nicolelwin

Friday, June 13, 2014

သန္တိသုခကျောင်းသံဃာ ၅ ပါး လူဝတ်လဲ၊ အင်းစိန်ထောင်ပို့
ဂျွန်လ ၁၃ ရက်.

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိသုခကျောင်းတိုက်က ပီနန် ဆရာတော်ဘုရားကြီးရဲ့ လက်ထောက်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးကို သာသနာတော် ညှိုးနွမ်းစေမှုနဲ့ ဒီကနေ့ တာမွေမြို့နယ် တရားရုံးမှာ လူဝတ်လဲပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
တာမွေမြို့နယ် တရားရုံးကိုသွားရောက်ခဲ့တဲ့ ဆရာတော် ဦးပါမောက္ခက အခုလို မိန့်ကြားပါတယ်။

"ဘုန်းကြီးတို့ တာမွေတရားရုံးကို သွားပါတယ်၊ သွားတဲ့အခါကျတော့ အဲ့မှာစာရေးမတွေနဲ့တွေ့တယ်၊ ဦးဥတ္တရတို့ကို ရုံးထုတ်သွားပြီတဲ့ အဲ့လိုလူဝတ်နဲ့ ထုတ်တာလား၊ ရဟန်းဝတ်နဲ့ ထုတ်တာလားလို့ မေးတဲ့အခါမှာ လူဝတ်နဲ့ထုတ်တာ၊ ဘယ်နှစ်ပါးလဲဆိုတော့ ၅ ပါးလို့ပြောပါတယ်၊ နောက်တခါ ဘယ်နေ့ရုံးချိန်းလဲ မေးတဲ့အခါကျတော့ ၂ဝ ရက်နေ့ ရုံးချိန်းလို့ဖြေရပါတယ်"
မဟာသန္တိသုခကျောင်းတိုက် ဆရာတော် ပီနန်ဆရာတော်ကြီး ဂျပန်နိုင်ငံကို သွားရောက်နေစဉ် ကျောင်းတိုက်မှာ သတင်းသုံးနေတဲ့ ဦးဥတ္တရအပါအဝင် သံဃာအပါးနှစ်ဆယ်ကို ဇွန်လ ၁၀ ရက်နေ့ ညသန်းခေါင်ချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကရုံးမှာ ထိန်းသိမ်းခဲ့ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  သံဃာတော် ၁၅ ပါးကို ဇွန်လ ၁၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ပြီး ဦးဥတ္တရအပါအဝင် သံဃာငါးပါးကို လူဝတ်လဲပြီး အင်းစိန်ထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.