nicolelwin

Thursday, May 29, 2014

၄၃၆ ပြင်ဆင်ရေး ၈၈ နှင့် တိုင်းရင်းသားတွေပူးပေါင်းမည်
မေလ ၂၇၊ ၂၀၁၄

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ၄၃၆ ကို ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေကို ပြည်နယ်တွေ မှာလည်း လုပ်ဆောင်နိုင်ဖို့အတွက် တိုင်းရင်းသား ပါတီတွေအပြင် လက်နက်ကိုင် အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၈၈ မျိုးဆက် အဖွဲ့က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့  သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကျင်းပစဉ် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမြအေးက အခုလို ပြောပါတယ်။

"တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍကို ဖယ်လှပ်ပြီး ၄၃၆ ကိုပြင်ဆင်ရေးတင်မဟုတ်ဘူး ဖွဲ့စည်းပုံပြင် ဆင်ရေးကို ကျနော်တို့ လုပ်လို့ရတယ်ဆိုတာ ယုံကြည်ပြီးသားဖြစ် ပါတယ်၊ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်လက်မှတ်ရေးထိုးပွဲဟာ တိုင်းရင်သားများရဲ့ အခန်းကဏ္ဍ ကြီးမားစွာ ပါဝင်ပါတယ်ဆိုတာကို အတိအလင်းပြောချင်ပါတယ်၊ ၈၈ မျိုးဆက်အနေနဲ့လည်း တိုင်းရင်းသား ညီနောင်များနဲ့တွဲပြီး လုပ်သွားမဲ့ဟောပြောပွဲတွေ ပျက်သိမ်းကာလအတွင်းမှာ စီစဉ်သွားမှာ ဖြစ်ပါတယ်၊ အဲ့လိုလုပ်တဲ့အခါများမှာလည်း တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားဘာသာစကားတွေနဲ့ အများပြောနိုင်အောင် စစ်စစ်မှန်မှန် တိုင်းရင်းသားခေါင်းဆောင်တွေကိုပဲတင်ပြီးတော့ ၈၈ ဟာပွဲဖြစ်ရေး အတွက် ကျနော်တို့အထဲက ဟောပြောကောင်းပြောပါလိမ့်မယ်၊တစ်ယောက်ထက်ပိုဖို့မရှိပါဘူး တိုင်းရင်း သားဒေသတွေမှာ တိုင်းရင်းသားတွေကို ဦးစားပေးပြီးတော့ ကျနော်တို့ ဆက်လက်လက်တွဲ လုပ်ဆောင်သွား မှာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ် "
ဒီနေ့ လက်မှတ်ရေးထိုးပွဲကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့( UNA) က  ဦးအေးသာအောင် ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးခွန်ထွန်းဦးနဲ့ မွန်တိုင်းရင်းသား ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော ပွဲတွေကို တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

RFA
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.