nicolelwin

Thursday, December 19, 2013

အစိုးရ တစ်ရပ်ကို ဖြုတ်ချလိုစိတ် မရှိဘဲ စနစ်ပြောင်းလိုစိတ်သာ ရှိကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


သတင်းဌာန: Eleven Media | December 13th, 2013
ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
အစိုးရတစ်ရပ်ကို ဖြုတ်ချလိုစိတ် မရှိဘဲ စနစ်တစ်ခု ပြောင်းလိုစိတ်သာ ရှိကြောင်း အတိုက်အခံ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒီဇင်ဘာ ၁၁ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
”အစိုးရ တစ်ခုကို ဖြုတ်ချချင်လို့ မဟုတ်ဘူး။ စနစ်တစ်ခုကို ပြောင်းချင်လို့။ အားလုံးကတော့ တစ်နေရာတည်းမှာ မြဲနေဖို့ဆိုတာတော့ မဖြစ်ဘူးပေါ့။ အပြောင်းအလဲ ဆိုတာတော့ ရှိရမှာပါ။ ဘယ်သူမှ မနာအောင်လို့တော့ အမေတို့ ကြိုးစားမယ်။ အားလုံးကလည်း ဒီရည်ရွယ်ချက်နဲ့ လုပ်ပါ။ ဂလဲ့စားချေချင်တဲ့ စိတ်ဓာတ်နဲ့၊ နာကျည်းတဲ့ စိတ်ဓာတ်နဲ့၊ မုန်းတီးတဲ့စိတ်ဓာတ်နဲ့ မလုပ်ပါနဲ့” ဟု ကာတာရောက် မြန်မာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိမြန်မာ့နိုင်ငံရေး ပြဿနာ တစ်ခုဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း မည်သူ့အပေါ်မှ အနိုင်လိုချင်သည့်စိတ်နှင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး၏ အကျိုးစီးပွား အတွက်သာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
”တချို့က လိုလားသလိုလို မလိုလား သလိုလို လုပ်နေတဲ့ ကိစ္စတွေကို အမေပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ဒီဟာ မရိုးသားဘူး။ တကယ်ပဲ ဒီမိုကရေစီ လိုချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲချင်စိတ် ရှိကိုရှိရမယ်။ အဲဒီစိတ် မရှိဘူးဆိုရင် တကယ့်ဒီမိုကရေစီကို မလိုလားလို့ဘဲ။ အဲဒါကိုတော့ အမေ ခပ်မာမာပဲ ကိုင်ထားတယ်။ ဒါပေမဲ့ ဒီလိုကိုင်ထားလို့ အမေတို့ အနေနဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲတာ အောင်မြင်လို့ရှိရင် ဘယ်သူ့အပေါ်မှာမှ အနိုင်ကျင့်ဖို့ အနိုင်ယူဖို့ ကြောဖို့ဆိုတာ လုံးဝစိတ်ထဲမှာ မရှိဘူး။ အဲဒါကို အားလုံးနားလည် စေချင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုတာ နိုင်ငံတစ်နိုင်ငံ လုံခြုံရေးအတွက်၊ နိုင်ငံတစ်နိုင်ငံလုံး သာယာရေးအတွက် ပြည်သူတွေ အားလုံးကြားမှာ ညီညွတ်မှု ရှိရေးအတွက် ဒါတွေကို ဦးတည်ပြီးတော့ လုပ်သွားမှာ ဖြစ်တယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် နိုင်ငံသားများ အဖြင့်လည်း တာဝန်ယူစိတ်ရှိရန်နှင့် ညီညွတ်စွာနေထိုင်ရန် လိုအပ်ကြောင်းလည်း အသိပေး ပြောကြားသည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာတာရောက် မြန်မာများနှင့် တွေ့ဆုံပွဲသို့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံသို့ တက်ရောက်ရန် ကာတာနိုင်ငံသို့ ရောက်ရှိနေသော သီတဂူဆရာတော် အရှင်ဉာဏိဿရလည်း ကန်တော့ခံ တက်ရောက်ခဲ့ပြီး သြ၀ါဒ မိန့်ကြားခဲ့သည်။
Share:

0 comments:

Post a Comment

Blog Archive

Blog Archive

Recent Posts


info

Unordered List

Sample Text

Pages

Theme Support

Need our help to upload or customize this blogger template? Contact me with details about the theme customization you need.