nicolelwin

Thursday, June 11, 2015

ကျောက်ပန်းတောင်း ဇွန် ၁ဝ


ကျောက်ပန်းတောင်း ဇွန် ၁ဝ

မန္တလေးတိုင်းဒေသကြီး ကျောက် ပန်းတောင်းမြို့နယ် အနောက်မြို့ ပတ်လမ်းထိပ် မြို့နယ်ပြည်သူဆေးရုံ အနီးတွင် ဇွန် ၉ ရက် နံနက် ၁ဝ နာရီခွဲက ယာဉ်မောင်း အောင်ဌေး လင်း ချမ်းမြသာစည်မြို့နယ် မန္တလေးမြို့နေသူ မောင်းနှင်လာ သော မဟာနွယ်ယာဉ်လိုင်းမှ မီနီ ဘတ်စ်ကားဖြင့် အသက် ၇ဝ အရွယ် စက်ဘီးစီးလာသူ အဘိုးအိုတစ်ဦးကို တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ ကျောက်ပန်းတောင်း-ဂွေးချိုလမ်းအတိုင်း ဂွေးချိုဘက်မှ ယာဉ်မောင်း အောင်ဌေးလင်း မောင်းနှင်လာသောခရီးသည်တင် မီနီ ဘတ်စ်ကားသည် တူရှုမှ စက်ဘီးစီး လာသူ ဦးကြည် (၇ဝနှစ်) စံပြရပ်ကွက် (စုပေါင်းကားဂိတ် -ဂိတ်မှူး) ကျောက် ပန်းတောင်းမြို့နေသူအား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခြင်း ဖြစ်ပြီး ယင်းနောက် ကားမှာလမ်းဘေး ဓာတ်တိုင်ကို ဝင်ရောက်တိုက်မိခဲ့ ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် ဦးကြည် တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ကျောက် ပန်းတောင်းဆေးရုံမှ မန္တလေး ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ခဲ့ ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ် သက်၍ ယာဉ်မဆင်မခြင်မောင်းနှင် သူအောင်ဌေးလင်းအား ကျောက်ပန်း တောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် နိုင်လင်းက တရားလိုပြုလုပ်၍ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

နေအောင် (iprd)
Share:

0 comments:

Post a Comment

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.