nicolelwin

Friday, June 27, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် လူထုဟောပြောပွဲ
ကျင်းပ
ဂျွန်လ ၂၇ ရက်နေ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း )တို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်
ရေး လူထုဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ဇိုင်းဂနိုင်း
မြောက်ပိုင်းရပ်ကွက်၊ ကမ်းနားလမ်းတွင် ဇွန်လ၊ ၂၆ ရက်၊ ၂၀၁၄ ခုနှစ် နံနက်


၉း ၃၀ က ကျင်းပခဲ့ရာ ပြည်သူ ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့ အစည်း)မှ ကိုဇော်မင်းက ဆောင်ရွက်ပြီး အခမ်းအနား စတင် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အဘယ်ကြောင့် ပြင်ဆင်
သင့်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာပညာရှင် ဦးဌေးဦးမှ ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုကိုကြီးက
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန်လိုအပ်ပုံနှင့် ငြိမ်းချမ်းရေး၊
တိုင်းရင်းသား တန်းတူရေး၊ ပြည်သူနှင့် အစိုးရ အဓိပ္ပါယ် နှင့် ဒီမိုကရေစီဖော်ဆောင်ရေးတို့ကို ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်းဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပဲခူးတိုင်းဒေသကြီးတိုင်းဥက္ကဌ ကိုသိန်းဒန် တို့မှ ပုဒ်မ(၄၃၆ ) ပြင်ဆင်ရေး အရေးကြီးပုံများ
ကိုရှင်းလင်းဟောပြော ခဲ့ကြပြီး နေ့လည် ၁၂း ၃ဝ တွင် အခမ်းအနားကို အောင်မြင်စွာ
ကျင်းပ ပြီးစီးခဲ့သည်။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.