အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အခုလို တိုင်းပြည်ရဲ့ တကယ့်အခြေခံကျတဲ့ ပြဿနာပေါ်မှာ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီးတော့ဒီအဖြေရှာဖို့ အတွက် မေတ္တာရပ်ခံချက်ကို ကျွန်တော်တို့အနေနဲ့ကနိုင်ငံတော် အစိုးရကပဲ ဖြစ်ဖြစ် ၊ သက်ဆိုင်ရာ လွှတ်တော်၊တပ်မတော် စတဲ့ ပုဂ္ဂိုလ်တွေကဖြစ်ဖြစ် ၊ လက်ခံဆွေးနွေးသင့်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်။ ဒုတိယအချက်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ဟာဆိုရင် ဒီတိုင်းပြည်လူထုတစ်ရပ်လုံးက ထောက်ခံ တဲ့ ခေါင်းဆောင်လည်းဖြစ်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုရင်လည်းပဲ နိုင်ငံရေးအင်အားစုကြီးတစ်ခု ဖြစ်တယ်။ ဒီအင်အားစုကြီးရဲ့ ခေါင်းဆောင်နဲ့ နိုင်ငံတော် သမ္မတ ၊ လွှတ်တော်အကြီးအကဲ ၊ တပ်မတော် အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် ကနေ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့အချို့သော တင်းမာမှုတွေ ကို လျှော့ချနိုင်မယ်။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို တစ်စုံတစ်ရာ တွန်းပို့နိုင်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။ လွှတ်တော်ထဲမှာတောင်မှ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်ပြီး သုံးသပ်တဲ့ ကော်မတီတွေ ဖွဲ့ပြီးတော့ သုံးသပ်နေပြီပဲ။ ပြန်လည် သုံးသပ်နေတာ ကိုကယနေ့ တည်ရှိနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြုပြင်သင့်တယ်လို့ယူဆတဲ့အတွက် ပြန်ပြီး သုံးသပ်နေတာ ဖြစ်တယ်။ ကျွန်တော်တို့ မြင်တာက ဒီနေ့ တိုင်းပြည်ဟာစစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို ခိုင်ခိုင်မာမာ ရောက်ဖို့ဆိုရင်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်သေးတယ် လို့ ကျွန်တော်တို့ ပါတီအနေနဲ့ ယူဆပါတယ် ´´ Unity Journal. ( 7. 12. 2013 )
0 comments:
Post a Comment