nicolelwin

Wednesday, June 4, 2014

ဖွဲ့စည်းပုံပြင်ဘို့ ပြည်သူအဓိကဆုံးဖြတ်ရမည်
ဂျွန်လ ၃ ရက်နေ့၊ ၂၀၁၄

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ဆိုရင် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုက အဓိက ဆုံးဖြတ် ရမှာဖြစ်ကြောင်းနဲ့တစ်ဦးတစ်ယောက်ရဲ့ ခံစားမှု နဲ့ ပြောလို့မရနိုင်ကြောင်းနယ်စပ်ရေးရာ ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းကဒီကနေ့ ပြော ကြားလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်တွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းတာကို ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း က အခုလိုပြောတာဖြစ်ပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေအစတုန်း ကပေါ့ ဖြစ်ပေါ်လာမဲ့ နိုင်ငံရဲ့အခြေအနေကို မျှော်မှန်းပြီးတော့ အဲ့တုန်းကပေါ့ အားလုံး တွက်ဆပြီးတော့မှ အကောင်းဆုံးဟာကိုရေးဆွဲ ပြီးတော့မှ လူထုရဲ့ထောက်ခံချက်နဲ့ လုပ်ခဲ့တာ အခုဆို နှစ်ရှိသွားပြီအဲ့တုန်းကအမြင်နဲ့ ယှဉ်ကြည့်ရင် တချို့ကလေ လွဲနေမှာပေါ့၊ လွဲနေတဲ့ အခါ ကျတော့လည်း ပြင်ရမှာပေါ့ပြင်သင့်လား၊ မပြင်သင့်ဘူးလားဆိုတာကတော့ ပြည်သူတွေက ဆုံးဖြတ်ပေါ့၊ ပြင်တာလွယ်ပါတယ် ဒါပေမဲ့ ပြင်ပြီးရင်အဲ့ကောင်ကို ပြန်ဖျက်ဖို့က မလွယ်ဘူးဒါကြောင့် မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆင်ဖို့က အင်မတန်အရေးကြီးတယ်၊ ပြင်သင့်မပြင်သင့်ဆိုတာ တဒင်္ဂ ခံစာမှုနဲ့ ပြောလို့မရဘူး၊တစ်ဦးတစ်ယောက်ခံစာမှုနဲ့လည်းပြောလို့မရဘူး မြန်မာပြည်မှာရှိတဲ့ သန်းပေါင်း ၆၀ သောမဲပေးနိုင်ခွင့်ရှိသောသူတွေရဲ့ ဆန္ဒသည် မူတည်ပါတယ်"
နိုင်ငံတော်သမ္မတရဲ့အမိန့်ကိုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်မလိုက်နာဘူးလို့ပြောဆိုနေတာ တွေဟာ မဟုတ်ကြောင်းနဲ့ တိုင်းပြည်အတွက်အတူပူးပေါင်းဆောင်ရွက်နေကြောင်းလည်းဗိုလ်ချုပ် မောင်မောင်အုန်း က ပြောခဲ့ပါတယ်။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.