် ဘယ်လိုအန္တရာယ်ရရှိနိုင်ပြီး၊ ဘယ်လိုကြိုတင် ကာကွယ်ဖို့လိုပါသလဲဆိုတာကို တင်ပြထားပါတယ်။
စက်တင်ဘာ ၂၈၊ ၂၀၁၁။ ဘယ်လိုစားသောက်နေထိုင်ရင် ကင်ဆာ (cancer) ရောဂါကနေ ကာကွယ်နိုင်တယ်လို့ ဘာတွေ တွေ့ရှိထားပါသလဲဆိုတာကို တင်ပြထားပါတယ်။
စက်တင်ဘာ ၂၁၊ ၂၀၁၁ - ကလေးငယ်တွေမှာ ဘာကြောင့် သွေးအားနည်းတဲ့ ပြဿနာ ဖြစ်ရတာလဲ။ မဖြစ်အောင် ဘယ်လို ကာကွယ်လုပ်ဆောင်နိုင်သလဲ။
စက်တင်ဘာ ၁၄၊ ၂၀၁၁။ မွေးစကလေးနဲ့ မီးတွင်းမိခင်တွေ ဘာကြောင့် အများဆုံး သေရပါသလဲ၊ ဘယ်နည်းတွေနဲ့ လျှော့ချနိုင်ပါသလဲ။
စက်တင်ဘာ ၇၊ ၂၀၁၁။ ဘယ်အစားအစာတွေက လူများအတွက် Cholesterol မကောင်းတဲ့အဆီကို လျော့ချနိုင်ပြီး နှလုံးရောဂါအန္တရာယ်က ကာကွယ်ပေးနိုင်ပါသလဲ။
သြဂုတ် ၃၁၊ ၂၀၁၁ - ဒီတပတ် ကျန်းမာရေးကဏ္ဍမှာ သွေးလွန်တုပ်ကွေးရောဂါ တားဆီးနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ချက် အလားအလာကောင်းတခုကို တင်ပြထားပါတယ
သြဂုတ် ၂၄၊ ၂၀၁၁။ ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်တွေက ဘာတွေပါသလဲ။ ဘယ်လို ကာကွယ်ရေး စီမံချက်တွေ လုပ်သင့်ပါသလဲ။
သြဂုတ် ၁၇၊ ၂၀၁၁။ မိခင်နို့တိုက်ကျွေးမှုမှာ ဘယ်လို ကောင်းကျိုးတွေရှိပြီး မိခင်နို့တိုက်ကျွေးမှု ပိုများလာအောင် ဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ
သြဂုတ် ၁၀၊ ၂၀၁၁ - ပြန်လွှင့် ~ ကျန်းမာရေးကဏ္ဍမှာ သူငယ်ပြန်မှု့ နဲ့ နှလုံးခုန်မမှန်မှု့  ဆက်စပ်မှု ရှိသလား။ သူငယ်ပြန်တာကို ကာကွယ်နိုင်ပါသလား။
သြဂုတ် ၃၊ ၂၀၁၁ - ခလေးငယ်များနဲ့ ဆယ်ကျော်သက်များမှာ အဖြစ်များတဲ့ အာရုံစိုက်နည်းမှု နဲ့ ဂနာမငြိမ် ရောဂါအကြောင်း သိကောင်းစရာ
ဇူလိုင် ၂၇၊ ၂၀၁၁။ ပြန်ထုတ်လွှင့် ~ အရေးဆို စိုးရိမ်ကြောင့်ကြလွန်ပြီး မေ့သွားတတ်တာတွေ ကြုံဘူးကြပါသလား။ ဘာကြောင့်ပါလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ
ဇူလိုင် ၂၀၊ ၂၀၁၁ - ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရချို့တဲ့ရင် ကလေးရဲ့  ဦးနှောက်ကို ဘယ်လိုထိခိုက်ပါသလဲ။ ဘာကြာင့် မိခင်တွေအာဟာရချို့တဲ့ရပါလဲ
ဇူလိုင် ၁၃၊ ၂၀၁၁ - WHO က အရက်အလွန်အကျွံသောက်မှု့ဟာ ကြီးမားတဲ့ ကမ္ဘာ့ပြဿနာတခု ဖြစ်လာကြောင်း။ ဘာကြောင့်ပါလဲ။ ဘယ်လို ဆင်ချင်နိုင်ပါသလဲ။
ဇူလိုင် ၆ ၊ ၂၀၁၁။ တရုတ်ရိုးရာ လေ့ကျင်ခန်း Tai Chi ကစားတာဟာ နှလုံးရောဂါသည်တွေကို အထောက်အကူဖြစ်စေတယ်လို့ တွေ့ရှိလိုက်ပါပြီ။
ဇွန် ၂၉ ၊ ၂၀၁၁။ အမေရိကန်မှာ ရုပ်ပုံတွေပါ ပါတဲ့ ဒီသတိပေးချက်ကို စလုပ်ဖို့ အမိန့်ထုတ်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာရော ဒီလိုလုပ်နိုင်မလား။
ဇွန် ၂၂၊ ၂၀၁၁ - အသည်းရောင် အသားဝါ (B) ပိုး ရှိတာကို အများစုက ဘာလို့မသိကြတာလဲ၊ အခုလို မသိတာကြောင့် ဘယ်လို အသက်အန္တရာယ် ရှိပါသလဲ၊
ဇွန် ၁၅ ၊ ၂၀၁၁။ နှလုံးခုန် မမှန်တာ အသက်အလယ်အလတ် အမျိုးသမီးတွေအတွက် ဘယ်လောက်အန္တရယ်ရှိပါလဲ၊ ဘယ်လို လက္ခဏာတွေပြပြီး၊ ဘယ်လို ကာကွယ်နိုင်ပါလ
ဇွန် ၈ ၊ ၂၀၁၁။ E. coli ပိုးကြောင့် အစာအဆိပ်တက်၊ ဝမ်းပျက်ရောဂါဖြစ်ရင် ဘာကြောင့် လူကိုသေစေတာလဲ၊ ဘယ်လို လက္ခဏာတွေပြလဲ၊ ဘယ်လိုကာကွယ်နိုင်?
ဇွန် ၁ ၊ ၂၀၁၁။ ကမ္ဘာမှာ ဆေးလိပ်သောက်မှု ကျဆင်းအောင်လုပ်ရာမှာ ဘာတွေထိရောက်ခဲ့ပါလဲ။ တဦးချင်းရော ဘယ်လိုဆေးလိပ်ဖြတ်နိုင်ပါလဲ။
မေ ၁၈ ၊ ၂၀၁၁။ ဘယ်လိုလူတွေမှာ ဆားပမာဏ ဘယ်လောက်စားရင် ကျန်းမာရေးမထိခိုက်ဘဲ ဘယ်လောက်စားရင်တော့ ဒုက္ခတွေ့နိုင်ပါလဲ။
မေ ၁၁၊ ၂၀၁၁။ ရေကတဆင့်ကကူးတဲ့ ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ ရေကောင်းသန့်ရရေးအတွက် ဘာတွေလုပ်နိုင်ပါလဲ။ တခြားကာကွယ်နိုင်တာရော ဘာတွေရှိပါလဲ။
မေ ၄၊ ၂၀၁၁ - အပူချိန် ပြင်းထန်လာရင် အပူရှပ်တာ ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့အဆင့်မှာဆိုရင် သေဆုံးနိုင်ပါတယ်။ ဘယ်လို ကာကွယ်ကုသ နိုင်ပါသလဲ...
ဧပြီ ၂၇၊ ၂၀၁၁။ ကလေးအသေမွေးတဲ့ ပြဿနာ ဘာကြောင့် ဖြစ်ရတာပါလဲ။ ဘာတွေသိထားဖို့၊ လုပ်ဖို့ လိုပါလဲ။
ဧပြီ ၂၀၊ ၂၀၁၁။ လိင်အင်္ဂါ ရေယုံရောဂါ ဘယ်လို ကူးစက်နိုင်ပါလဲ။ ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေပါလဲ။ ဘာတွေသိထားဖို့၊ လုပ်ဖို့လိုပါလဲ။
ဧပြီ ၁၃၊ ၂၀၁၁ - သင်္ကြန်ရေကစားပွဲမှာ ဘယ်လိုကျန်းမာရေးဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ပါလဲ။ ဘယ်လို ကြိုတင်ကာကွယ်နိုင်ပါလဲ။
မတ် ၂၃၊ ၂၀၁၁။ နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု့ကြောင့် ဘယ်လို ကျန်းမာရေးကို ထိခိုက်နိုင်ပါလဲ၊ ဘာတွေက ကာကွယ် ပေးနိုင်ပါလဲ။
မတ် ၉၊ ၂၀၁၁။ လက်ကိုင်ဖုန်း ကြာမြင့်စွာပြောမှု့နဲ့ ဦးနှောက်တွင်း လှုပ်ရှားမှု့ ဘယ်လိုဆက်စပ်နေဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။
ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၁။ အသက်ရှည်မှု့နဲ့ လမ်းလျှောက်မြန်နှုန်း ဘယ်လိုဆက်စပ်မှု့ ရှိနေပါလဲ။ ဘယ်လို အသုံးပြုနိုင်ပါမလဲ။
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၁။ နှလုံးရောဂါဟာ အမျိုးသမီးတွေကို အများဆုံး သေစေတဲ့ ရောဂါဖြစ်နေပါပြီ။ ဒီရောဂါ မဖြစ်အောင် ဘာတွေလုပ်ဖို့လိုပါလဲ။
ဖေဖေါ်ဝါရီ ၉၊ ၂၀၁၁။ သွေးထဲမှာ Cholesterol အဆီဓါတ် မြင့်မားတာကနေ ရုတ်တရက် သေနိုင်တဲ့ Heart Attack ဘာကြောင့်ဖြစ်ရတာပါလဲဆိုတာကို တင်ပြထား ..
ဖေဖေါ်ဝါရီ ၂၊ ၂၀၁၁။ အာဟာရချို့ တဲ့မှု့ဟာ ကလေးငယ်များကို သေစေနိုင်တဲ့ အကြောင်းရင်းတခုပါ။ ကလေးမွေးပြီးရင် အာဟာရပြည့်စုံအောင် ဘာတွေလုပ်သင့်..
ဇန်နဝါရီ ၁၉၊ ၂၀၁၁ - ပြင်းထန်တဲ့ ခေါင်းဒဏ်ရာမျိုးဖြစ်ရင် အသက်မဆုံးရှုံးရအောင် ဘာတွေသိဖို့ လုပ်ဖို့ အရေးကြီးပါသလဲ။
ဇန်နဝါရီ ၁၂၊ ၂၀၁၁။ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်တာအပြင် ဆီးမဲလာတဲ့ ပြဿနာကလည်း သေစေနိုင်ပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့ လက်တွေ့ဘာတွေလဲ။
ဇန်နဝါရီ ၅၊ ၂၀၁၁။ ငှက်ဖျားရောဂါကြောင့် အသက်မဆုံးရှုံးအောင် ဘယ်လိုလုပ်ဆောင်၊ ဘာတွေသိဖို့လုပ်ဖို့ လိုသလဲဆိုတာတွေကို တင်ပြထားပါတယ်။
ဒီဇင်ဘာ ၂၉၊ ၂၀၁၀။ TB အဆုပ်နာရောဂါ ရှိသူတွေ ဆေးရုံဆေးခန်း မလာနိုင်ရင် သူတို့ဆီရောက်အောင် ဘာတွေလုပ်ပေးနိုင်ပါသလဲ။
ဒီဇင်ဘာ ၂၂၊ ၂၀၁၀ - TB အဆုပ်နာရောဂါ စစ်ဆေးဖို့နဲ့ ကုသရာမှာရှိနေတဲ့ အခက်အခဲ အခြေအနေအကြောင်းကို သုံးသပ်တင်ပြထားပါတယ်။
ဒီဇင်ဘာလ ၈၊ ၂၀၁၀ - အေ့စ် ရောဂါရှိသူတွေရဲ့  ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေးရဖို့ အသိပညာ ဝန်ဆောင်မှုတို့အပြင် လက်ခံတဲ့ ပတ်ဝန်းကျင် ရှိဖို့လို
နိုဝင်ဘာ ၂၄၊ ၂၀၁၀ - HIV/AIDS ဝေဒနာရှင်များအတွက် ဆေးဝါးနဲ့ ကုသပေးရုံနဲ့ မလုံလောက်ပါ။ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း လိုပါတယ်။
အောက်တိုဘာ ၆၊ ၂၀၁၀။ အမေရိကန်နိုင်ငံက ကလေးငယ် ၃ ယောက်မှာ တယောက်ဟာ Obesity လို့ခေါ်တဲ့ အ၀လွန်တဲ့ရောဂါကို ခံစားနေကြရပါတယ်။
စက်တင်ဘာ ၂၉၊ ၂၀၁၀။ Computer Vision Syndrome ဆိုတာ ကွန်ပြူတာနဲ့ တခြား ခေတ်ပေါ် လျှပ်စစ်ပစ္စည်းတွေကို အသုံးများရာက ဖြစ်လာတာပါ။
စက်တင်ဘာ ၂၂၊ ၂၀၁၀။ မကြာခင်ကပဲ စိတ်ဝေဒနာရှင်တွေကနေ အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်လာတာကြောင့် ဟောင်ကောင်မှာ သုတေသနလုပ်ဖို့ စီစဉ်နေပါတယ်။
စက်တင်ဘာ ၁၅၊ ၂၀၁၀။ နောက်ဆုံး ရှာဖွေတွေ့ရှိတဲ့ ဆေးပညာ စမ်းသပ်နည်းသစ်အရ တီဘီရောဂါပိုးရှိမရှိ ၂ နာရီအတွင်း သိရှိနိုင်မယ်လို့ ဆိုပါတယ်။
ခနတဖြုတ် စိတ်လှုပ်ရှားမှုဖြစ်ပြီး သာမှန်အနေအထားပျောက်သွားတဲ့ စိတ်ကျန်းမာရေး ပြဿာနာကို မီးနေသည်တွေ အထူးဂရုပြုသင့်ပါတယ်။
စက်တင်ဘာ ၁၊ ၂၀၁၀။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ စိတ်ခံစားမှုပြောင်းတတ်ပြီး အဖြူရောင် စိတ်ခံစားမှုတွေဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။
သြဂုတ် ၂၅၊ ၂၀၁၀။ အမေရိကန်က ဆရာဝန်အဖွဲ့လေးတဖွဲ့ဟာ ကပ်ရောဂါဆိုးတွေကို လုံးဝ ဖယ်ရှားပစ်နိုင်ရေးအတွက် ကြိုးစားခဲ့ကြပါတယ်။
သြဂုတ် ၁၈၊ ၂၀၁၀။ ကိုယ့်ကိုယ်ကို သတ်သေသူတွေထဲမှာ ဆယ်ကျော်သက်တွေနဲ့ အသက် ၃၅ နှစ်အောက်တွေ အများဆုံးဖြစ်နေပါတယ်။
သြဂုတ် ၁၁၊ ၂၀၁၀။ ကမ္ဘာတ၀န်းမှာ ကိုယ့်ကိုယ်ကို သတ်သေတာတွေ၊ သတ်သေဖို့ ကြိုးစား တဲ့ဖြစ်ရပ်တွေဟာ နှစ်စဉ် သန်းနဲ့ချီပြီး ဖြစ်ပွားနေပါတယ်။
သြဂုတ် ၄၊ ၂၀၁၀။ ပိုလီယိုရောဂါဟာ ကူးစက်လွယ်တဲ့ ရောဂါတမျိုးဖြစ်ပြီး ကာကွယ်လို့ ရပါတယ်။
ဇူလိုင် ၂၈၊ ၂၀၁၀။ အမျိုးသမီးတွေ HIV ရောဂါပိုး မကူးစက်အောင် ကိုယ်တိုင် ကာကွယ်နိုင် မယ့်ဆေးတမျိုး ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။
ဇူလိုင် ၁၄၊ ၂၀၁၀။ အာရှတိုက်သူတွေကြားမှာ HIV ရောဂါပိုးကူးစက်တာ များလာနေတာကို ပိုအားထုတ်ပြီး တားဆီးကာကွယ်ဖို့ ကုလသမဂ္ဂက နှိုးဆော်နေပါတယ်။
ဇူလိုင် ၇၊ ၂၀၁၀။ စိတ်ကျရောဂါအကြောင်း နောက်ဆက်တွဲ သိမှတ်စရာတွေကို တင်ပြထားပါတယ်။
ဇွန် ၃၀၊ ၂၀၁၀။ စိတ်ကျရောဂါနဲ့ပတ်သက်တဲ့ အထွေထွေ သိမှတ်စရာတွေကို တင်ပြထား ပါတယ်။
ဇွန် ၁၆၊ ၂၀၁၀။ မိုးတွင်းကာလ အဖြစ်များတဲ့ရောဂါတွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါဟာ အထူးသတိထားရမယ့်ရောဂါ ဖြစ်ပါတယ်။
ဇွန် ၉၊ ၂၀၁၀။ ကမ္ဘာ့နိုင်ငံတွေထဲမှာ မိခင်နဲ့ကလေးငယ်တွေ အသက်ရှည် ကျန်းမာရေး ရည်မှန်းချက်တွေပြည့်မီဖို့ နောက်ကျတဲ့နိုင်ငံတွေရှိနေပါတယ်။
ဇွန် ၂၊ ၂၀၁၀။ မြန်မာနိုင်ငံက အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ဝေဒနာသည်တွေဟာ အာဟာရ ဓာတ်ချို့တဲ့သလို ဆေးဝါးလဲ လုံလောက်မှုမရှိကြပါဘူး။
မေ ၂၆၊ ၂၀၁၀၊ ကမ္ဘာတ၀န်း ၀က်သက်ရောဂါပပျောက်ရေးနဲ့ ဆေးဝါးအတုတွေကို တိုက်ဖျက် ဖို့ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။
မေ ၁၉၊ ၂၀၁၀။ မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အောင်မြင်မှုတွေရနေတယ် ဆိုပေမဲ့ စိုးရိမ်စရာကိစ္စတွေကလည်း ရှိနေပါသေးတယ်။
အခုတပါတ် ကျန်းမာရေး အစီအစဉ်မှာတော့ ထိုင်းမြန်မာနယ်စပ်မှာ အနှစ်၂၀ကျော်ရပ်တည်ပြီး ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာစင်သီယာမောင
အခုတပါတ် ကျန်းမာရေးအစီအစဉ်မှာတော့ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာတတ်တဲ့ ရောဂါတွေအကြောင်းကို ကြားရမှာပါ။
အခုတပါတ် ကျန်းမာရေးအစီအစဉ်မှာတော့ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ အစာအိမ် ရောဂါအကြောင်းကို နားဆင်ရမှာပါ။
အခုတပါတ် ကျန်းမာရေးအစီအစဉ်မှာတော့ မြန်မာပြည်မှာတင်မက ကမ္ဘာမှာပါအဖြစ်များတဲ့ သွေးတိုးရောဂါအကြောင်းကို နားဆင်ရမှာပါ။ ကိုကျော်အောင်လွင်က တင
အခုတပါတ် ကျန်းမာရေး အစီအစဉ်မှာတော့ သွားကျန်းမာရေးအကြောင်းကို နားဆင်ရမှာပါ။
ဖေဖ၀ါရီ ၃၊ ၂၀၁၀။ ဆေးဝါးတု ပြဿနာတွေဟာ ဖွံဖြိုးဆဲတတိယနိုင်ငံတွေကြားမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။
ဖေဖ၀ါရီ ၁၇၊ ၂၀၁၀။ အသက် ၄၀ကျော်မှာ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေမှာ ကလေးမွေးရင် Autism ရနိုင်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။
ဖေဖ၀ါရီ ၂၄၊ ၂၀၁၀။ ဆေးမတိုးတဲ့ တီဘီ အဆုတ်နာရောဂါပိုးဟာ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသအတွင်းမှာ အတော်လေး ပျံနှံလာနေပါတယ်။
ဖေဖ၀ါရီလ ၁၀၊ ၂၀၁၀။ ပြီးခဲ့တဲ့နှစ်တုန်းက ရင်သားကင်ဆာကြောင့် သေဆုံးရတဲ့ အမျိုးသမီး တ၀က်ကျော်ဟာ ဖွံဖြိုးဆဲနိုင်ငံတွေကဖြစ်ကြပါတယ်။
ဖေဖ၀ါရီ ၃၊ ၂၀၁၀။ ကိုယ်လက် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာရုပ်ပိုင်း ကျန်းမာရေးတင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိ
ဇန်န၀ါရီ ၂၀၊ ၂၀၁၀။ တလောက အမေရိကန်လေကြောင်းလိုင်းတခုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားတဲ့ဖြစ်ရပ်နောက်ပိုင်း လေကြောင်းလုံခြုံရေးအတွက် န
ဇန်န၀ါရီ ၂၇၊ ၂၀၁၀။ လူဟာ ဘ၀တလျှောက် မပြတ်သင်ယူနေရတယ်လို့ ပြောစကားရှိပါတယ်။ လူဟာ အိပ်စက်အနားယူနေချိန်မှာတောင် ဦးနှောက် မှတ်ဥာဏ်က လေ့လာသင
ဇန်န၀ါရီ ၆၊ ၂၀၁၀၊ ၀က်တုပ်ကွေးလို့ လူတွေအကြား အသိများတဲ့ A H1N1 တုပ်ကွေးဗိုင်းရပ်သတင်းဟာ ကျန်းမာရေးသတင်းသာမက တကမ္ဘာလုံးမှာ ပြီးခဲ့တဲ့နှစ်
ဒီဇင်ဘာ ၃၀၊ ၂၀၀၉။ အန္တရာယ်ရှိတဲ့ မြန်မာဆေးတွေ မြန်မာအစားအစာတွေကို အာဏာပိုင်တွေက အသေအချာစီစစစ်ပြီး လူထုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန် အသ
ဒီဇင်ဘာ ၂၃၊ ၂၀၀၉။ ကမ္ဘာအ၀ှမ်း ငှက်ဖျားရောဂါဖြစ်တဲ့ ကလေးငယ်တွေ အသေအပျောက်နှုန်း ကျဆင်းလာတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ပါတယ



Tuesday, July 30, 2013
ကျောက်ကပ် ဝေဒနာရှင်များအတွက် ၀မ်းမြောက်ဖွယ် ( Sandar Laynyuntmg ) 
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါ သည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီခံ ရသော ရောဂါပါ ။ ကျောက်ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာ များပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါ သည်။ ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက် ကင်း၍ နာတာရှည် ခံစားနေရသူများ သက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါ မည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင် ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေး ပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက်နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥ သစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာ ခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နာမည်ရနေပါပြီ။

ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)

၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။ သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက် ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာလာပါမည်။

၎။ ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို   တွေ့ရပါမည်။ ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာ ရှိပါသေးသည်။

သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။
ရေးသားသူ- Sandar Laynyuntmg

မြ၀တီ သတင်းစာမျက်နှာကနေပြီး ထပ်ဆင့် ယူလာခဲ့တယ် အကျိုးရှိမယ့် နည်းလမ်းလေးပေါ့..။




သေဘာၤရြက္နွင့္ကင္ဆာ 

ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအ
တာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်
ပါသည်။ “သင်္ဘောပင် ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင် စိုက်ပျိုးနေကြ သည်။ လက်တင် ဘာသာ အားဖြင့်....
( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။

မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါ
ပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိ လူ
များအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ( Harold Tieze )က၎င်းစာအုပ်တွင် မည်သို့မည်ပုံအဆီထုတ်မည်နှင့် ကင်ဆာပျောက်ကင်းသူတို့၏ ဇာတ်
လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေ လက်ကမ်း စာစောင်တွင်ပါရှိသောအောက်ပါ
အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်
တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေးကြသည်။လွန်ခဲ့သော ၁၄- နှစ်ကဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်
ကြာင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စ ကို ခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွား ပါသည်။
မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်
သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌သင်္ဘောပင်မှဓာတု
ပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက်သွားပါသည်။ မစ္စတာရှယ်တန်ကဤတွေ
့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လစမ်းသောက်ကြည့်သည်။ကျွန်ုပ်သည်တီဘီရောဂါ
ကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့်ကျွန်ုပ်က အထူးကု
တို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။

နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက်သင်္ဘောရွက်ကိုပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေး
ခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီးသည်ကင်ဆာပျောက်ကြောင်း
ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။


သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီ ကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင်
ထားပါက ၃၊ ၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါ အတိုင်း ဖတ်ပြီး
သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အားပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော်ယခင် ကင်ဆာရော
ဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။
ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စား
တို့ကို ဆေးကြောပြီး ဂေါ်ဖီ ကဲ့သို့ တောက် တောက်စဉ်း ကာ ဒယ်အိုး ထဲတွင်  ရေနှစ်လီတာဖြင့် ပြုတ်ပါ။  အဖုံး ဖွင့်ပါ။
၎-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက်
ခံမည်။ အကယ်၍ နောက်ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။
ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။


R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား
သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ  ငှက်ပျောတောင်သူ တစ်ယောက်တွင် ဆီးအိမ် ကင်
ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေး
မပါသော အစားအစာများ စားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင် ထည့်ပြုတ် ကာ သောက်စေ
သည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက်
လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။

ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ
ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံ တွင် Acetogenin ( အက်ထရိုဂျင်နင်)ဓာတု ပစ္စည်း ပါဝင်ရာ ၎င်းသည်
ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။


ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်
သတ္တုရည် တွင်  Acetogenin  အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်
ကျဆင်းမှုတွင် ပံ့ပိုး ကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူး တက္ကသိုလ် ပါမောက္ခ သည် အမျိုးသား
ကင်ဆာသိပ္ပံ မှ မေတ္တာ ရပ်ခံ ချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀- တွင်
အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည်အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်
များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။


အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်
ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်
သည်မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်
တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေး
ကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့်ပူးတွဲအသုံးပြုနိုင်သည်။Laetrine
ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော်
အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ် တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ် လုပ်
နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အား
ချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတို ကို လိုက်ရှာ ရာ သင်္ဘော ရွက်အရည်ကို သာလျှင် မှီဝဲကြောင်း၊
၎င်းသွေးသွင်းမူကို ၂၀လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊သို့သော်သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက်
သွေးအဆင့်၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီးကလေးကိုဆေးရုံမှဆင်းစေသည်။
ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတို အရ သင်္ဘောရွက်နှစ်ရွက် ကို ဆေးကြော ထုထောင်း
စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက် လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်း မှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြု
လုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်း တစ်ပုဒ် မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်း တွင် လွန်ခဲ့သော နှစ်က တုပ်ကွေးဖြစ်ပြီး
ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိ ခုခံအားကို သာ မြင့်ပေး ရန်ပြော
သည်။ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီးဘုရားဆီတွင်ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်
အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး
၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင် သကဲ့သို့ ရောဂါပျောက်ကင်းခြင်း သို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော
ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘော
ရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက် ကို မွှေစက်ထဲ သို့ ထည့်ပြီး ညှစ်၍ သုံး
ဆောင်ကြပါလေ။

http://mc2students.blogspot.com.au/2013/02/blog-post_12.html

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်


Consumer Protection Association ( Myanmar )

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂၀၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကို ပြောရရင်တော့ -

*ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်..

အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ၀ယ်ဝယ် ၊ လက်ဖက်ရည်၊ ကော်ဖီ ၊ အသုပ်စုံတွေ ၊ ထုံချိုင်းတွေ ၊ အကြော်စုံတွေ ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း ( Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ ( Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ် ။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။

ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း ( Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့ ။

*အချဉ်ရည်နဲ့ ကင်ဆာရောဂါ

အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ် ၊ အစာအိမ် အူလမ်းကြောင်း ၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း ( H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

*နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ

ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။

*အချိုရည်နှင့် ဂျယ်ရီများ

အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂၀၀ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အ၀လွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။

*မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ

ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။

*တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ

တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

*ကော်ဖီမစ်များ ( Coffeemix)

ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၄င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။
ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ၀ယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

*အရောင်ချွတ်ထားသော အစားအသောက်များ

နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ၀ါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။

*ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ

တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အ၀ါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။

*သတိထားသင့်သော အသီးအနှံများ

ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။
ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။
အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။
ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။

*ပဲဆီ၊နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား

အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ၀ယ်ထားတဲ့ ၂၅၀ကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။
ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈၀% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း

*အချိုမှုန့်နှင့် ကြက်သားမှုန့်များ

အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။
ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။

စားသုံးသူ ကာကွယ်ရေး အသင်းသို့ ၀င်ရောက်လိုသူများ….
ဆက်သွယ်အကူအညီတောင်းခံလိုသူများနှင့်…
လှူဒါန်းလိုသူများ…
အသင်းရုံး ၁
စာရေးဆရာ ဗအုပ်ခိုင်( သဘာဝ သမားတော် အသည်းအထူးကု)
မင်းစေတီလမ်း၊ မင်းစေတီ စာကြည့်တိုက်ရှေ့၊ အင်းစိန်မြို့နယ်။ ဖုန်း 01-644090/ 09-421121890
အသင်းရုံး ၂
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး ၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - 01-661732

*ဇီဝိတ ဒါနဆေးကုခန်းတွင် သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို အခမဲ့ ကုသပေးပါသည်။
*တည်နေရာ
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း 01-661732

*မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်ကို ကုသိုလ်ဖြစ် ပြန်လည် ရိုက်ကူး တင်ပြပါသည်။

ကျန်းမာရေးအတွက် သိထားသင့်သော အချက် ၂၀



အောက်ပါတို့ကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ သတိမထားမိကြတဲ့ အချက် ၂၀ ပါ။

၁။ ဗီတာမင်ဒီကို နေရောင်ခြည် ဗီတာမင်လို့လည်း ခေါ်ကြပါတယ်။ အရေပြားပေါ် နေရေင်ခြည်ကျရောက်တဲ့အခါ ထွက်ရှိလာခြင်းကြောင့်ပါ။ ဗီတာမင်ဒီ လုံလောက်စွာ ရရှိမှ အရိုးကြံ့ခိုင်သန်စွမ်းမှာပါ။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားစနစ်အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ
ပါဝင်နေသလို သက်ကြီးရွယ်အိုတွေမှာ ကြွက်သားသန်မာဖို့လည်း ဗီတာမင်ဒီ လိုအပ်ပါတယ်။
၂။ ချောကလက် ကြိုက်သူတွေအတွက် သတင်းကောင်းပါ။ ချောကလက်စစ်ကို စားသုံးလေ့ရှိသူတွေဟာ မစားသူတွေနဲ့ ယှဉ်လိုက်တဲ့အခါ သက်တမ်းတစ်နှစ် ပိုရှည်ကြောင်း ဟားဗက်တက္ကသိုလ်ကနေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိထားသင့်ပါတယ်။ အများကြီးစားရင်လည်း အဝလွန်တတ်လို့ပါ။

၃။ သံဓာတ် ဟာ သွေးအားကောင်းစေနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းရွက် (ဟင်းနုနယ်ရွက်လိုမျိုး) ကို ချက်စားတာဟာ အစိမ်းစားတာထက်စာရင် သံဓာတ်စုပ်ယူနိုင်စွမ်း လေးဆပိုရရှိနိုင်ပါတယ်။

၎။ အိုမီဂါ-၃ ဖက်တီးအက်စစ် ဟာ ဦးနှောက်စွမ်းအား မြင့်မားစေနိုင်ပါတယ်။ လေ့လာချက်တွေအရ စိတ်ဓာတ်ကျရောဂါ ခံစားနေရသူတွေမှာ ထိုအက်စစ်ပမာဏ လျော့နည်းနေတတ်ကြောင်း၊ ထိုအက်စစ် ပမာဏ မြင့်အောင် လုပ်ပေးပြီးနောက် စိတ်ကျရောဂါလက္ခဏာတွေသက်သာလာကြောင်း တွေ့ရပါတယ်။

၅။ အသက်ရှည်ဖို့ အစားအစာတွေ ထဲမှာ ပန်းဂေါ်ဖီစိမ်း (Brocoli)၊ ငရုတ်သီးတောင့်၊ အချဉ်ဓာတ်ပါတဲ့ အသီး၊ ကြက်သွန်ဖြူ၊ ဘလူးဘယ်ရီး၊ ဒိန်ချဉ်၊ ငါးသေတ္တာ၊ အဆီများငါး၊ ပဲပိစပ်၊ အယ်လ်မွန်စေ့၊ ဟင်းနုနယ်၊ အုပ်ဂျုံ(Oat)နဲ့ ခရမ်းချဉ်သီးတွေ ပါရှိပါတယ်။

၆။ ဆေးလိပ်ဖြတ်ခြင်းကို မြန်မြန်လုပ်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ငါးနှစ်အကြာမှာ ဘယ်ရောဂါနဲ့မဆို သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းထိ လျော့ကျသွားနိုင်ကြောင်း တွေ့ရလို့ပါ။

၇။ ဗီတာမင်စီ များများစားပေးပါ။ ဗီတာမင်စီက ကိုယ်ခံစွမ်းအားကောင်းစေတဲ့အပြင် သွားနဲ့ သွားဖုံးကျန်းမာရေး၊ သံဓာတ်စုပ်ယူရေးတို့အတွက်လည်း အရေးပါတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။

၈။ ခရမ်းရောင် အသီးအနှံ တွေဖြစ်တဲ့ ခရမ်းသီး၊ ဆီးသီး၊ စပျစ်သီးတို့မှာပါတဲ့ ရောင်ခြယ်ဓာတ်တွေဟာ အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၉။ အိုမီဂါ ၃ အဆီဓာတ် တွေဟာ ဦးနှောက်ကျန်းမာရေး စွမ်းအား၊ မျက်စိကျန်းမာရေး၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေသလို အရေပြားကိုလည်း နူးညံ့ ချောမွေ့စေနိုင်ပါတယ်။ အဓိက ရရှိတဲ့ နေရာကတော့ ငါးကြီးဆီမှ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဓာတ်ကို အစားအစာတွေကနေ အလုံအလောက် မရရှိနိုင်တာကြောင့် ဆေးဝါးအဖြစ် မှီဝဲပေးဖို့ လိုပါတယ်။ ငါးကြီးဆီ တစ်နေ့ကို နှစ်လုံးလောက် သောက်ပေးသင့်ပါတယ်။

၁၀။ အရေပြားအလေးချိန် ဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းရှိပါတယ်။
၁၁။ ကြိုးခုန်ခြင်းက ခြေထောက်နဲ့ ပခုံးကို ကြံ့ခိုင်သန်မာစေနိုင်သလို နာရီဝက်အတွင်း ကယ်လိုရီ ၁၄၆၃ ကီလိုဂျူး (KJ) ကျစေနိုင်ပါတယ်။

၁၂။ အိမ်မွေးတိရစ္ဆာန်တွေက ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေဟာ တော်ရုံတန်ရုံ နေမကောင်းဖြစ်ခဲသလို နေမကောင်းဖြစ်ပါကလည်း ပိုပြီး မြန်မြန်ပြန်ကောင်းတက်ပါတယ်

၁၃။ နှလုံးရောဂါဟာ အမျိုးသမီးတွေမှာ မီးယပ် သွေးဆုံးပြီးနောက် ဖြစ်နိုင်ခြေများစွာ တိုးလာတတ်ပါတယ်။ ဒါကြောင့် မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေ အနေနဲ့ နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ပေးသင့်ပါတယ်။

၁၄။ အိပ်ရေးဝဝအိပ်ခြင်း က နာကျင်မှုတွေကို ပိုခံနိုင်ရည်ရှိကြောင်း တွေ့ရပါတယ်။ အိပ်စက်ခြင်းက နာကျင်မှုကို ဟန့်တားပေးတဲ့ အင်ဒိုဖင်း (Endorphin) ဟော်မုန်းတွေကို လွှင့်ထုတ်ပေးခြင်းကြောင့်ပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ခြောက်နာရီမှ ရှစ်နာရီကြာ အိပ်ချိန်ရှိအောင် ဂရုစိုက်ပေးပါ။

၁၅။ လက်တိုဖာရင် (Lactoferrin) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်တွေ့ရတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ခုခံအားဆဲလ်တွေကနေ ရောဂါပိုးတိုက်ဖျက်ရာမှာ ကူညီဖို့ လွှင့်ထုတ်ပေးပါတယ်။ Lactoferrin ပါတဲ့ အားဆေးတွေကို ခုခံအားဆဲလ်လုပ်ငန်းဆောင်တာကောင်းစေဖို့ သောက်ပေးနိုင်ပါတယ်။

၁၆။ အိုင်အိုဒင်းဓာတ် ဟာ လူတိုင်းအတွက် အရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့စို့ကလေးတွေနဲ့ ကလေးငယ်တွေမှာ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးတိုးတက်ဖို့ အိုင်အိုဒင်းဓာတ် အရေးကြီးပါတယ်။ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားတွေကတော့ ပင်လယ်စာ၊ ငါး၊ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥတို့ပဲ ဖြစ်ပါတယ်။

၁၇။ ခရမ်းချဉ်သီး မှာ ဗီတာမင်စီများစွာ ပါဝင်ခြင်းကြောင့် အသားအရေကို လှပစေနိုင်သလို ခုခံအားလည်းကောင်းစေနိုင်ပါတယ်။

၁၈။ ဗီတာမင်မျိုးစုံပါရှိတဲ့ အားဆေး ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဂျင်းဆင်းပါရှိတဲ့ အားဆေးကို ပိုအစွမ်းထက်ပါတယ်။

၁၉။ ယောကဂကျင့်စဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက ခန္ဓာကိုယ်အတွင်း အားကောင်းစေဖို့၊ ကျန်းမာကြံ့ခိုင်စေဖို့၊ အသက်ရှည်စေဖို့အတွက် ကျင့်ကြံခဲ့ကြပါတယ်။

၂၀။ ဘယ်ရီသီးတွေဟာ ကျန်းမာရေးကို ကောင်းစေပါတယ်။ Raspberry သီးဖျော်ရည်ဟာ အစာအိမ်ရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကို သတ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ထိုဖျော်ရည်တွေကို စူပါမားကက်တွေမှာ ရှာတွေ့နိုင်ပါတယ်။
Ref: Good Health


https://www.facebook.com/photo.php?fbid=427342217363615&set=a.351047714993066.7 

ပယ်ဖျောက်သင့်တဲ့ အကျင့်ဆိုး (၅) ခု



(၁) သရေစာအစားလွန်ခြင်း
- လုံးဝဆာလောင်မွတ်သိပ်လာမှသာ အစာစားပါ
- ဗိုက်မပြည့်ခင် အစာစားတာရပ် လိုက်ပါ
- သရေစာမုန့်များအား သစ်သီး၊ ဟင်းရွက်၊ အခွံမာသီး၊ နှံစားပြောင်း စသည်တို့နှင့် အစားထိုးစားသုံးပါ။
 

(၂) ရုပ်မြင်သံကြားထိုင်ကြည့်ချိန် များပြားခြင်း
- ရုပ်မြင်သံကြားထိုင်ကြည့်ချိန်ကို တစ်နေ့ (၂) နာရီထက်မပိုပါစေနှင့်
- ရုပ်သံလိုင်းတစ်လိုင်းကိုသာ ပုံသေ ချိန်ထားပြီး မနှစ်သက်သည့် အစီ အစဉ်ပြလျှင် အခြားလိုင်းမပြောင်းဘဲ ပိတ်ပစ်ပါ
- ရုပ်မြင်သံကြားကြည့်စဉ်မုန့်မစား ပါနှင့်
- ကြော်ငြာဝင်ချိန်တွင် အမှိုက်ပုံးသွန် ခြင်း၊ မီးပူတိုက်ခြင်းကဲ့သို့ အိမ်မှုကိစ္စ များလုပ်ကိုင်ပါ။
 

(၃) နံနက်စာမစားဘဲနေခြင်း
- နံနက်စာကို ကော်ဖီနှင့်မုန့်တစ်မျိုး တည်း စားရမည်ဟု မဆိုလိုပါ။ မိမိ ကြိုက်နှစ်သက်ရာ ကြာဆံပြုတ်၊ ခေါက်ဆွဲပြုတ်၊ အသုတ်၊ စွပ်ပြုတ်စ သည် ခံတွင်းတွေ့ရာစားနိုင်ပါတယ်
 

(၄) အရက်အလွန်သောက်ခြင်း
- အမျိုးသားများ၌ တစ်နေ့လျှင် အရက် နှစ်ဖန်ခွက်၊ အမျိုးသမီးများ၌ တစ်ဖန်ခွက်ထက်ပို၍ မသောက်မိပါ စေနှင့်။
- အရက်စွဲနေပါက ဆရာဝန်နှင့်တိုင် ပင်၍ အရက်ဖြတ်ပါ
 

(၅) ဆေးလိပ်အလွန်သောက်ခြင်း
- ဆရာဝန်နှင့်တိုင်ပင်၍ ဆေးလိပ် ဖြတ်ပါ
-အေးဆေးတည်ငြိမ်နေသည့် အချိန် တွင် ဆေးလိပ်ဖြတ်ပါ။ အားလပ်ရက် များ၊ စိတ်ဖိစီးမှုများနေသည့် အချိန် များ၌ ဆေးလိပ်မဖြတ်ပါနှင့်။

သီဟ
Source:Readers' Digest

ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ


==========================
ခြေထောက်ကြွက်တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက်တက်ခြင်းဆိုတာ ဘာလဲ

ခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာက ကြွက်သားတွေ တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးနေရာက ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ တချို့တွေမှာ ကြွက်တက်တာဟာ တစ်နေ့တာ လှုပ်ရှားမှုပြီးလို့ ညအိပ်ရာဝင်ချိန်ကျမှ ဖြစ်တတ်ပါတယ်။ အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးတတ်ပါတယ်။

ဘယ်လိုလူတွေမှာ ကြွက်တက်တတ်သလဲ

လူတိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး ကြွက်တက်တဲ့သူ သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသက် ၆၀ ဝန်းကျင်တွေမှာ အဖြစ်များပါတယ်။ ၁၀ ယောက်မှာ လေးယောက်နှုန်းဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ကြွက်တက်တတ်ပါတယ်။

ဘယ်လိုပြဿနာတွေက ကြွက်တက်စေတာလဲ

အခြေအနေတစ်ခုကို အခြေခံပြီး ကြွက်တက်တာမျိုးတော့ မရှိတတ်ပါဘူး။ ခြေထောက် ကြွက်သားတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ ခက်ခဲတဲ့ အချိန်မျိုးမှာ ရုတ်တရက် ကြွက်တက်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။ အိပ်ပျော်နေချိန်မှာ သင့်ခြေထောက်ဟာ ကွေးတာဆန့်တာကို သင်ကိုယ်တိုင် သတိမထားမိနိုင်ပါဘဲ ကြွက်တက်တာမျိုး ဖြစ်စေပါတယ်။ ဒါက ကြွက်သားတွေ ပုံစံမကျခြင်းကြောင့်ဖြစ်တဲ့ ပြဿနာမျိုး ဖြစ်တာကြောင့် ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးနဲ့ သက်သာစေနိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿနာကတော့ တခြားကျန်းမာရေး ပြဿနာတွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက်သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာမျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက်အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန်အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါတယ်။

ဘယ်လို ကုသမှု ပေးနိုင်မလဲ

အကြောတွေကို ဆန့်ထုတ်ပေးတဲ့ လေ့ကျင့်မှုမျိုးနဲ့ နှိပ်နယ်ပေးတာမျိုးတွေက ခြေထောက် ကြွက်တက်တာကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ နာကျင်မှုကတော့ ကြွက်တတ်တာ သက်သာသွားပေမယ့် ကျန်နေတတ်ပါတယ်။ နာကျင်မှုကို သက်သာစေဖို့ ပါရာစီတမောလို ဆေးမျိုးတွေ သောက်ပေးနိုင်ပြီး ကြွက်တက်တာ သက်သာပြီးလို့ ၂၄ နာရီကြာမှ နာကျင်မှု သက်သာသွားနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်မှုကြောင့် ကြွက်တက်တာမျိုးဆိုရင်တော့ လုံလောက်တဲ့ ရေပမာဏ သောက်ပေးဖို့ လိုပါတယ်။ ဆေးဝါးကုသမှုတွေ လိုအပ်ရင်တော့ လေးပတ်ကနေ ခြောက်ပတ်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ ကြွက်တက်တာကို သက်သာစေဖို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီကွန်ပေါင်း၊ ဗီတာမင်အီး၊ diltiazem, naftidrofuryl, orphenadrine နဲ့ verapamil ပါဝင်တဲ့ ဆေးတွေကို မှီဝဲပေးသင့်ပါတယ်။

ဘယ်လိုကာကွယ်တားဆီးမလဲ

တစ်ခါတလေ ကြွက်တက်တာမျိုးကတော့ ဖော်ပြပါ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းပေးနိုင်ပြီး ကြိမ်ဖန်များစွာ ကြွက်တက်ခြင်းအတွက် ဆိုရင်တော့ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။ သင့်မှာ လက်ရှိသောက်သုံးနေရတဲ့ ဆေးဝါးတွေရှိရင် အဲ့ဒီဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကို သိဖို့ ဆရာဝန်ကို အမြန်ဆုံး ပြသကာ မေးမြန်းဆွေးနွေးပါ။ ဆေးဝါးသောက်နေရသူ မဟုတ်ဘူး ဆိုရင်လည်း တခြားကျန်းမာရေး ပြဿနာ ရှိ၊ မရှိ ဆွေးနွေးတိုင်ပင်ပါ။

ကြွက်တက်ခြင်း သက်သာစေမည့် နည်းလမ်းများ

ဆွဲဆန့်လေ့ကျင့်ခန်းတွေက ကြွက်တက်တာကို ကုသနိုင်တဲ့ နည်းလမ်း မဟုတ်ပေမယ့် သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ လေ့လာမှုတွေအရ သတ်မှတ်မထားပေမယ့် ဆရာဝန် အများစုကတော့ လမ်းညွှန်လေ့ ရှိကြပါတယ်။ ကြွက်သားတွေကို အထောက်အကူပြုစေမယ့် ဆွဲဆန့်လေ့ကျင့်ခန်းတွေကို တစ်နေ့ ငါးမိနစ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။ အိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ နံရံမှာ လက်ထောက်ထားပြီး မတ်တတ်ရပ်နေကာ ခြေထောက်တွေကိုနောက်ပြန်ဆန့်တန်းတင်တဲ့ လေ့ကျင့်မှုမျိုးကို ကြွက်တက်တာ သက်သာစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။

ကြွက်တက်ခြင်း သက်သာစေမည့် အိပ်စက်မှုပုံစံ

သင့်အိပ်စက်မှုပုံစံကလည်း ကြွက်တက်တာကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။

- ခြေထောက်အောက်ထဲမှာ ခေါင်းအုံးတစ်လုံးခုထားပြီး သင့်ရင်ဘတ်နေရာထက် အနည်းငယ် မြင့်နေအောင် အိပ်ပါ။

- ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာ ဆန့်တန်းပြီး အိပ်ပါ။

- သင့်ခြေချောင်းတွေနဲ့ ခြေထောက်တစ်ခုလုံးကို စောင်နဲ့ သေချာလုံခြုံနွေးထွေးအောင် ထားပြီး အိပ်စက်ဖို့ လိုပါတယ်။

သဲသဲ

credit to Shwe Beauty

https://www.facebook.com/photo.php?fbid=168701983299596&set=a.131750700328058. 


အမြဲတန်း မောပန်းနေရခြင်းအတွက် ဖြေရှင်းနည်းများ



လှုပ်ရှားတက်ကြွသော လေ့ကျင့်မှုမရှိခြင်း
 

လေ့ကျင့် လှုပ်ရှားမှု ဆိုတာ သင့်ခန္ဓာ ကိုယ်အတွက် ပြုလုပ်သင့်တဲ့ လုပ်ဆောင် ချက်တစ်ခုပါပဲ။ အမြဲတမ်း လည်ပတ်မှုမ ရှိတဲ့ စက်ရုံတစ်ရုံဟာ ထွက်ကုန်တွေ မ လုံလောက်သလိုဘဲ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာ ကိုယ်ဟာ လန်းဆန်းမှုတွေ နည်းလာ တတ်ပါတယ်။ တစ်နေ့ကို အစာသုံးကြိမ် စားပြီး ဒီအစာတွေကို ပြန်လည်ချေဖျက် နိုင်ဖို့အတွက် လုံလောက်တဲ့ လှုပ်ရှားမှု လည်း လိုအပ်ပါသေးတယ်။ မလှုပ်မရှား ဘဲနေတဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်လောင် ကျွမ်းမှုနည်းပြီး ကယ်လိုရီတွေတက်လာ နိုင်ပါတယ်။
ဖြေရှင်းနည်း
သင့်အလုပ်က အမြဲ ထိုင်နေရတယ်ဆိုရင်တောင် ဖုန်းပြောချိန် မှာ မတ်တတ်ရပ်ပြောပြီး နေ့လယ်စာ စားပြီးချိန်မှာ မိနစ် ၂၀ လောက်လမ်း လျှောက်ပါ။ အလုပ်မှပြန်ချိန် တစ်မှတ် တိုင်လောက် လမ်းလျှောက်ပြီးမှ ကားစီး ပါ။ ကားကို လုပ်ငန်းခွင်နဲ့ ခပ်ဝေးဝေးမှာ ရပ်ခဲ့ပါ။
 

အိပ်စက်ချိန်နည်းခြင်း
 

အိပ်စက်ချိန် မလုံလောက်တာက သင့်ကို မောပန်းမှုဖြစ်စေပါတယ်။ အ သက်ကြီးသူအများစုဟာ အိပ်စက်ချိန် နည်းတတ်ကြတယ်လို့ ဆိုခဲ့ပေမယ့် အခု ခေတ်လူငယ်တွေအနေနဲ့ အိုင်တီပစ္စည်း တွေကို ညဉ့်နက်သန်းခေါင်အချိန်အထိ သုံးစွဲကြတာကြောင့် အိပ်စက်ချိန်ကို အ နှောင့်အယှက်ဖြစ်စေပါတယ်။ ညအချိန် မှာ နောက်ကျမှ အိပ်စက်ရပြီး မနက်ခင်း မှာ လုပ်ငန်းခွင်ဝင်ရတာကြောင့် မဖြစ်မ နေ စောစာထရတတ်ပါတယ်။ ဒီလိုအ ချိန်မျိုးမှာ သင့်မှာ စွမ်းအင်တွေကုန်ခန်း သလို ခံစားနေရတတ်ပါတယ်။
ဖြေရှင်းနည်း
တစ်နေ့ကို ခုနစ်နာရီ ဒါမှမဟုတ် ရှစ်နာရီလောက် မဖြစ်မနေ ရအောင် အိပ်ချိန်ယူပါ။ ညဘက်အိပ်ချိန် ကို သတ်မှတ်ထားပြီး ကွန်ပျူတာနဲ့ ဖုန်းကို သင်နဲ့ ခြောက်ပေအကွာမှာ ထား အိပ်ပါ။ ညအိပ်ချိန်မှာ သင့်အခန်းအ လင်းရောင်က မှောင်အတိဖြစ်နေရင် သင့်ကို ပိုပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါ တယ်။
 

အဝလွန်ကဲခြင်း
 

အဝလွန်ကဲခြင်းက နှလုံးကျန်းမာ ရေးပြဿနာကို ဖြစ်စေပါတယ်။ အဝ လွန်တာကြောင့် ညဘက်ကောင်းစွာ အိပ်မပျော်တာနဲ့ စိုးရိမ်စိတ်များတာတွေ ဖြစ်စေကာ အရိုးအဆစ်တွေလည်း ထိ ခိုက်လွယ်တတ်ပါတယ်။
ဖြေရှင်းနည်း
အဝလွန်သူတွေ အနေ နဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ညအိပ် ရာမဝင်ခင် ကြွက်သားတည်ဆောက်မှု လေ့ကျင့်ခန်းတွေပြုလုပ်ပေးတာက ကောင်း ကောင်း အိပ်ပျော်စေပါတယ်။
 

ကိုယ်ဝန်ဆောင်ထားရခြင်း
 

ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ခန္ဓာ ကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲသွားတတ်ပြီး အိပ်စက်မှုအကျင့်တွေလည်း ပြောင်းလဲ သွားတတ်ပါတယ်။ ပထမသုံးလပတ် ကိုယ်ဝန်ဆောင်ချိန်မှာ မသိသာပေမယ့် ကိုယ်ဝန်လရင့်လေလေ အသက်ရှူရခက် ခဲတာနဲ့ ဖိစီးမှုတွေကို ခံစားကြရတတ်ပါ တယ်။ သားဦးကိုယ်ဝန်ဆောင်သည်တွေ အနေနဲ့ မောပန်းမှုကို ခံစားကြရတတ်ပါ တယ်။
ဖြေရှင်းနည်း
သက်သောင့်သက်သာ ဖြစ်စေမယ့် နေထိုင်မှု ပတ်ဝန်းကျင်ရှိပါ စေ။ ပက်လက်မအိပ်ဘဲ ဘေးတစောင်း အိပ်ပြီး သင့်ခန္ဓာကိုယ်ကို ထောက်ပံ့မှုပေး ထားကာ နွေးထွေးနေပါစေ။
 

ကဖင်များစွာ မှီဝဲခြင်းနှင့် နံနက်စာ မစားခြင်း
 

ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖင်း များစွာပါဝင်တဲ့ဖျော်ရည်တွေကို တစ်နေ့ ငါးခွက်ထက်ပိုသောက်တာကြောင့် သင့် ကို မောပန်းနွမ်းနယ်စေပါတယ်။ မနက် စာမစားတာကလည်း တစ်နေ့တာလုံးအ တွက် သင့်ကို လန်းဆန်းမှုမရှိစေပါဘူး။  
ဖြေရှင်းနည်း
ခေါင်းကိုက်နေချိန်မှာ ကော်ဖီတစ်ခွက်လောက်သောက်တာ ဟာ သင့်ကို လန်းဆန်းနေစေတယ်ဆိုပေ မယ့် တစ်နေ့ကို ကဖင်းပါတဲ့ဖျော်ရည် သုံးခွက်ထက် ပိုမသောက်သင့်ပါဘူး။ မနက်ခင်းမှာ အာဟာရပြည့်ဝစေမယ့် အစားအစာကို ပုံမှန် စားပါ။
 

ခန္ဓာကိုယ်တွင် သံဓာတ်နည်းခြင်း
 

သင်စားတဲ့ အစားအစာတွေဟာ အာဟာရညီညွတ်မှုမရှိတာကြောင့်နဲ့ ခန္ဓာ ကိုယ်တွင်း သံဓာတ်နည်းတာကြောင့် သင့် ကို မောပန်းနွမ်းနယ်နေစေပါတယ်။
ဖြေရှင်းနည်း
သံဓာတ်ဝကွယ်ဝတဲ့ အ စားအစာတွေဖြစ်တဲ့ အသားနဲ့ ငါးတွေကို သေချာ ချက်ပြုတ်စားသောက်ပါ။ အထူး သဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါ တယ်။
 

စိတ်ဓာတ်ကျခြင်း
 

စိတ်ဖိစီးမှုနဲ့ ဈတ်ဓာတ်ကျရောဂါတွေကြောင့်လည်း အမြဲတမ်းမောပန်းနေသ လိုခံစားကြရတတ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန်ကျတာ၊ စိတ်လှုပ်ရှား တာနဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေ ကြောင့်လည်း ပင်ပန်းမှုကို ခံစားကြရ တတ်ပါတယ်။
ဖြေရှင်းနည်း
စိတ်ပျော်ရွှင်စေမယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အစာ ပုံမှန် စားပါ။ အပြုသဘောဆောင်တွေးပါ။
 

ဆီချိုသွေးချိုနှင့် ဆေးကုသမှုခံယူနေရခြင်း
 

ဆီးချိုသွေးချိုရောဂါရှိသူတွေအ နေနဲ့ ရောဂါရဲ့ နောက်ဆက်တွဲနေနဲ့ မော ပန်းနွမ်းနယ်နေတတ်ပြီး ကြည်ကြည်လင် လင် မခံစားရဘဲ ဖြစ်တတ်ပါတယ်။ တ ခြားဆေးဝါးတွေဖြစ်တဲ့ ပဋိဇီဝပိုးသတ် ဆေးနဲ့ တာရှည်စွဲသောက်ရတဲ့ဆေးတွေ ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ပင်ပန်းမှုကို ခံစားကြရတတ်ပါတယ်။
ဖြေရှင်းနည်း
ဆီချိုသွေးချိုရှိသူတွေနဲ့ ဆေးဝါး မှီဝဲနေရသူတွေအနေနဲ့ ဆေး ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
 

သဲသဲ
BY GOOD HEALTH

https://www.facebook.com/photo.php?fbid=168702043299590&set=a.131750700328058. 

အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်




အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သောက်တဲ့ အမျိုးသား တွေဟာ ပန်းသေ ပန်းညှိုးဖြစ်နိုင်ခြေ မြင့်မား တယ်လို့ လေ့ လာမှု အသစ်အရ သိရှိထား ပါတယ်။ ကိုဒင်း အပါအဝင် Opioid အမျိုးအစား အ ကိုက်အခဲ ပျောက်ဆေးကို ပုံမှန်သုံးစွဲတဲ့ အမျိုးသား တွေမှာ အဲဒီပြဿနာတွေ ဖြစ် ပေါ်တယ်လို့ သိရပါတယ်။ Opioid ကို အသုံးပြုတဲ့ အမျိုးသား တွေဟာ အဲဒီဆေး ဝါး မမှီဝဲသူ တွေထက် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ် လို့ ဆိုပါတယ်။ မော်ဖင်း၊ အိုက်ဒရိုကော် ဒေါနဲ့ အောက်ဆီကော်ဒုန်းတွေဟာ အ သုံးများတဲ့ အိုပီဝိုက် အကိုက်အခဲပျောက် ဆေး အမျိုးအစား တွေဖြစ်ပါတယ်။ ခါးကိုက် ခါးနာ ဝေဒနာရှိတဲ့ အမျိုး သားပေါင်း ၁၁၀ဝ၀ ယောက်ကို လေ့ လာမှုပြုလုပ် ရာမှာ အသက် ၆၀ ကျော် အမျိုးသား တွေဟာ ငယ်ရွယ်တဲ့ အမျိုး သားတွေ ထက် ပန်းသေပန်းညှိုး ဖြစ်တာ ပိုများ တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။

အိုပီဝိုက် အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို အချိန်ကြာကြာ သောက်သုံး သူတွေမှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားတာ ကို တွေ့ရှိ ခဲ့ပါတယ်။ အိုပီဝိုက် အမျိုးအစား ဆေးဝါးတွေကို ရေရှည် အသုံးပြုရင် ဆေး စွဲတာ၊ ဆေးလွန်ပြီး အသက်ဆုံး ရှုံးတာ၊ မကြာခဏ အိပ်ရာမှ နိုးတာ၊ အသက်ကြီး သူတွေမှာ လိမ့်ကျတာ၊ ဟော်မုန်းထုတ် လုပ်မှု လျော့နည်း တာတွေအပြင် အခု အခါမှာ ပန်းသေ ပန်းညှိုးပါ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၆၀ နဲ့ ၆၉ နှစ် ကြား အမျိုးသား တွေဟာ အသက် ၁၈ နှစ်နဲ့ ၂၉ နှစ်ကြား အမျိုးသားတွေထက် ပန်းသေပန်းညှိုး ဆေးဝါး အသုံးပြုမှု ၁၄ဆ ပိုများပါတယ်။ စိတ်ကျ ဝေဒနာနဲ့ အိပ်ဆေး အသုံးပြုတဲ့ အမျိုးသား တွေမှာလည်း ပန်း သေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။

By Good Health
Myanmar Daily News

https://www.facebook.com/photo.php?fbid=168702523299542&set=a.131750700328058.  

ကလေးရစေနိုင်မည့် နည်းလမ်းများ


ကွန်ဒုံးစသည်ဖြင့် အကာအကွယ်မယူ၊ တစ်နှစ်ခန့်ကြာသည်အထိ လိင်ဆက်ဆံသော်လည်း သန္ဓေမတည်နိုင်ခြင်းကို မြုံ ခြင်းဖြတ်တယ်လို့ သူက သက်မှတ်လိုက်ပါတယ်။

သည် အဓိပ္ပါယ် သတ်မှတ်ချက်ဟာ တကယ်တော့ သိပ်ပြီး ရှင်းလင်းပြီး ပြီးပြည့်စုံလွန်းတယ်လို့တော့ မဆိုလိုပါဘူး။

သို့သော်လည်း မြုံခြင်း (Infertility) ဆိုတာကနေ သန္ဓေတည်ခြင်း (Fertility) ပြန်ဖြစ်နိုင်ပါတယ်။


သန္ဓေမတည်နိုင်တဲ့ စုံတွဲတစ်တွဲ ကို လေ့လာကြည့်မယ်ဆိုရင်--
အမျိုးသားဘက်က ချို့ ယွင်းချက် ၄၀% နှင့် အမျိုးသမီးဘက်က ၄၀% ဖြင့် ဆတူဖြစ်ကြောင်း လေ့လာချက်တစ်ရပ်က
ဆိုပါတယ်။ ကျန်တဲ့ အကြောင်းအရင်းမသိဘဲ မြုံနေခြင်းကတော့ ၂၀% ရှိကြောင်း တွေ့ရှိရပါတယ်။

ကလေးမရကြတဲ့ စုံတွဲတွေဟာ ကမ္ဘာပေါ်မှာ တနေ့တခြား ပိုများလာပါတယ်။
မှတ်တမ်းတွေအရ ၁၉၈၈ ခုနှစ်မှာ ၅.၅ သန်း၊ ၁၉၉၅ ခုနှစ်မှာ ၆.၇ သန်း နဲ့ ၂၀၀၂ ခုနှစ်မှာ ၇.၂ သန်းအထိ တိုးလာကြောင်း
တွေ့ရပါတယ်။သည်လိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့

(၁) အသက်အရွယ်ကြီးတဲ့ အမျိုးသမီးအရေအတွက် ပိုများလာခြင်းနှင့်
(၂) ကလေးရယူရန် အချိန်ဆွဲခြင်းတို့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ကိုယ်ဝန်ဆောင်နိုင်သည့် စံနှုန်း

စုံတွဲများအတွက် ကိုယ်ဝန်ဆောင်ကြသည့် စံနုန်းမှာ
(က) စုံတွဲ ၂၅% သည် ပထမ လတွင်လည်းကောင်း၊
(ခ) စုံတွဲ ၆၀% သည် ၆ လအတွင်းတွင်လည်းကောင်း၊
(ဂ) စုံတွဲ ၇၅% သည် ၉ လအတွင်းတွင်လည်ေးကာင်း၊
(ဃ) စုံတွဲ ၉၀% သည် တစ်နှစ်ခွဲအတွင်းတွင်လည်းကောင်း ကိုယ်ဝန်ဆောင်နိုင်ကြကြောင်း တွေ့ရှိရပါတယ်။

မြုံခြင်းကို ယေဘုယျအားဖြင့်

(၁) Primary Infertility နှင့် (၂) Secondary Infertility ဟူ၍ နှစ်မျိုး ခွဲပြထားပါတယ်။

(၁) Primary Infertility
အကာကွယ်မဲ့ ဆက်ဆံသော်လဲ ယခုအချိန်အထိ ကိုယ်ဝန် တစ်ခါမှ မဆောင်နိုင်ဘူးတဲ့ အမျိုးသမီး ၊ ကိုယ်ဝန်ရရှိစေရန် ဆက်ဆံသော်လည်း ယခုထိ မရနိုင်သေးတဲ့ အမျိုးသား ကို (Primary Infertility) လို့ သတ်မှတ်ပါတယ်။
သည်လိုအခြေအနေက ၇၀ % ရှိတယ်လို့ ပြောပါတယ်။

(၂) Secondary Infertility ဆိုတာက
ယခင်က ရခဲ့ဖူးတယ် ၊ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က စ၍ ကြိုးစားသော်လည်း ယခုအထိမရရှိသေးသည့်
အခြေအနေကို ဆိုလိုပါတယ်။ သည်လိုမျိုး က 30% ဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်နိုင်စေရန် သိထားရမည့် အချက်များ

၁။ ကိုယ်ဝန်ဆောင်နိုင်သည့် ဥပဒေသ

၎င်းတွင် (၁) ရာသီစက်ဝန်း၊ (၂) မျိုးဥကြွေခြင်း (၃) ဆက်ဆံချိန်နှင့် ကြိမ်နှုန်း (၄) ဖို/မ မျိုးပွားအဂါင်္အဖွဲ့အစည်းစနစ် စသည်ဖြင့် ပါဝင်ပါတယ်။


၂။ အမျိုးသားအတွက် အဓိကလိုအပ်ချက်

(၁) ပုံမှန် သုတ်ပိုးထုတ်လုပ်နိုင်မှုနှင့် သုတ်ပို့ပြွန်စနစ်
(၂) မမွေးလမ်းကြောင်းထဲသို့ သုတ်ပိုးထိုးသွင်းရောက်ရှိနိုင်မှု
(၃) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၄) လုံလောက်သော လိင်အင်္ဂါထောင်မတ်နိုင်ခြင်း
(၅) သုတ်ရည်ပုံမှန် ပမ်းထုတ်နိုင်စွမ်း
(၆) သုတ်ရည်အား မိန်းမကိုယ်အတွင်း ထိုးသွင်းပမ်းထည့်ရခြင်း တို့ ဖြစ်ပါတယ်။

၃ ။ အမျိုးသမီးအတွက် အဓိကလိုအပ်ချက်

(၁) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၂) မျိုးပွားအဂါင်္များပုံမှန်အနေအထား ရှိခြင်းနှင့် လုပ်ဆောင်မှု မှန်ကန်ခြင်း
(၃) သန္ဓေသားအသက်ရှင်ရန်အတွက် သင့်လျော်သော မမျိုးပွားအဂါင်္နှင့် စနစ်
(၄) သန္ဓေသားနှင့်အချင်းအတွက် လိုအပ်သော အောက်ဆီဂျင် ၊ အဟာရဓါတ်များထိန်းသိမ်းရန်အတွက်လုံလောက်သော
ကျန်းမာရေးကောင်းမွန်မှု၊ အဟာရပြည့်ဝခြင်း တို့ ဖြစ်ပါတယ်။

၎။ ကိုယ်ဝန်မရခြင်း ၊မြုံခြင်း နှင့် ဆက်နွယ်နေသော အချက်များ-
မှာ
(၁) မျိုးပွားစနစ်အကြောင်း အသိပညာနည်းခြင်း
(၂) ဆက်ဆံရမည့် အချိန် နှင့် ကြိမ်နှုန်းအား မသိခြင်း
(၃) အသက်အရွယ်ကြီးလာခြင်း
(၄) လိင်မှတဆင့်ကူစက်တတ်သော ရောဂါများရှိနေခြင်း
(၅) အဟာရ
(၆) သုံးစွဲနေသော ဓါတုဆေးဝါးများ
(၇) ဓါတ်ရောင်ခြည်သင့်မှု
(ဂ) မျိုးပွားစနစ်အား ခွဲစိတ်ခံထားရမှု
(၉) သန္ဓေသားတွင် အလုံးတည်ခြင်း

စသည့်အချက်များဖြစ်သည်။

မ မျိုးဥ စေ ကြွသောနေ့ နှင့် မကြွေမီ ငါးရက် အချိန်သည် ကိုယ်ဝန်ရရှိရန် အကောင်းဆုံးအချိန်ဖြစ်သည်။

ရှင်းလင်းချက်။ ။ သုတ်ပိုးသည် မမျိုးပွားအဖွဲ့အစည်းအတွင်း တွင် ၅ ရက်အထိသာ အသက်ရှင်နိုင်သည်။ အကယ်၍ သန္ဓေမအောင်ဖြစ်ပါက မမျိုးဥသည်လည်း မျိုးဥကြွေပြီးနာရီအနည်းငယ်မှ အလွန်ဆုံးတစ်ရက်ခန့်သာ အသက်ရှင်နိုင်သည်။
ထို့ကြောင့် မမျိုးဥမကြွေမီ ၅ ရက် မှစ၍ လိင်ဆက်ဆံခြင်းသည်သာလျှင် အကောင်းဆုံးသော အချိန်ဖြစ်သည်။

ဆက်ဆံရမည့်အကြိမ်အရေအတွက်

ပထမ (၅) ရက်အား သုတ်ရည်စွန့်ထုတ်ခြင်းမပြုရန် နှင့်
၎င်းမှ နောက်ဆက်တွဲဖြစ်သော မမျိုးဥမကြွေမီ ငါးရက်တွင် တစ်နေ့တစ်ကြိမ်ဆက်ဆံခြင်းသည် ကိုယ်ဝန် ရှရှိစေနိုင်ရန် အခွင့်အရေးပိုများစေပါသည်။

စစ်တမ်းတစ်ရပ်အရ
လိင်ဆက်ဆံသည့်ကြိမ်နုန်းသည် ကိုယ်ဝန်ရရှိမှု နှင့်အောက်ပါအတိုင်း ဆက်နွယ်မှုရှိကြောင်း တွေ့ရပါသည်။

(ဆက်လက်ဖော်ပြပါမည်)


ဒေါက်တာခင်နိုင်ဦး

https://www.facebook.com/photo.php?fbid=168702693299525&set=a.13175070032  

သွားများအကြောင်းသိကောင်းစရာ



၁) လူတစ်ယောက်မှာ ပျမ်းမျှအားဖြင့် သွား ၃၂ ချောင်း ရှိပါတယ်.... ဒီသွားတွေကတော့ အံဆုံးသွား ၄ ချောင်း၊ ရှေ့သွား ၈ ချောင်း၊ အစွယ်သွား ၄ ချောင်း၊ အံသွား ၁၂ ချောင်းနဲ့ အံသွားရှေ့ကသွား ၈ ချောင်းတို့ဖြစ်ကြပါတယ်....

၂) လူတစ်ယောက်ရဲ့ ဘဝသက်တမ်းမှာ သွားနှစ်ကြိမ်ပေါက်ပါတယ်... ပထမသွားတွေကတော့ baby teeth လို့ခေါ်တဲ့ ကလေးသွားတွေပါပဲ... ဒီသွားတွေဟာ သင့်အသက် ၆ နှစ် ၇ နှစ်လောက်မှာ စတင်လဲပါတော့တယ်... သင့်အသက် ၂၁ နှစ် အရွယ်ရောက်တဲ့အချိန်မှာတော့ သင့်မှာ သွားအသစ်တစ်စုံလဲပြီးသား ဖြစ်နေပါလိမ့်မယ်...

၃) တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စက်တင်ဘာလ ၂၀ ရက်နေ့ကို Love your Teeth Day ဆိုပြီး အမျိုးသားပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်...

၎) ၁၈၀၀ ပြည့်နှစ်များက အင်္ဂလန်နိုင်ငံက သွားအတုနဲ့သူများဟာ ညစာစားပွဲလိုမျိုးတွေ့ဆုံပွဲအခမ်းအနားတွေမတိုင်ခင် သူတို့အိပ်ရာထဲမှာ စားသောက်ခဲ့ကြပါတယ်... ဗစ်တိုးရီးယားခေတ်က ဒီလိုအစဉ်အလာကြောင့် ညစာစားပွဲအခမ်းအနားမှာ သူတို့ရဲ့သွားတွေ ကျွတ်ကျလို့ အနှောင့်အယှက်ဖြစ်ရတာမျိုးကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်....

၅) ရှေးတရုတ်လူမျိုးတွေဟာ သွားနာတဲ့အခါ ဂါထာမန္တန် ဒါမှမဟုတ် ဆုတောင်းစာတွေပါတဲ့ သားရေပုရပိုက်အစငယ်တစ်ခုနဲ့ နာတဲ့သွားကို ဖုံးအုပ်ထားကြပါတယ်... ဒီနည်းနဲ့ နာကျင်မှုက သက်သာပျောက်ကင်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်...

၆) ရှေးဂရိလူမျိုးတွေဟာ သွားတွေရှည်လာဖို့ ပလာယာနဲ့ဆွဲခဲ့ကြပါတယ်...

၇) ဂျာမနီမှာ အလယ်ခေတ်လောက်က သွားကိုက်ပျောက်ဖို့ မြည်းကို နမ်းတဲ့ ဓလေ့ရှိခဲ့ပါတယ်...

၈) လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတွေဟာ မီးသွေး ဒါမှမဟုတ် ထုံးကျောက်မြေ၊ ပြာ၊ ရှောက်သီးဖျော်ရည်နဲ့ ပျားရည်-ဆေးရွက်ကြီးအရောအနှော စတာတွေကို သွားတိုက်ဖို့အသုံးပြုခဲ့ကြပါတယ်... သွားတိုက်ဆေးကို တီထွင်နိုင်ခဲ့တာ နှစ်တစ်ရာပတ်ဝန်းကျင်ပဲရှိပါသေးတယ်....

၉) အိမ်သာရေဆွဲချရာကနေ ဘက်တီးရီးယားတွေ လေထဲလွှင့်ပျံလာနိုင်တာကြောင့် သွားတိုက်တံကို အိမ်သာကနေ အနည်းဆုံး ၆ ပေအကွာမှာ ထားသင့်တယ်လို့ သွားဆရာဝန်တွေက အကြံပြုထားပါတယ်...

၁၀) သွားတိုက်တံတွေ မပေါ်ခင်က လူတွေဟာ လက်ချောင်းတွေနဲ့ သစ်ခက်သစ်ရွက်တွေကို သွားတိုက်ဖို့ အသုံးပြုခဲ့ကြပါတယ်....

၁၁) ဒီကနေ့မှာ အသက် ၆၅ နှစ်အထက် လူကြီးတွေရဲ့ ၄၀ % မှာ သွားအစုံအလင်မရှိတော့ပါဘူး....

၁၂) လူ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ လူတစ်ဦးဟာ ပျမ်းမျှအားဖြင့် တံတွေး ဂါလံ ၁၀၀၀၀၀ ထုတ်လုပ်ကြပါတယ်... အသက်ကြီးလာတာနဲ့အမျှ တံတွေးထုတ်လုပ်တဲ့ ပမာဏကလည်း ကျဆင်းလာတဲ့အတွက် သွားဘက်ဆိုင်ရာရောဂါတွေ ပိုပြီး အဖြစ်များစေပါတယ်...

နှိုင်းရင့်နွေ


https://www.facebook.com/photo.php?fbid=168737039962757&set=a.131750700328058. 

သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင့်


Friday, June 07 , 2013

သစ်သီးဝလံအချို့ ရဲ့ အစေ့ကို စားလို့ရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။ (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)

ဆေးပညာရှင်များ ရှာဖွေတွေ့ရှိထားချက် ဖြစ်ပါတယ်။ အထူးသဖြင့် သရက်သီး၊ ပန်းသီး၊ ဇီးသီး၊ မက်မုံသီး၊ သလဲသီး၊ ချယ်ရီသီးတို့ရဲ့  အစေ့ များ ဖြစ်ပါတယ်။ အကြောင်းကတော့ ယင်း အသီးတွေရဲ့ အစေ့တွေ ထဲမှာ ဆိုင်ယာနိုက်လို့ ခေါ်တဲ့ အဆိပ်တစ်မျိုး ရှိနေလို့ ဖြစ်ပါတယ်။ ယင်းအဆိပ်က သကြားဓာတ်ပါတဲ့ အသီး အတော်များများမှာ ရှိနေတတ် ပါတယ်။

ဆိုင်ယာနိုက်အမည်ရအဆိပ်ဆိုတာ ဓာတုဗေဒအခေါ်အရ ပရပ်စစ် အက်ဆစ် (HCN) ဖြစ်ပါတယ်။ ဂျပိုးသတ်ဆေး၊ ခြင်ယင်တားဆေး နှင့် အခြား ဘက်တီးရီးယား နှိပ်နှင်ရေးဆေးတို့မှာ ပါဝင်ပါတယ်။ ရွှေကိုလည်း အရည်ပျော်စေနိုင်ပြီး ရွှေသန့်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။ အခြားသော သတ္တုတွင်းထွက်လုပ်ငန်းတွေမှာလည်း အသုံးပြုပါတယ်။ ဓာတ်ခွဲခန်းမှ ထုတ်ယူရတဲ့ ဓာတုဆေးဖြစ်ပါတယ်။

သဘာဝအလျောက်လည်း ရှိတတ်ပါတယ်။ သစ်သီးဝလံ၊ မှိုပင်အချို့ တွေမှာ ရှိနေတတ်ပါတယ်။ သကြားဓာတ် (Sugar) မှာ မော်လီကျူးအနေနဲ့ ဓာတ်ဖွဲ့ နေတတ်ပါတယ်။ ဒါကြောင့် သစ်သီးတွေရဲ့ အစေ့တွေထဲမှာ ရှိနေရခြင်း ဖြစ်ပါတယ်။

ကလေးငယ်များ ဇီးသီးအချဉ်၊ သရက်သီး၊ ပန်းသီး၊ မက်မုံသီး အစရှိသဖြင့်တို့ စားသုံးရာမှာ အစေ့မစားမိစေဖို့ အထူးသတိပေးထားရန် လိုအပ်ပါတယ်။ ယင်းအစေ့များဟာ ပါဝင်တဲ့အချိုးအစား အလိုက် လူကို အန္တရာယ်ပြုတတ်တဲ့ အဆိပ်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။
---
Ref:wiki
ရိုးရာလေး ကျန်းမာရေး

https://www.facebook.com/photo.php?fbid=585210061519636&set=a.572785052762137.1 

ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးသူများ သတိထား



ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်လာနိုင်ပါသည် ။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်းကို သုတေသီများကလည်း အကြံပြု့ ထားပါသည် ။

ညဖက်တွင် အသုံးပြု့ နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့်ဖြစ်ပါတယ် ။ မျက်စိအမြင်အာရုံကို အယ်လ်အီးဒီမီးရောင်ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင်ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ်ပျောက်သွားတက်ပါသည် ။

လူတစ်ယောက်သည့် အိပ်ချင်စိတ်ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့်အတူ အိပ်စက်ခြင်းမရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်းပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည် ။

အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြစ်ရောဂါအထိ ရရှိနိုင်ပါသည် ။

ဒါကြောင့် သင်သည်မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြု့ မိ အသုံးပြု့ လေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။



Mg Mandalay

https://www.facebook.com/photo.php?fbid=319820771482370&set=a.273551502775964.6 

ရေအကျိုးဆယ်ပါး @ Benefits of drinking water



==========================
ရေသည် လူတို့၏ အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက် တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင် သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။

အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။

ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။

မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။

ရေအကျိုး ဆယ်ပါး

ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင် ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင် အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင် ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါသည်။

ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့် လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါသည်။

ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။

ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမို များပြားသွားပါလိမ့်မည်။

ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။

ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။


Posted by ဇီဝက (ဆေး-၂)

https://www.facebook.com/photo.php?fbid=168331746669953&set=a.131750700328058.2 

အိမ်ထောင်သည်များ အစားသင့်ဆုံး သစ်သီး ငါးမျိုး



အိမ်ထောင်ရေးမှာ သာယာကြည်နူးဖွယ်ရာ အဆင်ပြေတဲ့ ဘဝမျိုးရရှိအောင် အောက်ပါ သစ်သီးငါးမျိုးကို စားပေးသင့်ပါတယ်။

(၁) သလဲသီး

အိမ်ထောင်သည်တွေ အစားသင့်ဆုံး သစ်သီးတွေထဲမှာ သလဲသီးကလည်း ပါဝင်နေပါတယ်။ လေ့လာမှုတစ်ခုအရ သလဲသီးဟာ သွေးတိုးကို ကျစေပြီး နှလုံးရောဂါ အန္တရာယ်ကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။ သလဲသီး ဖျော်ရည်ကို သောက်တာက ဆန္ဒအားကို ကောင်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အကြောင်းကတော့ သလဲသီးစားတဲ့အခါ ခန္ဓာကိုယ်ထဲမှ နိုင်ထရစ်အောက်ဆိုက် ထွက်အောင် ကူညီပေးတာကြောင့်
သွေးကြောတွေကို ကျယ်စေပြီး သွေး လှည့်ပတ်မှုကို ကောင်းစေလို
့ ဖြစ်ပါတယ်။သလဲသီးကို ဖျော်ရည်အဖြစ် ဖျော်ပြီးအေးခဲအောင် ပြုလုပ်ကာ သောက်နိုင်ပါတယ်။

(၂) သဖန်းသီး

သဖန်းသီးတွေက အမျိုးသားရော အမျိုးသမီးမှာပါ လိင်စိတ် အားကောင်းစေတဲ့ သစ်သီးပါ။ အကြောင်းကတော့ သဖန်းသီးမှာ အမိုင်နိုအက်စစ် ပါဝင်မှု မြင့်မားလို့ပါပဲ။ အမိုင်နိုအက်စစ်ဟာ ပုံမှနှ် Sex လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပြီး ခန္ဓာကိုယ်ထဲမှာ
နိုက်ထရစ်အောက်ဆိုက် အဆင့်ကို တိုးစေပါတယ်။ သဖန်းသီးဟာ အာရုံခံစားမှုနဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့အတွက် အိမ်ထောင်ရေးမှာ အဆင်ပြေရတာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၃) ထောပတ်သီး

ထောပတ်သီးဟာ အိမ်ထောင်သည်တွေ စားသင့်တဲ့ သစ်သီးပါ။ အကြောင်းကတော့ ထောပတ်သီးမှာ ဖောလစ်အက်စစ် မြင့်မားစွာ ပါဝင်တာကြောင့် ပရိုတင်းဓာတ်တွေကို ချေဖျက်ကာ စွမ်းအင်အထွက် တိုးစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင် B6 လည်း ကောင်းကောင်း ပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ပြီး တိုးလာတဲ့ စွမ်းအင်ဟာ ကျားဟော်မုန်း တက်စတိုစတီရုန်းကို အထွက်တိုးစေပါတယ်။
ထောပတ်သီးမှာ ပိုတက်စီယမ် ပါဝင်မှုလည်း မြင့်မားတာကြောင့် အိမ်ထောင်သည် အမျိုးသမီးတွေ စားသင့်တာဖြစ်ပါတယ်။

(၄) ငှက်ပျောသီး

တစ်နေ့တာကို စတင်တဲ့ နံနက်ခင်းမှာ ငှက်ပျောသီးကို စားပေးပါ။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဘရိုမီလိန်းအင်ဇိုင်းဟာ အိမ်ထောင်သည်တွေရဲ့ စိတ်ဆန္ဒကို တိုးမြင့်စေပါတယ်။ ငှက်ပျောသီးဟာ ပိုတက်စီယမ်ပါဝင်မှု အမြင့်မားဆုံး သစ်သီးထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပြီး ဗီတာမင်ဘီ ပါဝင်တာကြောင့် စွမ်းအင်အဆင့်ကို တိုးမြင့်စေပါတယ်။

(၅) စွန်ပလွံသီး

စွမ်းအင်လျော့ကျမှုနဲ့ လိင်စိတ်ဆုံးရှုံးမှုတို့ကို တွန်းလှန်နိုင်ဖို့ စွန်ပလွံသီးကို စားပေးနိုင်ပါတယ်။ အမိုင်နိုအက်စစ် ပါဝင်တဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို
ပြေပျောက်စေပြီး စွမ်းအင်ကို တိုးစေနိုင်ပါတယ်။

ကေအမ်
ပုဂံအွန်လိုင်းမီဒီယာ

https://www.facebook.com/photo.php?fbid=168379053331889&set=a.131750700328058.

"အသီးမှာသရက်"



သရက်သီးဆိုတဲ့ သစ်သီးဟာ မကြိုက်တဲ့သူ အလွန်ရှားပါးပြီး အ နောက်နိုင်ငံ
တွေမှာတော့ သစ်သီးတို့ ရဲ့ဘုရင်လို့ ခေါ်ကြပါတယ်။ သရက်သီးမှာ ဗီတာမင်အေနဲ့စီအပြင် သတ္ထု ဓာတ်တွေဖြစ်တဲ့ ဖော့စဖရပ်၊ ကယ်လစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလဲြွကယ်ဝစွာပါဝင်ပါတယ်။ သရက်သီး ကိုပေါများစွာ
စိုက်ပျိုးထွက်ရှိတဲ့ ဒေသတွေကတော့ မြန်မာနိုင်ငံ၊ မလေးရှား၊ အိန္ဒိယ၊ ထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံတွေပဲ ဖြစ်ပါတယ်။

သရက်သီးရဲ့ကျန်းမာရေး စောင့်ရှောက်ပေးမှုလေးတွေကို ဖော် ပြပေးပါ့မယ်။

၁။ အဆီနဲ့သွေးအချိုဓာတ်ကို ထိန်း ညှိပေးပါတယ်။ လေ့လာမှုတွေအရ သရက်သီးမှာ ဇီဝလှုပ်ရှားမှုဖြစ်စဉ်တွေကို မြန်ဆန်စေတဲ့သဘာဝပစ္စည်းတွေ
ပါဝင်နေပါတယ်။ သရက်သီးဟာ အဆီကျဆေးတွေမှာပါဝင်တဲ့အာနိ သင်နဲ့ အလားတူပါတယ်။ နောက်ပြီး သရက်သီးဟာ leptin ဟော်မုန်း တွေကို
နည်းပါးစေတဲ့အတွက်အဆီ တွေဇီဝဖြစ်ပျက်မှုဖြစ်စဉ်ပေါ် ပေါက်ခြင်းကိုနှေးကွေးစေတာဖြစ်ပါတယ်။

အစာစားချင်စိတ်ကိုလည်း နည်းပါးစေပါတယ်။နောက်ပြီး သွေးတွင်းဂလူး
ကို့စ်တွေကိုလည်း ထိန်းညှိ ပေးနိုင်ပါတယ်။

၂။ သရက်သီးမှာ ပိုတက်ဆီယမ် ပါဝင်မှုများပြားတဲ့အတွက် နှလုံးခုန် သံစည်းချက်ကိုထိန်းချုပ်နိုင်ပြီး သွေး ပေါင်ချိန်ကို ထိန်းထားပေးပါတယ်။

၃။ ကင်ဆာရောဂါတွေကို ကာကွယ် ပေးနိုင်ပါတယ်။ လတ်လတ်ဆတ် ဆတ်သရက်သီးတွေမှာပါဝင်တဲ့ ပေါ်လီဖီနော်ဟာ ကင်ဆာဆဲလ်တွေ ကို သတ်ပစ်နိုင်ပါတယ်။ ကင်ဆာ ရောဂါဖြစ်စေတဲ့ ရောင်ရမ်းမှုဖြစ်စဉ် တွေကို
တားဆီးပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတဲ့အတွက်
သွေးကင်ဆာ၊ဆီးကျိတ်ကင် ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ်ပေး
နိုင်ပါတယ်။

၎။ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ပါဝင်မှု မြင့်မားတဲ့အတွက် ခုခံအား စနစ်ကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်ပါ တယ်။
၅။ သရက်သီးမှာပါဝင်တဲ့ အမျှင် ဓာတ်တွေ၊ အင်ဇိုင်းတွေဟာ အစာ ခြေခြင်း
ကို မြန်ဆန်စေပြီး ကိုယ်ခန္ဓာ အပူချိန်ကိုလည်း မျှတစေပါတယ်။ ဒါကြောင့် အခုလိုပူပြင်းနေတဲ့ အချိန် မှာသရက်သီးဖျော်ရည် အေးအေး လေးသောက်
ပေးနိုင်ပါတယ်။ သရက်သီးစိမ်းကတော့ နေပူလောင်ခြင်းကို တားဆီးပေးနိုင်
ပါတယ်။

၆။သရက်သီးမှာ ဗီတာမင် B6 ပါဝင် မှုကအာရုံကြောတွေကနေ ဦးနှောက် ကို ပို့ဆောင်ပေးတဲ့စနစ်ကို ပိုမိုလျှင် မြန်စေပါတယ်။

၇။ သရက်သီးမှာပါဝင်တဲ့ သတ္ထု ဓာတ်တွေဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်
မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။

သန့်စင်
ref;ANI
Health Updates Journal

https://www.facebook.com/photo.php?fbid=318492248281889&set=a.273551502775964.6

ကျန်းမာရေးအတွက် မိမိကိုယ်မိမိ ထိန်းသိမ်း စောင့်ရှောက်နည်း (SELFCARE)



ပန်းဥယျာဉ်ထဲရှိ ရေပိုက်များအတွင်း ရေများစီး ဆင်းနေသကဲ့သို့ သွေးသည်လည်း လူတို့၏ ခန္ဓာ ကိုယ်ထဲရှိ သွေးကြောများအတွင်း လှည့်ပတ်စီးဆင်းလျက်ရှိသည်။ ရေပိုက်ခေါင်းကို ဖွင့်လိုက်သည့်အခါ ပိုက်လိုင်းထဲတွင်ရှိသော ရေသည် အရှိန်ဖြင့် စီးဆင်းလာသကဲ့သို့ သွေးသည်လည်း သွေးကြောများအတွင်း အရှိန်ဖြင့် စီးဆင်းလျက်ရှိသည်။


နှလုံးတစ်ချက်ခုန်တိုင်း နှလုံးသည် သွေးကို သွေးကြောများထဲသို့ အရှိန်ဖြင့်တွန်းပို့သောအခါ သွေးဖိ အား တက်လာသည်။ ၎င်းကိုအပေါ်သွေးဟုခေါ်သည်။ အပေါ်သွေးသည် သာမန်အားဖြင့် (၁၂၀) မီလီမီတာ မာကျူရီ ရှိသည်။ နှလုံးခုန်နှုန်းတစ်ချက်နှင့်တစ်ချက်အကြား နှလုံးနားနေချိန်တွင် သွေးလွှတ်ကြောများအတွင်း သွေးဖိအား လျော့နည်းလာသည်။ ၎င်းကို အောက်သွေးဟုခေါ်သည်။ အောက်သွေးသည် သာမန်အားဖြင့် (၈၀) မီလီမီတာမာကျူရီ ရှိသည်။

သင်သည် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် အမြင်အာရုံေ၀၀ါးခြင်းများ ခံစားရသည့်အခါ ဆရာဝန်နှင့်သွားရောက်ပြသတိုင်ပင်သင့်သည်။ အချိန်တိုင်း သွေးပေါင်ချိန်တက်နေ သည့်အခါ သွေးကြောနံရံပေါ်သို့ အဆက်မပြတ်သက်ရောက်နေသော ပြင်းထန်များပြားသည့် ဖိအားသည် သွေးကြောများကိုသာမက နှလုံး၊ ကျောက်ကပ်၊ မျက်စိနှင့် ဦးနှောက် အပါအ၀င် အင်္ဂါများကိုလည်း ထိခိုက် ပျက်စီးစေနိုင်သည်။ သွေးပေါင်ချိန် 140/90mmHg နှင့် အထက် များခြင်းသည် ဆေးပညာအရ သွေးတိုး ရောဂါဟု သတ်မှတ်သည်။

သွေးကြောများအတွင်းရှိ ဖိအားကို နှလုံးခုန်နှုန်းကို ထိန်းခြင်းဖြင့်လည်းကောင်း၊ သွေးကြောများကို ကျယ်ပေးစေခြင်းဖြင့်လည်းကောင်း ထိန်းညှိပေးနိုင်သည်။ ထို့အတူ သွေးကြောအတွင်းရှိဖိအားကို ဘ၀နေထိုင် မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဖြင့်လည်း ထိန်းချုပ်နိုင်သည်။

S (Stop Smoking) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါသည်ဟူသော သတိပေးချက်အ တိုင်း ဆေးလိပ်သာမသောက်ပါက ကျန်းမာရေးကောင်းမွန် စေရန်အတွက် များစွာအထောက်အကူ ဖြစ်စေ နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါဖြစ်စေနိုင်သော အဓိကအကြောင်းအရင်းဖြစ်သည်။ ပြင်းပြင်းရှုရှိုက်လေ ပို၍ ရောဂါရလေပင်ဖြစ်သည်။သို့သော် သင်ဆေးလိပ်ဖြတ် လိုက်မည်ဆိုလျင် နှလုံးရောဂါ နှင့်သွေးကြောဆိုင်ရာရောဂါ များဖြစ်ပွားနိုင်သောအန္တရာယ်ကို တဖြည်းဖြည်း လျော့ချနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် နှလုံးနှင့်သွေးကြော ရောဂါများ အသက်အန္တရာယ်ကိုခြိမ်းခြောက်သည် အထိမစောင့် ဘဲ ယခုပင် ဆေးလိပ်သောက်ခြင်းကို ဖြတ်လိုက်ပါ။

E (Exercise Regularly) ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းသည် သွေးပေါင်ချိန်လျော့ ချရန်နှင့်သင်၏ကျန်းမာရေးကောင်းမွန်စေရန်အ တွက် များစွာအထောက်အကူပေးသော အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း အားဖြင့် နှလုံး၏လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ ကြွက်သားများ၏ တင်းအား၊ လျော့အားများကို ပုံမှန်ကောင်းမွန်စေရုံသာမက သွေးလှည့်ပတ်မှုကို အကောင်းဆုံးပုံမှန်ဖြစ်စေပြီး သွေးပေါင် တက်ခြင်းကိုပါ လျော့ကျစေနိုင်ပါသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသော လေ့ကျင့်ခန်းအချို့မှာ လမ်းလျောက် ခြင်း၊ အနှေး ပြေးခြင်း (Jogging)၊ အမြန်ပြေးခြင်း (Running) ၊ စက်ဘီးစီးခြင်းနှင့် ရေကူးခြင်းတို့ဖြစ်သည်။

L (Limiting salt in your Diet) သင်၏အစားအစာထဲတွင် ဆားလျော့စားထားခြင်း (ဆားပါဝင်မှုကို ကန့် သတ်ထားခြင်း)

သွေးတိုးရောဂါနှင့် ဆားတွင်ပါဝင်သော ဆိုဒီယမ်ဓာတ်တို့၏ ဆက်နွယ်နေမှုကို တိတိကျကျ မည်သူမှ မဖော်ထုတ်နိုင်သေးပေ။အိမ်သုံးဆားနှင့် အချို့အစားအစာများ ပြုလုပ် ရာတွင်ပါဝင်သော ဆိုဒီယမ်ဓာတ်သည် အချို့လူများ၏ သွေးပေါင်ချိန်ကို တိုက်ရိုက်သက်ရောက်မှု ရှိသော်လည်း အချို့သောသူများတွင် အနည်း ငယ်သာ သက်ရောက်မှု ရှိသည်ကို တွေ့ရသည်။ လူတစ်ဦး နှင့်တစ်ဦး သက်ရောက်မှု မတူညီကြပေ။ အချို့ လူများသည် ၎င်းတို့စားသုံးသော အစား အစာများထဲတွင် ဆားပါဝင်မှုလျော့ချခြင်းအားဖြင့် သွေးတိုးရောဂါကို လွယ်လွယ်ကူကူပင် လျော့ချနိုင်သည်။ သွေးတိုးရောဂါနှင့်ပတ်သက်သော ကျွမ်းကျင် သည့်ပညာရှင်များက လူတစ်ဦးနေ့စဉ် စားသုံးသော အစားအစာထဲတွင် ဆားပါဝင်မှုကို (၂၄၀၀)မီလီဂရမ်၊ သို့မဟုတ် လ္ဘက်ရည် ဇွန်းတစ်ဇွန်း ထက်မပိုစေရန် ကန့်သတ်ထားသည်ကို လေ့လာတွေ့ရှိရပေသည်။


F (Fat Free Food) အဆီမပါသော အစားအစာများ

သွေးပေါင်ချိန်မြင့်တက်ခြင်းသည် အဆီနှင့် ကိုလက်စထရောပါဝင်မှုများသော အစားအစာများနှင့် ဆက်စပ်မှုရှိနေသောကြောင့် နေ့စဉ်စားသုံးသော အစားအစာများတွင် အဆီပါဝင်မှုလျော့ချရန် အရေးကြီး ပေသည်။ ကိုလက်စထရောနှင့် အဆီပါဝင်မှုများသော အစားအစာများကို လျော့စားပါ၊ အသားများနှင့် အတူ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံ များကို မျတစွာစားသုံးပါ။ မွေးမြူရေးအသားများ ထက်စာလျင် အရေပြားမပါသော ကြက်သား၊ ငါးများ၊ အဆီမပါသော (ထုတ်ထားသော) အသားများကိုသာ စားသုံးသင့်ပါသည်။ ကြက်ဥ၊ ဘဲဥများကို လျော့စားပါ။ ထို့အပြင် မိမိတို့အနေဖြင့်နွားနို့သောက်မည်ဆိုလျင် အဆီမပါသောနွားနို့ သို့မဟုတ် အဆီနည်းသောနွားနို့ (1% milk)ကိုသာ သောက်သင့်ပေ သည်။

ပြည့်ဝဆီပါဝင်မှုနည်းသော သင့်တင့်မျတသော အစားအစာများကိုသာ စားသုံးရန်အကြံပြု ထားပါ သည်။ အစားအလွန်အကျွံစားသုံးခြင်းမှရှောင်ကြဉ်ရန် အရေး ကြီးသည်။

သို့သော် အကြောင်းအရင်းမသိ သွေးတိုးရောဂါ ရှိသော်လည်း အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါ များ မရှိသည့်လူများတွင် စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ဖြစ်ပေါ်လာသည့် အကျိုးကျေးဇူးများမှာ ရှင်းလင်းတိကျစွာ မသိရှိရသေးပေ။

C (Control your Weight) သင်၏ခန္ဓာကိုယ် အလေးချိန်ကို ထိန်းပါ

ခန္ဓာကိုယ်အ၀လွန်ခြင်းနှင့် သွေးတိုးရောဂါသည် ဆက်စပ်လျက်ရှိသည်။ ၀မ်းဗိုက်တွင် အဆီစုနေသူ များသည် ကိုလက်စထရော မြင့်တက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများနှင့် ဆက်စပ်မှုရှိပေသည်။ ခန္ဓာ ကိုယ်အလေးချိန်လျော့ချခြင်းသည် နှလုံးရောဂါဖြစ်ပွားနိုင်မှု အန္တရာယ်ကိုလျော့ချနိုင်ရုံသာမက သွေးတိုးရော ဂါတွင် ကုသသော အချို့ဆေးဝါးများ၏ အကျိုးအာနိသင်ကို ပိုမိုအစွမ်းထက်မြက်စေပါသည်

သွေးပေါင်ချိန်များသော တစ်နည်းအားဖြင့် သွေးတိုးရောဂါရှိသော ခန္ဓာကိုယ်အ၀လွန်သည့် မည်သူမ ဆို ခန္ဓာကိုယ်အလေးချိန်လျော့ချရန် နည်းလမ်းများကို စတင်ပြုလုပ်သင့်ပါသည်။ ယင်းနည်းလမ်းများတွင် အစားအသောက် ပြုပြင်ပြောင်းလဲခြင်းနှင့် လေ့ကျင့် ခန်းပြုလုပ်ခြင်းတို့ ပါဝင်သည်။

A (Avoid Alcohol Intake) အရက်သောက် ခြင်းကို ရှောင်ပါ

အရက်သောက်ခြင်းဖြင့် သွေးပေါင်ချိန် မြင့်တက်စေပါသည်။ လူတစ်ယောက်သည် တစ်နေ့လျင် အရက်သုံး ခွက်ထက် ပိုမိုသောက်ပါက သွေးတိုးရောဂါဖြစ် ပွားစေပါသည်။ အရက်အလွန်အကျွံ သောက်သုံး ခြင်းသည် လေဖြတ်လေငန်းရောဂါ၊ အသည်းရောဂါနှင့် အခြားပြင်းထန်သည့်ရောဂါများ ဖြစ်ပွားစေနိုင်သည့် အန္တရာယ်ကို ပိုမိုမြင့်တက်စေပါသည်။ ထို့ပြင် အရက်ကြောင့် သွေးတိုးရောဂါကို ကုသ သည့် အချို့ဆေးဝါးများ၏ အကျိုးအာနိသင်ကို လျော့ကျစေနိုင်ပါသည်။

R (Reduce Stress) စိတ်ဖိစီးမှုများအား လျော့ချပါ

စိတ်ဖိစီးမှုကြောင့် သွေးပေါင်ချိန်မြင့်တက်စေသည်။ အချို့သောနည်းလမ်းများသည် စိတ်မကြည်မ သာဖြစ်မှု (စိတ်ညစ်ညူးမှု)များကို လျော့ကျစေပြီး ကျန်းမာရေးကောင်းမွန်စေရန်များစွာ အထောက်အကူပြု ပါသည်။ အချို့သောနည်းလမ်းများသည် မိမိတို့၏ဘ၀တွင် စားသောက်ပုံပြောင်းလဲခြင်း၊ အရက်သောက်ပုံ ပြောင်းလဲခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းစသည့် အရေးကြီးသည့် ဘ၀နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့တွင် အထောက်အကူ ဖြစ်စေနိုင်သည်။ သင့်အနေဖြင့် မည်သည့်အခြေအနေမျိုး တွင် စိတ်ဖိစီးမှုများတတ်သည်ကို အဓိကထားစဉ်းစား တွေးတောကာ ဖြစ်နိုင်လျင် ယင်းအခြေအနေမျိုးကို ရှောင်ရှားနိုင်ရန် နည်းလမ်းများ ကြိုတင်စဉ်းစားထား သင့်ပေသည်။

သင့်စိတ်ထဲတွင် ဖိစီးမှုများလာလျင် လမ်းလျောက်ပါ၊ သို့မဟုတ် ရေကူးပါ။ လေ့ကျင့်ခန်း ပြုလုပ် ခြင်းသည် အလွန်အံသြဖွယ်ကောင်းသော သဘာဝ စိတ်ဖိစီးမှုလျော့ကျစေသည့် စိတ်ငြိမ်စေသည့် နည်းလမ်း ပင်ဖြစ်သည်။ အနှိပ်ခံခြင်း၊ အသက်ပြင်းပြင်းရှုခြင်း၊ ယောဂကျင့်စဉ်ကျင့်ခြင်း၊ တရားထိုင်ခြင်းနှင့် အခြားစိတ် ဖိစီးမှုလျော့ကျစေသည့် နည်းလမ်းများကိုလည်း ကျင့်သုံးပါ။

သက်တောင့်သက်သာထိုင်၍ ကြွက်သားများကို လျော့ထားပါ။ စိတ်ထဲတွင် ရှိသမျသော စိတ်ဖိစီးမှု အားလုံးကို ဖယ်ထုတ်ပြီး သာယာချမ်းမြေ့ဖွယ် ကောင်း သော ပင်လယ်ကမ်းခြေရောက်နေသကဲ့သို့ စိတ်ထဲတွင် သဘောထားကာ မိမိ၏၀င်လေ၊ ထွက်လေကို နှာသီးဖျားတွင် သတိကပ်ထားခြင်းနည်းလမ်း၊ တနည်းအား ဖြင်တရားထိုင်၊ တရားမှတ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျ စေနိုင်ပါသည်။

E (Early Detection and Prevention) စောစော စမ်းသပ်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း

သင့်အနေဖြင့် အသက်ရှုရာတွင် ခက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း များ ဖြစ်ပေါ်လာပါက သင့်ဆရာဝန်ထံ သွားရောက်ဆွေးနွေး တိုင်ပင်သင့်သည်။ နှလုံးရောဂါနှင့် သွေးကြော ဆိုင်ရာရောဂါများ သင့်အား တိုက်ခိုက်လာချိန်အထိ မစောင့်ပါနှင့်။ သင့်၏ ဆရာဝန်ထံ ချက်ချင်းသွား ရောက်၍ ဆွေးနွေး တိုင်ပင်ပြီး သင့်လျော်သောကုသမှုကိုခံယူပါ။ သင့်အား ပေးလိုက်သည့် ဆေးအမည် များအား သိအောင်ကြိုးစားပြီး မှတ်သားထားပါ။ ထို့ပြင် မည်သည့် ဆေးဝါးများကို ပေးလိုက်သည်၊ မည်မျ ပမာဏကို မည်သည့်အကြိမ် အရေအတွက်ဖြင့် သောက်သုံးရမည်ကို စာရင်းပြုစု၍ ချရေးထားပါ။ ယင်းသည် နောင်တချိန်တွင် များစွာအသုံးဝင် လာနိုင်ပါသည်။

ဆေးဝါးများကို ပုံမှန်သောက်သုံးပါ။ ဆေးကုန် သွားပြီဆို၍ ဖြတ်မပစ်ပါနှင့်။ မိမိသောက်ရမည့် ဆေးပမာဏကို မေ့သွားခဲ့လျင် မည်သို့ပြုလုပ်ရမည်ကို သိအောင်ကြိုးစားပါ။ ဆေးပုလင်းတစ်လုံးထဲတွင် ဆေးများအားရောမထည့်ပါနှင့်။ ဆေးဝါးများကို သူ့ပုလင်းနှင့်သူ ခွဲခြားသတ်မှတ်ပြီး ထည့်ထားပေးပါ။ အခြားသူများ၏ ဆေးများကိုယူ၍ သောက်သုံးခြင်း၊ မိမိဆေးများကို သူတစ်ပါးအားပေးသောက်ခြင်းများ မပြုလုပ်ပါနှင့်။ သိချင်သည်များကို ရင်းနှီး ပွင့်လင်းစွာမေးမြန်းပါ။ ယင်းမေးခွန်းများသည် အမှန်တကယ် အားဖြင့် မေးသင့်မေးထိုက်သော မေးခွန်းများသာ ဖြစ်ပေသည်။


https://www.facebook.com/photo.php?fbid=318495191614928&set=a.273551502775 
  

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ



ဂျင်း


ဂျင်းက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။

လေးညှင်းပွင့်

သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။


ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်

Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။

Peppermint မှရတဲ့အဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။

စပျစ်သီး

စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက် ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။

နာနတ်သီး

နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

ချယ်ရီသီး

ချယ်ရီသီးကတော့ ဦးခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။

ခရမ်းချဉ်သီး

ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။




ဆေးလိပ် ဖြတ်ကြပါစို့



ကမ္ဘာပေါ်မှာ လူသားတွေ ဆေးလိပ် သောက်သုံး လာခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆေးလိပ်က ပေးတဲ့ ဆိုးကျိုး အန္တရာယ်များ အကြောင်းကို သိရှိ လာခဲ့ကြတာ ကတော့ နှစ်ကာလ အားဖြင့် သိပ်ပြီး မကြာလှ သေးပါဘူး။ ဆေးလိပ် သောက်ခြင်းဟာ တစ်ခဏတာ ကာလ အတွင်းမှာတော့ အာရုံကြောများ ပြေလျော့ကာ စိတ်ကို ကြည်လင် လန်းဆန်းသယောင် ထင်ရတဲ့ အတွက် လူသားတွေက (လူသား အားလုံး မဟုတ်ပါ) စွဲလမ်း နှစ်ခြိုက်စွာ သောက်သုံး နေကြတာ ဖြစ်ပါတယ်။

ဆေးလိပ်များကို ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံနှင့် စီးကရက် စသည်ဖြင့် ခွဲခြား နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်ဆေးလိပ် အမျိုးအစားပဲ ဖြစ်ဖြစ် ဆေးရွက်ကြီးကို အဓိက အခြေခံပြီး ပြုလုပ် ကြရတာဖြစ်ပါတယ်။ ၎င်းတို့ကို သောက်ရှူမယ် ဆိုရင် အခိုးအငွေ့ တွေဟာ ပါးစပ်က တစ်ဆင့် အဆုတ် အတွင်းသို့ ရောက်ရှိပြီး ကျန်းမာရေး ဆိုင်ရာ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဆိုးကျိုး ဖြစ်စေတဲ့ အဓိက အချက်ကတော့ နီကိုတင်းလို့ ခေါ်တဲ့ အလွန် စွဲလမ်းစေပြီး အလွန်လည်း အန္တရာယ် များတဲ့ ဓာတ်ပစ္စည်း တစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ဆေးလိပ်ငွေ့ ထဲမှာ လူသားတွေရဲ့ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း အမျိုးပေါင်း မြောက်မြားစွာ ပါဝင်တယ်လို့ သုတေသီ တွေက ဆိုထားပါတယ်။

ဆေးလိပ်တစ်လိပ် သောက်လျှင် ငါးမိနစ် အသက် တိုစေပါတယ်။ ဆေးလိပ်စသောက်သည့် အရွယ်စောလျှင် အသက်ကို ပို၍ တိုစေပါတယ်။ ဆေး လိပ်သောက်သော သူသည် အိပ်၍ မရခြင်း၊ စိတ်ဓာတ်ကျ လွယ်ခြင်းများ ပိုမိုဖြစ်ပွား စေနိုင်ပါတယ်။ ကလေးများတွင် စာသင်ကြားမှုကို ထိခိုက် စေနိုင်ပါတယ်။ ဆေးလိပ် သောက်သူများဟာ ခန္ဓာကိုယ် အလေးချိန်ကို လျော့စေပါတယ်။ အားကစားကိုလည်း ထိခိုက်
စေနိုင်ပါတယ်။

ဆေးလိပ် သောက်ခြင်းကြောင့် မျက်စိကွယ် ရောဂါ၊ ခံတွင်း ကင်ဆာရောဂါ၊ နှလုံး သွေးကြောနှင့် အခြား သွေးကြော ကျဉ်းသည့် ရောဂါ၊ လေဖြတ် သည့် ရောဂါနှင့် နှလုံး ရုတ်တရက် ရပ်သည့် ရောဂါ၊ အဆုတ် ကင်ဆာ ရောဂါနှင့် ရင်ကျပ်ပန်းနာ ရောဂါများ၊ အဆုတ်ပွ ရောဂါ၊ အစာအိမ် ရောဂါ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ကင်ဆာ ရောဂါများကို ပိုမို ဖြစ်ပွား စေတတ်ကြောင်း ပညာရှင် များမှ ဆိုထားပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ် သောက်ခြင်းကြောင့် ကိုယ်ဝန် ပျက်ကျတတ်ခြင်း၊ လမစေ့ဘဲ မွေးဖွားတတ်ခြင်း၊ ပေါင်မပြည့်သည့် ကလေးများ မွေးဖွားတတ်ခြင်း၊ ကလေးအသေ မွေးတတ်ခြင်း စတာတွေ ဖြစ်ပွား စေနိုင်ပါတယ်။ အမျိုးသားတွေ အနေနဲ့လည်း ဆေးလိပ် သောက်ပါက သားသမီး မရနိုင်ခြင်း၊ အိမ်ထောင်ရေး သုခ အပြည့်အဝ မခံစားရခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
မိမိကိုယ်တိုင် ဆေးလိပ် မသောက်သော်လည်း ဆေးလိပ် သောက်နေသူ အနားမှာ နေလျှင် ၎င်းရဲ့ ဆေးလိပ် မီးခိုးအငွေ့ကို ရှူမိတဲ့ အတွက် နှလုံးရောဂါနှင့် အဆုတ် ရောဂါများ သာမန်လူထက် ပိုဖြစ်စေ နိုင်ပါတယ်။
ဘယ်သူမဆို ဆေးလိပ် သောက်ပါက လက်ငင်း ကြုံတွေ့ရမှာ တွေကတော့ ဆေးလိပ်ဝယ်ရန် အတွက် ငွေကြေး ကုန်ကျခြင်း၊ ဆေးလိပ် မီးပွားကြောင့် အဝတ် အထည်များ မီးပေါက်ခြင်း၊ ဆေးလိပ် မီးပွားကြောင့် မတော်တဆ မီးလောင်မှု ဖြစ်ပွားပြီး အသက်၊ အိုးအိမ်၊ စည်းစိမ်များ ပျက်စီး ဆုံးရှုံးရခြင်း စတဲ့ မလိုလား အပ်တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင် ကြရပြီး နောက်ပိုင်းမှာတော့ ဆေးလိပ် သောက်ခြင်းကြောင့် ရလာသော ရောဂါများကို ကုသ ရသဖြင့် ဆေးဖိုးဝါးခ ကုန်ကျရခြင်း၊ အသက် ဆုံးရှုံးရခြင်း စသည်ဖြင့် နောက်ဆက်တွဲ ဆိုးကျိုး များစွာကို ရင်ဆိုင် ခံစားကြရမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို သတိပြုမိ လာခဲ့ကြတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှ အစိုးရများ အနေနဲ့ ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို
အားသွန်ခွန်စိုက် ဆောင်ရွက် ခဲ့ကြတဲ့ အတွက် အဆိုပါ နိုင်ငံတွေမှာ ဆေးလိပ် သောက်သုံးမှုတွေ သိသိသာသာ ကျဆင်း လာခဲ့ပါတယ်။ ဆေးလိပ် ကြော်ငြာတွေကို ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ စတဲ့လူထု ဆက်သွယ်ရေး လမ်းကြောင်းတွေက တစ်ဆင့် လွတ်လပ်စွာ ကြော်ငြာခွင့် မပြုခြင်း၊ စာသင်ကျောင်းနှင့် ငါးမိုင် အကွာအဝေး အတွင်း ဆေးလိပ် ကြော်ငြာများ ခွင့်မပြုခြင်း စတာတွေဟာ အတုယူ မှတ်သားထိုက်တဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး အနေနဲ့လည်း  ကြီးထွားလာတဲ့ ဆေးလိပ် အန္တရာယ်ကို အချိန်မီ ထိန်းချုပ်ကာကွယ်နိုင်ဖို့ အတွက် ဆေးလိပ် ကင်းစင်သော ကမ္ဘာကြီး ဖြစ်လာစေရန် နှစ်စဉ် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့ (World No Tobacco Day) အဖြစ် သတ်မှတ်ပြီး ဆေးလိပ် အန္တရာယ် ကာကွယ်ရေး အတွက် အထိမ်းအမှတ် အခမ်းအနား များကို ကမ္ဘာအနှံ့ ပြုလုပ် ခဲ့ပါတယ်။
ယခုနှစ် ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့ အတွက် သတ်မှတ် ပေးထားတဲ့ ဆောင်ပုဒ်ကတော့ ''ဆေးလိပ် ဆေးရွက် အန္တရာယ်၊ ပြည်သူအများ သတိပြုဖွယ်၊ အရောင်းမြှင့်တင် ကြော်ငြာများ၊ ဥပဒေဖြင့် တားမြစ်ထား'' ဖြစ်ပါတယ်။
 ဆေးလိပ် ဖြတ်ကြပါစို့
စာရေးသူတို့ နိုင်ငံမှာလည်း   ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို နိုင်ငံတော်မှ ဦးဆောင်ပြီး ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ ဆေးလိပ်နှင့် ဆေး ရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂ဝဝ၆ ခုနှစ် မေလ ၄ ရက်နေ့ ကတည်းက နိုင်ငံတော်မှ ပြဋ္ဌာန်း ထားခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေသည် ထုတ်ပြန် ကြေညာပြီး တစ်နှစ် ပြည့်မြောက် ပြီးသည့်နေ့မှ စ၍ အာဏာ တည်ရမည်ဟု ပြဋ္ဌာန်းထားသည့် အတွက် ၂ဝဝ၇ ခုနှစ် မေလ ၄ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်း အာဏာ သက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ဥပဒေသည် နိုင်ငံသူ နိုင်ငံသား တို့၏ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး အဆင့်အတန်း တိုးတက် မြင့်မားရေး အတွက် အလွန် ကောင်းမွန်သော ရည်ရွယ်ချက် များဖြင့် ရေးဆွဲ ပြဋ္ဌာန်း ထားခြင်း ဖြစ်ပါတယ်။
သို့ပါသော်လည်း အဆိုပါ ဥပဒေ အပေါ်တွင် ပြည်သူတို့၏ အလေးထား လိုက်နာမှုမှာ အားရ ကျေနပ်ဖွယ်ရာ မရှိသေး တာကို တွေ့နေရပါတယ်။ ဘတ်စကားများ ပေါ်တွင် ဆေးလိပ် မသောက်ရဟု စာရေး ထားသော်လည်း စီးကရက်ခဲပြီး ကားမောင်းနေတဲ့ ယာဉ်မောင်းတွေ၊ ကားစပယ်ယာတွေ ရှိနေပါသေးတယ်။
ရုံးတွေမှာလည်း ဆေးလိပ် မသောက်ရလို့ ရေးထားပေမယ့် ဆေးလိပ်ဖွာပြီး အလုပ်လုပ် နေကြတဲ့ ရုံးဝန်ထမ်းတွေ ရှိနေပါသေး တယ်။ ဆေးလိပ် သောက်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရုပ်ရှင်ရုံ တွေမှာလည်း ဆေးလိပ် သောက်နေသူတွေ စသည်ဖြင့် အမြင် မတော်တဲ့၊ မလုပ်သင့်တဲ့ လုပ်ရပ်တွေကို လုပ်နေသူတွေ ရှိနေပါသေးတယ်။ စာသင်ကျောင်း ပရဝဏ်မှ ပေ ၁ဝဝ အတွင်း ဆေးလိပ် ရောင်းချ နေ တာတွေကို အရေးယူ တာတွေ မရှိသေးပါဘူး။ အသက် ၁၈ နှစ် မပြည့်သေးသူကို ဆေးလိပ် ရောင်းချ ပေးနေတာတွေ ရှိနေပြီး အသက် ၁၈ နှစ်မပြည့်သေးသူ ကိုယ်တိုင်ကလည်း ဆေးလိပ် ရောင်းချ နေတာတွေကို တွေ့နေရပါတယ်။ တံဆိပ်မျိုးစုံနဲ့ စီးကရက်တွေကို မည်သည့်ဆိုင်မှာ မဆို တစ်လိပ်ချင်းဝယ်လို့ ရနေပါသေးတယ်။ ဥပဒေ အရဆိုပါက စီးကရက်ကို တစ်လိပ်ချင်း ဖြစ်စေ၊ အလိပ် ၂ဝ ထက် နည်းသော အထုပ်ဖြင့် ဖြစ်စေ ရောင်းချမယ် ဆိုရင် အရေးယူလို့ ရပါတယ်။ ပြည်သူများ အနေနဲ့လည်း ဥပဒေနဲ့ အညီ ကျင့်သုံး လိုက်နာကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။
ဆေးလိပ် သောက်တာ အပြင် ရှောင်ကြဉ် သင့်တာတွေ ရှိပါသေးတယ်။ ဒါကတော့ ဆေးရွက်ကြီးကို နည်းမျိုးစုံနဲ့သုံးတဲ့ ဓလေ့ဖြစ်ပါတယ်။ နယ်ဘက်တွေမှာ ပိုများပါတယ်။ အဲဒါကတော့ ဆေးရွက်ကြီးကို ငုံတဲ့ဓလေ့၊ ကွမ်းယာစားရင် ဆေးရွက်ကြီး ထည့်စားတဲ့ ဓလေ့ ဖြစ်ပါတယ်။ ဒါတွေအပြင် အချို့သော လယ်ယာ လုပ်သားကြီးတွေ လယ်ယာထဲမှာ အလုပ် လုပ်ကြတဲ့အခါ မျှော့တွယ်ပါက အလွယ်တကူ ကွာကျစေရန် အတွက် ပါးစပ်အတွင်း ငုံထားသော ဆေးရွက်ကြီး ဖတ်များဖြင့် ကပ်သည့် ဓလေ့နှင့် ယားနာများ ပျောက်စေရန် ဆေးရွက်ကြီး ပြုတ်ထားသောရေ၊ စိမ်ရေများဖြင့် အနာကို ရေဆေးသည့်  ဓလေ့များ ရှိကြပါ
တယ်။ ဒါမျိုးတွေကို လုံးဝ မပြုလုပ်သင့်ပါဘူး။ အဲဒီလို ပြုလုပ်ခြင်းကြောင့် ဆေးရွက်ကြီးမှာ ပါတဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေ ခန္ဓာကိုယ် ထဲကို ရောက်ရှိ သွားစေနိုင်ပါတယ်။
ဆေးလိပ် မသောက်ကြဖို့၊ ဆေးရွက်ကြီး မသုံးစွဲ ကြဖို့အတွက် ပညာပေးမှုတွေ ဘယ်လိုပဲ ဆောင်ရွက် နေသည် ဖြစ်စေ လူအများရဲ့စိတ်ထဲ မှာ ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီး ငုံတာ စတဲ့ ကိစ္စတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက် စေတယ်လို့ ဆိုတာကို သဘောပေါက် နားလည်လက်ခံ လိုက်နာခြင်း မရှိသေးသမျှ ကာလပတ်လုံး ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းများ ထိရောက် အောင်မြင်နိုင်မယ် မဟုတ်ပါဘူး။
ဆေးလိပ်သောက်မှ ခေတ်မီသည်။ ဆေးလိပ်သောက်မှ လူရာဝင်သည်။ ဆေးလိပ်သောက်မှ ယောက်ျားပီသသည်၊ စတိုင်ကျသည် စတဲ့ အတွေးအခေါ် အယူအဆတွေဟာ ယနေ့ခေတ် ကာလနှင့် မကိုက်ညီတော့ပါ။ ဆေးလိပ်သောက်ရင် ဖြစ်ပေါ် ခံစားရမယ့် ရောဂါ ဝေဒနာတွေ အပြင် သတိမမူမိတဲ့ ဆိုးကျိုးတွေ ဖြစ်တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မိသားစုနှင့် တစ်ဦးချင်း ကုန်ကျစရိတ် ပိုမို များပြားမှု၊ ရောဂါ ဖြစ်ပွားမှုကြောင့် စီးပွားရေးနှင့် ကုန်ထုတ်လုပ်အား ကျဆင်းမှု၊ ဆေးလိပ်ကြောင့် ဖြစ်ပွား နိုင်သော မီးဘေး အန္တရာယ် စသည်ဖြင့် ဆိုးကျိုး အသွယ်သွယ်ကိုလည်း ခံစားရမှာဖြစ်ပါတယ်။
ဒါကြောင့် မိမိ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကို ထိခိုက် စေရုံသာမက၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ မိမိ၏ ချစ်ခင်သော မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်း၊ ဆွေမျိုး ဉာတိများ၏ ကျန်းမာရေး ကိုပါ ထိခိုက် စေနိုင်သဖြင့် ဆေးလိပ်ကို ရှောင်ကြဉ် သင့်ပါတယ်။ ဆေးလိပ်ကို လျှော့သောက်၍ အကျိုးမရှိပါ။
လုံးဝ မသောက်မှသာ ဆေးလိပ် ရှောင်ကြဉ်သည့် အကျိုး ရလဒ်ကို ခံစားရမှာ ဖြစ်ပါတယ်။ ဆေးလိပ်သည် စွဲလမ်း စေတတ်၍ စမသောက် မိစေရန် အလွန် အရေးကြီးပါတယ်။
အထူးသဖြင့် မျိုးဆက်သစ် လူငယ် လူရွယ်တွေကို ဆေးလိပ် စတင် မသောက်သုံး မိစေရန် ပညာပေး စည်းရုံး ဆောင်ရွက် နိုင်ကြမယ် ဆိုရင် နောင်အနာဂတ် ကာလ၌ ဆေးလိပ် ကင်းစင်သော လူသား မျိုးဆက်သစ်များ ဖြစ်စေရေးကို များစွာ အထောက်အကူ ပြုမှာဖြစ်ပါတယ်။ အင်မတန်မှ မွန်မြတ်လှတဲ့ အဆိုပါ လုပ်ငန်းကြီး အောင်မြင်စေရန် အတွက် လူကြီးမိဘများ ကိုယ်တိုင်က ဆေးလိပ် မသောက်ဘဲ နေပြီး  (ဆေးလိပ် စွဲနေသော်လည်း စိတ်ကိုတင်း၍ အောင်မြင်စွာ ဖြတ်နိုင်ပါတယ်) ပူးပေါင်း ပါဝင် ဆောင်ရွက်ကြမှသာ အပြည့်အဝ အောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ မဝေးကွာလှတဲ့ အနာဂတ် ကာလ တစ်ခုမှာ ဆေးလိပ် ကင်းစင်သော လူသား မျိုးနွယ်ဆက်များ လွှမ်းမိုးသည့် ဆေးလိပ် ကင်းစင်သော ကမ္ဘာ လောကကြီး (Tobacco Free World) ဖြစ်ပေါ် လာစေရေး အတွက် ပူးပေါင်း ပါဝင် ဆောင်ရွက်သည့် အနေဖြင့် ဆေးလိပ် မသောက်ကြ ပါရန်နှင့် ဆေးလိပ်သောက်သုံး နေကြသူများ ဖြစ်ပါကလည်း ယခု အချိန်မှ စတင်၍ ဆေးလိပ် ဖြတ်ကြပြီး လူသား အကျိုးပြု လုပ်ငန်းတစ်ခု ဖြစ်သည့် ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းများတွင် တစ်ဖက် တစ်လမ်းမှ ပါဝင် ဆောင်ရွက်နိုင်ရန် အတွက် ဆေးလိပ် ဖြတ်ကြပါစို့ဟု ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့အား ဂုဏ်ပြု၍ တိုက်တွန်း ရေးသားအပ် ပါတယ်။

~နွားနို့ စွမ်းချက် ဒီကိုးချက်~



(၁)နံနက်ခင်းအိပ်ရာထပြီး မျက်ခွံဖောင်ရောင်လာသည်ကိုတွေ့လျှင် နွားနို့ထဲ ရှာလကာရည်နှင့်ရေနွေးအနည်းငယ်ရောထည့်ပြီးယင်းအရည်ဖြင့်မျက်ခွံပေါ်တွင်(၃)မိနစ်၊(၅)မိနစ်ခန့်ထပ်ကာထပ်ကာသုတ်ပေးပါ။
ပြီးလျှင်ပူနွေးသောမျက်နှာသုတ်ပုဝါဖြင့်တစ်မိနစ်မျှအုံပေးပါ။ဖောရောင်မှုကိုပျောက်ပြေသွားမည်ဖြစ်ပါသည်။

(၂)ကြက်သွန်ဖြူအစိမ်းကိုကိုက်စားပြီးနွားနို့တစ်ခွက်ကိုသောက်ပေးလျှင်ကြက်သွန်ဖြူအနံ့နံစေခြင်းကိုပျောက်စေပါသည်။

(၃)ဟင်းလျာများကြော်ရာတွင်အရသာငန်နေပါလျှင်နွားနို့ကိုအနည်းငယ်ဆမ်းပေးပါ။ဟင်းလျာအရသာသည်ပေါ့သွားပါလိမ့်မည်။

(၄)ငါးကိုမကြောမီနွားနို့ထဲအချိန်အနည်းငယ်စိမ်ပြီးကြော်လျှင်ငါးဟင်းမှာမညှီဘဲအရသာပိုကောင်းလာပါလိမ့်မည်။ငါးဟင်းကိုချက်သည့်အခါဟင်းအိုးထဲနွားနို့အနည်းငယ်ဆမ်းပေးလျှင်ငါးဟင်းမှာမညှီတော့ဘဲနူးညံ့ပြီးအရ
သာမှာဆိမ့်လာပါလိမ့်မည်။

(၅)နွားနို့ဖြင့်မျက်နှာသစ်လျှင၊်လက်ပေါ်ကိုလိမ်းကျံလျှင်မျက်နှာနှင့်လက်အရေပြားအားနူးညံ့ညက်ညောလာနိုင်မည်ဖြစ်ပါသည်။

(၆)အသားသွတ်ကြက်ဥကိတ်မုန့်အခွံလွှာကိုကြော်သည့်အခါနွားနို့နှင့်ကြက်ဥရောစပ်ပြီးကြော်လျှင်အခွံလွှာမှာပျော့အိပြီးအရသာပိုကောင်းလာပါလိမ့်မည်။

(၇)အ၀တ်အစားပေါ်မင်စွန်းထင်းလျှင်ရေသန့်ဖြင့်အရင်ဆေးပြီးမှနွားနို့ဖြင့်နောက်ထပ်ဆေးပေးပါ။ပြီးလျှင်ချေးချွတ်ရည်ဖြင့်ဆက်ဆေးပြီးလျှော်ဖွပ်ပေးပါ။မင်စွန်းများမှာလုံးဝပျောက်သွားပါလိမ့်မည်။

(၈)နွားနို့ထဲရေကိုအနည်းငယ်ရောပြီးပန်းမန်များအားလောင်းပေးလျှင်မည့်သည့်ပန်းမန်မဆိုရှင်ရှင်သန်သန်ရှိလာပါလိမ့်မည်။

(၉)နွားနို့အကြွင်းအကျန်ဖြင့်သားရေဖိနပ်(သို့)အခြားသားရေထည်များကိုတိုက်ပေးလျှင်သားရေမျက်နှာပြင်ကို
မကွမအက်အောင်ကာကွယ်နိုင်မည့်အပြင်သားရေထည်များကိုလည်းနူးညံ့လှပလာစေမည်။

(၁၀)အ၀တ်စဖြင့်နွားနို့ကိုတို့ပြီးပရိဘောဂများကိုတိုက်ပေးလျှင်အညစ်အကြေးကိုကျွတ်ပြောင်လက်လာစေမည်။

post by နှင်းဆီဖူးလေးများ-Love BUDS

https://www.facebook.com/photo.php?fbid=423682537729583&

လက်ဖက်ရည်ကြမ်း အလွန်အကျွံ သောက်သုံးပါက ပုံမှန် မဟုတ်သော အရိုးရောဂါများ ခံစားရနိုင်



အမေရိကန်နိုင်ငံ မီချီဂန် ပြည်နယ် ဒန်းထရွိုက်မြို့တွင် အသက် ၄၇ နှစ်ရှိ အမျိုးသမီး တစ်ဦးသည် နှစ်ပေါင်း ၁၇ နှစ်ဆက်တိုက် တစ်နေ့လျှင် ရေနွေးတစ်အိုးအား လက် ဖက်ခြောက် အထုပ် ၁ဝဝ ထည့်၍ နေ့ စဉ် သောက်သုံးမှုကြောင့် အမေရိကန် နိုင်ငံတွင် ရှားရှားပါးပါး တွေ့ကြုံရသည့် အရိုးရောဂါ တစ်မျိုးအား ခံစားခဲ့ရသည်။

၎င်းသည် ကျောရိုး၊ လက်မောင်း၊ ခြေထောက်များနှင့် တင်ပါးဆုံရိုးများ နာကျင်မှုအား ငါးနှစ်ကြာ ခံစားခဲ့ရပြီး နောက် ဆရာဝန်နှင့် သွားရောက် ပြသခဲ့သည်။ ဟင်နရီဖို့ဒ် ဆေးရုံမှ ဒေါက်တာ Sudhaker D.Rao သည် ၎င်းအား ဓာတ်မှန်ရိုက် ကြည့်သည့်အခါ ကျောရိုးမကြီးရှိ အဆစ်များတွင် အရိုး သိပ်သည်းစ များပြားပြီး လက်မောင်းရှိ အရွတ်များမှာ ထုံးဓာတ်များ ပြားလျက်ရှိကြောင်း တွေ့ရှိရသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရေနှင့်လက်ဖက်ရည် ကြမ်းတို့တွင် တွေ့ရှိရသော ဖလိုရိုဒ်ဓာတ်များ များပြားစွာ သုံးစွဲမှုကြောင့် အရိုးရောဂါ တစ်မျိုးဖြစ်သည့် Skeletal Fluorisis ရောဂါ ဖြစ်ပွားနေကြောင်း လေ့လာ တွေ့ရှိခဲ့ကြသည်။ ၎င်း၏ သွေးအတွင်းရှိ ဖလိုရိုဒ် ပမာဏမှာ သာမန် လူများထက် လေးဆခန့်များ နေပါသည်။


 ထိုရောဂါသည် သောက်သုံးရေတွင် ဖလိုရိုဒ်ဓာတ် များပြားစွာ ပါဝင်သည့် အိန္ဒိယနိုင်ငံရှိ ဒေသအချို့နှင့် တရုတ်နိုင်ငံ တို့တွင် အများဆုံး ဖြစ်ပွားလေ့ရှိပြီး ဥရောပနှင့် မြောက်အမေ ရိကတွင် မရှိသလောက် နည်းပါးကြောင်း သိရသည်။ ပုံမှန်အားဖြင့် ကျောက်ကပ်သည် ပိုလျှံသော ဖလိုရိုဒ်များအား ဖယ်ရှားပေးပြီး ၎င်းအမျိုးသမီးကဲ့သို့ လက်ဖက်ရည်ကြမ်း အလွန်အကျွံ သောက်ခြင်းကြောင့် အလွန် များပြားလှသော ဖလိုရိုဒ်များ အား ကျောက်ကပ်မှ မဖယ်ရှား ပေးနိုင်တော့ပဲ အရိုးများအတွင်း အနည်ထိုင် လာခြင်းဖြစ်ကြောင်း ဒေါက်တာ Rao က ပြောကြားခဲ့သည်။ ၎င်းအမျိုးသမီးသည် တစ်နေ့လျှင် လက်ဖက်ရည်ကြမ်း တစ်ဂါလန်ခန့် သောက်သုံးခဲ့ကြောင်း ဒေါက်တာ Rao က ပြောကြားခဲ့ပြီး ၎င်း၏ ရောဂါဝေဒနာ လက္ခဏာများ သက်သာလာပါက လက်ဖက်ရည်ကြမ်း အား မသောက်သုံးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ အနည်ထိုင်နေသော ဖလိုရိုဒ်ဓာတ်များသည် အရိုးများ၏ ပြုပြင် ပြောင်းလဲမှုကြောင့် တဖြည်းဖြည်း ကွယ်ပျောက် သွားမည်ဖြစ်ပြီး ၎င်း ဖြစ်စဉ်သည် လူ့ခန္ဓာကိုယ်တွင် မကြာ ခဏဖြစ်ပွားနေကြောင်း သိရသည်။




Share:

0 comments:

Post a Comment

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.