အဖွဲ့ချုပ်လူငယ်ညီလာခံကျင်းပမည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံအား ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပမည်ဖြစ်ပါသည်။ ယင်းလူငယ်ညီလာခံသို့ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဗဟိုလူငယ်ညီလာခံကိုယ်စားလှယ်များတက်ရောက်ကြမည်ဖြစ်ပြီး ယင်းညီလာခံမှ ဗဟိုလူငယ်ဦးဆောာင်အဖွဲ့ရွေးချယ်ခြင်း၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ရွေးချယ်ခြင်း
လုပ်ငန်းစဉ်များကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဖွဲ့ချုပ်ဥက္ကဌ၊အဖွဲ့ချုပ်လူငယ်ရေးရာတာဝန်ခံ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခြင်းနှင့်ညီလာခံပြီးဆုံးခြင်းအမှာစကားပြောကြားခြင်းများဆောင်ရွက်မည်ဖြစ်ပါသည်။
မီဒီယာများအနေဖြင့်ဒေါ်အောင်ဆန်းစုကြည်အမှာစကားပြောကြားချိန်ကာလများတွင်ဝင်ရောက်သတင်းရယူနိုင်ပြီးကျန်ရှိသောညီလာခံကျင်းပနေချိန်တွင် ပြန်လည်ထွက်ခွာပေးရမည်ဖြစ်ပါသည်
လူငယ်ညီလာခံသို့တက်ရောက်သတင်းရယူလိုသောသတင်းမီဒီယာများသည် အဖွဲ့ချုပ် ဌာနချုပ်တွင် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄နာရီအတွင်း မိမိတို့၏ သက်ဆိုင်ရာမီဒီယာတိုက်အသိအမှတ်ပြုကတ်များပြသ၍ညီလာခံဝင်ခွင့်ကတ်ပြားများထုတ်ယူနိုင်ပါသည်။ ဇူလိုင်လ ၄ ရက်နေ့မတိုင်မီ ကြိုတင်စာရင်းပေးသွင်းထားရန် မလိုအပ်ပါ။
နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံနှင့်ပတ်သက်၍ မေးမြန်းလိုပါက လူငယ်ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌ ဦးမောင်မောင်ဦး( ၀၉- ၄၃၀၅ ၂၀၃၂) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
0 comments:
Post a Comment