nicolelwin

Tuesday, June 10, 2014

၄၃၆ ပြင်ဆင်ရေးထားဝယ်ဟောပြောပွဲ
ဂျွန်လ ၈ ရက်


မိုးထဲလေထဲမှ ပြင်းပြသောစိတ်ဓာတ်များနှင့် ထားဝယ်သူ/သားများ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲသို့တက်ရောက်ကြတာ အားရစရာကြီးပါ။ ယနေ့(၈.၆.၂၀၁၄) ထားဝယ်မြို့နယ် ရွှေဝယ်သီရိအားကစားရင်ပြင်မှာကျင်းပသော ဟောပြောပွဲတွင် လူထုအင်အား ၃၀၀၀ကျော်ခန့်တက်ရောက်ကြပါသည်၊ ဟောပြောပွဲမဖြစ်မှီတစ်ရက်အလို
ထားဝယ်ထုံးစံအတိုင်း မိုးသည်းထန်စွာရွာသွန်းသောကြောင့်လူအများလာနိုင်ပါမည်လားဟုထင်မိပါသည်။ သို့သော် အလွန်လေးစားစရာလူထုမှာ မိုးရွာရွာနေပူပူ တက်ရောက်လာကြသည်မှာကွင်းတစ်ဝက်ကျော်ပြည့်သွားပါသည်။ ရာသီဥတုသာသာယာယာဆိုလျှင်ကား ဆိုဖွယ်မရှိတော့ပါ၊ ဟောပြောပွဲတွင် NLDဗဟိုကော်မတီဝင် ဦးဌေးဦး၊ ကိုမင်းကိုနိုင်(၈၈ မျိုးဆက်)၊ဦးအေးလွင်(NLD)၊ ဦးဟိုပင်(NLD) တို့ကဟောပြောပါသည်။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.