nicolelwin
Thursday, June 12, 2014
ပီနန်ဆရာတော်ကျောင်းချိတ်ပိတ်ခံရ
ဂျွန်လ ၁၀ ရက်။
ကျောင်းကို ရုတ်တရက် ဝင်ရောက်ရှာဖွေပြီးတဲ့နောက် ချိတ်ပိတ်လိုက်တာလို့  ကျောင်း ကိုခေတ္တစောင့်ရှောက်နေတဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဆရာတော် ဦးဥတ္တရက မနေ့ညက သံဃာ့မဟာနာယ ကရုံးထဲကနေ RFA ကိုမိန့် ပါတယ်။
"ဘုန်းကြီးတို့ပစ္စည်းတွေ သိမ်းပြီးတော့ သူတို့ကရဲနဲ့ တိုင်းသံဃာ့နာယကနဲ့ တိုင်းသာသနာရေးမှူးတွေနဲ့ ချိတ်ပိတ်မှာပေါ့၊ ဟိုဘက်ဒီဘက် အငြင်းပွားမှုတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဒီကျောင်းကနေဖယ်ပေးဖို့ ချိတ်ပိတ်လိုက်တယ်၊ တကယ်လို့ တရားစွဲလို့နိုင်တယ်ဆိုရင် နိုင်တဲ့သူကို ဖွင့်ပေးမယ်လို့ပြောတယ်"
လောလောဆယ်မှာ ပီနန်ဆရာတော်ကြီးက ဂျပန်နိုင်ငံကို ခေတ္တရောက်နေတဲ့အတွက် ဆရာတော်ကို RFA က ဆက်သွယ်လျှောက်ထား မေးမြန်းတဲ့အခါ ဆရာတော်က
"သံဃာ့နာယကကလည်း သူတို့ပိုင်တယ်လို့ပြောတယ်၊ ဘုန်းကြီးကလည်း ဘုန်းကြီးပိုင်တယ်၊ ဘုန်းကြီးမှာ ဂရန်လည်းရှိတယ်၊ သာသနာ့မြေပေးထားတာကလည်း ဘုန်းကြီးနာမည်ပေးထားတာ၊ တကယ်လို့ အငြင်းပွားတယ်ဆိုပါတော့ တရားရုံးမှာဖြစ်ဖြစ် ဝိနိစ္ဆယရုံးမှာဖြစ်ဖြစ် သံဃာတော်တွေပဲဆိုတော့ သူတို့သက်ဆိုင်ရာရုံးမှာ သွားပြီးစစ်ဆေးရင် ပြီးတာပါပဲ၊ သူတို့မဟုတ်ဘဲနဲ့ ညသန်းခေါင်ကျော်မှာ စစ်တပ်နဲ့ဝိုင်းပြီးတော့ ဘုန်းကြီးတို့ကို အဓမ္မလုပ်သွားတယ်ဆိုတော့ အဲဒါက ဗမာပြည်ရဲ့ ယဉ်ကျေးမှုလား၊ ဗမာပြည်ရဲ့ ဒီမိုကရေစီသွားမယ့်နိုင်ငံလားဆိုတာ ကမ္ဘာကြီးကို သက်သေပြလိုက်ပြီ၊ အဲဒါကြောင့်မို့ ဗမာတစ်တိုင်းပြည်လုံးက သူတို့ရဲ့လုပ်ရပ်တွေကို အားလုံးနားလည်ဖို့လိုတယ်လို့ ဗမာလူထုကို ဘုန်းကြီးက မေတ္တာရပ်ခံချင်တယ်"
ပြီးခဲ့တဲ့ မတ်လ တုန်းကလဲ ဆရာတော် ဦးပညာဝံသနဲ့ တပည့်တွေကို ကျောင်းကနေထွက်ပေးဖို့  နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့ မိန့်ကြားခဲ့ပါတယ်။
Share:
Related Posts:
0 comments:
Post a Comment
Blog Archive
Blog Archive
Recent Posts
info
Unordered List
Sample Text
Pages
Theme Support
Need our help to upload or customize this blogger template? Contact me with details about the theme customization you need.