nicolelwin

Thursday, June 26, 2014


တပ်မတော်သား၊ ရဲတပ်သားတွေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပါဝင်ဖို့ ကိုကိုကြီး တိုက်တွန်း
ဂျွန်လ ၂၆ ရက်နေ့

တပ်မတော်သားတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေလည်း ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပါဝင် လက်မှတ်ရေးထိုးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ ပဲခူးတိုင်းဒေသကြီး  ပဲခူးမြစ်ကူးတံတားဘေးမှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ လက်မှတ်ရေး ထိုးပွဲမှာ ကိုကိုကြီးက အခုလို တိုက်တွန်းပြောကြား ခဲ့ပါတယ်။

“ခင်ဗျားတို့ကိုယ်ပိုင် လွတ်လပ်တဲ့ စဉ်းစားဆင်ခြင်ထုံ တရားနဲ့ အသိဥာဏ်နဲ့ ဆုံးဖြတ်ပါ၊ ကျနော်တို့ပြောနေ တာဟာ သမာသမတ်ကျတယ်၊ သဘာဝကျတယ်၊ ပြင် သင့်တယ်၊ ထောက်ခံသင့်တယ်လို့ထင်ရင် ဌာနဆိုင်ရာဝန်ထမ်းဖြစ်စေ၊ တခြားနိုင်ငံရေးပါတီများမှ နောက်ဆုံး ကြံ့ခိုင်ရေးမှ ပါတီဝင်များဖြစ်စေ၊ တပ်မတော်သား ကိုယ်စားလှယ်များဖြစ်စေ၊ သာမန်တပ်မတော်သားများဖြစ်စေ၊ ရဲတပ်ဖွဲ့ဝင်များဖြစ်စေ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ပါတယ်”
ဒီနေ့ ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဥပဒေပညာရှင် ဦးဌေးဦးတို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောခဲ့ပါတယ်။
ဟောပြောပွဲကို ပဲခူးမြို့နဲ့ နီးစပ်ရာကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်လောက် တက်ရောက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း သတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.