ဇူလိုင်လ ၃ ရက်နေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )တို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဟောပြောပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဟုတ်ကြန့်ဗုဒ္ဓဘာသာ ဘုရားကျောင်း ခန်းမတွင် ယနေ့ ဇူလိုင်လ၊ မွန်းလွဲ ၁း ၀၀ နာရီက ကျင်းပခဲ့ရာ ပြည်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် တောင်ကြီး ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဒုတိယ တာဝန်ခံ ကိုအောင်ဇေက ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးအောင်သိန်းက ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက ဦးတင်ဦး တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဟောပြောသွားခဲ့ကြသည်။
နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦး က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထုမှ လက်မှတ်ရေးထိုး ပါဝင်နိုင်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မွန်းလွဲ ၃း ၁၅ နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။
The 88 Generation Peace and Open Society
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
03-07-2014

0 comments:
Post a Comment