nicolelwin

Monday, June 16, 2014

ဒေါ်အောင်ဆန်းစုကြည်သမတဖြစ်ဘို့ပြည်သူပေါ်မှုတည်
ဂျွန်လ ၁၆ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သူ့အနေနဲ့ ၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်ရေး မဖြစ်ရေးဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာ မူတည်နေကြောင်း ပြောကြား လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ် ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး  နီပေါနိုင်ငံကနေ မထွက်ခွာခင်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်း ပုံပြင် - မပြင် ဆိုတာနဲ့ သူ့ကိုသမ္မတအဖြစ် ရွေးလို -
မလို ဆိုတဲ့အပေါ် ပြည်သူတွေရဲ့ ဆန္ဒကသာ အဓိကဖြစ်ပါတယ်လို့  သူ့ရဲ့ ခရီးစဉ်နောက်ဆုံးနေ့ဖြစ် တဲ့ ဒီကနေ့မှာ ပြောလိုက်တာပါ။

နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက် ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေမှာ  ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.