nicolelwin

Thursday, June 12, 2014

တိုင်းရင်းသားစည်းလုံးညီညွတ်မှုရဘို ၄၃၆ ပြင်ရမယ် ဦးတင်ဦးပြော
ဂျွန်လ ၁၁ ရက်။

တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွှတ်မှုရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး က ဒီကနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ ဧရာဝတီတိုင်း ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုသဘော ထား ကောက်ခံပွဲမှာ သူရဦးတင်ဦး က အခုလို ပြောလိုက်တာပါ။

"တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ ယုံကြည်မှုမရသမျှ ကာလပတ်လုံး တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ ချစ်ကြည်လေးစားမှု မရသမျှ ကာလပတ်လုံး ဘယ်တော့မှ ငြိမ်းချမ်းရေးမရဘူး တိုးတက်စရာ အကြောင်းမရှိဘူး၊ ကျနော်တို့ တိုင်းပြည်ရှေ့ဆက် သွားဖို့ ရှိသင့်ရှိထိုက်တဲ့ ညီညွတ်မှုအားလိုနေတယ် အဲ့ဒါကို ဖြည့်ဆည်းနိုင်ဖို့လိုတယ်၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ ခုနကလို အရံအတား၊ အပိတ်အပင်ဖြစ်နေတဲ့  ပုဒ်မ ၄၃၆ ဒကို ဖြုတ်လိုက်မှ ဒါကို ပယ်လိုက်မှ ဒါကို တင်းကြပ်မှုမဟုတ်ပဲနဲ့ ပြောင်း လဲမြင်သာနိုင်အောင် ပြင်နိုင်မှသာလျှင် ကျနော်တို့ တိုင်းရင်းသား အားလုံးတွေက  သက်ရှုပေါက်ချောင် ပြီးတော့ ရှေ့ဆက်လုပ်သွားစရာအကြောင်း အများကြီးရှိတယ်"
ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင်ဖို့ လူထုဆန္ဒလက်မှတ်တွေကောက်ခံရတာဟာ ပြည်သူ့ဆန္ဒကို လွှတ်တော် ကိုယ်စား လှယ် တစ်ယောက်ချင်းစီက လွှတ်တော်ထဲကနေ တင်ပြပေးနိုင်ဖို့ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ က လည်း ဒီကနေ့ဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။
ဒီကနေ့ ပုသိမ်မြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၅ ပြင်ဆင်ရေးလူထုသဘောထားလက်မှတ်ကောက်ခံတဲ့ ဟောပြောပွဲကို ဧရာဝတီတိုင်းအတွင်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.