nicolelwin

Saturday, May 31, 2014

လွတ်တော်အထက် တပ်မတော်ရှိနေသကဲ့သို့ဖြစ်နေသဖြင့် ၄၃၆ ကိုပြင်ဆင်လိုခြင်းဖြစ်
မေ ၃၀၊ ၂၀၁၄


တပ်မတော်သည် လွှတ်တော်အထက်တွင် ရှိနေသကဲ့သို့ဖြစ်နေသည့်အတွက်ကြောင့် ပုဒ်မ၄၃၆ အားပြင်ဆင်လိုခြင်းဖြစ်သည်ဟုအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တပ်မတော်ကိုယ်စားလှယ်တွေက သဘောမတူရင် မပြင်နိုင်ဘူး ၊ တပ်မတော်ကိုယ်စားလှယ်တွေ သဘောတူတာမတူတာက တပ်ချုပ်အပေါ်မှာ မူတည်နေတယ် အဲ့ဒီဘက်အပိုင်းမှာ တပ်မတော်က လွှတ်တော်အထက်မှာ
ရှိသလိုဖြစ်နေတယ်ဟု ၄င်းက ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ခေတ္တခဏနားချိန် သတင်းသမားများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးပြည်သူဆန္ဒလက်မှတ်ရေးထိုးရေး လူပ်ရှားမူဟောပြောပွဲများတွင် တပ်မတော်အပေါ် ပြောကြားချက်များနင့် ပတ်သတ်၍လည်း ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်သော အခွင့်အရေးကို တပ်မတော်မှ ယူထားသည့်အတွက် ဖိအားပေးရခြင်း ဖြစ်ကြောင်း အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒါကတော့ ဖိအားပေးရမှာပဲ ဖိအားပေးတယ်ဆိုတာ အနိုင်ကျင့်တာ မဟုတ်ဘူး ဖိအား မပေးလို့ လဲ မရဘူး တပ်မတော်က ဒီတာဝန်ယူထားတာကိုး တကယ်တော့ ဒါအခွင့်အရေးပါ တပ်မတော်က ဒါကို ပြင်ဆင်ပိုင်ခွင့် ၊ ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးကိုယူထားတာကိုး အဲဒီတော့ အခွင့်အရေးယူထားတဲ့ အဖွဲ့ အစည်းကိုပဲ တိုက်တွန်းရမှာပေါ့ဟု ၄င်းကထပ်မံဆိုသည်။
တပ်မတော်၏ ဆုံးဖြတ်ချက်သာ ချမှတ်မည်ဆိုပါက တစ်ရက်ထဲနှင့် ပြောင်းလို့ရမည်ဖြစ်ပြီး တပ်မတော်ကဆုံးဖြတ်ချက်သာအဓိကကျသည်ဟု ၄င်းကထပ်မံပြောကြားခဲ့သည်။
 စိုင်းလမင်း

Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.