nicolelwin

Monday, June 9, 2014

ရွေးကောက်ပွဲကော်မရှင် nld စောင့်ကြည်မည်
ဂျွန်လ ၈ ရက်နေ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီ ဗဟို ကော်မတီရဲ့ တတိယ အကြိမ် အစည်း အဝေး ကနေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို စောင့်ကြည့် သွားမှာ ဖြစ်တယ် လို့ ဆုံးဖြတ် ခဲ့ပါတယ်။
အန်အယ်လ်ဒီ ပါတီရဲ့ လုပ်ငန်း တချို့ အပေါ်မှာ ဥပဒေနဲ့ မညီဘဲ ဖွဲ့စည်းပုံ ဘောင်ကျော် နေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုမှုဟာ ဥပဒေ အရ မှန်ကန်မှု မရှိတဲ့ အတွက်၊ ကော်မရှင်ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့် သွားမှာ ဖြစ်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဇွန်လ ၇ ရက်နဲ့ ၈ ရက် ၂ရက် ကြာ ကျင်းပ ခဲ့တဲ့ ဒီ အစည်း အဝေးမှာ ပွင့်ပွင့် လင်းလင်း ဝေဖန် ထောက်ပြ မှုတွေ ရှိခဲ့ပြီး အဲဒီ အထဲက တခုကို ဥပမာ ပြရမယ် ဆိုရင်၊ ဗဟိုကော် မတီရဲ့ တာဝန်ဟာ ဘာလဲ ဆိုတာကို ထောက်ပြ ဆွေးနွေးတာ ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
လက်ရှိမှာ ဗဟိုကော်မတီ ရုံးဆိုတာလည်း မရှိ၊ လုပ်ငန်းလည်း တရားဝင် စာနဲ့ ထုတ်ထားတာ မရှိသေး တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သတ်သတ် မှတ်မှတ် ဆောင်ရွက် ပေးဖို့၊ ပြင်ဆင် ဆောင်ရွက် နေပြီ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။
ဒီနှစ်ထဲ ပြုလုပ် ဖို့ရှိ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အချိန် နီးလာ နေပြီ ဖြစ်လို့ တင်ကြို ပြင်ဆင် မှုတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။
နောက်ပြီး ပါတီ စည်းကမ်း ထိမ်းသိမ်းရေး ကော်မတီ ရဲ့ တာဝန်တွေ လုပ်ပိုင် ခွင့်တွေ သတ်မှတ် ပြဌာန်းပြီး၊ ပါတီ စည်းကမ်းနဲ့ လုပ်ထုံး လုပ်နည်း တွေကိုပါ ပြင်ဆင် ရေးဆွဲဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်။
နောက်ပြီး ၄၃၆ လှုပ်ရှားမှု ပတ်သက်ပြီး အတွက် တချို့ ဒေသတွေမှာ အာဏာပိုင် တွေက နေရာ မပေးတာ ရှိတဲ့ အတွက် ဒါဟာ အခက် အခဲ ဖြစ်အောင် လုပ်တယ် လို့ နားလည် ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
BBC News
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.